တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောမြို့ရှိ ဗိုလ်ချုပ်ကြီး စမစ်ဒွန်း၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ အမှတ်(၃)ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတွင် နေထိုင်သည့် မြန်မာ့တပ်မတော်တွင် ၄-၁-၁၉၄၈ ခုနှစ်မှ ၃၁-၁-၁၉၄၉ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သော ပထမဦးဆုံး (ယခင်အခေါ်) စစ်ဦးစီးချုပ် (ယခုအခေါ်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း၏ အုတ်ဂူသို့သွားရောက်၍ ဂါရဝပြုခဲ့သည်။

(Zawgyi Version)




ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။