မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၌ လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ခဲ့သည့် (YMBA)အသင်းကြီး၏ ရည်ရွယ်ချက်များဖြစ်သော အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကို ဆက်လက်၍ တစ်စိုက်မတ်မတ်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၌ လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ခဲ့သည့် (YMBA)အသင်းကြီး၏ ရည်ရွယ်ချက်များဖြစ်သော အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကို ဆက်လက်၍ တစ်စိုက်မတ်မတ်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်

နေပြည်တော်၊ ဇန်နဝါရီ – ၂၅

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ်(YMBA) အသင်းချုပ်၏ ရည်ရွယ်ချက် ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများအားတစ်စိုက်မတ်မတ် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ သားအားလုံး မြန်မာစိတ်မွေး၍ အမျိုးနှင့် တိုင်းပြည်ကိုချစ်ရမည်ဖြစ်ကြောင်းဖြင့် အသင်းချုပ်၏ရာသက်ပန် ဂုဏ်ထူးဆောင် နာယက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ အဆိုပါအသင်းချုပ်သို့ သွားရောက်၍ အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းချုပ်မှ တာဝန်ရှိ သူများအား တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

ဦးစွာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များလိုက်ပါ၍ အသင်းချုပ်သို့ ရောက်ရှိလာရာ အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အလုပ်အမှုဆောင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အသင်းချုပ် အစည်းအဝေးခန်းမ၌ အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အလုပ်အမှုဆောင်အဖွဲ့များက အသင်းချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ထိန်းသိမ်းစောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည့် အခြေအနေများအား တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ဆွေးနွေးအကြံပြုပြောကြားသည်။

ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးပြောကြားရာတွင် (YMBA)အသင်းကြီးသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၌ လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကိုဦးဆောင်ခဲ့ပြီး လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် နိုင်ငံရေး လုပ်ငန်းများနှင့်ဆက်စပ် ဆောင်ရွက်ခြင်းမရှိဘဲ အသင်း၏ ရည်ရွယ်ချက်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကိုသာ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြောင်း၊ အသင်းချုပ်၏ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အမျိုးကိုချစ်ပါ ဆိုရာတွင် အမျိုးသားရေးစရိုက်လက္ခဏာကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပြီး မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေး၍ အမျိုးနှင့် တိုင်းပြည်ကို ချစ်ရမည် ဖြစ်ကြောင်း၊ ယခုချိန်ခါ၌ မိမိတို့အား ပြည်ပမှ ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ပိုမို၍ တိုင်းပြည်ချစ်စိတ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း။

ဘာသာကိုလေးစားပါ ဆိုရာတွင် ပြည်ထောင်စုရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာ၊ မြန်မာစကားကို တတ်မြောက်ရမည်ဖြစ်ပြီး ရေးထုံးသတ်ပုံများကအစ မှားယွင်းမှုမရှိအောင် ထိန်းသိမ်းရ မည်ဖြစ်ကြောင်း၊ နိုင်ငံခြားဘာသာစကားများကို အထင် ကြီးပြီး မိမိဘာသာစကားကို ပြောဆိုရာတွင် ရှက်ကြောက်နေရန်မလိုကြောင်းနှင့် မြန်မာ စာပေဖြင့် ရေးသားထုတ်ဝေသည့် စာအုပ်စာပေများကိုလည်း အားပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင်လည်း မြဝတီ၊ ငွေတာရီ နှင့် အခြား သုတရသ စာပေများကို လွန်ခဲ့သော နှစ်များစွာကတည်းက အစဉ်အဆက်ထုတ်ဝေခဲ့ပြီး ဘာသာစာပေကို အားပေးလျက်ရှိ ကြောင်း၊ ထုတ်ဝေမှုကို အားပေးရန်လိုသည့်အပြင် စာဖတ်အောင်လည်း တိုက်တွန်းရမည် ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာတိုးပွားစေပြီး အတတ်ပညာ ဗဟုသုတများကို ရရှိ စေမည်ဖြစ်ကြောင်း၊ ဗဟုသုတအားနည်းခြင်းဖြင့် တုံးအစေနိုင်သည့်အတွက် ဦးနှောက်အားကို စိုက်ထုတ်ရသည့် အလုပ်ကိုလုပ်၍ အသိပညာအတတ် ပညာတိုးပွား စေရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ကွန်ပြူတာနည်းပညာကိုမှီခိုမှု အလွန်အမင်း များပြား လာသည်ကို တွေ့ရှိရပြီး နေရာတိုင်းတွင် နည်းပညာကို အားကိုးနိုင်မည်မဟုတ် သဖြင့် လူ၏ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

