ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော တပ်မတော်ဖြစ် စေရေး သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) တည်ဆောက် 

ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော တပ်မတော်ဖြစ် စေရေး သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) တည်ဆောက် 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ 

စစ်ဆင်ရေးနှင့် ပတ်သက်လာပါက သင်ယူခဲ့သည့် စစ်ပညာရပ်များကို သေချာလိုက်နာကျင့်သုံးရန်လိုပြီး သမားရိုးကျစစ်ဆင်ရေး၌ဖြစ်စေ၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၌ဖြစ်စေ တိုက်ပွဲဝင်နိုင်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော တပ်မတော်ဖြစ်စေရေး သမားရိုးကျစစ်ဆင်ရေးများကိုအဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) ဖြစ်အောင် တည်ဆောက်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောတပ်နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိများအား ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။ 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်း အောင်တို့ လိုက်ပါပြီး ကလောမြို့၊ နယ်မြေခံတပ်ဌာနချုပ်သို့ ရောက်ရှိကြရာ နယ်မြေခံတပ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်မင်းဦးက တပ်ဌာနချုပ်၏ရည်ရွယ်ချက်၊ စွမ်းရည်သုံးရပ်အကောင်အထည် ဖော်ဆောင် ရွက်နိုင်မှု အခြေအနေများနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီချုပ်က နိုင်ငံတော်၏ကာကွယ်ရေးစွမ်းရည် မြင့်မားစေရေး နှင့် ပတ်သက်၍အမှာစကားပြောကြားရာတွင် တပ်မတော်သားတိုင်းသည် နိုင်ငံတော်ကာကွယ်ရန်အတွက် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်း ချက်မျှမပါဘဲ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ကာကွယ်ရေး စွမ်းရည်ထက်မြက်နေ စေရေးအတွက် လူ့စွမ်းအားအရင်းအမြစ်၊ လက်နက်စွမ်းပကားနှင့်စိတ်ဓာတ်တို့ မြင့်မားအောင် ကြိုးစားနေရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများမှ သင်ကြားပေးလိုက်သည့် စစ်ပညာရပ် များကို လက်တွေ့နယ်ပယ်တွင် အပြည့်အဝအသုံးချနိုင်ရမည် ဖြစ်ပြီး မြေပြင်အနေအထားနှင့် ကိုက်ညီသည့် စစ်နည်းဗျူဟာများကို ထိုးထွင်းကြံဆ လုပ်ဆောင်ကျင့်သုံးနိုင်ရမည်ဖြစ်ကြောင်း၊ စစ်ဆင်ရေးနှင့် ပတ်သက် လာပါက သင်ယူခဲ့သည့် စစ်ပညာရပ်များကို သေချာစွာလိုက်နာကျင့်သုံးရန်လိုပြီး သမားရိုးကျစစ် ဆင်ရေး ၌ဖြစ်စေ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၌ဖြစ်စေ တိုက်ပွဲဝင်နိုင်ရမည်ဖြစ်ကြောင်း၊ ပြည်သူကအားကိုးရသော၊ နိုင်ငံတော်ကအားထားရသော တပ်မတော်ဖြစ်အောင် ကြိုးစား ရမည်ဖြစ်ပြီး ခေတ်စနစ်နှင့် ကိုက်ညီသော ဖွဲ့စည်းမှုနှင့် စုဖွဲ့မှုများ လုပ်ဆောင်ကြရန်လို ကြောင်းဖြင့် မှာကြားသည်။ 

သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့်တပ်မတော် (Standard Army) တည်ဆောက်ရေး နှင့်ပတ်သက်၍လက်ရှိတပ်မတော်ဖွဲ့စည်းတည်ဆောက် မှုမှာ နိုင်ငံ့အခြေအနေအပေါ်မူတည်၍ ပြည်တွင်း သောင်းကျန်းမှုနှိမ်နင်းရေးအတွက် ဦးတည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ပထဝီနိုင်ငံရေးအခြေ အနေ၊ ခေတ်ကာလ အခြေအနေ၊ ပြောင်းလဲလာသည့် စစ်မဟာဗျူဟာ၊ နည်းဗျူဟာများအရ ကာကွယ်ရေး စွမ်းရည်မြင့်မား၍ ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော တပ်မတော်ဖြစ်စေရေး သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီဆောင်ရွက်နိုင်သည့် တပ်မတော် (Standard Army) ဖြစ်စေရေး အတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

