တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာ ရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ပဲ၊ ဆား အမယ်လေးမျိုး ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင်  ၁၀

COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနု ပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် စားသောက်ရေးအဆင်ပြေစေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ရိက္ခာအမယ်လေးမျိုးကို ပေးအပ်လှူဒါန်းသည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်း၊ မြန်မာနိုင်ငံပန်းချီ ပညာရှင်များအဖွဲ့ (Win Foundation) ဥက္ကဋ္ဌ ဦးလှတင်ထွန်း၊ မြန်မာနိုင်ငံအားကစား မီဒီယာ များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်း၊ မြန်မာနိုင်ငံဆိုင်းပညာရှင်များအဖွဲ့ အတွင်းရေးမှူး မွန်ပြည်နယ်ကိုကိုနိုင်၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် တို့နှင့် နိုင်ငံကျော် အနုပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနု ပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးအပ်လှူဒါန်းသည့် ဆန် ၅၀၀ အိတ်၊ ဆီ ၁၀၀၀ ပိဿာ၊ ပဲ ၁၀၀၀ ပိဿာနှင့် ဆား ၁၀၀၀ ပိဿာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့ ကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က လက်ခံရယူသည်။

ယင်းနောက် အစည်းအရုံးများကိုယ်စား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အခမ်းအနားအပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

(Zawgyi Version)

 

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ျမန္မာႏိုင္ငံသတင္းမီဒီယာမ်ား၊ အႏုပညာ ရွင္မ်ားႏွင့္ ႐ိုးရာလက္ေဝွ႔အဖြဲ႕တို႔အတြက္ COVID-19 ေရာဂါျဖစ္ပြားမႈကာလအတြင္း စားေသာက္ေရးအဆင္ေျပေစရန္ ဆန္၊ ဆီ၊ ပဲ၊ ဆား အမယ္ေလးမ်ိဳး ေပးအပ္လႉဒါန္း

ေနျပည္ေတာ္၊ ဇူလိုင္  ၁၀

COVID-19 ေရာဂါျဖစ္ပြားမႈကာလအတြင္း ျမန္မာႏိုင္ငံသတင္းမီဒီယာမ်ား၊ အႏု ပညာရွင္မ်ားႏွင့္ ႐ိုးရာလက္ေဝွ႔အဖြဲ႕တို႔အတြက္ စားေသာက္ေရးအဆင္ေျပေစရန္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ဆန္၊ ဆီ၊ ပဲ၊ ဆား ရိကၡာအမယ္ေလးမ်ိဳး ေပးအပ္လႉဒါန္းျခင္းကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕နယ္ရွိ တပ္မေတာ္ခန္းမ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တက္ေရာက္၍ ရိကၡာအမယ္ေလးမ်ိဳးကို ေပးအပ္လႉဒါန္းသည္။

အခမ္းအနားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္႒ာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြ၊ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ဥကၠ႒ ဟံသာဝတီ ဦးအုန္းႀကိဳင္၊ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး ဒုတိယဥကၠ႒ ဦးမိုးဝင္း၊ ျမန္မာႏိုင္ငံပန္းခ်ီ ပညာရွင္မ်ားအဖြဲ႕ (Win Foundation) ဥကၠ႒ ဦးလွတင္ထြန္း၊ ျမန္မာႏိုင္ငံအားကစား မီဒီယာ မ်ားအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးဝဏၰထြန္း၊ ျမန္မာႏိုင္ငံဆိုင္းပညာရွင္မ်ားအဖြဲ႕ အတြင္းေရးမႉး မြန္ျပည္နယ္ကိုကိုႏိုင္၊ ျမန္မာႏိုင္ငံ႐ိုးရာလက္ေဝွ႔အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးသိန္းေအာင္၊ ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး (ဗဟို) ဥကၠ႒ ဦးတင္ဦးေလး၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးညီညီထြန္းလြင္ တို႔ႏွင့္ ႏိုင္ငံေက်ာ္ အႏုပညာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏိုင္ငံသတင္းမီဒီယာမ်ား၊ အႏု ပညာရွင္မ်ားႏွင့္ ႐ိုးရာလက္ေဝွ႔အဖြဲ႕တို႔အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစု မ်ားက ဆန္၊ ဆီ၊ ပဲ၊ ဆား ရိကၡာအမယ္ေလးမ်ိဳး ေပးအပ္လႉဒါန္းျခင္းႏွင့္ ပတ္သက္၍ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ေပးအပ္လႉဒါန္းသည့္ ဆန္ ၅၀၀ အိတ္၊ ဆီ ၁၀၀၀ ပိႆာ၊ ပဲ ၁၀၀၀ ပိႆာႏွင့္ ဆား ၁၀၀၀ ပိႆာတို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေပးအပ္လႉဒါန္းရာ ျမန္မာႏိုင္ငံသတင္းမီဒီယာမ်ား၊ အႏုပညာရွင္မ်ားႏွင့္ ႐ိုးရာလက္ေဝွ႔အဖြဲ႕တို႔ ကိုယ္စား ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးညီညီထြန္းလြင္က လက္ခံရယူသည္။

ယင္းေနာက္ အစည္းအ႐ုံးမ်ားကိုယ္စား ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ဥကၠ႒ ဟံသာဝတီ ဦးအုန္းႀကိဳင္က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။

အခမ္းအနားအၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ကာ စားေသာက္ဖြယ္ရာမ်ားျဖင့္ တည္ခင္းဧည့္ခံခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။