တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှသင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား၊ ဒေသခံများအားကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှသင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား၊ ဒေသခံများအားကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့ရှိ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံမှ နည်းပြအရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား အဆိုပါသင်တန်းကျောင်းခန်းမတွင် သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။


ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင် တို့လိုက်ပါပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်က ကျောင်းသမိုင်းအကျဉ်းနှင့် လေ့ကျင့်ရေး ဆောင်ရွက်နိုင်မှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းပြီးချိန်တွင် လက်တွေ့နယ်ပယ်၌ အမှန်တစ်ကယ်လုပ်နိုင်စွမ်းရှိရေး အရည်အချင်းပြည့်မီစွာ လုပ်ကိုင်နိုင်ရေး သင်ကြားပေးရ မည်ဖြစ်ကြောင်းနှင့် စာပေသင်ကြားမှုဆိုင်ရာ၊ လေ့ကျင့်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် သင်တန်းကျောင်းခန်းမတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမှ နည်းပြအရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအားတွေ့ဆုံ အမှာစကားပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းယန္တရားများ ခေတ်မီရေးသည် အရေးကြီးသဖြင့် စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ၌စစ်အေးလွန်ကာလတွင် နိုင်ငံအချင်းချင်း အားပြိုင်မှုနည်းပါးသွားပြီဆိုသော်လည်း အင်အားကြီးနိုင်ငံများနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုများမှာရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးအင်အား တည်ဆောက်ရာတွင်ခေတ်မီတပ်မတော်တည်ဆောက်ရေး၊Standard Army တည်ဆောက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် ခေတ်မီတပ်မတော်တစ်ရပ်တွင်ရှိရမည့် ခေတ်မီလက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းယန္တရားများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြု၍ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မြင့်မားသော တပ်မတော်ဖြစ်စေရေးအတွက် အခြေခံကျသည့် အချက်မှာ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံသည် တပ်မတော်အတွက်နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းခွင် ကျွမ်းကျင်သူများဖြစ်အောင် သင်တန်းသားများက ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ၊နည်းပြများကလည်းတပ်မတော်ကအားထားရမည့် လူသားအရင်းအမြစ်များ ထိရောက်စွာ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
အမိန့်နာခံမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့နှင့် ပတ်သက်၍ တပ်မတော်သားများ ဖြစ်သည်နှင့်အညီ အမိန့်နာခံတတ်မှု၊စည်းကမ်းကောင်းမွန်မှုရှိရမည်ဖြစ်ပြီး သင်တန်းကျောင်းမှသင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာနှင့် စည်းကမ်းကောင်းမွန်စွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများကို ဘဝတစ်လျှောက်လုံး ဆက်လက်မွေးမြူပြီး ထိန်းထိန်းသိမ်းသိမ်းနေထိုင်သွားကြရမည် ဖြစ်ကြောင်း၊ လူတိုင်းတွင်အားနည်းချက်များရှိကြသော်လည်း မိမိ၏အားနည်းချက်ကို ပြုပြင်၍ အကောင်းဆုံးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းစနစ်တကျရှိမှုသည် အလွန်အရေးကြီးပြီး စည်းကမ်းစနစ်တကျမရှိပါက မိမိအဖွဲ့အစည်းအတွက် များစွာနစ်နာ ဆုံးရှုံးမှုဖြစ်စေနိုင်ကာ မိမိဘဝတွင်လည်း တိုးတက်မှုများ ရှိလာနိုင်မည် မဟုတ်ကြောင်း။

