COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသည် နိုင်ငံ့အရေး၊ အမျိုးသားအရေး ဖြစ်သည့်အတွက် ရောဂါကူးစက်ခံထားရသူများကို အမြန်စိစစ်ပြီး အမြန်ဆုံးကုသမှုများ ဆောင်ရွက်ကာ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ကြရမည်ဖြစ်

နေပြည်တော်၊ အောက်တိုဘာ – ၆

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လျက်ရှိပြီး ရောဂါစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၂၃ ရက်မှ ယနေ့နံနက်ပိုင်းအထိ ရောဂါပိုးကူးစက်ခံရသူ ၁၈၇၈၁ ဦးရှိပြီးဖြစ်ကြောင်း၊ လအလိုက် ကူးစက်မှုများအနက် စက်တင်ဘာလတွင် ကူးစက်မှုနှုန်း အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ရောဂါပိုးတွေ့ရှိမှုသည် များများစစ်နိုင်ပါက များများတွေ့နိုင်မည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိရသူများကိုလည်း အမြန်ဆုံး ကုသမှုများ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်နိုင်ပါက ရောဂါပိုမို ပြန့်ပွားလာစေမည်ဖြစ်ကြောင်း၊ စောစောစစ်၊ စောစောကုသ၊ စောစောကာကွယ်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အများနှင့်သက်ဆိုင်သော နေရာများတွင် ရောဂါကူးစက်မှုနှုန်းမြင့်မားလျက်ရှိသည်ကို တွေ့ရှိသဖြင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အားထည့်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ၎င်းနေရာများကို စစ်ဆေးပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ကုသဆေးနှင့်ပတ်သက်၍ အတည်ပြုချက်များ ရရှိခြင်းမရှိသေးသဖြင့် ကာကွယ်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊ ရောဂါပိုးကူးစက်ခံရခြင်းမရှိအောင် ကြိုတင်ကာကွယ်ခြင်းအပိုင်းနှင့် သွားရမည် ဖြစ်ပြီး မဖြစ်မနေကိစ္စရပ်များအပ အပြင်မထွက်သည်မှာ အကောင်းဆုံးဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများတွင်လည်း လူအနည်းဆုံးဖြင့် လုပ်ငန်းလည်ပတ်မှုရှိအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ Social Distancing အတိုင်းသာ ဆောင်ရွက်ကြရန်လိုကြောင်းနှင့် ရောဂါဟန့်တားမှုအပိုင်းတွင် ထိရောက်မှုရှိစေသည့် Mask များကို မဖြစ်မနေတပ်ဆင်ကြရန်လိုကြောင်း၊ ပြင်ပတွင် Mask များကို ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုများနှင့် အရည်အသွေး မပြည့်မီသည့် Mask များ ရောင်းချနေမှုများကို တွေ့ရှိရသဖြင့် အမှန်တကယ် ထိရောက်စွာအကာအကွယ်ပေးနိုင်သည့် Mask များကို ထုတ်လုပ်၍ အမြတ်အဓိက မဟုတ်ဘဲ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးရမည် ဖြစ်ကြောင်း၊ ဝယ်ယူရန် မတတ်နိုင်သောသူများကို အခမဲ့ပေးဝေနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ပြီး တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် “စောစောက ပြောတဲ့ Mask တပ်ပြီးသွားဖို့၊ တစ်ဖက်ကလည်း သက်သာတဲ့ဈေးနှုန်းနဲ့ရောင်းတာတောင် မတတ်နိုင်တဲ့ လူတွေရှိမယ် ဒါတွေကို လှူဖို့တန်းဖို့လုပ်ရလိမ့်မယ် နဂိုကမှ စားရေးအတွက် ငွေမရှိ ပိုက်ဆံမရှိလို့ စားရေးအတွက် အလုပ်ထွက်လုပ်ရရင် Mask အတွက် ဘာတတ်နိုင်မှာလည်း ဒါမျိုးတွေလည်း ကျွန်တော်တို့က တတ်နိုင်သမျှ တပ်မတော်က ကူညီပေးရမယ် ဒီမှာလည်း တပ်မတော်အနေနဲ့ လှူခဲ့တန်းခဲ့တာတွေ အများကြီးရှိပါတယ် အရင်တုန်းက စစ်မှုထမ်းဟောင်းတွေ စပြီးလှူခဲ့တယ်။ နောက်ဆုံးလူမှုအဖွဲ့အစည်းတွေမှာလဲ လိုအပ်ချက်ရှိတယ်ဆိုတဲ့အခါကျ တောက်လျှောက်လှူဒါန်းခဲ့တယ်။ စစ်မှုထမ်းဟောင်းတွေ ရဲမှုထမ်းဟောင်းတွေရှိတယ် နောက်နိုင်ငံ့ဝန်ထမ်းတွေရှိတယ် ဒါတွေကို တို့ရေရှည် ဘယ်လောက်ပေးနိုင်သလဲ၊ ဒါလဲ တို့ကြည့်ရမယ် တပ်မတော်အနေနဲ့ တို့ပေးနိုင် သလောက်၊ တတ်နိုင်သလောက်တော့ မျှဝေခံစားပြီးအကုန်ပေးသွားမှာဘဲ ပြည်သူလူထု အတွက် အတတ်နိုင်ဆုံး သောကမဖြစ်အောင် ဆောင်ရွက်ပေးနိုင်ဖို့လိုတယ် စားရေး သောက်ရေးမှာ အခက်အခဲရှိနေတဲ့ လူတွေကိုလည်းဘဲ အနည်းဆုံးလိုအပ်ချက်နဲ့ ထမင်းစားလို့အဆင်ပြေအောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ တို့စဉ်းစားဖို့လို လိမ့်မယ်၊ ဒီ COVID-19 ဟာ သာမန်အားဖြင့်တော့ ရောဂါကြောင့်ဖြစ်တယ်ဆိုပေမယ့် အခြားလူမှုစီးပွားကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာများစွာရှိတယ် သာမန်လေး ဒီရောဂါကာကွယ်ရေးလေးနဲ့ သွားစဉ်းစားလို့ မရဘူး။ အသက်မသေဖို့အတွက်တင် မဟုတ်ဘူး ။ ရပ်တည်ဖို့အတွက်ပါ ငါတို့က စဉ်းစားရမှာဖြစ်တယ်။ လူတွေရဲ့ရပ်တည်ဖို့ အတွက်ပါ စဉ်းစားရမှာဖြစ်တယ်။ ဒါကိုသာမန်လေး ဒီဟာကအရေးကြီးပါတယ်။ ဟိုဟာက အရေးကြီးပါတယ် လုပ်နေမယ့်အစား တို့လူတွေရဲ့ ဘ၀ရှင်သန်မှုအတွက် ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာကို တို့အနေနဲ့ ဆောင်ရွက်သွားဖို့လိုမယ်။ ဒါကြောင့် ဒီနေ့အစည်းအဝေးမှာ ဆောင်ရွက်မှုအခြေအနေကို ပြောကြရင်းနဲ့ အမြင်တွေကို သေချာလေး ဆွေးနွေးပေးဖို့ ပြောချင်ပါတယ်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးဆောင်ရွက်မှုများနှင့် သတိပေးချက်များကို ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်း စာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ယနေ့နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးမှု၊ ပြန်လည်ကောင်းမွန်မှု အခြေအနေများ၊ တပ်မတော်အတွင်း ရောဂါကူးစက်မှုအခြေအနေများ၊ RT ၊ PCR ၊ COBAS ၆၈၀၀ နည်းတို့ဖြင့် စစ်ဆေးပေးနိုင်မှုအခြေအနေများ၊ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများနှင့် နယ်မြေခံတပ်ဌာနချုပ်များတွင် အရပ်သားစောင့်ကြည့်လူနာများနှင့် အတည်ပြုလူနာများကို လက်ခံကုသပေးနေမှု အခြေအနေများ။