သာသနာကို ချီးမြှင့်ပါ ဆိုရာ၌ သာသနာတော် ထွန်းကားပြန့်ပွားစေရေး ထိန်းသိမ်း ဆောင်ရွက်ရမည့်အပြင် သာသနာ့ဝန်ထမ်းများကိုလည်း ချီးမြှင့်ရမည်ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့သည် ထေရဝါဒဗုဒ္ဓသာသနာတော်ကို ကိုးကွယ်ကြပြီး ထိုနိုင်ငံအသီးသီးတို့တွင်လည်း သာသနာတော် ထွန်းကားပြန့်ပွားစေရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြ ကြောင်း၊ ဘုရားကျောင်းကန်များ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် မိမိတို့ (YMBA) အသင်းကြီးက ဆောင်ရွက်ရမည့်တာဝန်ရှိကြောင်း၊ သာသနာကိုထိန်းသိမ်းလို သည့်စိတ်ရှိလာအောင် တိုက်တွန်းဆောင်ရွက် ရာ၌ သင်တန်းပေးရုံဖြင့် မရဘဲ အသိအမြင် များ တိုးပွားလာအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။

နောက်ဆုံးအချက်ဖြစ်သည့် ပညာကို အားပေးပါ ဆိုရာတွင်လည်း မိမိဒေသ၊ မိမိနိုင်ငံ၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံ သည့် ပညာတတ်များပေါ်ထွက်လာအောင် ပညာရေးကို အားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး ၃ဝ ရာခိုင်နှုန်းသည် မြို့ပြနေသူများဖြစ်ကြောင်း၊ ကျေးလက်တွင် ပညာရေးကို အဓိကထားသည့် ပမာဏနည်းပါးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိလူငယ်၊ လူရွယ်များအားလုံး အနိမ့်ဆုံး အလယ်တန်းအဆင့် အောင်မြင်ရန်နှင့် အဆင့်မြင့်ပညာတတ်မြောက်စေရေး အားပေး နေရမည်ဖြစ်ကြောင်း၊ အတန်းကူးပြောင်းမှုတွင်လည်း အမှန်တစ်ကယ်စာတတ်မြောက်ပြီး ကူးပြောင်းနိုင်ရေး ကြိုးစားဆောင်ရွက်ကြ ရန် တိုက်တွန်းအားပေးရမည်ဖြစ်ကြောင်း။

မိမိတို့အသင်းကြီး၏ ရည်ရွယ်ချက်များသည် တစ်ခုတည်းဦးစားပေးဆောင်ရွက်၍မရဘဲ တစ်ခုနှင့်တစ်ခု ကိုင်းကျွန်းမှီ-ကျွန်းကိုင်းမှီ ချိတ်ဆက်လျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့် မြန်မာစိတ်မွေး၍ မြတ်ဗုဒ္ဓအဆုံးအမများနှင့်အညီ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ တိုးတက်မြင့်မားရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပညာအရသော်လည်းကောင်း၊ ဝါအရသော်လည်းကောင်း ကျင့်ဝတ် သီလများအရပါ ပြည့်စုံသည့် ဆရာတော်ကြီးများ၏ လမ်းညွှန်ချက်များကို နာယူ၍ လူမှုရေး အသင်းအဖွဲ့များနှင့်လည်း စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ပြီး အသင်းကြီး၏ ရည်ရွယ်ချက်များအား အောင်မြင်အောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲထွန်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းချုပ်မှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

