လူငယ်များ၏တက်ကြွသောစိတ်နှင့် လူကြီးများ၏အတွေ့အကြုံပေါင်းစပ်ပြီးလုပ်ကိုင်ပါမှ တိုင်းပြည် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် နေပြည်တော် ဇန်နဝါရီ ၁၃ “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့