အထက(၁)လသာ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ (စင်ထရယ်)အထက(၁)လသာ ကျောင်းသားဟောင်းများ၏ (၂၅)ကြိမ်မြောက်(ငွေရတု) အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၅

အထက(၁)လသာမွ ေက်ာင္းသားေဟာင္းမ်ားႏွင့္ အလွဴရွင္မ်ားက ေဆာက္လုပ္လွဴဒါန္းသည့္ ေလးထပ္ေက်ာင္းေဆာင္သစ္ လႊဲေျပာင္းေပးအပ္ပြဲအခမ္းအနားအား ယေန႔မြန္းလြဲပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ လသာၿမိဳ႕နယ္ရွိ အဆုိပါေက်ာင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ပညာေရး၀န္ႀကီးဌာနမွ တာ၀န္ရွိသူမ်ား၊ ေက်ာင္းအုပ္ဆရာႀကီးႏွင့္ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသားေဟာင္းမ်ား၊ ေက်ာင္းသားမ်ား၊ အလွဴရွင္မ်ားတက္ေရာက္သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်ာင္းေဆာင္သစ္အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးၿပီး ကဗ်ည္းေမာ္ကြန္းအား အေမႊးနံ႔သာရည္မ်ားပက္ဖ်န္းေပးသည္။ ယင္းေနာက္ ေက်ာင္းေဆာင္သစ္ ေဆာက္လုပ္လွဴဒါန္းရျခင္းႏွင့္ပတ္သက္၍ အမွာစကား ေျပာၾကားရာတြင္ ႏုိင္ငံ၏ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ပညာရည္တုိးတက္ေကာင္းမြန္မႈသည္ မ်ားစြာအေရးပါေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စာေပပညာမ်ား တတ္ကြၽမ္းေအာင္ သင္ၾကားေပးသကဲ့သုိ႔ ပညာေရးသာမက ျပင္ပဗဟုသုတမ်ား ၾကြယ္၀ေစရန္အတြက္လည္း ေလ့က်င့့္ျပဳစုပ်ိဳးေထာင္ေပးရန္ လိုေၾကာင္း၊ ေအာင္ခ်က္ျမင့္မားေရးကုိသာ အဓိကမထားဘဲ အမွန္တကယ္ပညာတတ္မ်ား ျဖစ္ေအာင္ သင္ၾကားေပးေစလုိေၾကာင္း၊ ျမန္မာႏုိင္ငံတြင္ ပညာေရးစနစ္မွာ စစ္တမ္းမ်ားအရ မူလတန္းေက်ာင္းမွ အလယ္တန္းေက်ာင္းသုိ႔ ပ်မ္းမွ်အားျဖင့္ ၅၀ ရာခုိင္ႏႈန္းခန္႔သာ တက္ေရာက္ႏုိင္ေၾကာင္း၊ ထုိမွတစ္ဆင့္အထက္တန္းသုိ႔ ၃၀ ရာခုိင္ႏႈန္းခန္႔ႏွင့္ တကၠသုိလ္၀င္တန္းတက္ေရာက္ခ်ိန္တြင္ ၁၀ ရာခုိင္ႏႈန္းေက်ာ္ခန္႔သာ ရွိသည္ကုိေတြ႕ရွိရေၾကာင္း၊ ထုိ႔ေၾကာင့္ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ပညာရည္ ျမင့္မားတုိးတက္ေစရန္အတြက္ သက္ဆုိင္ရာတာ၀န္ရွိသူမ်ား၊ ဆရာ၊ ဆရာမမ်ား၊ မိဘမ်ားက ၀ုိင္း၀န္းေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ မိမိတုိ႔အေနျဖင့္လည္း တတ္ႏုိင္သည့္ဘက္ မွ ျဖည့္ဆည္းေဆာင္ရြက္ေပး ေနသည္မ်ားရွိေၾကာင္း၊ ထုိ႔အတူ ေက်ာင္းသား၊ ေက်ာင္းသူမ်ား က်န္းမာႀကံ့ခုိင္မႈ ရွိေစရန္လည္း ေက်ာင္းတြင္းအားကစားၿပိဳင္ပြဲမ်ားေဆာင္ရြက္ေပးေစလုိေၾကာင္း၊ အလားတူ လိမၼာယဥ္ေက်းမႈရွိေအာင္ႏွင့္ ဘာသာတရားကုိ ေလးစားလုိက္နာေအာင္လည္း ျပဳစုပ်ိဳးေထာင္ေပးေစလုိေၾကာင္း၊ ယခုကဲ့သုိ႔ေက်ာင္းေဆာင္သစ္ႀကီး ေဆာက္လုပ္လွဴဒါန္း ျခင္းျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စိတ္ခ်မ္းသာ၊ ကိုယ္က်န္းမာစြာျဖင့္ ပညာသင္ၾကား ႏုိင္မည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ ပညာေရး၀န္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန၊ ရန္ကုန္တုိင္းပညာေရး ၫႊန္ၾကားေရးမွဴး႐ုံး၊ (စီမံ၊ဘ႑ာ)ၫႊန္ၾကားေရးမွဴး ဆရာမႀကီး ေဒၚျမင့္ျမင့္သန္းက အမွာစကားေျပာၾကားၿပီး ေက်ာင္းေဆာင္သစ္ ေဆာက္လုပ္ေရးေကာ္မတီနာယက ဦးခ်စ္ၫြန္႔မွ ေက်ာင္းေဆာင္သစ္ႀကီး တည္ေဆာက္ခဲ့မႈအေျခအေနမ်ားကုိ ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႕ဥကၠ႒ ဦးထြန္းေအာင္လႈိင္က ပညာေရး၀န္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန၊ ရန္ကုန္တုိင္းပညာေရး ၫႊန္ၾကားေရးမွဴး႐ုံး (စီမံ၊ဘ႑ာ)ၫႊန္ၾကားေရးမွဴး ဆရာမႀကီး ေဒၚျမင့္ျမင့္သန္းထံသုိ႔ ေလးထပ္ေက်ာင္းေဆာင္သစ္ႀကီးအား လႊဲေျပာင္းေပးအပ္သည္။