ျမန္မာ့လြတ္လပ္ေရး ႀကိဳးပမ္းမႈသမိုင္း၌ လြတ္လပ္ေရးႏွင့္ အမ်ိဳးသားႏိုင္ငံေရးကို ဦးေဆာင္ခဲ့သည့္ (YMBA)အသင္းႀကီး၏ ရည္႐ြယ္ခ်က္မ်ားျဖစ္ေသာ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာေရးလုပ္ငန္းမ်ားကို ဆက္လက္၍ တစ္စိုက္မတ္မတ္ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္ၾကရမည္ျဖစ္

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၂၅

ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းခ်ဳပ္(YMBA) အသင္းခ်ဳပ္၏ ရည္႐ြယ္ခ်က္ ျဖစ္သည့္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာေရးလုပ္ငန္းမ်ားအားတစ္စိုက္မတ္မတ္ ဝိုင္းဝန္းေဆာင္႐ြက္ရမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံ သားအားလုံး ျမန္မာစိတ္ေမြး၍ အမ်ိဳးႏွင့္ တိုင္းျပည္ကိုခ်စ္ရမည္ျဖစ္ေၾကာင္းျဖင့္ အသင္းခ်ဳပ္၏ရာသက္ပန္ ဂုဏ္ထူးေဆာင္ နာယက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ အဆိုပါအသင္းခ်ဳပ္သို႔ သြားေရာက္၍ အသင္းခ်ဳပ္ဥကၠ႒ ဦးရဲထြန္း၊ အလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားႏွင့္ အသင္းခ်ဳပ္မွ တာဝန္ရွိ သူမ်ားအား ေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

ဦးစြာ ဗုဒၶဘာသာကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ သက္ပုံႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါ၍ အသင္းခ်ဳပ္သို႔ ေရာက္ရွိလာရာ အသင္းခ်ဳပ္ဥကၠ႒ ဦးရဲထြန္းႏွင့္ အလုပ္အမႈေဆာင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ အသင္းခ်ဳပ္ အစည္းအေဝးခန္းမ၌ အသင္းခ်ဳပ္ ဥကၠ႒ ဦးရဲထြန္းႏွင့္ အလုပ္အမႈေဆာင္အဖြဲ႕မ်ားက အသင္းခ်ဳပ္၏ လုပ္ငန္းေဆာင္႐ြက္ေနမႈမ်ား၊ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာကို ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ား ဆက္လက္ျပဳလုပ္လ်က္ရွိသည့္ အေျခအေနမ်ားအား တင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျပန္လည္ေဆြးေႏြးအႀကံျပဳေျပာၾကားသည္။

ယင္းေနာက္ ဗုဒၶဘာသာကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေဆြးေႏြးေျပာၾကားရာတြင္ (YMBA)အသင္းႀကီးသည္ ျမန္မာ့လြတ္လပ္ေရး ႀကိဳးပမ္းမႈသမိုင္း၌ လြတ္လပ္ေရးႏွင့္ အမ်ိဳးသားႏိုင္ငံေရးကိုဦးေဆာင္ခဲ့ၿပီး လြတ္လပ္ေရးရရွိၿပီး ေနာက္ပိုင္းတြင္ ႏိုင္ငံေရး လုပ္ငန္းမ်ားႏွင့္ဆက္စပ္ ေဆာင္႐ြက္ျခင္းမရွိဘဲ အသင္း၏ ရည္႐ြယ္ခ်က္ျဖစ္သည့္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာေရးလုပ္ငန္းမ်ားကိုသာ တစ္စိုက္မတ္မတ္ လုပ္ေဆာင္ခဲ့ေၾကာင္း၊ အသင္းခ်ဳပ္၏ ရည္႐ြယ္ခ်က္မ်ားအား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာ၌ အမ်ိဳးကိုခ်စ္ပါ ဆိုရာတြင္ အမ်ိဳးသားေရးစ႐ိုက္လကၡဏာကို ထိန္းသိမ္းေစာင့္ေရွာက္ရမည္ ျဖစ္ၿပီး ျမန္မာႏိုင္ငံသားအားလုံး ျမန္မာစိတ္ေမြး၍ အမ်ိဳးႏွင့္ တိုင္းျပည္ကို ခ်စ္ရမည္ ျဖစ္ေၾကာင္း၊ ယခုခ်ိန္ခါ၌ မိမိတို႔အား ျပည္ပမွ ဖိအားမ်ားႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ ပိုမို၍ တိုင္းျပည္ခ်စ္စိတ္ျဖင့္ ေဆာင္႐ြက္ရန္လိုေၾကာင္း။