ကျန်းမာကြံ့ခိုင်အောင် နေထိုင်စားသောက်မှုနှင့် ပတ်သက်၍ ကျန်းမာရေး ကောင်းမွန်မှုမရှိပါက မိမိ၏ မူလတာဝန်များကိုကျေပွန်အောင်မြင်အောင် ထမ်းဆောင် နိုင်မည်မဟုတ်သောကြောင့် ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်း နေထိုင်စားသောက်ရမည်ဖြစ်ကြောင်း၊ မိမိအတွက်အကျိုးမရှိသည့် အသောက်အစား၊ အစားအသောက်နှင့် ဆေးလိပ်၊ ကွမ်းယာနှင့် အရက် သုံးစွဲမှုများကို ရှောင်ကြဉ်ကြရမည် ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးအတွက် စားရေးတွင်အာဟာရပြည့်မီအောင် တွက်ချက် ထုတ်ပေးထားသည့် ရိက္ခာကိုပြည့်ပြည့်၀၀စားသုံးကြရမည်ဖြစ်ပြီး သင်တန်းမှလေ့ကျင့် ပေးသည့် လေ့ကျင့်ရေးများကို နည်းစနစ်တကျလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ မိမိတာဝန်ယူလုပ်ကိုင်ရသည့် လုပ်ငန်းအား ကျွမ်းကျင်ပိုင်နိုင်မှုရှိနေရမည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ရဲသုံးရဲနှင့်အညီ လုပ်နိုင်ကိုင်နိုင်ရမည်ဖြစ်သည့်အပြင် ရဲစွမ်းသတ္တိရှိအောင်လည်း လေ့ကျင့်မွေးမြူကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအချင်းချင်းကွပ်ကဲအုပ်ချုပ်ရာတွင်လည်း မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ သမာအာဇီဝကျကျ ရရှိထားသည့် လစာငွေများကို မိမိကိုယ်ကိုယ် ထိန်းသိမ်း၍ သင့်တင့်လျောက်ပတ်စွာ သုံးစွဲကြ ရမည်ဖြစ်ကြောင်း၊ လစာဖြင့်လုံလောက်အောင်သုံးစွဲပြီး ပိုလျှံသည်များကိုစုဆောင်းခြင်းဖြင့် မိမိဘဝကိုမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် စစ်သားကောင်းများဖြစ် အောင် နေထိုင်သွားကြစေလိုကြောင်းဖြင့် မှာကြားသည်။


တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားများ အတွက် သုတ၊ ရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)က အားကစားပစ္စည်းများကိုလည်းကောင်းပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ ကလက်ခံရယူကြပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများ ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်း ကျောင်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား စားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြ သည်။


ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့ရှိ သီရိမင်္ဂလာရွှေချမ်းသာ သာသနာ့ဗိမာန်သို့ သွားရောက်၍ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားများက လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးကုသမှုခံယူနေသည့်ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသခံရပ်မိရပ်ဖများအား တွေ့ဆုံ၍ဒေသဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားရာ ပအိုဝ်းဒေသသည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းများဖြစ်သည့် ရေခံ၊ မြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ ၎င်းတို့ကို ထိန်းသိမ်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေသယံဇာတများကို အခြားနည်းဖြင့် အသုံးချမှုများလာပါက သစ်တော၊ သစ်ပင်ပြုန်းတီးခြင်း၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်လာနိုင်သောကြောင့် မြေယာစီမံခန့်ခွဲမှုတို့ကိုစနစ်တကျ လုပ်ဆောင်သင့်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအပြင်၊ အသေးစားစက်မှုလုပ်ငန်းများ၊ ခရီးသွားTourism လုပ်ငန်းများကို တွဲဖက်တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ပညာရေးကို အလေး ထား ဂရုစိုက်ပေးခြင်းဖြင့် မိမိတို့မျိုးဆက်သစ်များ၏ လူမှုစီးပွားဘဝတိုးတက်အောင်မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ပအိုဝ်းဒေသသည်တည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာသဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ဂရုပြုထိန်းသိမ်းကြရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ဆောင်ခြင်းဆိုသည်မှာ လက်နက်ကိုင်များအား စည်းကမ်းနှင့် ညီညွတ် စေရန်လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ ရရှိပြီးသောဒေသတည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်း ရေးကို ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့အား ဒေသထွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ကလက်ခံရယူကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တပ္မေတာ္ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံမွသင္တန္းသားမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား၊ ေဒသခံမ်ားအားက်န္းမာေရးေစာင့္ေရွာက္ေပးေနမႈမ်ားအား ၾကည့္ရႈအားေပး

