ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်

နေပြည်တော်၊ အောက်တိုဘာ – ၆

“စောစောက ပြောတဲ့ Mask တပ်ပြီးသွားဖို့၊ တစ်ဖက်ကလည်း သက်သာတဲ့ဈေးနှုန်းနဲ့ရောင်းတာတောင် မတတ်နိုင်တဲ့လူတွေရှိမယ်၊ ဒါတွေကို လှူဖို့တန်းဖို့လုပ်ရလိမ့်မယ် နဂိုကမှ စားရေးအတွက် ငွေမရှိ ပိုက်ဆံမရှိလို့ စားရေးအတွက် အလုပ်ထွက်လုပ်ရရင် Mask အတွက် ဘာတတ်နိုင်မှာလည်း၊ ဒါမျိုးတွေလည်း ကျွန်တော်တို့က တတ်နိုင်သမျှ တပ်မတော်က ကူညီပေးရမယ်၊ ဒီမှာလည်း တပ်မတော်အနေနဲ့ လှူခဲ့တန်းခဲ့တာတွေ အများကြီးရှိပါတယ်၊ အရင်တုန်းက စစ်မှုထမ်းဟောင်းတွေ စပြီးလှူခဲ့တယ်၊ နောက်ဆုံးလူမှုအဖွဲ့အစည်းတွေမှာလဲ လိုအပ်ချက်ရှိတယ်ဆိုတဲ့အခါကျ တောက်လျှောက်လှူဒါန်းခဲ့တယ်၊ စစ်မှုထမ်းဟောင်းတွေ ရဲမှုထမ်းဟောင်းတွေရှိတယ်၊ နောက်နိုင်ငံ့ဝန်ထမ်းတွေရှိတယ် ဒါတွေကို တို့ရေရှည် ဘယ်လောက်ပေးနိုင်သလဲ၊ ဒါလဲ တို့ကြည့်ရမယ် တပ်မတော်အနေနဲ့ တို့ပေးနိုင် သလောက်၊ တတ်နိုင်သလောက်တော့ မျှဝေခံစားပြီးအကုန်ပေးသွားမှာဘဲ ပြည်သူလူထုအတွက် အတတ်နိုင်ဆုံး သောကမဖြစ်အောင် ဆောင်ရွက်ပေးနိုင်ဖို့လိုတယ် စားရေးသောက်ရေးမှာ အခက်အခဲရှိနေတဲ့လူတွေကိုလည်းဘဲ အနည်းဆုံးလိုအပ်ချက်နဲ့ ထမင်းစားလို့အဆင်ပြေအောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ တို့စဉ်းစားဖို့လို လိမ့်မယ်၊ ဒီ COVID-19 ဟာ သာမန်အားဖြင့်တော့ ရောဂါကြောင့်ဖြစ်တယ်ဆိုပေမယ့် အခြားလူမှုစီးပွားကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာများစွာရှိတယ်၊သာမန်လေး ဒီရောဂါကာကွယ်ရေးလေးနဲ့ သွားစဉ်းစားလို့ မရဘူး။ အသက်မသေဖို့အတွက်တင် မဟုတ်ဘူး။ ရပ်တည်ဖို့အတွက်ပါ ငါတို့က စဉ်းစားရမှာဖြစ်တယ်။ လူတွေရဲ့ရပ်တည်ဖို့ အတွက်ပါ စဉ်းစားရမှာဖြစ်တယ်။ ဒါကိုသာမန်လေး ဒီဟာကအရေးကြီးပါတယ်။ ဟိုဟာက အရေးကြီးပါတယ် လုပ်နေမယ့်အစား တို့လူတွေရဲ့ ဘ၀ရှင်သန်မှုအတွက် ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာကို တို့အနေနဲ့ဆောင်ရွက်သွားဖို့လိုမယ်။ ဒါကြောင့် ဒီနေ့အစည်းအဝေးမှာ ဆောင်ရွက်မှုအခြေအနေကိုပြောကြရင်းနဲ့ အမြင်တွေကို သေချာလေး ဆွေးနွေးပေးဖို့ ပြောချင်ပါတယ်။

(Zawgyi Version)