အာဆီယံနိုင်ငံများ၌ ဖိလစ်ပိုင်နိုင်ငံသည် တစ်ရက်လျှင်ပျမ်းမျှ ၁၃၂၀ ဦးနှုန်းခန့်ဖြင့် အများဆုံးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသည် တစ်ရက်လျှင်ပျမ်းမျှ ၁၄၃၅ ဦးနှုန်းခန့်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ စင်ကာပူနိုင်ငံသည် တစ်ရက်လျှင်ပျမ်းမျှ ၂၂၉ ဦးနှုန်းခန့်ဖြင့် တတိယအများဆုံးဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံသည် လက်ရှိအခြေအနေတွင် အာဆီယံနိုင်ငံများ၌ ကူးစက်ခံရမှု စတုတ္တမြောက်အများဆုံးနိုင်ငံဖြစ်ပြီး သေဆုံးမှုအနေဖြင့် တတိယအများဆုံးနိုင်ငံဖြစ်သည့်အခြေအနေများ၊ သေဆုံးမှုနှုန်းအနေဖြင့် ဩဂုတ်လကုန်အထိ သေဆုံးသူ ၆ ဦးသာ ရှိခဲ့ရာမှ စက်တင်ဘာလအတွင်း သေဆုံးသူ ၃၀၄ ဦးရှိခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၅ ရက်အထိ ၅ ရက်တာကာလအတွင်း သေဆုံးသူ ၁၄၀ ဦးရှိ သည်ကို တွေ့ရှိရသည့်အတွက် သေဆုံးမှုနှုန်း မြင့်တက်နေသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ မြို့ပြနှင့်လူဦးရေ ၃၁ ဒသမ ၄ ရာခိုင်နှုန်း၊ ကျေးလက်နေ လူဦးရေ ၆၈ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး မြို့ပြလူဦးရေအားဖြင့် ၁၇ သန်းကျော်ရှိသည့်အတွက် မြို့ပြလူဦးရေ အားလုံးကို စစ်ဆေးနိုင်မည်ဆိုပါက ပိုးတွေ့လူဦးရေသည် ထပ်မံတိုးမြင့်လာနိုင်ကြောင်း သုံးသပ်တွေ့ရှိရသည့်အခြေအနေများ။

တပ်မတော်စက်ရုံများမှ Mask များ၊ Face Shield များ၊ PPE ဝတ်စုံများ ထုတ်လုပ်ဖြန့်ဖြူးဆောင်ရွက်နေမှုအခြေအနေများ၊ ကျန်းမာရေးအခြေအနေအရ အရေးပေါ်လိုအပ်လာပါက ယာယီဆေးရုံနှင့် ကျန်းမာရေးဌာနများ အမြန်ဆောက်လုပ်ဆောင်ရွက်ပေးနိုင်ရေး တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကို အသင့်စုဖွဲ့ထားရှိသည့်အခြေအနေများ၊ ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ စာသင်တိုက်များတွင် ဆွမ်း၊ ကွမ်း အခက်အခဲများအား ဖြေရှင်းပေးနိုင်ရေးအတွက် ချက်ပြုတ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ အရန်ရိက္ခာများကို တပ်မတော်သားများနှင့် ပြည်သူလူထုအတွက် စုဆောင်းထားရှိမှု အခြေအနေများ။

ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့၏ခရီးစဉ်များတွင် မြို့မိမြို့ဖများနှင့်ဒေသခံပြည်သူများသို့ COVID-19 ရောဂါကာကွယ်ရေးဆေးပစ္စည်းများ ထောက်ပံ့မှုများအနေဖြင့် ၁၈ ကြိမ် ငွေကျပ်သိန်း ၄၈၀၀ ကျော်၊ COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းမှုအနေဖြင့် တိုင်းရင်းသားအဖွဲ့နယ်မြေများသို့ ၂၉ ကြိမ် ငွေကျပ်သိန်း ၄၉၀၀ ကျော်၊ အရပ်ဘက်အဖွဲ့အစည်းများသို့ ၁၃၇၈ ဦး ငွေကျပ်သိန်း ၆၀၀ ကျော်၊ တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ တစ်ရက်စာလုပ်ခ လစာငွေများ ၏ လစာနှစ်လစာ၊ တစ်ရက်စာ အလှူငွေရရှိမှု၊ အရာရှိကြီးများ၏ တစ်လစာနှင့် လစာ၏ ၂၅ ရာခိုင်နှုန်း အလှူငွေရရှိမှုနှင့် အရပ်ဘက်အလှူငွေရရှိမှု စုစုပေါင်း ၅ ဘီလီယံကျော် ရရှိခဲ့ပြီး လက်ရှိအချိန်ထိ ၄ ဒသမ ၅ ဘီလီယံကျော်သုံးစွဲကာ ငွေကျပ်သိန်း ၄၂၀၀ ကျော် ကျန်ရှိသည့်အခြေအနေများနှင့် လိုအပ်သည့်နေရာများတွင်စနစ်တကျစီမံခန့်ခွဲ၍သုံးစွဲ သွားမည့်အခြေအနေများ၊ နိုင်ငံအဝန်းရှိ ပြည်သူ့ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများသို့ ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမှု အနေ ဖြင့် ဆေးရုံ ၁၁၆၈ ရုံ (၁၀၀)ရာခိုင်နှုန်း၊ ကျေးလက်ကျန်းမာရေးဌာန ၁၀၈၈ ခု (၅၆) ရာခိုင်နှုန်းအထိ လှူဒါန်းပြီးဖြစ်သည့် အခြေအနေများနှင့် ဆက်လက်လှူဒါန်းပေးသွားမည့် အခြေအနေများ။

မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် တို့ရှိ စက်ရုံ၊ အလုပ်ရုံများမှ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများထုတ်လုပ်ဖြန့်ဝေ ရောင်းချပေးနိုင်မှု အခြေအနေများနှင့် သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းလည်ပတ်လျက်ရှိသည့်အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားသောကျေးရွာသို့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် ဆေးနှင့် ဆေးပစ္စည်းများအား တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးအလိုက် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများ၊ ဧပြီ ၁၆ ရက်မှစ၍ ယနေ့အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး အလိုက် ပြည်သူ့ဆေးရုံများတွင် တက်ရောက်နေသည့် လူနာများအား ဖြည့်စွက်အာဟာရ ကျွေးမွေးမှုအနေဖြင့် ဆေးရုံပေါင်း ၅၁၃ ရုံ၊ လှူဒါန်းပြီး အကြိမ် ၅၃၂၀ ကြိမ်နှင့် စုစုပေါင်း လှူဒါန်းခဲ့သည့် တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၉၀၀ ကျော်ဖြစ်သည့်အခြေအနေများ၊ သီးနှံ ရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အောင်ပန်း၊ ပင်းတယ၊ ရွာငံဒေသများမှ တောင်သူများထံမှ ဟင်းသီးဟင်းရွက်များအား ဝယ်ယူဖြန့်ဖြူးရောင်းချပေးနိုင်မှုအခြေအနေ များ။

တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆေးအကာအကွယ်ပေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိသည့်အခြေအနေများနှင့် တပ်မတော်ရေယာဉ်များနှင့် ဆေးရုံသင်္ဘောများအား အသုံးပြုနိုင်ရေး အသင့်ပြင်ဆင်ထားရှိသည့်အခြေအနေများ၊ တပ်တွင်းသို့ ဝင်ထွက်မှုများရှိပါက ရောဂါလက္ခဏာ ၈ ချက်နှင့်အညီ မျက်မြင်စစ်ဆေးပြီးမှသာ ဝင်ခွင့်ပြုရန်လိုအပ်သည့်အခြေအနေများနှင့် သက်မှတ်ချက်များနှင့်အညီ နေထိုင်ကြရန်လိုအပ်သည့် အခြေအနေများအား တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြမှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်သုံးသပ် ဆွေးနွေးရာတွင် “နောက်တစ်ခုကတော့ အောက်ဆီဂျင်နှင့်ပတ်သက်လို့ တပ်မတော်မှာ ရှိတဲ့ အောက်ဆီဂျင်ထုတ်တဲ့စက်တွေကောင်းဖို့လိုမယ်။ ပြီးလို့ရှိရင် အရပ်ဘက်မှာ လိုလို့ရှိရင် အောက်ဆီဂျင်အိုးတွေ လှူဖို့လိုမယ်။ တောက်လျှောက် ပို့ပေးနေဖို့လိုမယ်။ ခုအရပ်ဘက်မှာ အောက်ဆီဂျင်အိုးမပေးနိုင်ဘူး ပြောတယ်။ တော်တော်အသက်ရှူရခက်တဲ့လူတွေဘဲ အောက်ဆီဂျင်အိုးပေးနိုင်တယ်ဆိုပြီး Online မှာလျှောက်ရေးနေတာ တွေ့တယ်။ ဟုတ်သည် မဟုတ်သည် မပြောလိုဘူး။ သို့သော် တပ်မတော်က အောက်ဆီဂျင် အိုးတွေ ပို့ပေးနိုင်ရင် အောက်ဆီဂျင်အိုးတွေ ပို့ပေးပါ။ ရန်ကုန်ဆေးရုံကြီးနဲ့ဆက်သွယ်။ ဒီမှာ အောက်ဆီဂျင်အိုးတွေရှိတယ်။ ကျွန်တော်တို့ပေးမယ်။ တပ်က ကားနဲ့သွားပို့ ပေးလိုက်။ ရန်ကုန်ဆေးရုံကြီး၊ ကုတင်(၅၀၀)ဆေးရုံကြီး ရှိမယ်။ ဒီလိုဘဲ နေပြည်တော်မှာ ရှိမယ်။ လိုလို့ရှိရင် ကားနဲ့ပို့မယ်။ အောက်ဆီဂျင် Plant တွေရှိမယ်။ ပြင်ဦးလွင်မှာရှိမယ်။ အောင်ပန်းမှာရှိမယ်။ ဒီလူတွေက အဆုတ်နဲ့ပတ်သက်ပြီး ဖြစ်တာများတယ်။ အသက်ရှူ ရခက်ခဲတယ်။ ဒီတော့ အောက်ဆီဂျင်ပေးဖို့လှူဖို့တော့ လိုလိမ့်မယ်။”

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အနေဖြင့် ဆွေးနွေးပြောကြား ရာတွင် နိုင်ငံတွင် မရှိမဖြစ်လိုအပ်သည်မှာ စားသောက်ကုန်ပစ္စည်းများပင် ဖြစ်ကြောင်း၊ လူတိုင်းအသက်ရှင်ဖို့အတွက် စားသောက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် ပြည်သူတို့၏ စားရေးအဆင်ပြေစေရန် အထူးအလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စားကုန်သုံးကုန်များကို အဆက်မပြတ်ထုတ်လုပ်ဖြန့်ချိနိုင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာတွင် COVID-19 ရောဂါဖြစ်သည့်နိုင်ငံ၊ ဒေသ ၂၂၉ ခု ရှိပြီး မြန်မာနိုင်ငံတွင် ၂၃၉ မြို့နယ်၌ဖြစ်ကြောင်း၊ အချို့မြို့နယ်များမှာ တစ်ဦးစ နှစ်ဦးစ ဖြစ်သည့်၊ အနည်းအကျဉ်းဖြစ်သည့် မြို့နယ်များဖြစ်ရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်နိုင်မည့် အခြေအနေရှိကြောင်း၊ ကုန်ထုတ်လုပ်မှုအတွက် ကာကွယ်ခြင်း၊ ပံ့ပိုးခြင်း၊ အားပေးခြင်းများ ပြုလုပ်ရန်လိုကြောင်း၊ စားကုန်မှာ ရောင်းရမည်ဖြစ်၍ တိုင်းပြည်အတွက် ဝင်ငွေ၊ ကုန်ထုတ်လုပ်မှုအတွက် ဝင်ငွေရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုလျင်မြန် စေရေးအတွက် ပို့ဆောင်ရေးအပိုင်းကိုလည်း သက်ဆိုင်ရာ တိုင်း၊ တပ်နယ်မှူးများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြင်ပမှ ဝင်ရောက်မှုများကို တင်းတင်းကြပ်ကြပ်စိစစ်ဆောင်ရွက်ကြရမည်လိုကြောင်း၊ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်အတွက် တိုင်းအလိုက်၊ ကျောင်းအလိုက်၊ သင်တန်းအလိုက်၊ ဒေသအလိုက်အရန်ဆန်များကို အသင့်ထားရှိပြီး စားရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူထုအခြေခံလိုအပ်ချက် စားကုန် သုံးကုန်များကို ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ရောဂါဖြစ်ပွားမှုကာလအတွင်း သွားလာမှုကန့်သတ်ချက်ဖြစ်ပေါ်မှုရှိသဖြင့် ရုပ်မြင်သံကြားမှတစ်ဆင့် အကျိုးရှိမည့် အစီအစဉ်များ၊ ပညာရေးနှင့်ပတ်သက်၍ တိုးတက်မှုရှိစေမည့် အစီအစဉ်များကို ထုတ်လွှင့်ပေးရန်လိုကြောင်းနှင့် အကျိုးရှိမည့်စာများကို ဖတ်ရှုနိုင်ရန် တိုက်တွန်းပြောကြားရမည်ဖြစ်ကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့များအလိုက် အတန်းပညာနှင့် ပတ်သက်၍ ၅ ယောက်တစ်တွဲ၊ ၁၀ ယောက်တစ်တွဲနှုန်းဖြင့် စာဖတ်ဝိုင်းများပြုလုပ်လေ့ကျင့် ပေးကြရမည်ဖြစ်ကြောင်း၊ တပ်တွင်း၌ နေထိုင်မည့်သူ ဦးရေများပြားလာသဖြင့် အုပ်ချုပ်မှုအဖွဲ့အစည်းများက စိတ်ရှည်လက်ရှည်ဖြင့် လက်တွဲခေါ်ရမည်ဖြစ်ကြောင်း၊ အပင်ပန်းခံပြီး ရောဂါစစ်ဆေးမှုများကို အမြန်ဆုံးဆောင်ရွက်ကာ တွေ့ရှိသူများကိုလည်း အမြန်ဆုံး ကုသမှုပေးရန်လိုကြောင်း၊ ပတ်ဝန်းကျင်နှင့်ထိတွေ့မှုများသည့်သူများကိုလည်း စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ တပ်ပြင်တွင် နေထိုင်သည့် တပ်မိသားစုဝင်များသည်လည်း တပ်မိသားစု ဝင်များပင်ဖြစ်သဖြင့် တပ်တွင်းသို့ခေါ်၍ စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ အသက်အရွယ်ကြီးမြင့်သည့် စစ်မှုထမ်းဟောင်းများကိုလည်း ကူညီစစ်ဆေးပေးရမည်ဖြစ်ကာ ဆန်၊ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို ထောက်ပံ့ပေးနိုင်သမျှ ပေးရမည်ဖြစ်ကြောင်းနှင့် တစ်ဖက်ကလည်း ပြန်လည်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး ယခုလို ဆက်လက်ဆွေးနွေး ပြောကြားခဲ့ပါသည် —