နျပည္ေတာ္ ေဖေဖာ္ဝါရီ ၁၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပုန္းၿမိဳ႕ရွိ တပ္မေတာ္ ကြန္ပ်ဴတာႏွင့္နည္းပညာသိပၸံမွ နည္းျပအရာရွိမ်ား၊ သေႏၶအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ားအား အဆိုပါသင္တန္းေက်ာင္းခန္းမတြင္ သြားေရာက္ေတြ႕ဆုံ အမွာစကား ေျပာၾကားသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္ တို႔လိုက္ပါၿပီး တပ္မေတာ္ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံသို႔ ေရာက္ရွိၾကရာ အစည္းအေဝးခန္းမတြင္ ေက်ာင္းအုပ္ႀကီး ဗိုလ္မႉးခ်ဳပ္ သိန္းႏိုင္က ေက်ာင္းသမိုင္းအက်ဥ္းႏွင့္ ေလ့က်င့္ေရး ေဆာင္႐ြက္ႏိုင္မႈအေျခအေနမ်ားအား ရွင္းလင္း တင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းဆင္းၿပီးခ်ိန္တြင္ လက္ေတြ႕နယ္ပယ္၌ အမွန္တစ္ကယ္လုပ္ႏိုင္စြမ္းရွိေရး အရည္အခ်င္းျပည့္မီစြာ လုပ္ကိုင္ႏိုင္ေရး သင္ၾကားေပးရ မည္ျဖစ္ေၾကာင္းႏွင့္ စာေပသင္ၾကားမႈဆိုင္ရာ၊ ေလ့က်င့္ေရးဆိုင္ရာမ်ားအား ေဆြးေႏြး ေျပာၾကားၿပီး လိုအပ္ခ်က္မ်ားကို ညႇိႏႈိင္းျဖည့္ဆည္း ေဆာင္႐ြက္ေပးသည္။

ထို႔ေနာက္ သင္တန္းေက်ာင္းခန္းမတြင္ တပ္မေတာ္ကြန္ပ်ဴတာႏွင့္ နည္းပညာ သိပၸံမွ နည္းျပအရာရွိမ်ား၊ သေႏၶအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ားအားေတြ႕ဆုံ အမွာစကားေျပာၾကားရာတြင္ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး လက္နက္ႏွင့္ စစ္အသုံးအေဆာင္ပစၥည္းယႏၲရားမ်ား ေခတ္မီေရးသည္ အေရးႀကီးသျဖင့္ စနစ္တက် ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ကမာၻ၌စစ္ေအးလြန္ကာလတြင္ ႏိုင္ငံအခ်င္းခ်င္း အားၿပိဳင္မႈနည္းပါးသြားၿပီဆိုေသာ္လည္း အင္အားႀကီးႏိုင္ငံမ်ားႏွင့္ ေဒသတြင္း အင္အားႀကီးႏိုင္ငံမ်ားအၾကား ၿပိဳင္ဆိုင္မႈမ်ားမွာရွိေနဆဲျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ကာကြယ္ေရးအင္အား တည္ေဆာက္ရာတြင္ေခတ္မီတပ္မေတာ္တည္ေဆာက္ေရး၊Standard Army တည္ေဆာက္ေရးကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ ေခတ္မီတပ္မေတာ္တစ္ရပ္တြင္ရွိရမည့္ ေခတ္မီလက္နက္ႏွင့္ စစ္အသုံးအေဆာင္ ပစၥည္းယႏၲရားမ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္စြာအသုံးျပဳ၍ တိုက္စြမ္းရည္၊ တိုက္စြမ္းအား ျမင့္မားေသာ တပ္မေတာ္ျဖစ္ေစေရးအတြက္ အေျခခံက်သည့္ အခ်က္မွာ လူ႔စြမ္းအားအရင္း အျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးျဖစ္ေၾကာင္း၊ တပ္မေတာ္ကြန္ပ်ဴတာႏွင့္နည္းပညာသိပၸံသည္ တပ္မေတာ္အတြက္နည္းပညာပိုင္းဆိုင္ရာလုပ္ငန္းခြင္ ကြၽမ္းက်င္သူမ်ားျဖစ္ေအာင္ သင္တန္းသားမ်ားက ႀကိဳးစားအားထုတ္ရမည္ျဖစ္ေၾကာင္း၊ သင္တန္းသားမ်ား၊နည္းျပမ်ားကလည္းတပ္မေတာ္ကအားထားရမည့္ လူသားအရင္းအျမစ္မ်ား ထိေရာက္စြာ ပညာသင္ၾကားႏိုင္ေရးေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ အမိန႔္နာခံမႈႏွင့္ စည္းကမ္းေကာင္းမြန္မႈတို႔ႏွင့္ ပတ္သက္၍ တပ္မေတာ္သားမ်ား ျဖစ္သည္ႏွင့္အညီ အမိန႔္နာခံတတ္မႈ၊စည္းကမ္းေကာင္းမြန္မႈရွိရမည္ျဖစ္ၿပီး သင္တန္းေက်ာင္းမွသင္ၾကားေပးလိုက္သည့္ အသိပညာ၊ အတတ္ပညာႏွင့္ စည္းကမ္းေကာင္းမြန္စြာ ေနထိုင္လုပ္ကိုင္ေဆာင္႐ြက္တတ္သည့္အေလ့အက်င့္ေကာင္းမ်ားကို ဘဝတစ္ေလွ်ာက္လုံး ဆက္လက္ေမြးျမဴၿပီး ထိန္းထိန္းသိမ္းသိမ္းေနထိုင္သြားၾကရမည္ ျဖစ္ေၾကာင္း၊ လူတိုင္းတြင္အားနည္းခ်က္မ်ားရွိၾကေသာ္လည္း မိမိ၏အားနည္းခ်က္ကို ျပဳျပင္၍ အေကာင္းဆုံးေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းစနစ္တက်ရွိမႈသည္ အလြန္အေရးႀကီးၿပီး စည္းကမ္းစနစ္တက်မရွိပါက မိမိအဖြဲ႕အစည္းအတြက္ မ်ားစြာနစ္နာ ဆုံးရႈံးမႈျဖစ္ေစႏိုင္ကာ မိမိဘဝတြင္လည္း တိုးတက္မႈမ်ား ရွိလာႏိုင္မည္ မဟုတ္ေၾကာင္း။

