တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့တပ်မတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း၏မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့တပ်မတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း၏မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော် ၊ ဖေဖော်ဝါရီ  ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်တို့ လိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၊ အမှတ်(၃) ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းရှိ မြန်မာ့တပ်မတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း၏ နေအိမ်ဝင်းသို့ သွားရောက်၍ သမီးဖြစ်သူ ဒေါ်ခင်စောမူ(ခေါ်) ဒေါ်အဲဗလင်းဒွန်းနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။

ထို့နောက် ဗိုလ်ချုပ်စမစ်ဒွန်းနှင့် ဇနီးတို့၏ အုတ်ဂူသို့သွားရောက်၍ လွမ်းသူ့ပန်းစည်းချကာ ဂါရဝပြုခဲ့ကြ သည်။ ဗိုလ်ချုပ် စမစ်ဒွန်းသည် မြန်မာ့တပ်မတော်တွင် ၄-၁-၁၉၄၈ ရက်နေ့မှ ၃၁-၁-၁၉၄၉ ရက်နေ့အထိ စစ်ဦးစီးချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး နိုင်ငံတော်မှ သတိုးမဟာ သရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံရသူဖြစ်သည်။

(Zawgyi One)





ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။