စစ်တက္ကသိုလ်တွင် ပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများအား ပဉ္စမအကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ

စစ်တက္ကသိုလ်တွင် ပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများအား ပဉ္စမအကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ – ၂၇

စစ်တက္ကသိုလ်တွင် စာပေပညာ၊ စစ်ပညာများသင်ကြားပေးခဲ့သည့် စစ်ဘက်၊ နယ်ဘက်ဆရာကြီး၊ ဆရာမကြီးများအား စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)တို့၏ ပဉ္စမအကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံ ဘုရားတောင်ဘက်မုခ်ရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်ကန်တော့သည်။



အခမ်းအနားအစီအစဉ်အရ ကျောင်းဆင်းအရာရှိများကိုယ်စား ဗိုလ်မှူးချုပ် တင်ဦး(အငြိမ်းစား)က အာစရိယပူဇော်ပွဲအခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေမှ ပေးပို့သည့် ကန်တော့ပန်းဆင်စာလွှာအား ဗိုလ်မှူးကြီး ဇော်ဝင်း(အငြိမ်းစား)က ဖတ်ကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ကန်တော့ပန်းဆင်စာလွှာအား ကိုယ်တိုင် ဖတ်ကြားသည်။

ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာကြသည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉) ကျောင်းဆင်းအရာရှိများက ဆရာကြီး၊ ဆရာမကြီးများအား လက်အုပ်ချီမိုး၍ ထုံးတမ်းစဉ်လာနှင့်အညီ ရိုသေစွာကန်တော့ကြရာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဗိုလ်ချုပ် မောင်ညို (အငြိမ်းစား)က သြဝါဒစကားချီးမြှင့်ပြောကြားသည်။

ထို့နောက် ကျောင်းဆင်းအရာရှိများက ဂါရဝပြုကန်တော့လက်ဆောင်ပစ္စည်းများအား ဆရာကြီး၊ ဆရာမကြီးများထံ သင်တန်းအမှတ်စဉ်အလိုက် ရိုသေစွာပေးအပ်ကြပြီးနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ရင်းရင်းနှီးနှီးဂါရဝပြု နှုတ်ဆက် သည်။ ယင်းနောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများနှင့်အတူ သင်တန်းအမှတ်စဉ်အလိုက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီး နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

အဆိုပါ အာစရိယပူဇော်ပွဲအခမ်းအနားသို့ စစ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်ဘက်၊ နယ်ဘက်ဆရာကြီး၊ ဆရာမကြီးများ ၈၁ ဦးတက်ရောက် ကန်တော့ခံခဲ့သည်။

(Zawgyi Version)

စစ္တကၠသိုလ္တြင္ ပညာသင္ၾကားေပးခဲ့သည့္ ဆရာႀကီး၊ ဆရာမႀကီးမ်ားအား ပၪၥမအႀကိမ္ေျမာက္ အာစရိယပူေဇာ္ပြဲက်င္းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂၇

စစ္တကၠသိုလ္တြင္ စာေပပညာ၊ စစ္ပညာမ်ားသင္ၾကားေပးခဲ့သည့္ စစ္ဘက္၊ နယ္ဘက္ဆရာႀကီး၊ ဆရာမႀကီးမ်ားအား စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)တို႔၏ ပၪၥမအႀကိမ္ေျမာက္ အာစရိယပူေဇာ္ပြဲအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ ေ႐ႊတိဂုံ ဘုရားေတာင္ဘက္မုခ္ရွိ တပ္မေတာ္ဓမၼာ႐ုံ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ပူေဇာ္ကန္ေတာ့သည္။

အခမ္းအနားအစီအစဥ္အရ ေက်ာင္းဆင္းအရာရွိမ်ားကိုယ္စား ဗိုလ္မႉးခ်ဳပ္ တင္ဦး(အၿငိမ္းစား)က အာစရိယပူေဇာ္ပြဲအခမ္းအနားႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပၿပီးေနာက္ ဒုတိယသမၼတ ဦးျမင့္ေဆြမွ ေပးပို႔သည့္ ကန္ေတာ့ပန္းဆင္စာလႊာအား ဗိုလ္မႉးႀကီး ေဇာ္ဝင္း(အၿငိမ္းစား)က ဖတ္ၾကားသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ကန္ေတာ့ပန္းဆင္စာလႊာအား ကိုယ္တိုင္ ဖတ္ၾကားသည္။

ဆက္လက္ၿပီး အခမ္းအနားတက္ေရာက္လာၾကသည့္ စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉) ေက်ာင္းဆင္းအရာရွိမ်ားက ဆရာႀကီး၊ ဆရာမႀကီးမ်ားအား လက္အုပ္ခ်ီမိုး၍ ထုံးတမ္းစဥ္လာႏွင့္အညီ ႐ိုေသစြာကန္ေတာ့ၾကရာ ကန္ေတာ့ခံ ဆရာႀကီး၊ ဆရာမႀကီးမ်ားကိုယ္စား ဗိုလ္ခ်ဳပ္ ေမာင္ညိဳ (အၿငိမ္းစား)က ၾသဝါဒစကားခ်ီးျမႇင့္ေျပာၾကားသည္။

ထို႔ေနာက္ ေက်ာင္းဆင္းအရာရွိမ်ားက ဂါရဝျပဳကန္ေတာ့လက္ေဆာင္ပစၥည္းမ်ားအား ဆရာႀကီး၊ ဆရာမႀကီးမ်ားထံ သင္တန္းအမွတ္စဥ္အလိုက္ ႐ိုေသစြာေပးအပ္ၾကၿပီးေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ကန္ေတာ့ခံဆရာႀကီး၊ ဆရာမႀကီးမ်ားအား ရင္းရင္းႏွီးႏွီးဂါရဝျပဳ ႏႈတ္ဆက္ သည္။ ယင္းေနာက္ ကန္ေတာ့ခံ ဆရာႀကီး၊ ဆရာမႀကီးမ်ားႏွင့္အတူ သင္တန္းအမွတ္စဥ္အလိုက္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကၿပီး ေန႔လယ္စာကို အတူတကြသုံးေဆာင္ခဲ့ၾကသည္။

အဆိုပါ အာစရိယပူေဇာ္ပြဲအခမ္းအနားသို႔ စစ္တကၠသိုလ္တြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ စစ္ဘက္၊ နယ္ဘက္ဆရာႀကီး၊ ဆရာမႀကီးမ်ား ၈၁ ဦးတက္ေရာက္ ကန္ေတာ့ခံခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။