ဘာသာကိုေလးစားပါ ဆိုရာတြင္ ျပည္ေထာင္စု႐ုံးသုံးဘာသာစကားျဖစ္သည့္ ျမန္မာစာ၊ ျမန္မာစကားကို တတ္ေျမာက္ရမည္ျဖစ္ၿပီး ေရးထုံးသတ္ပုံမ်ားကအစ မွားယြင္းမႈမရွိေအာင္ ထိန္းသိမ္းရ မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံျခားဘာသာစကားမ်ားကို အထင္ ႀကီးၿပီး မိမိဘာသာစကားကို ေျပာဆိုရာတြင္ ရွက္ေၾကာက္ေနရန္မလိုေၾကာင္းႏွင့္ ျမန္မာ စာေပျဖင့္ ေရးသားထုတ္ေဝသည့္ စာအုပ္စာေပမ်ားကိုလည္း အားေပးရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္တြင္လည္း ျမဝတီ၊ ေငြတာရီ ႏွင့္ အျခား သုတရသ စာေပမ်ားကို လြန္ခဲ့ေသာ ႏွစ္မ်ားစြာကတည္းက အစဥ္အဆက္ထုတ္ေဝခဲ့ၿပီး ဘာသာစာေပကို အားေပးလ်က္ရွိ ေၾကာင္း၊ ထုတ္ေဝမႈကို အားေပးရန္လိုသည့္အျပင္ စာဖတ္ေအာင္လည္း တိုက္တြန္းရမည္ ျဖစ္ေၾကာင္း၊ စာဖတ္ျခင္းျဖင့္ အသိပညာတိုးပြားေစၿပီး အတတ္ပညာ ဗဟုသုတမ်ားကို ရရွိ ေစမည္ျဖစ္ေၾကာင္း၊ ဗဟုသုတအားနည္းျခင္းျဖင့္ တုံးအေစႏိုင္သည့္အတြက္ ဦးေႏွာက္အားကို စိုက္ထုတ္ရသည့္ အလုပ္ကိုလုပ္၍ အသိပညာအတတ္ ပညာတိုးပြား ေစရမည္ျဖစ္ေၾကာင္း၊ ယေန႔ေခတ္တြင္ ကြန္ျပဴတာနည္းပညာကိုမွီခိုမႈ အလြန္အမင္း မ်ားျပား လာသည္ကို ေတြ႕ရွိရၿပီး ေနရာတိုင္းတြင္ နည္းပညာကို အားကိုးႏိုင္မည္မဟုတ္ သျဖင့္ လူ၏ ဉာဏ္ရည္ဉာဏ္ေသြး ထက္ျမက္လာေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း။

သာသနာကို ခ်ီးျမႇင့္ပါ ဆိုရာ၌ သာသနာေတာ္ ထြန္းကားျပန႔္ပြားေစေရး ထိန္းသိမ္း ေဆာင္႐ြက္ရမည့္အျပင္ သာသနာ့ဝန္ထမ္းမ်ားကိုလည္း ခ်ီးျမႇင့္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ျမန္မာႏိုင္ငံအပါအဝင္ လာအို၊ ကေမာၻဒီးယား၊ ထိုင္းႏွင့္ သီရိလကၤာႏိုင္ငံတို႔သည္ ေထရဝါဒဗုဒၶသာသနာေတာ္ကို ကိုးကြယ္ၾကၿပီး ထိုႏိုင္ငံအသီးသီးတို႔တြင္လည္း သာသနာေတာ္ ထြန္းကားျပန႔္ပြားေစေရး ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိၾက ေၾကာင္း၊ ဘုရားေက်ာင္းကန္မ်ား သန႔္ရွင္းသာယာလွပမႈရွိေစေရးအတြက္ မိမိတို႔ (YMBA) အသင္းႀကီးက ေဆာင္႐ြက္ရမည့္တာဝန္ရွိေၾကာင္း၊ သာသနာကိုထိန္းသိမ္းလို သည့္စိတ္ရွိလာေအာင္ တိုက္တြန္းေဆာင္႐ြက္ ရာ၌ သင္တန္းေပး႐ုံျဖင့္ မရဘဲ အသိအျမင္ မ်ား တိုးပြားလာေအာင္ လုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း။

