ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုကိုဖျက်ဆီးနေသည့် တည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင်ဆောင်ရွက်နေမှုများကို ပြည်နယ်အတွင်းနေထိုင်ကြသူများအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ဆောင်ရွက်သွားကြရန်လို နေပြည်တော် နိုဝင်ဘာ ၁၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့နံနက်ပိုင်းတွင်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်