၎ေနာက္စစ္ၿပီးေခတ္ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႕မွ ကာတြန္းဦးစိန္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ ပန္းခ်ီကားအား အမွတ္တရ လက္ေဆာင္အျဖစ္ေပးအပ္သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ေက်ာင္းေဆာင္သစ္ႀကီး အတြင္း လွည့္လည္ၾကည့္႐ႈခဲ့ၾကသည္။

ထုိ႔အတူ ယေန႔နံနက္ပုိင္းကလည္း ၁၉၆၅ ခုႏွစ္မွ ၁၉၈၅ ခုႏွစ္အထိ(စင္ထရယ္) အထက(၁)လသာ ေက်ာင္းသားေဟာင္းမ်ား၏ (၂၅)ႀကိမ္ေျမာက္(ေငြရတု) အာစရိယပူေဇာ္ပြဲအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ လသာၿမိဳ႕နယ္ရွိ အဆုိပါေက်ာင္း၊ ဗဟုိစံျပခန္းမ၌က်င္းပျပဳလုပ္သည္။

အဆုိပါအခမ္းအနားသုိ႔ ဆရာႀကီး၊ ဆရာမႀကီးမ်ား ၆၅ ဦးတက္ေရာက္ကန္ေတာ့ခံၾကၿပီး အဆုိပါေက်ာင္းတြင္ အလယ္တန္းမွ အထက္တန္းအထိပညာသင္ၾကားခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္အတူ ၁၉၆၅ ခုႏွစ္မွ ၁၉၈၅ ခုႏွစ္အထိ ေက်ာင္းသားေဟာင္းမ်ား တက္ေရာက္ၾကသည္။ ဦးစြာ ဟုိက္စကူးေက်ာင္းေတာ္ႀကီးသီခ်င္းအားသီဆုိဂုဏ္ျပဳၿပီး အခမ္းအနားအား စတင္ဖြင့္လွစ္သည္။

