တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယနေ့ ရုရှားနိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံတွင် ပိတ်မိနေသော ရုရှားနိုင်ငံသား ၁၉ ဦး အား လေယာဉ်နှင့် အတူ ခေါ်ဆောင်

နေပြည်တော်၊ ဇွန်  ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Great Patriotic War(1941-1945)အောင်နိုင်မှု(၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)လေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လေယာဉ်ဖြင့်ထွက်ခွာစဉ် ယခင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ပိတ်မိနေသည့် ရုရှားနိုင်ငံသား ၁၉ ဦး အား လေယာဉ်ဖြင့် တစ်ပါတည်း ခေါ်ဆောင်သွားကြောင်း သိရှိရပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှလည်း ထုတ်ပြန် ထားသည်။ အပြည်ပြည် ဆိုင်ရာလေကြောင်းခရီးစဉ် ဆိုင်းငံ့ခဲ့သဖြင့် မြန်မာနိုင်ငံတွင် ပိတ်မိနေသော ရုရှားနိုင်ငံသား များမှ နေရပ်ပြန်ရန် ဆန္ဒရှိနေသော ရုရှားနိုင်ငံသား ၁၉ ဦး အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်နှင့်အတူ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယင်းကဲ့သို့ လိုက်ပါခွင့်ရသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် Myanmar Airways International အား အထူးပင် ကျေးဇူး တင်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဇွန်လ ၅ ရက် ကလည်း တပ်မတော် Fokker 70 လေယာဉ်ဖြင့် နီပေါနိုင်ငံတွင် ပိတ်မိနေသော မြန်မာနိုင်ငံသား ၄၁ ဦးကို သွားရောက်ခေါ်ယူရန် နီပေါနိုင်ငံသို့ထွက်ခွာစဉ် မြန်မာနိုင်ငံတွင် ပိတ်မိနေသော နီပေါနိုင်ငံသားများကိုလည်း လူသားချင်းစာနာစိတ်ဖြင့် လေယာဉ်နှင့် တစ်ပါတည်း ကူညီခေါ်ဆောင်သွားခဲ့ကြောင်း၊ အလားတူ မေလ ၂၇ ရက် ကလည်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ပိတ်မိနေသော သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၈၀ ဦး တို့ကို သီတဂူဆရာတော် ဘုရားကြီးနှင့် တပ်မတော်တို့ ပူးပေါင်းကာ ပြန်လည်ခေါ်ယူပေးခဲ့သည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ယေန႔ ႐ုရွားႏိုင္ငံခရီးစဥ္ အတြင္း ျမန္မာႏိုင္ငံတြင္ ပိတ္မိေနေသာ ႐ုရွားႏိုင္ငံသား ၁၉ ဦး အား ေလယာဥ္ႏွင့္ အတူ ေခၚေဆာင္

ေနျပည္ေတာ္၊ ဇြန္  ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး၏ ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ Great Patriotic War(1941-1945)ေအာင္ႏိုင္မႈ(၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ရန္အတြက္ ယေန႔နံနက္ပိုင္းတြင္ အျပည္ျပည္ဆိုင္ရာ ျမန္မာ့ေလေၾကာင္း (MAI)ေလယာဥ္ျဖင့္ ေနျပည္ေတာ္တပ္မေတာ္ေလဆိပ္မွ ထြက္ခြာသြားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ ေလယာဥ္ျဖင့္ထြက္ခြာစဥ္ ယခင္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနၿပီး ပိတ္မိေနသည့္ ႐ုရွားႏိုင္ငံသား ၁၉ ဦး အား ေလယာဥ္ျဖင့္ တစ္ပါတည္း ေခၚေဆာင္သြားေၾကာင္း သိရွိရၿပီး ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားႏိုင္ငံသံ႐ုံးမွလည္း ထုတ္ျပန္ ထားသည္။ အျပည္ျပည္ ဆိုင္ရာေလေၾကာင္းခရီးစဥ္ ဆိုင္းငံ့ခဲ့သျဖင့္ ျမန္မာႏိုင္ငံတြင္ ပိတ္မိေနေသာ ႐ုရွားႏိုင္ငံသား မ်ားမွ ေနရပ္ျပန္ရန္ ဆႏၵရွိေနေသာ ႐ုရွားႏိုင္ငံသား ၁၉ ဦး အား တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ႐ုရွားႏိုင္ငံခရီးစဥ္ႏွင့္အတူ ပို႔ေဆာင္ေပးခဲ့ေၾကာင္းႏွင့္ ယင္းကဲ့သို႔ လိုက္ပါခြင့္ရသည့္အတြက္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးႏွင့္ Myanmar Airways International အား အထူးပင္ ေက်းဇူး တင္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ဇြန္လ ၅ ရက္ ကလည္း တပ္မေတာ္ Fokker 70 ေလယာဥ္ျဖင့္ နီေပါႏိုင္ငံတြင္ ပိတ္မိေနေသာ ျမန္မာႏိုင္ငံသား ၄၁ ဦးကို သြားေရာက္ေခၚယူရန္ နီေပါႏိုင္ငံသို႔ထြက္ခြာစဥ္ ျမန္မာႏိုင္ငံတြင္ ပိတ္မိေနေသာ နီေပါႏိုင္ငံသားမ်ားကိုလည္း လူသားခ်င္းစာနာစိတ္ျဖင့္ ေလယာဥ္ႏွင့္ တစ္ပါတည္း ကူညီေခၚေဆာင္သြားခဲ့ေၾကာင္း၊ အလားတူ ေမလ ၂၇ ရက္ ကလည္း အိႏၵိယႏိုင္ငံ ဗုဒၶဂါယာတြင္ ပိတ္မိေနေသာ သံဃာေတာ္မ်ားႏွင့္ လူပုဂၢိဳလ္ ၈၀ ဦး တို႔ကို သီတဂူဆရာေတာ္ ဘုရားႀကီးႏွင့္ တပ္မေတာ္တို႔ ပူးေပါင္းကာ ျပန္လည္ေခၚယူေပးခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။