စစ်သည်တိုင်း စိတ်ဓာတ်ခိုင်မာကြံ့ခိုင်စေရေး အတွက် မိမိကိုယ်ကိုယ် တည်ဆောက် နေကြရမည်ဖြစ်ပြီး စစ်စည်းကမ်း၊ အမိန့်နာခံမှုကောင်းစွာဖြင့် မိမိကိုယ်ကိုယ် ထိန်းထိန်း သိမ်းသိမ်း နေကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့်ကိုက်ညီသည့် ဘောလုံး၊ ဘော်လီဘော၊ သေနတ်ပစ်၊ လက်ဝှေ့၊ ပြေးခုန်ပစ်စသည့်အားကစားနည်း ၅ မျိုးကိုလည်း စိတ်ဓာတ်ကျန်းမာကြံ့ခိုင်စေရေး၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်တတ်စေရေးအတွက် မဖြစ်မနေယှဉ်ပြိုင်စေလျက်ရှိကြောင်း၊ စစ်သည်တိုင်း တိုက်ပွဲဝင်စိတ်ဓာတ်ကောင်းစွာဖြင့် စိတ်ဓာတ်ကျန်းမာကြံ့ခိုင်မှုရှိအောင် လေ့ကျင့်ပေး ကြရမည် ဖြစ်ကြောင်း မှာကြားသည်။ 

စစ်သည်တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေးမြင့်မားရေး နှင့် ပတ်သက်၍ မှာကြားရာ တွင် စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြှင့်တင်ပေးရန်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အရည်အချင်းပြည့်ဝစွာဖြင့် ထမ်းဆောင်နိုင်ရေးအတွက် အဆင့်အတန်းနှင့် လျော်ညီသည့်၊ ကိုက်ညီသည့်သင်တန်းများ ဖွင့်လှစ်လေ့ကျင့် ပေးလျက်ရှိကြောင်း၊ သင်တန်းတိုင်း၌ မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှု၊ စည်းကမ်း လိုက်နာမှုနှင့် အမိန့်နာခံမှုတို့ဖြင့် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာရေးကောင်းမွန်အောင် နေထိုင် စားသောက်ရန်လည်း လိုအပ်မည်ဖြစ်ပြီး ကျန်းမာမှသာလျင် မိမိ၏လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် အနေအထိုင်၊ အစားအသောက်ကို ပင်ကိုယ်အသိစိတ်ဖြင့် ထိန်းသိမ်းနေထိုင်ရ မည်ဖြစ်ကြောင်း၊ သွားသင့်သည့်နေရာကိုသာသွားရန်၊ ပေါင်းသင့်သည့်သူကိုသာ ပေါင်းရန်၊ လုပ်သင့်သည့်အလုပ်ကိုသာလုပ်ရန်နှင့် ပြောသင့်သည်ကိုသာပြောရန်ဟူသော သင့် ၄ သင့်ကို လိုက်နာရန်လိုကြောင်း၊ မိမိ၏ တပ်ကိုကောင်းအောင်၊ တိုက်စွမ်းရည် တိုက်စွမ်းအားပြည့်ဝအောင်၊ ပြည်သူက အားကိုးရသော၊ နိုင်ငံတော်ကအားထားရသော တပ်မတော်ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းတည် ဆောက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။ 

(Zawgyi One)

ကာကြယ္ေရးစြမ္းရည္ျမင့္မား၍ ျပည္သူကအားကုိးရေသာ၊ တုိင္းျပည္ကအားထားရေသာ တပ္မေတာ္ျဖစ္ ေစေရး သမား႐ုိးက်စစ္ဆင္ေရးမ်ားကုိ အဆင့္မီေဆာင္ရြက္ႏုိင္သည့္ တပ္မေတာ္ (Standard Army) တည္ေဆာက္ 

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ  ၁၄ 

စစ္ဆင္ေရးႏွင့္ ပတ္သက္လာပါက သင္ယူခဲ့သည့္ စစ္ပညာရပ္မ်ားကုိ ေသခ်ာလုိက္နာက်င့္သုံးရန္လုိၿပီး သမား႐ုိးက်စစ္ဆင္ေရး၌ျဖစ္ေစ၊ ျပည္တြင္းလက္နက္ကုိင္ ပဋိပကၡမ်ား၌ျဖစ္ေစ တုိက္ပြဲ၀င္ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ကာကြယ္ေရးစြမ္းရည္ျမင့္မား၍ ျပည္သူကအားကုိးရေသာ၊ တုိင္းျပည္ကအားထားရေသာ တပ္မေတာ္ျဖစ္ေစ ေရး သမား႐ုိးက်စစ္ဆင္ေရးမ်ားကုိအဆင့္မီေဆာင္ရြက္ႏုိင္သည့္ တပ္မေတာ္ (Standard Army) ျဖစ္ေအာင္ တည္ေဆာက္ရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ကေလာတပ္နယ္ရွိ နယ္ေျမခံတပ္ဌာနခ်ဳပ္ႏွင့္ ကြပ္ကဲမႈေအာက္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားမွ အရာရွိမ်ားအား ယေန႔နံနက္ပုိင္းတြင္ ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။ 