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၆

“ေစာေစာက ေျပာတဲ့ Mask တပ္ၿပီးသြားဖို႔၊ တစ္ဖက္ကလည္း သက္သာတဲ့ေဈးႏႈန္းနဲ႔ေရာင္းတာေတာင္ မတတ္ႏိုင္တဲ့လူေတြရွိမယ္၊ ဒါေတြကို လႉဖို႔တန္းဖို႔လုပ္ရလိမ့္မယ္ နဂိုကမွ စားေရးအတြက္ ေငြမရွိ ပိုက္ဆံမရွိလို႔ စားေရးအတြက္ အလုပ္ထြက္လုပ္ရရင္ Mask အတြက္ ဘာတတ္ႏိုင္မွာလည္း၊ ဒါမ်ိဳးေတြလည္း ကြၽန္ေတာ္တို႔က တတ္ႏိုင္သမွ် တပ္မေတာ္က ကူညီေပးရမယ္၊ ဒီမွာလည္း တပ္မေတာ္အေနနဲ႔ လႉခဲ့တန္းခဲ့တာေတြ အမ်ားႀကီးရွိပါတယ္၊ အရင္တုန္းက စစ္မႈထမ္းေဟာင္းေတြ စၿပီးလႉခဲ့တယ္၊ ေနာက္ဆုံးလူမႈအဖြဲ႕အစည္းေတြမွာလဲ လိုအပ္ခ်က္ရွိတယ္ဆိုတဲ့အခါက် ေတာက္ေလွ်ာက္လႉဒါန္းခဲ့တယ္၊ စစ္မႈထမ္းေဟာင္းေတြ ရဲမႈထမ္းေဟာင္းေတြရွိတယ္၊ ေနာက္ႏိုင္ငံ့ဝန္ထမ္းေတြရွိတယ္ ဒါေတြကို တို႔ေရရွည္ ဘယ္ေလာက္ေပးႏိုင္သလဲ၊ ဒါလဲ တို႔ၾကည့္ရမယ္ တပ္မေတာ္အေနနဲ႔ တို႔ေပးႏိုင္ သေလာက္၊ တတ္ႏိုင္သေလာက္ေတာ့ မွ်ေဝခံစားၿပီးအကုန္ေပးသြားမွာဘဲ ျပည္သူလူထုအတြက္ အတတ္ႏိုင္ဆုံး ေသာကမျဖစ္ေအာင္ ေဆာင္႐ြက္ေပးႏိုင္ဖို႔လိုတယ္ စားေရးေသာက္ေရးမွာ အခက္အခဲရွိေနတဲ့လူေတြကိုလည္းဘဲ အနည္းဆုံးလိုအပ္ခ်က္နဲ႔ ထမင္းစားလို႔အဆင္ေျပေအာင္ ဘယ္လိုကူညီေပးႏိုင္မလဲဆိုတာ တို႔စဥ္းစားဖို႔လို လိမ့္မယ္၊ ဒီ COVID-19 ဟာ သာမန္အားျဖင့္ေတာ့ ေရာဂါေၾကာင့္ျဖစ္တယ္ဆိုေပမယ့္ အျခားလူမႈစီးပြားေၾကာင့္ျဖစ္လာတဲ့ ေနာက္ဆက္တြဲျပႆနာမ်ားစြာရွိတယ္၊သာမန္ေလး ဒီေရာဂါကာကြယ္ေရးေလးနဲ႔ သြားစဥ္းစားလို႔ မရဘူး။ အသက္မေသဖို႔အတြက္တင္ မဟုတ္ဘူး။ ရပ္တည္ဖို႔အတြက္ပါ ငါတို႔က စဥ္းစားရမွာျဖစ္တယ္။ လူေတြရဲ႕ရပ္တည္ဖို႔ အတြက္ပါ စဥ္းစားရမွာျဖစ္တယ္။ ဒါကိုသာမန္ေလး ဒီဟာကအေရးႀကီးပါတယ္။ ဟိုဟာက အေရးႀကီးပါတယ္ လုပ္ေနမယ့္အစား တို႔လူေတြရဲ႕ ဘ၀ရွင္သန္မႈအတြက္ ဘယ္လိုေဆာင္႐ြက္ေပးမလဲဆိုတာကို တို႔အေနနဲ႔ေဆာင္႐ြက္သြားဖို႔လိုမယ္။ ဒါေၾကာင့္ ဒီေန႔အစည္းအေဝးမွာ ေဆာင္႐ြက္မႈအေျခအေနကိုေျပာၾကရင္းနဲ႔ အျမင္ေတြကို ေသခ်ာေလး ေဆြးေႏြးေပးဖို႔ ေျပာခ်င္ပါတယ္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။