ဆက်လက်ပြောကြားရာတွင် “ COVID-19 ကတော့ စက်တင်ဘာရဲ့အခြေအနေနဲ့ ဒီအောက်တိုဘာလ ၅ ရက်နေ့အထိ အခြေအနေကတော့ တော်တော်တော့ စိုးရိမ်ကြောင့်ကြမှုရှိနိုင်တယ်။ ဒါကြောင့် ဘယ်လိုမှကို မပေါ့ဆဖို့လိုတယ်။ အားလုံးက ဒါနဲ့ ပတ်သက်ရင် အချိန်နဲ့ တပြေးညီ၊ အချိန်နဲ့တပြေးညီ အသိပေးပြီး ဖြေရှင်းဆောင်ရွက် ပေးနေဖို့လိုတယ်။ အမိန့်စောင့်နေလို့မရဘူး။ အချိန်နဲ့တပြေးညီ အသိပေးပြီး တစ်ဖက်က လုပ်လို့ရတဲ့ နည်းလမ်းမှန်သမျှနှင့် အကုန်လုံးဖြေရှင်းဆောင်ရွက်မယ်။ တစ်ဖက်ကလည်း ဝိုင်းပြီး အကြံပေး။ လူဆိုတာတော့ တစ်ယောက်တည်းဆိုရင်တော့ ဆုံးဖြတ်ချက် တစ်မျိုးအတွက် Wavering ဖြစ်တာတွေဘာတွေရှိမယ်။ ၂ ယောက် ၃ ယောက်ဆိုရင်တော့ အဖြေတစ်ခုထွက်နိုင်တယ်။ ၅ ယောက်လောက်ဆိုရင် ပိုပြီးဒီထက်ကောင်းတဲ့အဖြေထွက်နိုင်တယ်။ ၇ ယောက် ၈ ယောက် ၉ ယောက် ၁၀ ယောက်ဆိုရင် ဒီထက်ကောင်းတဲ့ ပြည့်စုံတဲ့ အဖြေတစ်မျိုးထွက်မယ်။ ပြည့်စုံတဲ့အဖြေကို စဉ်းစားတွေးခေါ်နိုင်တဲ့ဟာရမယ်။ ဒါကြောင့် နံပါတ် ၁ အချက်ကတော့ သိတာနဲ့တာဝန်ရှိသူက ချက်ချင်းအရေးယူဖြေရှင်း ဆောင်ရွက်ပါ။ ပြီးရင်းအသိပေးပါ။ တိုင်ပင်ပြီးဆောင်ရွက်ပါ။ ပြီးရင်လိုအပ်တဲ့ဟာကို ခိုင်ခိုင်မာမာဖြစ်အောင်ဆောင်ရွက်ဖို့ လိုမယ်ဆိုတာပြောလိုတယ်။ အရေးအကြီးဆုံးအချက်ကတော့ ကာကွယ်ရေးအပိုင်းလုံး၀ မပေါ့ကြနဲ့ စားရေးသောက်ရေးနဲ့ပတ်သက်လာရင် လုံး၀လျှော့ပေးလို့မရဘူး။ လုပ်စရာရှိတာကို တပ်ရင်း၊ တပ်ဖွဲ့တွေရော နယ်ဘက်လုပ်လို့ရတဲ့ နေရာတွေမှာရော လုပ်လို့ရတာ မှန်သမျှကို လုပ်နိုင်အောင် တပ်မတော်အနေနဲ့ ကူညီပံ့ပိုးဆောင်ရွက်ပေးဖို့လိုမယ်ဆိုတာကို ဆွေးနွေးချင်ပါတယ်။”

အစည်းအဝေးကို ညနေ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

(Zawgyi Version)

COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးသည္ ႏိုင္ငံ့အေရး၊ အမ်ိဳးသားအေရး ျဖစ္သည့္အတြက္ ေရာဂါကူးစက္ခံထားရသူမ်ားကို အျမန္စိစစ္ၿပီး အျမန္ဆုံးကုသမႈမ်ား ေဆာင္႐ြက္ကာ ေရာဂါကူးစက္မႈကို ထိေရာက္စြာ ကာကြယ္ၾကရမည္ျဖစ္

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၆

ကမာၻ႔ကပ္ေရာဂါ COVID-19 ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး၊ ကုသေရးႏွင့္ အျခားလိုအပ္ခ်က္မ်ား ေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ညႇိႏႈိင္းအစည္းအေဝးကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အစည္းအေဝးခန္းမ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးစီး၍ က်င္းပျပဳလုပ္သည္။

အဆိုပါ အစည္းအေဝးသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္အမွာစကားေျပာၾကားရာ၌ မိမိတို႔ႏိုင္ငံ၌ COVID-19 ေရာဂါျဖစ္ပြားမႈႏႈန္းျမင့္တက္လ်က္ရွိၿပီး ေရာဂါစတင္ျဖစ္ပြားခဲ့သည့္ မတ္လ ၂၃ ရက္မွ ယေန႔နံနက္ပိုင္းအထိ ေရာဂါပိုးကူးစက္ခံရသူ ၁၈၇၈၁ ဦးရွိၿပီးျဖစ္ေၾကာင္း၊ လအလိုက္ ကူးစက္မႈမ်ားအနက္ စက္တင္ဘာလတြင္ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္သည္ကို ေတြ႕ရွိရေၾကာင္း၊ ေရာဂါပိုးေတြ႕ရွိမႈသည္ မ်ားမ်ားစစ္ႏိုင္ပါက မ်ားမ်ားေတြ႕ႏိုင္မည္ျဖစ္ၿပီး ေရာဂါပိုးေတြ႕ရွိရသူမ်ားကိုလည္း အျမန္ဆုံး ကုသမႈမ်ား လုပ္ေဆာင္ေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ထိုသို႔မေဆာင္႐ြက္ႏိုင္ပါက ေရာဂါပိုမို ျပန႔္ပြားလာေစမည္ျဖစ္ေၾကာင္း၊ ေစာေစာစစ္၊ ေစာေစာကုသ၊ ေစာေစာကာကြယ္ျခင္းသည္သာလွ်င္ အေကာင္းဆုံးျဖစ္မည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္၌ စာသင္တိုက္မ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ အမ်ားႏွင့္သက္ဆိုင္ေသာ ေနရာမ်ားတြင္ ေရာဂါကူးစက္မႈႏႈန္းျမင့္မားလ်က္ရွိသည္ကို ေတြ႕ရွိသျဖင့္ ႀကိဳတင္ကာကြယ္ျခင္းလုပ္ငန္းမ်ားကို အားထည့္ေဆာင္႐ြက္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ၎ေနရာမ်ားကို စစ္ေဆးေပးႏိုင္ေရး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ေရာဂါကာကြယ္ကုသေဆးႏွင့္ပတ္သက္၍ အတည္ျပဳခ်က္မ်ား ရရွိျခင္းမရွိေသးသျဖင့္ ကာကြယ္ျခင္းသည္သာလွ်င္ အေကာင္းဆုံးျဖစ္မည္ျဖစ္ေၾကာင္း၊ ေရာဂါပိုးကူးစက္ခံရျခင္းမရွိေအာင္ ႀကိဳတင္ကာကြယ္ျခင္းအပိုင္းႏွင့္ သြားရမည္ ျဖစ္ၿပီး မျဖစ္မေနကိစၥရပ္မ်ားအပ အျပင္မထြက္သည္မွာ အေကာင္းဆုံးျဖစ္ေၾကာင္း၊ လုပ္ငန္းေဆာင္႐ြက္မႈမ်ားတြင္လည္း လူအနည္းဆုံးျဖင့္ လုပ္ငန္းလည္ပတ္မႈရွိေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ Social Distancing အတိုင္းသာ ေဆာင္႐ြက္ၾကရန္လိုေၾကာင္းႏွင့္ ေရာဂါဟန႔္တားမႈအပိုင္းတြင္ ထိေရာက္မႈရွိေစသည့္ Mask မ်ားကို မျဖစ္မေနတပ္ဆင္ၾကရန္လိုေၾကာင္း၊ ျပင္ပတြင္ Mask မ်ားကို ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ေနမႈမ်ားႏွင့္ အရည္အေသြး မျပည့္မီသည့္ Mask မ်ား ေရာင္းခ်ေနမႈမ်ားကို ေတြ႕ရွိရသျဖင့္ အမွန္တကယ္ ထိေရာက္စြာအကာအကြယ္ေပးႏိုင္သည့္ Mask မ်ားကို ထုတ္လုပ္၍ အျမတ္အဓိက မဟုတ္ဘဲ သက္သာေသာ ေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးရမည္ ျဖစ္ေၾကာင္း၊ ဝယ္ယူရန္ မတတ္ႏိုင္ေသာသူမ်ားကို အခမဲ့ေပးေဝႏိုင္ေရးေဆာင္႐ြက္ရမည္ျဖစ္ၿပီး တတ္ႏိုင္သမွ် ကူညီေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း။

