တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Kan Thar Yar International Specialist Hospital ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၆

ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း၏ Kan Thar Yar International Specialist Hospital ဖြင့္ပြဲအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ အမွတ္(၈၇)၊ ျပည္လမ္း ၆ မုိင္ခြဲ၊ အင္းယားကန္ေဘာင္အနီးရွိ အဆုိပါအထူးကုေဆး႐ုံႀကီး၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္ေပးသည္။

အခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီး ေဒါက္တာ ျမင့္ေထြး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီဥကၠ႒၊ ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုး၊ ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႕၀င္ ၀န္ႀကီးမ်ားႏွင့္ ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္းမွ တာ၀န္ရွိသူမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ ျမင့္ေထြး၊ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းဥကၠ႒၊ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စုိး တုိ႔က အခမ္းအနားအား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က Kan Thar Yar International Specialist Hospital ဆုိင္းဘုတ္အား စက္ခလုတ္ႏွိပ္ ဖြင့္လွစ္ေပးသည္။ ၎ေနာက္ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ၾကသည္။

ယင္းေနာက္ Kan Thar Yar International Specialist Hospital ၏ Vision, Mission ႏွင့္ ႏုိင္ငံတကာအဆင့္မီေဆး႐ုံ ၀န္ေဆာင္မႈမ်ားအား ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း၊ စီမံကိန္းမ်ားၫႊန္ၾကားေရးမွဴး ဦးခင္ေမာင္စုိးက Powerpoint ၊ Video Presentation ျဖင့္ ရွင္းလင္းတင္ျပသည္။ ဆက္လက္ၿပီး ျမန္မာစီးပြားေရးေကာ္ပုိေရးရွင္း ဥကၠ႒၊ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာက အထူးကုေဆး႐ုံႀကီးဖြင့္ပြဲ အထိမ္းအမွတ္တံဆိပ္အား ေနရာအေရာက္ေပးအပ္သည္။ ထုိ႔ေနာက္ အခမ္းအနား တက္ေရာက္ လာၾကသူမ်ားသည္ ေဆး႐ုံႀကီးအတြင္း လွည့္လည္ၾကည့္႐ႈၾကသည္။

