ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယအကြိမ် အတည်ပြုစစ်ဆေး၊ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)၊ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်

နေပြည်တော်၊ ဇူလိုင် – ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇွန် ၂၅ ရက် ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားသည့်နေရာများ၌ Home Quarantine ၊Facilities Quarantine စနစ်တကျနေထိုင်ခဲ့သည်။

အဆိုပါ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များကို ဇွန် ၃၀ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၇ ရက်တွင်လည်းကောင်း နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍ Polymerase Chain Reaction (PCR) နည်းဖြင့် ဓာတ်ခွဲ စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်း အတည်ပြုသိရှိရပြီး ယနေ့မှစ၍ လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(Zawgyi Version)

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ သြားေရာက္ခဲ့သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ားအား ဒုတိယအႀကိမ္ အတည္ျပဳစစ္ေဆး၊ COVID-19 ေရာဂါပိုးေတြ႕ရွိမႈ မရွိ(မရွိ)၊ လုပ္ငန္းတာဝန္မ်ား ျပန္လည္ထမ္းေဆာင္

ေနျပည္ေတာ္၊ ဇူလိုင္ – ၈

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ ဇြန္ ၂၅ ရက္ ညပိုင္းတြင္ ေနျပည္ေတာ္ေလဆိပ္သို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး သတ္မွတ္ထားသည့္ေနရာမ်ား၌ Home Quarantine ၊Facilities Quarantine စနစ္တက်ေနထိုင္ခဲ့သည္။

အဆိုပါ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားကို ဇြန္ ၃၀ ရက္တြင္ လည္းေကာင္း၊ ဒုတိယအႀကိမ္အျဖစ္ ဇူလိုင္ ၇ ရက္တြင္လည္းေကာင္း ႏွာေခါင္းတို႔ဖတ္၊ အာေခါင္တို႔ဖတ္မ်ားရယူ၍ Polymerase Chain Reaction (PCR) နည္းျဖင့္ ဓာတ္ခြဲ စစ္ေဆးခဲ့ရာ COVID-19 ေရာဂါပိုးေတြ႕ရွိမႈ မရွိ(မရွိ)ေၾကာင္း အတည္ျပဳသိရွိရၿပီး ယေန႔မွစ၍ လုပ္ငန္းတာဝန္မ်ားကို ျပန္လည္ထမ္းေဆာင္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။