တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ “စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ ခိုင်မြဲရေး” ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြှင့်

နေပြည်တော်၊ ဇွန် – ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Victory Day of Great Patriotic War (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၃ ရက်ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံဆွေးနွေးရာ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ FSMTC မှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov နှင့် တာဝန်ရှိသူများတက်ရောက်ကြ သည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေးနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့်အောင် ဆက်လက်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Army Game ပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင် လျက်ရှိပြီး ယခုနှစ်တွင်လည်း ပါဝင်ယှဉ်ပြိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် “စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ ခိုင်မြဲရေး” ဂုဏ်ထူးဆောင်တံဆိပ်အားလည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖက်ဒရယ်အဆင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး FSMTC မှ ဒုတိယ ညွှန်ကြားရေးမှူး Vladimir Drozhzhov က ညွှန်ကြားရေးမှူးချုပ်က ပေးအပ်ချီးမြှင့် သည့် ဂုဏ်ထူးဆောင်တံဆိပ်အား လည်းကောင်း ချီးမြှင့်တပ်ဆင်ဂုဏ်ပြုရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် FSMTC မှ ဒုတိယညွှန်ကြားရေးမှူး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာနမွ “စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ တည္တံ့ ခိုင္ၿမဲေရး” ဂုဏ္ထူးေဆာင္တံဆိပ္ ေပးအပ္ခ်ီးျမႇင့္

ေနျပည္ေတာ္၊ ဇြန္ – ၂၄

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ Victory Day of Great Patriotic War (၇၅) ႏွစ္ေျမာက္အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ ရန္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္ အဖြဲ႕သည္ ဇြန္ ၂၃ ရက္ညေနပိုင္းတြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး Colonel General Alexander V.Fomin ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာနတြင္ သြားေရာက္ေတြ႕ဆုံေဆြးေႏြးရာ ဒုတိယဝန္ႀကီးႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးႏွင့္အတူ FSMTC မွ ဒုတိယၫႊန္ၾကားေရးမႉး Vladimir Drozhzhov ႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ၾက သည္။

ေတြ႕ဆုံေဆြးေႏြးရာတြင္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈ တိုးတက္ခိုင္မာေရးႏွင့္ စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးျမင့္ေအာင္ ဆက္လက္ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ား၊ ႐ုရွားႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ Army Game ၿပိဳင္ပြဲမ်ားတြင္ ျမန္မာ့တပ္မေတာ္မွ ပါဝင္ယွဥ္ၿပိဳင္ လ်က္ရွိၿပီး ယခုႏွစ္တြင္လည္း ပါဝင္ယွဥ္ၿပိဳင္ေရး ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေန မ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေဆြးေႏြးပြဲအၿပီးတြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာနမွ ေပးအပ္ခ်ီးျမႇင့္သည့္ “စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ တည္တံ့ ခိုင္ၿမဲေရး” ဂုဏ္ထူးေဆာင္တံဆိပ္အားလည္းေကာင္း၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ဖက္ဒရယ္အဆင့္ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္႐ြက္ေရး FSMTC မွ ဒုတိယ ၫႊန္ၾကားေရးမႉး Vladimir Drozhzhov က ၫႊန္ၾကားေရးမႉးခ်ဳပ္က ေပးအပ္ခ်ီးျမႇင့္ သည့္ ဂုဏ္ထူးေဆာင္တံဆိပ္အား လည္းေကာင္း ခ်ီးျမႇင့္တပ္ဆင္ဂုဏ္ျပဳရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံရယူသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးႏွင့္ FSMTC မွ ဒုတိယၫႊန္ၾကားေရးမႉး တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။