ယေန႔ဖြင့္လွစ္လုိက္သည့္ Kan Thar Yar International Specialist Hospital သည္ ရန္ကုန္ၿမိဳ႕၊ အမွတ္(၈၇)၊ ျပည္လမ္း ၆ မိုင္ခြဲ၊ အင္းယားကန္ေဘာင္ အနီးတြင္တည္ရွိၿပီး ႏွလုံးႏွင့္ေက်ာက္ကပ္ေရာဂါ မ်ားကုိ အထူးကုသရာတြင္ (One Stop Service Center) တစ္ေနရာ တည္း၌ပင္ ျပည့္စုံလုံေလာက္ေသာ က်န္းမာေရး၀န္ေဆာင္မႈ ေပးႏုိင္ေစရန္၊ ႏုိင္ငံသားမ်ားျပည္ပႏုိင္ငံမ်ားသုိ႔ သြားေရာက္ေဆးကုသ ခံယူျခင္းအစား ႏုိင္ငံအတြင္းတြင္ စရိတ္မွ်တ၍ ကုိယ္စိတ္ခ်မ္းသာစြာျဖင့္ ကုသခံႏုိင္ရန္၊ ေဆး႐ုံႏွင့္လူနာ မမွ်တမႈကုိျဖည့္ဆည္းေပးႏုိင္ရန္ႏွင့္ အလုပ္အကုိင္ အခြင့္အလမ္းမ်ားေပၚေပါက္လာ ေစရန္၊ အဆင့္ျမင့္ေရာဂါရွာေဖြ ကုသေရးဆုိင္ရာ စက္ပစၥည္းကိရိယာမ်ားႏွင့္ နည္းပညာ အဆင့္ျမင့္မားသည့္ကုသမႈမ်ားကုိ ျပည္သူလူထု အမ်ားရရွိႏုိင္ေစရန္ ရည္ရြယ္၍ ႏုိင္ငံတကာအဆင့္မီ ကန္သာယာ အထူးကုေဆး႐ုံႀကီးကုိ တည္ေဆာက္ဖြင့္လွစ္ ထားျခင္း ျဖစ္ၿပီး ႏွလုံးျပင္ပလူနာကုသမႈဌာန၊ ေက်ာက္ကပ္ျပင္ပလူနာကုသမႈဌာန၊ ႏွလုံး ေသြးေၾကာခ်ဲ႕ကုသမႈဌာန၊ ေက်ာက္ကပ္ေသြးသန္႔စင္ကုသမႈဌာန၊ ႏွလုံးဆုိင္ရာအထူး ၾကပ္မတ္ကုသမႈဌာန၊ အေရးေပၚကုသမႈဌာန၊ ခြဲစိတ္ခန္းမႀကီးမ်ားႏွင့္ဖြဲ႕စည္းထားရွိၿပီး ေရာဂါရွာေဖြစမ္းသပ္ စစ္ေဆးေဆာင္ရြက္ရာတြင္လည္း ကြၽမ္းက်င္ေသာသမားေတာ္ႀကီးမ်ား၊ ခြဲစိတ္ကုသမႈဆုိင္ရာပါရဂူႀကီးမ်ားက ႏုိင္ငံတကာအဆင့္မီ စက္ပစၥည္းကိရိယာမ်ား၊ အေကာင္းဆုံး၀န္ေဆာင္မႈမ်ားျဖင့္ ၂၄ နာရီပတ္လုံး၀န္ေဆာင္မႈမ်ားေပးသြားမည္ ျဖစ္ပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Kan Thar Yar International Specialist Hospital ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ Kan Thar Yar International Specialist Hospital ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၈၇)၊ ပြည်လမ်း ၆ မိုင်ခွဲ၊ အင်းယားကန်ဘောင်အနီးရှိ အဆိုပါအထူးကုဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က Kan Thar Yar International Specialist Hospital ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ၎င်းနောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် Kan Thar Yar International Specialist Hospital ၏ Vision, Mission နှင့် နိုင်ငံတကာအဆင့်မီဆေးရုံ ၀န်ဆောင်မှုများအား မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ စီမံကိန်းများညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက Powerpoint ၊ Video Presentation ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက အထူးကုဆေးရုံကြီးဖွင့်ပွဲ အထိမ်းအမှတ်တံဆိပ်အား နေရာအရောက်ပေးအပ်သည်။ ထို့နောက် အခမ်းအနား တက်ရောက် လာကြသူများသည် ဆေးရုံကြီးအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယနေ့ဖွင့်လှစ်လိုက်သည့် Kan Thar Yar International Specialist Hospital သည် ရန်ကုန်မြို့၊ အမှတ်(၈၇)၊ ပြည်လမ်း ၆ မိုင်ခွဲ၊ အင်းယားကန်ဘောင် အနီးတွင်တည်ရှိပြီး နှလုံးနှင့်ကျောက်ကပ်ရောဂါ များကို အထူးကုသရာတွင် (One Stop Service Center) တစ်နေရာ တည်း၌ပင် ပြည့်စုံလုံလောက်သော ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်စေရန်၊ နိုင်ငံသားများပြည်ပနိုင်ငံများသို့ သွားရောက်ဆေးကုသ ခံယူခြင်းအစား နိုင်ငံအတွင်းတွင် စရိတ်မျှတ၍ ကိုယ်စိတ်ချမ်းသာစွာဖြင့် ကုသခံနိုင်ရန်၊ ဆေးရုံနှင့်လူနာ မမျှတမှုကိုဖြည့်ဆည်းပေးနိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများပေါ်ပေါက်လာ စေရန်၊ အဆင့်မြင့်ရောဂါရှာဖွေ ကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများနှင့် နည်းပညာ အဆင့်မြင့်မားသည့်ကုသမှုများကို ပြည်သူလူထု အများရရှိနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတကာအဆင့်မီ ကန်သာယာ အထူးကုဆေးရုံကြီးကို တည်ဆောက်ဖွင့်လှစ် ထားခြင်း ဖြစ်ပြီး နှလုံးပြင်ပလူနာကုသမှုဌာန၊ ကျောက်ကပ်ပြင်ပလူနာကုသမှုဌာန၊ နှလုံး သွေးကြောချဲ့ကုသမှုဌာန၊ ကျောက်ကပ်သွေးသန့်စင်ကုသမှုဌာန၊ နှလုံးဆိုင်ရာအထူး ကြပ်မတ်ကုသမှုဌာန၊ အရေးပေါ်ကုသမှုဌာန၊ ခွဲစိတ်ခန်းမကြီးများနှင့်ဖွဲ့စည်းထားရှိပြီး ရောဂါရှာဖွေစမ်းသပ် စစ်ဆေးဆောင်ရွက်ရာတွင်လည်း ကျွမ်းကျင်သောသမားတော်ကြီးများ၊ ခွဲစိတ်ကုသမှုဆိုင်ရာပါရဂူကြီးများက နိုင်ငံတကာအဆင့်မီ စက်ပစ္စည်းကိရိယာများ၊ အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ၂၄ နာရီပတ်လုံးဝန်ဆောင်မှုများပေးသွားမည် ဖြစ်ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။