တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ပုစွန် မွေးမြူရေးဇုန်သီလဝါ(ရှုခင်းသာ) အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် သင်္ဘောဖျက်စက်ရုံ(သီလဝါ) လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ပုစွန်မွေးမြူရေးဇုန်သီလဝါ(ရှုခင်းသာ) အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် သင်္ဘောဖျက်စက်ရုံ(သီလဝါ) လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် – ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ တို့လိုက်ပါပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်း ချောင်းအကြားရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ပုစွန်မွေးမြူရေးဇုန် သီလဝါ(ရှုခင်းသာ) အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ရန်ကုန်မြစ်ကမ်းစပ်ရှိ သင်္ဘောဖျက်စက်ရုံ(သီလဝါ)တို့သို့ သွား ရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သီလဝါ (ရှုခင်းသာ) ပုစွန်မွေးမြူရေးဇုန် သို့ ရောက်ရှိကြရာ နယ်မြေခံစစ်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးကြီး ဆန်းလွင်က ပုစွန်မွေးမြူရေးကန်များ တူးဖော် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးသန့်ဆွေတို့က ဖြည့်စွက်တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာ၌ နည်းစနစ်ကျနသည့် မွေးမြူရေးဖြစ်ရန်လိုပြီး ခေတ်မီနည်းစနစ်များဖြင့် အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းဧရိယာကို အကန့်လိုက် ခွဲခြားစိတ်ပိုင်း၍ တစ်နေရာပြီး တစ်နေရာအောင်မြင်ပြီးစီး အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ တပ်မိသားစုများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်မှဆောင်ရွက်နေသည့် စိုက်ပျိုးမွေးမြူရေး ဇုန်များဖြစ်သော သီလဝါ၊ ရွှေမုယင်း၊ လှည်းကူး ၂၆ မိုင် စသည့် စိုက်ပျိုးမွေးမြူရေးဇုန် ၃ ဇုန်မှ ထွက်ရှိလာသည့် အသား၊ ငါး၊ နို့၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်တို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ခြင်းအားဖြင့် ပြည်သူလူထုအပေါ် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်း ငါးမွေးမြူရေးဇုန်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးအသားလိုအပ်ချက်ကို ပြည့်မီအောင် မွေးမြူ ဆောင်ရွက်ရမည်ဖြစ်ပြီး ဤမွေးမြူဇုန်အနေဖြင့် ပုစွန်မွေးမြူရေးအပြင် ဥစားဘဲ၊ အသားစားဘဲနှင့် ငါးရှဉ့် မွေးမြူရေးတို့ကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဦးစွာ ဒေသတွင်း၌ ဈေးနှုန်းသက်သာစွာဖြင့် ပုစွန်ပေါပေါများများစားသုံးနိုင်ရေး ရောင်းချပေးနိုင်ရမည်ဖြစ်ပြီး ဒေသတွင်းမှ တစ်ဆင့် ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး စံချိန်စံညွှန်းပြည့်မီအောင် မွေးမြူထုတ်လုပ်နိုင်ရမည် ဖြစ်ကြောင်း၊ ပုစွန်နှင့် ငါးတွင် သဘောသဘာဝခြင်း မတူညီသောကြောင့် ကန်တူးဖော်ရေးဆောင်ရွက်ရာ၌ ကျွမ်းကျင်ပညာရှင်များဖြင့် ပေါင်းစပ် ညှိနှိုင်းပြီး စနစ်ကျနစွာဆောင်ရွက်ကြရန်လိုကြောင်းနှင့် မွေးမြူမည့်ပုစွန် များသည်လည်း မျိုးကောင်းမျိုးသန့်များဖြစ်ရန်လိုသည့်အပြင် သားဖောက်လုပ်ငန်းများကိုလည်း