ဆက္လက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားရာတြင္ “ေစာေစာက ေျပာတဲ့ Mask တပ္ၿပီးသြားဖို႔၊ တစ္ဖက္ကလည္း သက္သာတဲ့ေဈးႏႈန္းနဲ႔ေရာင္းတာေတာင္ မတတ္ႏိုင္တဲ့ လူေတြရွိမယ္ ဒါေတြကို လႉဖို႔တန္းဖို႔လုပ္ရလိမ့္မယ္ နဂိုကမွ စားေရးအတြက္ ေငြမရွိ ပိုက္ဆံမရွိလို႔ စားေရးအတြက္ အလုပ္ထြက္လုပ္ရရင္ Mask အတြက္ ဘာတတ္ႏိုင္မွာလည္း ဒါမ်ိဳးေတြလည္း ကြၽန္ေတာ္တို႔က တတ္ႏိုင္သမွ် တပ္မေတာ္က ကူညီေပးရမယ္ ဒီမွာလည္း တပ္မေတာ္အေနနဲ႔ လႉခဲ့တန္းခဲ့တာေတြ အမ်ားႀကီးရွိပါတယ္ အရင္တုန္းက စစ္မႈထမ္းေဟာင္းေတြ စၿပီးလႉခဲ့တယ္။ ေနာက္ဆုံးလူမႈအဖြဲ႕အစည္းေတြမွာလဲ လိုအပ္ခ်က္ရွိတယ္ဆိုတဲ့အခါက် ေတာက္ေလွ်ာက္လႉဒါန္းခဲ့တယ္။ စစ္မႈထမ္းေဟာင္းေတြ ရဲမႈထမ္းေဟာင္းေတြရွိတယ္ ေနာက္ႏိုင္ငံ့ဝန္ထမ္းေတြရွိတယ္ ဒါေတြကို တို႔ေရရွည္ ဘယ္ေလာက္ေပးႏိုင္သလဲ၊ ဒါလဲ တို႔ၾကည့္ရမယ္ တပ္မေတာ္အေနနဲ႔ တို႔ေပးႏိုင္ သေလာက္၊ တတ္ႏိုင္သေလာက္ေတာ့ မွ်ေဝခံစားၿပီးအကုန္ေပးသြားမွာဘဲ ျပည္သူလူထု အတြက္ အတတ္ႏိုင္ဆုံး ေသာကမျဖစ္ေအာင္ ေဆာင္႐ြက္ေပးႏိုင္ဖို႔လိုတယ္ စားေရး ေသာက္ေရးမွာ အခက္အခဲရွိေနတဲ့ လူေတြကိုလည္းဘဲ အနည္းဆုံးလိုအပ္ခ်က္နဲ႔ ထမင္းစားလို႔အဆင္ေျပေအာင္ ဘယ္လိုကူညီေပးႏိုင္မလဲဆိုတာ တို႔စဥ္းစားဖို႔လို လိမ့္မယ္၊ ဒီ COVID-19 ဟာ သာမန္အားျဖင့္ေတာ့ ေရာဂါေၾကာင့္ျဖစ္တယ္ဆိုေပမယ့္ အျခားလူမႈစီးပြားေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲ ျပႆနာမ်ားစြာရွိတယ္ သာမန္ေလး ဒီေရာဂါကာကြယ္ေရးေလးနဲ႔ သြားစဥ္းစားလို႔ မရဘူး။ အသက္မေသဖို႔အတြက္တင္ မဟုတ္ဘူး ။ ရပ္တည္ဖို႔အတြက္ပါ ငါတို႔က စဥ္းစားရမွာျဖစ္တယ္။ လူေတြရဲ႕ရပ္တည္ဖို႔ အတြက္ပါ စဥ္းစားရမွာျဖစ္တယ္။ ဒါကိုသာမန္ေလး ဒီဟာကအေရးႀကီးပါတယ္။ ဟိုဟာက အေရးႀကီးပါတယ္ လုပ္ေနမယ့္အစား တို႔လူေတြရဲ႕ ဘ၀ရွင္သန္မႈအတြက္ ဘယ္လိုေဆာင္႐ြက္ေပးမလဲဆိုတာကို တို႔အေနနဲ႔ ေဆာင္႐ြက္သြားဖို႔လိုမယ္။ ဒါေၾကာင့္ ဒီေန႔အစည္းအေဝးမွာ ေဆာင္႐ြက္မႈအေျခအေနကို ေျပာၾကရင္းနဲ႔ အျမင္ေတြကို ေသခ်ာေလး ေဆြးေႏြးေပးဖို႔ ေျပာခ်င္ပါတယ္။

ထို႔ေနာက္ အစည္းအေဝးတက္ေရာက္လာၾကသူမ်ားက ေဆြးေႏြးတင္ျပၾကရာတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီမ်ား၏ ေဆာင္႐ြက္ေနမႈ အေျခအေနမ်ား၊ ေရာဂါကာကြယ္ေရးႏွင့္ ပတ္သက္သည့္ အသိပညာေပးေဆာင္႐ြက္မႈမ်ားႏွင့္ သတိေပးခ်က္မ်ားကို ႐ုပ္ျမင္သံၾကား၊ ေရဒီယို၊ သတင္း စာမ်ားမွတစ္ဆင့္ က်ယ္က်ယ္ျပန႔္ျပန႔္ေဆာင္႐ြက္ေပးေနမႈအေျခအေနမ်ား၊ ယေန႔နံနက္ပိုင္းအထိ ကမာၻတစ္ဝန္းတြင္ ေရာဂါျဖစ္ပြားမႈ၊ ကူးစက္မႈ၊ ေသဆုံးမႈ၊ ျပန္လည္ေကာင္းမြန္မႈ အေျခအေနမ်ား၊ တပ္မေတာ္အတြင္း ေရာဂါကူးစက္မႈအေျခအေနမ်ား၊ RT ၊ PCR ၊ COBAS ၆၈၀၀ နည္းတို႔ျဖင့္ စစ္ေဆးေပးႏိုင္မႈအေျခအေနမ်ား၊ တပ္မေတာ္ေဆး႐ုံ၊ ေဆးတပ္ရင္းမ်ားႏွင့္ နယ္ေျမခံတပ္ဌာနခ်ဳပ္မ်ားတြင္ အရပ္သားေစာင့္ၾကည့္လူနာမ်ားႏွင့္ အတည္ျပဳလူနာမ်ားကို လက္ခံကုသေပးေနမႈ အေျခအေနမ်ား။