ေနာက္ဆုံးအခ်က္ျဖစ္သည့္ ပညာကို အားေပးပါ ဆိုရာတြင္လည္း မိမိေဒသ၊ မိမိႏိုင္ငံ၊ မိမိတိုင္းျပည္ ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ အသိပညာ၊ အတတ္ပညာႏွင့္ျပည့္စုံ သည့္ ပညာတတ္မ်ားေပၚထြက္လာေအာင္ ပညာေရးကို အားေပးရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ လူဦးေရ၏ ၇ဝ ရာခိုင္ႏႈန္းသည္ ေက်းလက္ေန ျပည္သူမ်ားျဖစ္ၾကၿပီး ၃ဝ ရာခိုင္ႏႈန္းသည္ ၿမိဳ႕ျပေနသူမ်ားျဖစ္ေၾကာင္း၊ ေက်းလက္တြင္ ပညာေရးကို အဓိကထားသည့္ ပမာဏနည္းပါးလ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံရွိလူငယ္၊ လူ႐ြယ္မ်ားအားလုံး အနိမ့္ဆုံး အလယ္တန္းအဆင့္ ေအာင္ျမင္ရန္ႏွင့္ အဆင့္ျမင့္ပညာတတ္ေျမာက္ေစေရး အားေပး ေနရမည္ျဖစ္ေၾကာင္း၊ အတန္းကူးေျပာင္းမႈတြင္လည္း အမွန္တစ္ကယ္စာတတ္ေျမာက္ၿပီး ကူးေျပာင္းႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္ၾက ရန္ တိုက္တြန္းအားေပးရမည္ျဖစ္ေၾကာင္း။

မိမိတို႔အသင္းႀကီး၏ ရည္႐ြယ္ခ်က္မ်ားသည္ တစ္ခုတည္းဦးစားေပးေဆာင္႐ြက္၍မရဘဲ တစ္ခုႏွင့္တစ္ခု ကိုင္းကြၽန္းမွီ-ကြၽန္းကိုင္းမွီ ခ်ိတ္ဆက္လ်က္ရွိေၾကာင္း၊ မိမိတို႔ အေနျဖင့္ ျမန္မာစိတ္ေမြး၍ ျမတ္ဗုဒၶအဆုံးအမမ်ားႏွင့္အညီ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာ တိုးတက္ျမင့္မားေရးအတြက္ ဘက္ေပါင္းစုံမွ စဥ္းစားေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ ပညာအရေသာ္လည္းေကာင္း၊ ဝါအရေသာ္လည္းေကာင္း က်င့္ဝတ္ သီလမ်ားအရပါ ျပည့္စုံသည့္ ဆရာေတာ္ႀကီးမ်ား၏ လမ္းၫႊန္ခ်က္မ်ားကို နာယူ၍ လူမႈေရး အသင္းအဖြဲ႕မ်ားႏွင့္လည္း စိတ္တူကိုယ္တူ ညီညီၫြတ္ၫြတ္ပူးေပါင္းေဆာင္႐ြက္ၾကရ မည္ျဖစ္ၿပီး အသင္းႀကီး၏ ရည္႐ြယ္ခ်က္မ်ားအား ေအာင္ျမင္ေအာင္ ဆက္လက္ထိန္းသိမ္း ေဆာင္႐ြက္သြားၾကရမည္ ျဖစ္ေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အသင္းခ်ဳပ္ ဥကၠ႒ ဦးရဲထြန္း၊ အလုပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားႏွင့္ အသင္းခ်ဳပ္မွ တာဝန္ရွိသူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။