ဆောင်ရွက် နိုင်ရမည်ဖြစ်ကြောင်း၊ မြစ်ကမ်းတစ်လျှောက်မြေကို ထိန်းသိမ်းနိုင်ရန်အတွက် ဒေသနှင့်ကိုက်ညီသော (Mangrove) လမုပင်များကို အတန်းလိုက် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပုစွန်မွေးမြူရေးဇုန်မှ ပိုလျှံ သည့် မြေနေရာများတွင် စိုက်ပျိုးရေးဇုန် ထပ်မံဆောင်ရွက်၍ သီလဝါစက်မှုဇုန်ရှိ ဝန်ထမ်း ၅ သောင်းကျော်နှင့် ဒေသအတွက် သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်လိုအပ်ချက်ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင် ရေး အခြေခံစားကုန်ဟင်းသီးဟင်းရွက်များကို အောင်မြင်စွာစိုက်ပျိုး ထုတ်လုပ်နိုင်ရမည် ဖြစ်ကြောင်းဖြင့် မှာကြား သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံစစ် အင်ဂျင်နီယာတပ်မှ ယာဉ်၊ ယန္တရားများအသုံးပြု၍ ပုစွန်ကန်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံ ကြည့်ရှု စစ်ဆေးပြီး ပုစွန်မွေးမြူရေးကန်များအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီတူးဖော်ရေး၊ မိုးရာသီ ရောက်ရှိ ပါက ကန်များ ပျက်စီးယိုယွင်းမှုမရှိအောင် စနစ်တကျဆောင်ရွက်ရေးနှင့် မိုးမကျမီအချိန်မီ သတ်မှတ်လုပ်ငန်း ပြီးစီးရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တန်းမြို့နယ်၊ ရန်ကုန် မြစ်ကမ်းစပ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း သင်္ဘော ဖျက်စက်ရုံ(သီလဝါ)သို့ ရောက်ရှိကြရာ စက်ရုံမှူး ဦးညီညီနိုင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ အကြီး တန်းအကြံပေးပုဂ္ဂိုလ် ဦးသန့်ဆွေနှင့် တာဝန်ရှိသူတို့က ဖြည့်စွက်တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်္ဘောဖျက် စက်ရုံအနေဖြင့် သံမဏိစက်ရုံ များ၏ လိုအပ်သောသံမဏိကုန်ကြမ်းများကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ သင်္ဘောဟောင်း များ၊ ကားအို၊ ကားဟောင်း၊ ကားပျက်များအား ဖျက်သိမ်းခြင်းဖြင့် သံမဏိကုန်ကြမ်းကို ထုတ်လုပ်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သံမဏိလိုအပ်ချက်အနေဖြင့် နှစ်စဉ် သံမဏိတန်ချိန် ၂ ဒဿမ ၅ သန်းခန့်ရှိပြီး နောင် ၅ နှစ်အကြာတွင် တန်ချိန် ၅ သန်းခန့်လိုအပ်လာမည်ဟု ခန့်ခန်းတွက်ချက် ထားကြောင်း၊ ထို့ကြောင့် စက်ရုံအနေဖြင့် စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေးနှင့် ကုန်ကြမ်းရရှိရေးကို တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ နည်းလမ်းရှာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သံမဏိစက်ရုံများ မှလည်း အရည်အသွေး ပြည့်မီသည့် သံမဏိနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်၍ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်္ဘောဖျက်စက်ရုံအတွင်း လှည့်လည် ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ျမန္မာစီးပြားေရး ေကာ္ပုိေရးရွင္း ပုစြန္ ေမြးျမဴေရးဇုန္သီလ၀ါ(႐ႈခင္းသာ) အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနမႈႏွင့္ သေဘၤာဖ်က္စက္႐ုံ(သီလ၀ါ) လုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ၾကည့္႐ႈစစ္ေဆး