အာဆီယံႏိုင္ငံမ်ား၌ ဖိလစ္ပိုင္ႏိုင္ငံသည္ တစ္ရက္လွ်င္ပ်မ္းမွ် ၁၃၂၀ ဦးႏႈန္းခန႔္ျဖင့္ အမ်ားဆုံးျဖစ္ၿပီး အင္ဒိုနီးရွားႏိုင္ငံသည္ တစ္ရက္လွ်င္ပ်မ္းမွ် ၁၄၃၅ ဦးႏႈန္းခန႔္ျဖင့္ ဒုတိယအမ်ားဆုံးျဖစ္ကာ စင္ကာပူႏိုင္ငံသည္ တစ္ရက္လွ်င္ပ်မ္းမွ် ၂၂၉ ဦးႏႈန္းခန႔္ျဖင့္ တတိယအမ်ားဆုံးျဖစ္သည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံသည္ လက္ရွိအေျခအေနတြင္ အာဆီယံႏိုင္ငံမ်ား၌ ကူးစက္ခံရမႈ စတုတၱေျမာက္အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး ေသဆုံးမႈအေနျဖင့္ တတိယအမ်ားဆုံးႏိုင္ငံျဖစ္သည့္အေျခအေနမ်ား၊ ေသဆုံးမႈႏႈန္းအေနျဖင့္ ဩဂုတ္လကုန္အထိ ေသဆုံးသူ ၆ ဦးသာ ရွိခဲ့ရာမွ စက္တင္ဘာလအတြင္း ေသဆုံးသူ ၃၀၄ ဦးရွိခဲ့ၿပီး ေအာက္တိုဘာ ၁ ရက္မွ ၅ ရက္အထိ ၅ ရက္တာကာလအတြင္း ေသဆုံးသူ ၁၄၀ ဦးရွိ သည္ကို ေတြ႕ရွိရသည့္အတြက္ ေသဆုံးမႈႏႈန္း ျမင့္တက္ေနသည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၌ ၿမိဳ႕ျပႏွင့္လူဦးေရ ၃၁ ဒသမ ၄ ရာခိုင္ႏႈန္း၊ ေက်းလက္ေန လူဦးေရ ၆၈ ဒသမ ၆ ရာခိုင္ႏႈန္းရွိၿပီး ၿမိဳ႕ျပလူဦးေရအားျဖင့္ ၁၇ သန္းေက်ာ္ရွိသည့္အတြက္ ၿမိဳ႕ျပလူဦးေရ အားလုံးကို စစ္ေဆးႏိုင္မည္ဆိုပါက ပိုးေတြ႕လူဦးေရသည္ ထပ္မံတိုးျမင့္လာႏိုင္ေၾကာင္း သုံးသပ္ေတြ႕ရွိရသည့္အေျခအေနမ်ား။

တပ္မေတာ္စက္႐ုံမ်ားမွ Mask မ်ား၊ Face Shield မ်ား၊ PPE ဝတ္စုံမ်ား ထုတ္လုပ္ျဖန႔္ျဖဴးေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ က်န္းမာေရးအေျခအေနအရ အေရးေပၚလိုအပ္လာပါက ယာယီေဆး႐ုံႏွင့္ က်န္းမာေရးဌာနမ်ား အျမန္ေဆာက္လုပ္ေဆာင္႐ြက္ေပးႏိုင္ေရး တပ္မေတာ္အင္ဂ်င္နီယာတပ္ဖြဲ႕ဝင္မ်ားကို အသင့္စုဖြဲ႕ထားရွိသည့္အေျခအေနမ်ား၊ ထို႔ျပင္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ သီလရွင္ေက်ာင္းမ်ား၊ စာသင္တိုက္မ်ားတြင္ ဆြမ္း၊ ကြမ္း အခက္အခဲမ်ားအား ေျဖရွင္းေပးႏိုင္ေရးအတြက္ ခ်က္ျပဳတ္ေရးအဖြဲ႕မ်ား စုဖြဲ႕ထားရွိမႈႏွင့္ ဆန္၊ ဆီ၊ ဆား၊ ပဲ အရန္ရိကၡာမ်ားကို တပ္မေတာ္သားမ်ားႏွင့္ ျပည္သူလူထုအတြက္ စုေဆာင္းထားရွိမႈ အေျခအေနမ်ား။

ေရာဂါစတင္ျဖစ္ပြားခ်ိန္မွစ၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တို႔၏ခရီးစဥ္မ်ားတြင္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ေဒသခံျပည္သူမ်ားသို႔ COVID-19 ေရာဂါကာကြယ္ေရးေဆးပစၥည္းမ်ား ေထာက္ပံ့မႈမ်ားအေနျဖင့္ ၁၈ ႀကိမ္ ေငြက်ပ္သိန္း ၄၈၀၀ ေက်ာ္၊ COVID-19 ေရာဂါကာကြယ္၊ထိန္းခ်ဳပ္၊ ကုသေရးေဆးႏွင့္ ေဆးပစၥည္းမ်ားလႉဒါန္းမႈအေနျဖင့္ တိုင္းရင္းသားအဖြဲ႕နယ္ေျမမ်ားသို႔ ၂၉ ႀကိမ္ ေငြက်ပ္သိန္း ၄၉၀၀ ေက်ာ္၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားသို႔ ၁၃၇၈ ဦး ေငြက်ပ္သိန္း ၆၀၀ ေက်ာ္၊ တပ္မေတာ္သားမ်ား၊ အရပ္သားအစားခန႔္ဝန္ထမ္းမ်ား၏ တစ္ရက္စာလုပ္ခ လစာေငြမ်ား ၏ လစာႏွစ္လစာ၊ တစ္ရက္စာ အလႉေငြရရွိမႈ၊ အရာရွိႀကီးမ်ား၏ တစ္လစာႏွင့္ လစာ၏ ၂၅ ရာခိုင္ႏႈန္း အလႉေငြရရွိမႈႏွင့္ အရပ္ဘက္အလႉေငြရရွိမႈ စုစုေပါင္း ၅ ဘီလီယံေက်ာ္ ရရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိ ၄ ဒသမ ၅ ဘီလီယံေက်ာ္သုံးစြဲကာ ေငြက်ပ္သိန္း ၄၂၀၀ ေက်ာ္ က်န္ရွိသည့္အေျခအေနမ်ားႏွင့္ လိုအပ္သည့္ေနရာမ်ားတြင္စနစ္တက်စီမံခန႔္ခြဲ၍သုံးစြဲ သြားမည့္အေျခအေနမ်ား၊ ႏိုင္ငံအဝန္းရွိ ျပည္သူ႔ေဆး႐ုံမ်ား၊ ေက်းလက္က်န္းမာေရးဌာနမ်ားသို႔ ေရာဂါကာကြယ္ေရးအေထာက္အကူျပဳ ေဆးႏွင့္ေဆးပစၥည္းမ်ား လႉဒါန္းမႈ အေန ျဖင့္ ေဆး႐ုံ ၁၁၆၈ ႐ုံ (၁၀၀)ရာခိုင္ႏႈန္း၊ ေက်းလက္က်န္းမာေရးဌာန ၁၀၈၈ ခု (၅၆) ရာခိုင္ႏႈန္းအထိ လႉဒါန္းၿပီးျဖစ္သည့္ အေျခအေနမ်ားႏွင့္ ဆက္လက္လႉဒါန္းေပးသြားမည့္ အေျခအေနမ်ား။

ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းႏွင့္ ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္ တို႔ရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားမွ ေရာဂါကာကြယ္ေရးအေထာက္အကူျပဳ ပစၥည္းမ်ားထုတ္လုပ္ျဖန႔္ေဝ ေရာင္းခ်ေပးႏိုင္မႈ အေျခအေနမ်ားႏွင့္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ လုပ္ငန္းလည္ပတ္လ်က္ရွိသည့္အေျခအေနမ်ား၊ လမ္းပန္းဆက္သြယ္ေရးခက္ခဲၿပီး ေဝးလံေခါင္ဖ်ားေသာေက်း႐ြာသို႔ က်န္းမာေရးဆိုင္ရာ အသိပညာေပးမႈႏွင့္ ေဆးႏွင့္ ေဆးပစၥည္းမ်ားအား တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီးအလိုက္ ေဆာင္႐ြက္ေပးႏိုင္ခဲ့သည့္ အေျခအေနမ်ား၊ ဧၿပီ ၁၆ ရက္မွစ၍ ယေန႔အထိ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီး အလိုက္ ျပည္သူ႔ေဆး႐ုံမ်ားတြင္ တက္ေရာက္ေနသည့္ လူနာမ်ားအား ျဖည့္စြက္အာဟာရ ေကြၽးေမြးမႈအေနျဖင့္ ေဆး႐ုံေပါင္း ၅၁၃ ႐ုံ၊ လႉဒါန္းၿပီး အႀကိမ္ ၅၃၂၀ ႀကိမ္ႏွင့္ စုစုေပါင္း လႉဒါန္းခဲ့သည့္ တန္ဖိုးေငြက်ပ္သိန္းေပါင္း ၁၉၀၀ ေက်ာ္ျဖစ္သည့္အေျခအေနမ်ား၊ သီးႏွံ ေရာင္းခ်ရန္ အခက္အခဲျဖစ္ေပၚလ်က္ရွိသည့္ ေအာင္ပန္း၊ ပင္းတယ၊ ႐ြာငံေဒသမ်ားမွ ေတာင္သူမ်ားထံမွ ဟင္းသီးဟင္း႐ြက္မ်ားအား ဝယ္ယူျဖန႔္ျဖဴးေရာင္းခ်ေပးႏိုင္မႈအေျခအေန မ်ား။