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္း ေအာင္တုိ႕ လုိက္ပါၿပီး ကေလာၿမိဳ႕၊ နယ္ေျမခံတပ္ဌာနခ်ဳပ္သုိ႕ ေရာက္ရွိၾကရာ နယ္ေျမခံတပ္ဌာနခ်ဳပ္မွဴး ဗုိလ္မွဴးႀကီး ေအာင္မင္းဦးက တပ္ဌာနခ်ဳပ္၏ရည္ရြယ္ခ်က္၊ စြမ္းရည္သုံးရပ္အေကာင္အထည္ ေဖာ္ေဆာင္ ရြက္ႏုိင္မႈ အေျခအေနမ်ားႏွင့္ တပ္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ား ျဖည့္စြက္မွာၾကားသည္။ 

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီခ်ဳပ္က ႏုိင္ငံေတာ္၏ကာကြယ္ေရးစြမ္းရည္ ျမင့္မားေစေရး ႏွင့္ ပတ္သက္၍အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္သားတုိင္းသည္ ႏုိင္ငံေတာ္ကာကြယ္ရန္အတြက္ မည္သူတစ္ဦးတစ္ေယာက္၏ တုိက္တြန္း ခ်က္မွ်မပါဘဲ ၀င္ေရာက္လာသူမ်ားျဖစ္ေၾကာင္း၊ ကာကြယ္ေရး စြမ္းရည္ထက္ျမက္ေန ေစေရးအတြက္ လူ႕စြမ္းအားအရင္းအျမစ္၊ လက္နက္စြမ္းပကားႏွင့္စိတ္ဓာတ္တုိ႕ ျမင့္မားေအာင္ ႀကိဳးစားေနရမည္ျဖစ္ေၾကာင္း၊ သင္တန္းေက်ာင္းမ်ားမွ သင္ၾကားေပးလုိက္သည့္ စစ္ပညာရပ္ မ်ားကုိ လက္ေတြ႕နယ္ပယ္တြင္ အျပည့္အ၀အသုံးခ်ႏုိင္ရမည္ ျဖစ္ၿပီး ေျမျပင္အေနအထားႏွင့္ ကုိက္ညီသည့္ စစ္နည္းဗ်ဴဟာမ်ားကုိ ထုိးထြင္းႀကံဆ လုပ္ေဆာင္က်င့္သုံးႏုိင္ရမည္ျဖစ္ေၾကာင္း၊ စစ္ဆင္ေရးႏွင့္ ပတ္သက္ လာပါက သင္ယူခဲ့သည့္ စစ္ပညာရပ္မ်ားကုိ ေသခ်ာစြာလုိက္နာက်င့္သုံးရန္လုိၿပီး သမား႐ုိးက်စစ္ ဆင္ေရး ၌ျဖစ္ေစ၊ ျပည္တြင္းလက္နက္ကုိင္ပဋိပကၡ၌ျဖစ္ေစ တုိက္ပြဲ၀င္ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ျပည္သူကအားကုိးရေသာ၊ ႏုိင္ငံေတာ္ကအားထားရေသာ တပ္မေတာ္ျဖစ္ေအာင္ ႀကိဳးစား ရမည္ျဖစ္ၿပီး ေခတ္စနစ္ႏွင့္ ကုိက္ညီေသာ ဖြဲ႕စည္းမႈႏွင့္ စုဖြဲ႕မႈမ်ား လုပ္ေဆာင္ၾကရန္လုိ ေၾကာင္းျဖင့္ မွာၾကားသည္။ 

သမား႐ုိးက်စစ္ဆင္ေရးမ်ားကုိ အဆင့္မီေဆာင္ရြက္ႏုိင္သည့္တပ္မေတာ္ (Standard Army) တည္ေဆာက္ေရး ႏွင့္ပတ္သက္၍လက္ရွိတပ္မေတာ္ဖြဲ႕စည္းတည္ေဆာက္ မႈမွာ ႏုိင္င့ံအေျခအေနအေပၚမူတည္၍ ျပည္တြင္း ေသာင္းက်န္းမႈႏွိမ္နင္းေရးအတြက္ ဦးတည္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခုအခ်ိန္တြင္ ပထ၀ီႏုိင္ငံေရးအေျခ အေန၊ ေခတ္ကာလ အေျခအေန၊ ေျပာင္းလဲလာသည့္ စစ္မဟာဗ်ဴဟာ၊ နည္းဗ်ဴဟာမ်ားအရ ကာကြယ္ေရး စြမ္းရည္ျမင့္မား၍ ျပည္သူကအားကုိးရေသာ၊ တုိင္းျပည္ကအားထားရေသာ တပ္မေတာ္ျဖစ္ေစေရး သမား႐ုိးက်စစ္ဆင္ေရးမ်ားကုိ အဆင့္မီေဆာင္ရြက္ႏုိင္သည့္ တပ္မေတာ္ (Standard Army) ျဖစ္ေစေရး အတြက္ ျပဳျပင္ေျပာင္းလဲမႈမ်ားကုိ ေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။ 

