တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အားလက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ်  ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ နိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးနှင့်အတူ သံရုံးမှ ပထမအတွင်းဝန် Ms. Yoko TAKUSHIMA တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်မည်ဖြစ်ပြီး နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးသင့်သည့် အခြေအနေ များ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Ichiro MARUYAMA အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ မတ္  ၁၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာ ႏုိင္ငံဆုိင္ရာဂ်ပန္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Ichiro MARUYAMA အား ယေန႔ မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲ၀င္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ သံ႐ုံးမွ ပထမအတြင္း၀န္ Ms. Yoko TAKUSHIMA တုိ႔တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာ၌ ႏုိင္ငံတစ္ႏုိင္ငံတြင္ ႏုိင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းမႈရွိရန္ အဓိကလုိအပ္မည္ျဖစ္ၿပီး ႏုိင္ငံတုိင္းသည္ မိမိတုိ႕ႏုိင္ငံႏွင့္ ကုိက္ညီသည့္ ဒီမုိကေရစီစနစ္ကုိသာ က်င့္သုံးသင့္သည့္ အေျခအေန မ်ား၊ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) အစီရင္ခံစာႏွင့္ပတ္သက္၍ ဆက္လက္ေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ ျမန္မာႏုိင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ တပ္မေတာ္မွေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။