ယင္းေနာက္ အခမ္းအနားမွဴးက (၂၅)ႀကိမ္ေျမာက္ အာစရိယပူေဇာ္ပြဲအခမ္း အနား ႀကိဳတင္ျပင္ဆင္ေဆာင္ရြက္ခ်က္မ်ားအား ရွင္းလင္းတင္ျပသည္။ ယင္းေနာက္ အခမ္းအနားတက္ေရာက္လာၾကသည့္ ေက်ာင္းသားေဟာင္းမ်ားက ေက်းဇူးရွင္ ဆရာႀကီး၊ ဆရာမႀကီးမ်ားအား လက္အုပ္ခ်ီမုိး၍ ထုံးတမ္းစဥ္လာႏွင့္အညီ ႐ိုေသစြာ ဂါရ၀ျပဳကန္ေတာ့ၾကရာ ကန္ေတာ့ခံဆရာႀကီး၊ ဆရာမႀကီးမ်ား ကုိယ္စားဆရာႀကီး ဦးေအးသိန္းက ၾသ၀ါဒစကားခ်ီးျမႇင့္ေျပာၾကားသည္။

ထုိ႔ေနာက္ ၿမိဳ႕နယ္ပညာေရးမွဴး၊ ေက်ာင္းအုပ္ဆရာႀကီး၊ အာစရိယပူေဇာ္ပြဲက်င္း ပေရးေကာ္မတီဥကၠ႒ႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈအဖြဲ႕ဥကၠ႒တုိ႔က ႏႈတ္ခြန္းဆက္စကားမ်ား အသီးသီးေျပာၾကားၾကၿပီး တာ၀န္ရွိသူတစ္ဦးက အထက(၁)လသာ ေက်ာင္းေဆာင္သစ္ေဆာက္လုပ္ခဲ့မႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ႏႈတ္ခြန္းဆက္ဂါရ၀စကားေျပာၾကားသည္။ ယင္းေနာက္ေက်းဇူးရွင္ဆရာႀကီး၊ ဆရာမႀကီးမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပးခဲ့ၾကသည့္ ဆရာ၀န္မ်ား၊ သူနာျပဳမ်ားႏွင့္ အာစရိယပူေဇာ္ပြဲတြင္ လုပ္အားေပးေဆာင္ရြက္ခဲ့သည့္ ဆရာမမ်ားအား လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၾကသည္။ ၎ေနာက္ ေက်ာင္းသားေဟာင္းတစ္ဦးက ေက်းဇူးတင္စကားေျပာၾကားသည္။

ဆက္လက္ၿပီး ဂါရ၀ျပဳကန္ေတာ့လက္ေဆာင္ပစၥည္းမ်ားအား တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသည့္ ေက်ာင္းသားေဟာင္းမ်ားက ဆရာႀကီး၊ ဆရာမႀကီးမ်ားထံ ႐ိုေသစြာဂါရ၀ျပဳေပးအပ္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကန္ေတာ့ခံဆရာႀကီး၊ ဆရာမႀကီးမ်ားအား ရင္းရင္းႏွီးႏွီး ဂါရ၀ျပဳႏႈတ္ဆက္ခဲ့ပါသည္။

(Unicode Version)

အထက(၁)လသာ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ (စင်ထရယ်)အထက(၁)လသာ ကျောင်းသားဟောင်းများ၏ (၂၅)ကြိမ်မြောက်(ငွေရတု) အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၅