က်န္းမာႀကံ့ခိုင္ေအာင္ ေနထိုင္စားေသာက္မႈႏွင့္ ပတ္သက္၍ က်န္းမာေရး ေကာင္းမြန္မႈမရွိပါက မိမိ၏ မူလတာဝန္မ်ားကိုေက်ပြန္ေအာင္ျမင္ေအာင္ ထမ္းေဆာင္ ႏိုင္မည္မဟုတ္ေသာေၾကာင့္ က်န္းမာႀကံ့ခိုင္ေရးအတြက္ ကိုယ့္ကိုယ္ကိုယ္ထိန္းသိမ္း ေနထိုင္စားေသာက္ရမည္ျဖစ္ေၾကာင္း၊ မိမိအတြက္အက်ိဳးမရွိသည့္ အေသာက္အစား၊ အစားအေသာက္ႏွင့္ ေဆးလိပ္၊ ကြမ္းယာႏွင့္ အရက္ သုံးစြဲမႈမ်ားကို ေရွာင္ၾကဥ္ၾကရမည္ ျဖစ္ေၾကာင္း၊ ကိုယ္ခႏၶာဖြံ႕ၿဖိဳးေရးအတြက္ စားေရးတြင္အာဟာရျပည့္မီေအာင္ တြက္ခ်က္ ထုတ္ေပးထားသည့္ ရိကၡာကိုျပည့္ျပည့္၀၀စားသုံးၾကရမည္ျဖစ္ၿပီး သင္တန္းမွေလ့က်င့္ ေပးသည့္ ေလ့က်င့္ေရးမ်ားကို နည္းစနစ္တက်လိုက္နာေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

မည္သည့္ေနရာတြင္ တာဝန္ထမ္းေဆာင္သည္ျဖစ္ေစ မိမိတာဝန္ယူလုပ္ကိုင္ရသည့္ လုပ္ငန္းအား ကြၽမ္းက်င္ပိုင္ႏိုင္မႈရွိေနရမည္ျဖစ္ေၾကာင္း၊ ကိုယ္ခႏၶာက်န္းမာႀကံ့ခိုင္ၿပီး ရဲသုံးရဲႏွင့္အညီ လုပ္ႏိုင္ကိုင္ႏိုင္ရမည္ျဖစ္သည့္အျပင္ ရဲစြမ္းသတၱိရွိေအာင္လည္း ေလ့က်င့္ေမြးျမဴၾကရမည္ျဖစ္ေၾကာင္း၊ သင္တန္းသားမ်ားအခ်င္းခ်င္းကြပ္ကဲအုပ္ခ်ဳပ္ရာတြင္လည္း မွန္မွန္ကန္ကန္ လိုက္နာေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔၏ သမာအာဇီဝက်က် ရရွိထားသည့္ လစာေငြမ်ားကို မိမိကိုယ္ကိုယ္ ထိန္းသိမ္း၍ သင့္တင့္ေလ်ာက္ပတ္စြာ သုံးစြဲၾက ရမည္ျဖစ္ေၾကာင္း၊ လစာျဖင့္လုံေလာက္ေအာင္သုံးစြဲၿပီး ပိုလွ်ံသည္မ်ားကိုစုေဆာင္းျခင္းျဖင့္ မိမိဘဝကိုျမႇင့္တင္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ စစ္သားေကာင္းမ်ားျဖစ္ ေအာင္ ေနထိုင္သြားၾကေစလိုေၾကာင္းျဖင့္ မွာၾကားသည္။

တြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းသားမ်ား အတြက္ သုတ၊ ရသ စာအုပ္စာေစာင္မ်ားကိုလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က အားကစားပစၥည္းမ်ားကိုလည္းေကာင္းေပးအပ္ရာ ေက်ာင္းအုပ္ႀကီးႏွင့္ တာဝန္ရွိသူမ်ား ကလက္ခံရယူၾကၿပီး တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ား ကို ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သင္တန္း ေက်ာင္းအတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး သင္တန္းသား စားရိပ္သာ၌ သင္တန္းသားမ်ားႏွင့္အတူ ေန႔လည္စာကို အတူတကြ သုံးေဆာင္ခဲ့ၾက သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပုန္းၿမိဳ႕ရွိ သီရိမဂၤလာေ႐ႊခ်မ္းသာ သာသနာ့ဗိမာန္သို႔ သြားေရာက္၍ တပ္မေတာ္နယ္လွည့္ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္႐ြက္ေပးေနမႈအား သြားေရာက္ၾကည့္ရႈ အားေပးရာ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕မွ တာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံတိုင္းရင္းသားမ်ားက လႈိက္လွဲစြာႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆးကုသမႈခံယူေနသည့္ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္၍ အားေပးစကားမ်ား ေျပာၾကားခဲ့သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသဦးစီးအဖြဲ႕ ဥကၠ႒ ဦးခြန္စံလြင္ႏွင့္ ေဒသခံရပ္မိရပ္ဖမ်ားအား ေတြ႕ဆုံ၍ေဒသဖြံ႕ ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားအား ေဆြးေႏြးေျပာၾကားရာ ပအိုဝ္းေဒသသည္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေျခခံေကာင္းမ်ားျဖစ္သည့္ ေရခံ၊ ေျမခံေကာင္းမ်ားရွိၿပီးျဖစ္ေၾကာင္း၊ ၎တို႔ကို ထိန္းသိမ္းရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေျမသယံဇာတမ်ားကို အျခားနည္းျဖင့္ အသုံးခ်မႈမ်ားလာပါက သစ္ေတာ၊ သစ္ပင္ျပဳန္းတီးျခင္း၊ ေျမဆီလႊာပ်က္စီးျခင္းမ်ား ျဖစ္လာႏိုင္ေသာေၾကာင့္ ေျမယာစီမံခန႔္ခြဲမႈတို႔ကိုစနစ္တက် လုပ္ေဆာင္သင့္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စိုက္ပ်ိဳးေမြးျမဴေရးအျပင္၊ အေသးစားစက္မႈလုပ္ငန္းမ်ား၊ ခရီးသြားTourism လုပ္ငန္းမ်ားကို တြဲဖက္တိုးခ်ဲ႕လုပ္ကိုင္ျခင္းျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ ေၾကာင္း၊ မ်ိဳးဆက္သစ္လူငယ္မ်ား၏ က်န္းမာႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးႏွင့္ ပညာေရးကို အေလး ထား ဂ႐ုစိုက္ေပးျခင္းျဖင့္ မိမိတို႔မ်ိဳးဆက္သစ္မ်ား၏ လူမႈစီးပြားဘဝတိုးတက္ေအာင္ျမႇင့္တင္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ပအိုဝ္းေဒသသည္တည္ၿငိမ္ေအးခ်မ္းမႈႏွင့္အတူ ဖြံ႕ၿဖိဳးတိုးတက္လာသျဖင့္ ေဒသတည္ၿငိမ္ေအးခ်မ္းေရးကို ဂ႐ုျပဳထိန္းသိမ္းၾကရမည္ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ေဆာင္ျခင္းဆိုသည္မွာ လက္နက္ကိုင္မ်ားအား စည္းကမ္းႏွင့္ ညီၫြတ္ ေစရန္လုပ္ေဆာင္ျခင္းပင္ျဖစ္ေၾကာင္း၊ ရရွိၿပီးေသာေဒသတည္ၿငိမ္ေရးႏွင့္ ထာဝရၿငိမ္းခ်မ္း ေရးကို ထိန္းသိမ္းသြားရမည္ျဖစ္ေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားၿပီး ေဒသခံမ်ား၏ တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔အား ေဒသထြက္ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ခဲ့ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔ကလက္ခံရယူၾကၿပီး ေဒသခံတိုင္းရင္းသားျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။