စစ္သည္တုိင္း စိတ္ဓာတ္ခုိင္မာႀကံ႕ခုိင္ေစေရး အတြက္ မိမိကုိယ္ကုိယ္ တည္ေဆာက္ ေနၾကရမည္ျဖစ္ၿပီး စစ္စည္းကမ္း၊ အမိန္႕နာခံမႈေကာင္းစြာျဖင့္ မိမိကုိယ္ကုိယ္ ထိန္းထိန္း သိမ္းသိမ္း ေနၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္္ကုိက္ညီသည့္ ေဘာလုံး၊ ေဘာ္လီေဘာ၊ ေသနတ္ပစ္၊ လက္ေ၀ွ႕၊ ေျပးခုန္ပစ္စသည့္အားကစားနည္း ၅ မ်ဳိးကုိလည္း စိတ္ဓာတ္က်န္းမာႀကံ႕ခုိင္ေစေရး၊ အဖြဲ႕အစည္းစိတ္ဓါတ္ျဖင့္ စည္းလုံးညီၫြတ္စြာ ေဆာင္ရြက္တတ္ေစေရးအတြက္ မျဖစ္မေနယွဥ္ၿပိဳင္ေစလ်က္ရွိေၾကာင္း၊ စစ္သည္တုိင္း တုိက္ပြဲ၀င္စိတ္ဓာတ္ေကာင္းစြာျဖင့္ စိတ္ဓာတ္က်န္းမာႀကံ႕ခုိင္မႈရွိေအာင္ ေလ့က်င့္ေပး ၾကရမည္ ျဖစ္ေၾကာင္း မွာၾကားသည္။ 

စစ္သည္တစ္ဦးခ်င္း ကုိယ္ရည္ကုိယ္ေသြးျမင့္မားေရး ႏွင့္ ပတ္သက္၍ မွာၾကားရာ တြင္ စစ္သည္တစ္ဦးခ်င္း၏ စြမ္းရည္ျမႇင့္တင္ေပးရန္၊ မိမိတုိ႕၏ တာ၀န္မ်ားကုိ ထမ္းေဆာင္ရာတြင္ အရည္အခ်င္းျပည့္၀စြာျဖင့္ ထမ္းေဆာင္ႏုိင္ေရးအတြက္ အဆင့္အတန္းႏွင့္ ေလ်ာ္ညီသည့္၊ ကုိက္ညီသည့္သင္တန္းမ်ား ဖြင့္လွစ္ေလ့က်င့္ ေပးလ်က္ရွိေၾကာင္း၊ သင္တန္းတုိင္း၌ မိမိကုိယ္တုိင္ႀကိဳးစားအားထုတ္မႈ၊ စည္းကမ္း လုိက္နာမႈႏွင့္ အမိန္႕နာခံမႈတုိ႕ျဖင့္ ႀကိဳးစားေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊ ထုိ႕ျပင္ က်န္းမာေရးေကာင္းမြန္ေအာင္ ေနထုိင္ စားေသာက္ရန္လည္း လုိအပ္မည္ျဖစ္ၿပီး က်န္းမာမွသာလ်င္ မိမိ၏လုပ္ငန္းတာ၀န္မ်ားကုိ ေက်ပြန္ေအာင္ ေဆာင္ရြက္ႏုိင္မည္ျဖစ္သည့္ အတြက္ အေနအထုိင္၊ အစားအေသာက္ကုိ ပင္ကုိယ္အသိစိတ္ျဖင့္ ထိန္းသိမ္းေနထုိင္ရ မည္ျဖစ္ေၾကာင္း၊ သြားသင့္သည့္ေနရာကုိသာသြားရန္၊ ေပါင္းသင့္သည့္သူကုိသာ ေပါင္းရန္၊ လုပ္သင့္သည့္အလုပ္ကုိသာလုပ္ရန္ႏွင့္ ေျပာသင့္သည္ကုိသာေျပာရန္ဟူေသာ သင့္ ၄ သင့္ကုိ လုိက္နာရန္လုိေၾကာင္း၊ မိမိ၏ တပ္ကုိေကာင္းေအာင္၊ တုိက္စြမ္းရည္ တုိက္စြမ္းအားျပည့္၀ေအာင္၊ ျပည္သူက အားကုိးရေသာ၊ ႏုိင္ငံေတာ္္ကအားထားရေသာ တပ္မေတာ္ျဖစ္ေအာင္ ၀ုိင္း၀န္းႀကိဳးပမ္းတည္ ေဆာက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။ 

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။