တပ္မေတာ္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားျဖင့္ ေဆးအကာအကြယ္ေပးပစၥည္းမ်ား ပို႔ေဆာင္ေပးလ်က္ရွိသည့္အေျခအေနမ်ားႏွင့္ တပ္မေတာ္ေရယာဥ္မ်ားႏွင့္ ေဆး႐ုံသေဘၤာမ်ားအား အသုံးျပဳႏိုင္ေရး အသင့္ျပင္ဆင္ထားရွိသည့္အေျခအေနမ်ား၊ တပ္တြင္းသို႔ ဝင္ထြက္မႈမ်ားရွိပါက ေရာဂါလကၡဏာ ၈ ခ်က္ႏွင့္အညီ မ်က္ျမင္စစ္ေဆးၿပီးမွသာ ဝင္ခြင့္ျပဳရန္လိုအပ္သည့္အေျခအေနမ်ားႏွင့္ သက္မွတ္ခ်က္မ်ားႏွင့္အညီ ေနထိုင္ၾကရန္လိုအပ္သည့္ အေျခအေနမ်ားအား တင္ျပေဆြးေႏြးၾကသည္။

ေဆြးေႏြးတင္ျပမႈမ်ားကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္သုံးသပ္ ေဆြးေႏြးရာတြင္ “ေနာက္တစ္ခုကေတာ့ ေအာက္ဆီဂ်င္ႏွင့္ပတ္သက္လို႔ တပ္မေတာ္မွာ ရွိတဲ့ ေအာက္ဆီဂ်င္ထုတ္တဲ့စက္ေတြေကာင္းဖို႔လိုမယ္။ ၿပီးလို႔ရွိရင္ အရပ္ဘက္မွာ လိုလို႔ရွိရင္ ေအာက္ဆီဂ်င္အိုးေတြ လႉဖို႔လိုမယ္။ ေတာက္ေလွ်ာက္ ပို႔ေပးေနဖို႔လိုမယ္။ ခုအရပ္ဘက္မွာ ေအာက္ဆီဂ်င္အိုးမေပးႏိုင္ဘူး ေျပာတယ္။ ေတာ္ေတာ္အသက္ရႉရခက္တဲ့လူေတြဘဲ ေအာက္ဆီဂ်င္အိုးေပးႏိုင္တယ္ဆိုၿပီး Online မွာေလွ်ာက္ေရးေနတာ ေတြ႕တယ္။ ဟုတ္သည္ မဟုတ္သည္ မေျပာလိုဘူး။ သို႔ေသာ္ တပ္မေတာ္က ေအာက္ဆီဂ်င္ အိုးေတြ ပို႔ေပးႏိုင္ရင္ ေအာက္ဆီဂ်င္အိုးေတြ ပို႔ေပးပါ။ ရန္ကုန္ေဆး႐ုံႀကီးနဲ႔ဆက္သြယ္။ ဒီမွာ ေအာက္ဆီဂ်င္အိုးေတြရွိတယ္။ ကြၽန္ေတာ္တို႔ေပးမယ္။ တပ္က ကားနဲ႔သြားပို႔ ေပးလိုက္။ ရန္ကုန္ေဆး႐ုံႀကီး၊ ကုတင္(၅၀၀)ေဆး႐ုံႀကီး ရွိမယ္။ ဒီလိုဘဲ ေနျပည္ေတာ္မွာ ရွိမယ္။ လိုလို႔ရွိရင္ ကားနဲ႔ပို႔မယ္။ ေအာက္ဆီဂ်င္ Plant ေတြရွိမယ္။ ျပင္ဦးလြင္မွာရွိမယ္။ ေအာင္ပန္းမွာရွိမယ္။ ဒီလူေတြက အဆုတ္နဲ႔ပတ္သက္ၿပီး ျဖစ္တာမ်ားတယ္။ အသက္ရႉ ရခက္ခဲတယ္။ ဒီေတာ့ ေအာက္ဆီဂ်င္ေပးဖို႔လႉဖို႔ေတာ့ လိုလိမ့္မယ္။”

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နိဂုံးခ်ဳပ္အေနျဖင့္ ေဆြးေႏြးေျပာၾကား ရာတြင္ ႏိုင္ငံတြင္ မရွိမျဖစ္လိုအပ္သည္မွာ စားေသာက္ကုန္ပစၥည္းမ်ားပင္ ျဖစ္ေၾကာင္း၊ လူတိုင္းအသက္ရွင္ဖို႔အတြက္ စားေသာက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္ ျပည္သူတို႔၏ စားေရးအဆင္ေျပေစရန္ အထူးအေလးထားေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္စက္႐ုံ၊ အလုပ္႐ုံမ်ားအေနျဖင့္ စားကုန္သုံးကုန္မ်ားကို အဆက္မျပတ္ထုတ္လုပ္ျဖန႔္ခ်ိႏိုင္ရမည္ျဖစ္ေၾကာင္း၊ ကမာၻတြင္ COVID-19 ေရာဂါျဖစ္သည့္ႏိုင္ငံ၊ ေဒသ ၂၂၉ ခု ရွိၿပီး ျမန္မာႏိုင္ငံတြင္ ၂၃၉ ၿမိဳ႕နယ္၌ျဖစ္ေၾကာင္း၊ အခ်ိဳ႕ၿမိဳ႕နယ္မ်ားမွာ တစ္ဦးစ ႏွစ္ဦးစ ျဖစ္သည့္၊ အနည္းအက်ဥ္းျဖစ္သည့္ ၿမိဳ႕နယ္မ်ားျဖစ္ရာ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား လုပ္ႏိုင္မည့္ အေျခအေနရွိေၾကာင္း၊ ကုန္ထုတ္လုပ္မႈအတြက္ ကာကြယ္ျခင္း၊ ပံ့ပိုးျခင္း၊ အားေပးျခင္းမ်ား ျပဳလုပ္ရန္လိုေၾကာင္း၊ စားကုန္မွာ ေရာင္းရမည္ျဖစ္၍ တိုင္းျပည္အတြက္ ဝင္ေငြ၊ ကုန္ထုတ္လုပ္မႈအတြက္ ဝင္ေငြရမည္ျဖစ္ေၾကာင္း၊ ကုန္စည္စီးဆင္းမႈလ်င္ျမန္ ေစေရးအတြက္ ပို႔ေဆာင္ေရးအပိုင္းကိုလည္း သက္ဆိုင္ရာ တိုင္း၊ တပ္နယ္မႉးမ်ားျဖင့္ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေရာဂါကူးစက္မႈကို ကာကြယ္ႏိုင္ရန္အတြက္ နယ္စပ္ေဒသမ်ားတြင္ တာဝန္ထမ္းေဆာင္ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပင္ပမွ ဝင္ေရာက္မႈမ်ားကို တင္းတင္းၾကပ္ၾကပ္စိစစ္ေဆာင္႐ြက္ၾကရမည္လိုေၾကာင္း၊ စားေသာက္ေရးတြင္ အေထာက္အကူျဖစ္ေစရန္အတြက္ တိုင္းအလိုက္၊ ေက်ာင္းအလိုက္၊ သင္တန္းအလိုက္၊ ေဒသအလိုက္အရန္ဆန္မ်ားကို အသင့္ထားရွိၿပီး စားေရးအတြက္ ႀကိဳတင္စီစဥ္ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ လူထုအေျခခံလိုအပ္ခ်က္ စားကုန္ သုံးကုန္မ်ားကို ထုတ္လုပ္ႏိုင္ေရး ညႇိႏႈိင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

