နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလား ပင်လယ်အော်(Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဧပြီ – ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများလိုက်ပါ၍ ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလား ပင်လယ် အော်(Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေ အထိမ်း အမှတ် ကျောက်တိုင် စိုက်ထူခြင်းအခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက် ချီးမြှင့်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့နယ်သို့ရောက်ရှိကြရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန် ရှိသူများ၊ ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ရပ်မိ ရပ်ဖများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ကိုကိုးကျွန်းလေဆိပ် ဧည့်ခန်းမဆောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံ ပြည်သူများ နေ့လည်စာ စားသုံးနိုင်ရန်အတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလား ပင်လယ် အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာသို့ ရောက်ရှိကြရာ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရေကြောင်း လူငယ်မောင်မယ်များနှင့် ဘင်ခရာအဖွဲ့တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလား ပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာ အောင်မြေ အထိမ်းအမှတ်ကျောက်တိုင်ကို စက် ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က ပင်လယ် နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲ အထိမ်း အမှတ် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည်  ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာ အောင်မြေ အထိမ်းအမှတ် ကျောက်တိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလား ပင်လယ် အော် (Bay of Bengal) ဆက်စပ်နေရာတွင် တည်ရှိပြီး မင်္ဂလာကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းများဖြင့် ပါဝင် ဖွဲ့စည်းထားပြီး ရန်ကုန် မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိသည့် ကျွန်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင်လာရောက်သည့် ကိုကိုးကျွန်းမြို့ ခရီးစဉ်တွင် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလား ပင်လယ်အော် (Bay of Bengal) ဆုံမှတ်နေရာ (Victorious Point)တွင် အထိမ်းအမှတ်ကျောက်တိုင် တစ်ခုကို စိုက်ထူရန် လမ်းညွှန်ချက်အရ ယခုကဲ့သို့ အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ကို စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ် အပိုင်း တစ်ခုဖြစ်သော အရှေ့မြောက်ဘက်ပိုင်း ရေပြင်ဖြစ်ကာ အနောက်နှင့် အနောက် မြောက်ဘက်တွင် အိန္ဒိယ နိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ တောင်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်း တို့ တည်ရှိကြောင်း၊ ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များအနက် ရေပြင် အကျယ်ဆုံး ပင်လယ်အော်ဖြစ်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်( Andaman Sea) သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်အစွန် အဖျားအကျဆုံးရေပြင်ဖြစ်ကာ အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့တစ်လျှောက်ရှိ မြန်မာနိုင်ငံကမ်းရိုးတန်း၊ ထိုင်းနိုင်ငံ ကမ်းရိုးတန်းနှင့် မလေးကျွန်းဆွယ်၊ အနောက် ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်း တို့ တည်ရှိကြောင်း၊ ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာကုန်သွယ်ရေကြောင်း၏ အဓိကအရေးပါ သည့် ရေလက်ကြားတစ်ခုဖြစ်သော မလ္လကာ ရေလက်ကြားနှင့်လည်း ဆက်စပ်တည်ရှိ နေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်၌ ပါလီပါလဲ့ရေလမ်းကြောင်း၊ တောင်ဘက်၌ ကိုကိုး ရေလမ်းကြောင်းများ တည်ရှိပြီး ၎င်းရေလက်ကြားများမှ နှစ်စဉ်နိုင်ငံခြားကုန်သွယ် ရေယာဉ် အစီးရေ ၈၀၀၀ ခန့် ဖြတ်သန်းသွားလာလျက်ရှိသဖြင့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွား အတွက်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်းသိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဗျိုင်းကျွန်းနှင့် ဂျယ်ရီကျွန်းကြား ဆက်စပ်မြေသားလမ်း ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ရှိ အကျဉ်းစခန်းဟောင်းနေရာနှင့် အဆောက် အဦများအား မူလပုံစံအတိုင်း ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ် ဆေးသည်။

 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်းဌာနချုပ် အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ပင်လယ်ပြင်အတွင်းရိုက်ကူးထားသည့် ရေအောက်သဘာဝရှုခင်းများနှင့် ရေနေသတ္တဝါ များကို မှတ်တမ်းတင်သုတေသနပြုရိုက်ကူးထားသည့် Documentary ဗီဒီယိုဖိုင်ကို ကြည့်ရှုကြရာ တာဝန်ရှိသူတစ်ဦးကရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မိမိတို့နိုင်ငံမှပိုင်နက်ပင်လယ်ပြင်အတွင်းရှိ ရေအောက်သယံဇာတများ ပြုန်းတီးမှုမရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ရေအောက် သယံဇာတများ ရေအောက်ရှုခင်းများကို ထုတ်ဖော်ဆောင်ရွက်ခြင်းဖြင့် ခရီးသွား လုပ်ငန်းကိုများစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ရေနေသတ္တဝါများ ပြုန်းတီးမှု မရှိစေရေး ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် သတ်မှတ် ထားသည့် ဥပဒေများကိုကျော်လွန်၍ တရားမဝင်ဖမ်းဆီးမှုများမပြုလုပ်စေရေးနှင့် ရေနေ သတ္တဝါများကို ထိခိုက်စေနိုင်သည့် ဖမ်းဆီးမှုမျိုးများ မပြုလုပ်စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ ပိုင်နက်ပင်လယ်ပြင်အတွင်း ရှားပါးရေနေ သတ္တဝါများကို ဖော်ထုတ်၍ မှတ်တမ်းတင်ဆောင်ရွက်ခြင်းများ ပြုလုပ်ရန်လိုကြောင်း၊ အလားတူ မိမိတို့နိုင်ငံရှိ ပင်လယ်ပြင်အတွင်းရှိသည့် ရေအောက် သယံဇာတများနှင့် ရေနေသတ္တဝါများကို ပြည်သူများသိရှိစေရေး ဗီဒီယိုမှတ်တမ်းများ ရိုက်ကူး၍ ထုတ်ဖော်ပြ သပေးရန်နှင့် ရေသယံဇာတနှင့် ရေသတ္တဝါများ ပြုန်းတီးမှုမရှိစေရေး ပညာပေး အစီအစဉ် များကို ထုတ်လွှင့်ဖော်ပြသွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။