ေနျပည္ေတာ္၊ မတ္ – ၁၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံ တုိ႕လုိက္ပါၿပီး ယေန႕ နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းေဒသႀကီး၊ ေက်ာက္တန္းၿမိဳ႕နယ္၊ ရန္ကုန္ျမစ္ႏွင့္ ေမွာ္၀န္း ေခ်ာင္းအၾကားရွိ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း ပုစြန္ေမြးျမဴေရးဇုန္ သီလ၀ါ(႐ႈခင္းသာ) အေကာင္အထည္ ေဖာ္ေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ ရန္ကုန္ျမစ္ကမ္းစပ္ရွိ သေဘၤာဖ်က္စက္႐ုံ(သီလ၀ါ)တုိ႕သုိ႕ သြား ေရာက္၍ လုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သီလ၀ါ (႐ႈခင္းသာ) ပုစြန္ေမြးျမဴေရးဇုန္ သုိ႕ ေရာက္ရွိၾကရာ နယ္ေျမခံစစ္အင္ဂ်င္နီယာတပ္မွ ဗုိလ္မွဴးႀကီး ဆန္းလြင္က ပုစြန္ေမြးျမဴေရးကန္မ်ား တူးေဖာ္ ေဆာင္ရြက္ေနမႈႏွင့္ ေဆာင္ရြက္ၿပီးစီးမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပၿပီး စစ္ေထာက္ခ်ဳပ္ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း၏ အႀကီးတန္းအႀကံေပးပုဂၢဳိလ္ ဦးသန္႕ေဆြတုိ႕က ျဖည့္စြက္တင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေမြးျမဴေရးလုပ္ငန္း ေဆာင္ရြက္ရာ၌ နည္းစနစ္က်နသည့္ ေမြးျမဴေရးျဖစ္ရန္လုိၿပီး ေခတ္မီနည္းစနစ္မ်ားျဖင့္ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း၊ လုပ္ငန္းဧရိယာကုိ အကန္႕လုိက္ ခြဲျခားစိတ္ပုိင္း၍ တစ္ေနရာၿပီး တစ္ေနရာေအာင္ျမင္ၿပီးစီး ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ရန္ကုန္တုိင္းေဒသႀကီးရွိ တပ္မိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ား စားေရးအဆင္ေျပေစေရးအတြက္ တပ္မေတာ္မွေဆာင္ရြက္ေနသည့္ စုိက္ပ်ဳိးေမြးျမဴေရး ဇုန္မ်ားျဖစ္ေသာ သီလ၀ါ၊ ေရႊမုယင္း၊ လွည္းကူး ၂၆ မုိင္ စသည့္ စုိက္ပ်ဳိးေမြးျမဴေရးဇုန္ ၃ ဇုန္မွ ထြက္ရွိလာသည့္ အသား၊ ငါး၊ ႏုိ႕၊ ဥအမ်ဳိးမ်ဳိးႏွင့္ ဟင္းသီးဟင္းရြက္တုိ႕ကုိ သက္သာေသာေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးႏုိင္ျခင္းအားျဖင့္ ျပည္သူလူထုအေပၚ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳႏုိင္ရမည္ျဖစ္ေၾကာင္း၊ တြံေတးၿမိဳ႕နယ္ရွိ ေရႊမုယင္း ငါးေမြးျမဴေရးဇုန္သည္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ငါးအသားလုိအပ္ခ်က္ကုိ ျပည့္မီေအာင္ ေမြးျမဴ ေဆာင္ရြက္ရမည္ျဖစ္ၿပီး ဤေမြးျမဴဇုန္အေနျဖင့္ ပုစြန္ေမြးျမဴေရးအျပင္ ဥစားဘဲ၊ အသားစားဘဲႏွင့္ ငါးရွဥ့္ ေမြးျမဴေရးတုိ႕ကုိ ေအာင္ျမင္စြာ အေကာင္ အထည္ေဖာ္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ဦးစြာ ေဒသတြင္း၌ ေစ်းႏႈန္းသက္သာစြာျဖင့္ ပုစြန္ေပါေပါမ်ားမ်ားစားသုံးႏုိင္ေရး ေရာင္းခ်ေပးႏုိင္ရမည္ျဖစ္ၿပီး ေဒသတြင္းမွ တစ္ဆင့္ ျပည္တြင္း၊ ျပည္ပသုိ႕ တင္ပုိ႕ေရာင္းခ်ႏုိင္ေရး စံခ်ိန္စံၫႊန္းျပည့္မီေအာင္ ေမြးျမဴထုတ္လုပ္ႏုိင္ရမည္ ျဖစ္ေၾကာင္း၊ ပုစြန္ႏွင့္ ငါးတြင္ သေဘာသဘာ၀ျခင္း မတူညီေသာေၾကာင့္ ကန္တူးေဖာ္ေရးေဆာင္ရြက္ရာ၌ ကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ ေပါင္းစပ္ ၫႇိႏႈိင္းၿပီး စနစ္က်နစြာေဆာင္ရြက္ၾကရန္လုိေၾကာင္းႏွင့္ ေမြးျမဴမည့္ပုစြန္ မ်ားသည္လည္း မ်ဳိးေကာင္းမ်ဳိးသန္႕မ်ားျဖစ္ရန္လုိသည့္အျပင္ သားေဖာက္လုပ္ငန္းမ်ားကုိလည္း ေဆာင္ရြက္ ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ျမစ္ကမ္းတစ္ေလွ်ာက္ေျမကုိ ထိန္းသိမ္းႏုိင္ရန္အတြက္ ေဒသႏွင့္ကုိက္ညီေသာ (Mangrove) လမုပင္မ်ားကုိ အတန္းလုိက္ စုိက္ပ်ဳိးရမည္ျဖစ္ေၾကာင္း၊ ထုိ႕ျပင္ ပုစြန္ေမြးျမဴေရးဇုန္မွ ပုိလွ်ံ သည့္ ေျမေနရာမ်ားတြင္ စုိက္ပ်ဳိးေရးဇုန္ ထပ္မံေဆာင္ရြက္၍ သီလ၀ါစက္မႈဇုန္ရွိ ၀န္ထမ္း ၅ ေသာင္းေက်ာ္ႏွင့္ ေဒသအတြက္ သား၊ ငါးႏွင့္ ဟင္းသီးဟင္းရြက္လုိအပ္ခ်က္ကုိ ေစ်းႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးႏုိင္ ေရး အေျခခံစားကုန္ဟင္းသီးဟင္းရြက္မ်ားကုိ ေအာင္ျမင္စြာစုိက္ပ်ဳိး ထုတ္လုပ္ႏုိင္ရမည္ ျဖစ္ေၾကာင္းျဖင့္ မွာၾကား သည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ နယ္ေျမခံစစ္ အင္ဂ်င္နီယာတပ္မွ ယာဥ္၊ ယႏၲရားမ်ားအသုံးျပဳ၍ ပုစြန္ကန္တူးေဖာ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈအေျခအေနမ်ားကုိ လုိက္လံ ၾကည့္႐ႈ စစ္ေဆးၿပီး ပုစြန္ေမြးျမဴေရးကန္မ်ားအား သတ္မွတ္စံခ်ိန္စံၫႊန္းႏွင့္အညီတူးေဖာ္ေရး၊ မုိးရာသီ ေရာက္ရွိ ပါက ကန္မ်ား ပ်က္စီးယုိယြင္းမႈမရွိေအာင္ စနစ္တက်ေဆာင္ရြက္ေရးႏွင့္ မုိးမက်မီအခ်ိန္မီ သတ္မွတ္လုပ္ငန္း ၿပီးစီးေရး၊ သန္႕ရွင္းသပ္ရပ္မႈရွိေစေရးႏွင့္ လုိအပ္သည္မ်ားကုိ မွာၾကားခဲ့သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေက်ာက္တန္းၿမိဳ႕နယ္၊ ရန္ကုန္ ျမစ္ကမ္းစပ္ရွိ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း သေဘၤာ ဖ်က္စက္႐ုံ(သီလ၀ါ)သုိ႕ ေရာက္ရွိၾကရာ စက္႐ုံမွဴး ဦးညီညီႏုိင္က လုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားႏွင့္ ဆက္လက္ေဆာင္ရြက္မည့္ အေျခအေနမ်ားအား ရွင္းလင္းတင္ျပၿပီး စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း၏ အႀကီး တန္းအႀကံေပးပုဂၢဳိလ္ ဦးသန္႕ေဆြႏွင့္ တာ၀န္ရွိသူတုိ႕က ျဖည့္စြက္တင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သေဘၤာဖ်က္ စက္႐ုံအေနျဖင့္ သံမဏိစက္႐ုံ မ်ား၏ လုိအပ္ေသာသံမဏိကုန္ၾကမ္းမ်ားကုိ ျဖည့္ဆည္းႏုိင္ေရးအတြက္ ျပည္တြင္း၊ ျပည္ပမွ သေဘၤာေဟာင္း မ်ား၊ ကားအုိ၊ ကားေဟာင္း၊ ကားပ်က္မ်ားအား ဖ်က္သိမ္းျခင္းျဖင့္ သံမဏိကုန္ၾကမ္းကုိ ထုတ္လုပ္ေပးႏုိင္ရမည္ ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံ၏ သံမဏိလုိအပ္ခ်က္အေနျဖင့့္ ႏွစ္္စဥ္ သံမဏိတန္ခ်ိန္ ၂ ဒႆမ ၅ သန္းခန္႕ရွိၿပီး ေနာင္ ၅ ႏွစ္အၾကာတြင္ တန္ခ်ိန္ ၅ သန္းခန္႕လုိအပ္လာမည္ဟု ခန္႕ခန္းတြက္ခ်က္ ထားေၾကာင္း၊ ထုိ႕ေၾကာင့္ စက္႐ုံအေနျဖင့္ စြမ္းအားျပည့္ထုတ္လုပ္ႏုိင္ေရးႏွင့္ ကုန္ၾကမ္းရရွိေရးကုိ တုိးျမႇင့္ ေဆာင္ရြက္ႏုိင္ေရးအတြက္ ဘက္ေပါင္းစုံမွ နည္းလမ္းရွာေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ သံမဏိစက္႐ုံမ်ား မွလည္း အရည္အေသြး ျပည့္မီသည့္ သံမဏိႏွင့္ ဆက္စပ္ပစၥည္းမ်ားကုိ ျပည္တြင္း၌ပင္ ထုတ္လုပ္ႏုိင္ေအာင္ တစ္ဆင့္ၿပီးတစ္ဆင့္ တုိးျမႇင့္၍ ႀကိဳးပမ္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းႏွင့္ ၀န္ထမ္းမ်ား၏ သက္သာေခ်ာင္ခ်ိေရးအတြက္လည္း ျဖည့္ဆည္းေဆာင္ရြက္ေပးရမည္ ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ သေဘၤာဖ်က္စက္႐ုံအတြင္း လွည့္လည္ ၍ လုပ္ငန္းေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ၾကည့္႐ႈစစ္ေဆးခဲ့ၿပီး လုိအပ္သည္မ်ား မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။