ေရာဂါျဖစ္ပြားမႈကာလအတြင္း သြားလာမႈကန႔္သတ္ခ်က္ျဖစ္ေပၚမႈရွိသျဖင့္ ႐ုပ္ျမင္သံၾကားမွတစ္ဆင့္ အက်ိဳးရွိမည့္ အစီအစဥ္မ်ား၊ ပညာေရးႏွင့္ပတ္သက္၍ တိုးတက္မႈရွိေစမည့္ အစီအစဥ္မ်ားကို ထုတ္လႊင့္ေပးရန္လိုေၾကာင္းႏွင့္ အက်ိဳးရွိမည့္စာမ်ားကို ဖတ္ရႈႏိုင္ရန္ တိုက္တြန္းေျပာၾကားရမည္ျဖစ္ေၾကာင္း၊ တပ္ရင္း၊ တပ္ဖြဲ႕မ်ားအလိုက္ အတန္းပညာႏွင့္ ပတ္သက္၍ ၅ ေယာက္တစ္တြဲ၊ ၁၀ ေယာက္တစ္တြဲႏႈန္းျဖင့္ စာဖတ္ဝိုင္းမ်ားျပဳလုပ္ေလ့က်င့္ ေပးၾကရမည္ျဖစ္ေၾကာင္း၊ တပ္တြင္း၌ ေနထိုင္မည့္သူ ဦးေရမ်ားျပားလာသျဖင့္ အုပ္ခ်ဳပ္မႈအဖြဲ႕အစည္းမ်ားက စိတ္ရွည္လက္ရွည္ျဖင့္ လက္တြဲေခၚရမည္ျဖစ္ေၾကာင္း၊ အပင္ပန္းခံၿပီး ေရာဂါစစ္ေဆးမႈမ်ားကို အျမန္ဆုံးေဆာင္႐ြက္ကာ ေတြ႕ရွိသူမ်ားကိုလည္း အျမန္ဆုံး ကုသမႈေပးရန္လိုေၾကာင္း၊ ပတ္ဝန္းက်င္ႏွင့္ထိေတြ႕မႈမ်ားသည့္သူမ်ားကိုလည္း စစ္ေဆးေပးရမည္ျဖစ္ေၾကာင္း၊ တပ္ျပင္တြင္ ေနထိုင္သည့္ တပ္မိသားစုဝင္မ်ားသည္လည္း တပ္မိသားစု ဝင္မ်ားပင္ျဖစ္သျဖင့္ တပ္တြင္းသို႔ေခၚ၍ စစ္ေဆးေပးရမည္ျဖစ္ေၾကာင္း၊ အသက္အ႐ြယ္ႀကီးျမင့္သည့္ စစ္မႈထမ္းေဟာင္းမ်ားကိုလည္း ကူညီစစ္ေဆးေပးရမည္ျဖစ္ကာ ဆန္၊ဆီ၊ ဆား၊ ပဲ အမယ္ ၄ မ်ိဳးကို ေထာက္ပံ့ေပးႏိုင္သမွ် ေပးရမည္ျဖစ္ေၾကာင္းႏွင့္ တစ္ဖက္ကလည္း ျပန္လည္ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားၿပီး ယခုလို ဆက္လက္ေဆြးေႏြး ေျပာၾကားခဲ့ပါသည္ —

ဆက္လက္ေျပာၾကားရာတြင္ “ COVID-19 ကေတာ့ စက္တင္ဘာရဲ႕အေျခအေနနဲ႔ ဒီေအာက္တိုဘာလ ၅ ရက္ေန႔အထိ အေျခအေနကေတာ့ ေတာ္ေတာ္ေတာ့ စိုးရိမ္ေၾကာင့္ၾကမႈရွိႏိုင္တယ္။ ဒါေၾကာင့္ ဘယ္လိုမွကို မေပါ့ဆဖို႔လိုတယ္။ အားလုံးက ဒါနဲ႔ ပတ္သက္ရင္ အခ်ိန္နဲ႔ တေျပးညီ၊ အခ်ိန္နဲ႔တေျပးညီ အသိေပးၿပီး ေျဖရွင္းေဆာင္႐ြက္ ေပးေနဖို႔လိုတယ္။ အမိန႔္ေစာင့္ေနလို႔မရဘူး။ အခ်ိန္နဲ႔တေျပးညီ အသိေပးၿပီး တစ္ဖက္က လုပ္လို႔ရတဲ့ နည္းလမ္းမွန္သမွ်ႏွင့္ အကုန္လုံးေျဖရွင္းေဆာင္႐ြက္မယ္။ တစ္ဖက္ကလည္း ဝိုင္းၿပီး အႀကံေပး။ လူဆိုတာေတာ့ တစ္ေယာက္တည္းဆိုရင္ေတာ့ ဆုံးျဖတ္ခ်က္ တစ္မ်ိဳးအတြက္ Wavering ျဖစ္တာေတြဘာေတြရွိမယ္။ ၂ ေယာက္ ၃ ေယာက္ဆိုရင္ေတာ့ အေျဖတစ္ခုထြက္ႏိုင္တယ္။ ၅ ေယာက္ေလာက္ဆိုရင္ ပိုၿပီးဒီထက္ေကာင္းတဲ့အေျဖထြက္ႏိုင္တယ္။ ၇ ေယာက္ ၈ ေယာက္ ၉ ေယာက္ ၁၀ ေယာက္ဆိုရင္ ဒီထက္ေကာင္းတဲ့ ျပည့္စုံတဲ့ အေျဖတစ္မ်ိဳးထြက္မယ္။ ျပည့္စုံတဲ့အေျဖကို စဥ္းစားေတြးေခၚႏိုင္တဲ့ဟာရမယ္။ ဒါေၾကာင့္ နံပါတ္ ၁ အခ်က္ကေတာ့ သိတာနဲ႔တာဝန္ရွိသူက ခ်က္ခ်င္းအေရးယူေျဖရွင္း ေဆာင္႐ြက္ပါ။ ၿပီးရင္းအသိေပးပါ။ တိုင္ပင္ၿပီးေဆာင္႐ြက္ပါ။ ၿပီးရင္လိုအပ္တဲ့ဟာကို ခိုင္ခိုင္မာမာျဖစ္ေအာင္ေဆာင္႐ြက္ဖို႔ လိုမယ္ဆိုတာေျပာလိုတယ္။ အေရးအႀကီးဆုံးအခ်က္ကေတာ့ ကာကြယ္ေရးအပိုင္းလုံး၀ မေပါ့ၾကနဲ႔ စားေရးေသာက္ေရးနဲ႔ပတ္သက္လာရင္ လုံး၀ေလွ်ာ့ေပးလို႔မရဘူး။ လုပ္စရာရွိတာကို တပ္ရင္း၊ တပ္ဖြဲ႕ေတြေရာ နယ္ဘက္လုပ္လို႔ရတဲ့ ေနရာေတြမွာေရာ လုပ္လို႔ရတာ မွန္သမွ်ကို လုပ္ႏိုင္ေအာင္ တပ္မေတာ္အေနနဲ႔ ကူညီပံ့ပိုးေဆာင္႐ြက္ေပးဖို႔လိုမယ္ဆိုတာကို ေဆြးေႏြးခ်င္ပါတယ္။”

အစည္းအေဝးကို ညေန ၃ နာရီခြဲတြင္ ႐ုပ္သိမ္းခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။