အထက(၁)လသာမှ ကျောင်းသားဟောင်းများနှင့် အလှူရှင်များက ဆောက်လုပ်လှူဒါန်းသည့် လေးထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားဟောင်းများ၊ ကျောင်းသားများ၊ အလှူရှင်များတက်ရောက်သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆောင်သစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကဗျည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။ ယင်းနောက် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်တိုးတက်ကောင်းမွန်မှုသည် များစွာအရေးပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာပေပညာများ တတ်ကျွမ်းအောင် သင်ကြားပေးသကဲ့သို့ ပညာရေးသာမက ပြင်ပဗဟုသုတများ ကြွယ်ဝစေရန်အတွက်လည်း လေ့ကျင့့်ပြုစုပျိုးထောင်ပေးရန် လိုကြောင်း၊ အောင်ချက်မြင့်မားရေးကိုသာ အဓိကမထားဘဲ အမှန်တကယ်ပညာတတ်များ ဖြစ်အောင် သင်ကြားပေးစေလိုကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးစနစ်မှာ စစ်တမ်းများအရ မူလတန်းကျောင်းမှ အလယ်တန်းကျောင်းသို့ ပျမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းခန့်သာ တက်ရောက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့်အထက်တန်းသို့ ၃၀ ရာခိုင်နှုန်းခန့်နှင့် တက္ကသိုလ်ဝင်တန်းတက်ရောက်ချိန်တွင် ၁၀ ရာခိုင်နှုန်းကျော်ခန့်သာ ရှိသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည် မြင့်မားတိုးတက်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများက ၀ုိင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့်လည်း တတ်နိုင်သည့်ဘက် မှ ဖြည့်ဆည်းဆောင်ရွက်ပေး နေသည်များရှိကြောင်း၊ ထို့အတူ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်မှု ရှိစေရန်လည်း ကျောင်းတွင်းအားကစားပြိုင်ပွဲများဆောင်ရွက်ပေးစေလိုကြောင်း၊ အလားတူ လိမ္မာယဉ်ကျေးမှုရှိအောင်နှင့် ဘာသာတရားကို လေးစားလိုက်နာအောင်လည်း ပြုစုပျိုးထောင်ပေးစေလိုကြောင်း၊ ယခုကဲ့သို့ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်လှူဒါန်း ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းပညာရေး ညွှန်ကြားရေးမှူးရုံး၊ (စီမံ၊ဘဏ္ဍာ)ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ရေးကော်မတီနာယက ဦးချစ်ညွန့်မှ ကျောင်းဆောင်သစ်ကြီး တည်ဆောက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျောင်းသားဟောင်းများအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်လှိုင်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းပညာရေး ညွှန်ကြားရေးမှူးရုံး (စီမံ၊ဘဏ္ဍာ)ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းထံသို့ လေးထပ်ကျောင်းဆောင်သစ်ကြီးအား လွှဲပြောင်းပေးအပ်သည်။

၎င်းနောက်စစ်ပြီးခေတ် ကျောင်းသားဟောင်းများအဖွဲ့မှ ကာတွန်းဦးစိန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပန်းချီကားအား အမှတ်တရ လက်ဆောင်အဖြစ်ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျောင်းဆောင်သစ်ကြီး အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့အတူ ယနေ့နံနက်ပိုင်းကလည်း ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ(စင်ထရယ်) အထက(၁)လသာ ကျောင်းသားဟောင်းများ၏ (၂၅)ကြိမ်မြောက်(ငွေရတု) အာစရိယပူဇော်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ အဆိုပါကျောင်း၊ ဗဟိုစံပြခန်းမ၌ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ဆရာကြီး၊ ဆရာမကြီးများ ၆၅ ဦးတက်ရောက်ကန်တော့ခံကြပြီး အဆိုပါကျောင်းတွင် အလယ်တန်းမှ အထက်တန်းအထိပညာသင်ကြားခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကျောင်းသားဟောင်းများ တက်ရောက်ကြသည်။ ဦးစွာ ဟိုက်စကူးကျောင်းတော်ကြီးသီချင်းအားသီဆိုဂုဏ်ပြုပြီး အခမ်းအနားအား စတင်ဖွင့်လှစ်သည်။

ယင်းနောက် အခမ်းအနားမှူးက (၂၅)ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်း အနား ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသားဟောင်းများက ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများအား လက်အုပ်ချီမိုး၍ ထုံးတမ်းစဉ်လာနှင့်အညီ ရိုသေစွာ ဂါရဝပြုကန်တော့ကြရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ ကိုယ်စားဆရာကြီး ဦးအေးသိန်းက သြဝါဒစကားချီးမြှင့်ပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ အာစရိယပူဇော်ပွဲကျင်း ပရေးကော်မတီဥက္ကဋ္ဌနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြပြီး တာဝန်ရှိသူတစ်ဦးက အထက(၁)လသာ ကျောင်းဆောင်သစ်ဆောက်လုပ်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှုတ်ခွန်းဆက်ဂါရဝစကားပြောကြားသည်။ ယင်းနောက်ကျေးဇူးရှင်ဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် အာစရိယပူဇော်ပွဲတွင် လုပ်အားပေးဆောင်ရွက်ခဲ့သည့် ဆရာမများအား လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။ ၎င်းနောက် ကျောင်းသားဟောင်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်ပြီး ဂါရဝပြုကန်တော့လက်ဆောင်ပစ္စည်းများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် ကျောင်းသားဟောင်းများက ဆရာကြီး၊ ဆရာမကြီးများထံ ရိုသေစွာဂါရဝပြုပေးအပ်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ရင်းရင်းနှီးနှီး ဂါရဝပြုနှုတ်ဆက်ခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။