တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် – ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး ညီရင်းအကိုစိတ်ဓာတ်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သြဂုတ်လ ၁ ရက်နေ့တွင် ကျရောက်မည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ (၉၃) နှစ်မြောက် တပ်မတော်ထူထောင်သည့်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များ၊ တပ်မတော်အကြီးအကဲများက တရုတ်နိုင်ငံသို့ ပေးပို့ခဲ့ပြီး မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစောဆုံးပေးပို့ခဲ့ သည့်အတွက် တရုတ်တပ်မတော်မှ ဝမ်းမြောက်ဂုဏ်ယူပြီး တပ်မတော်နှစ်ရပ်အကြား ထူးခြားသည့် နက်ရှိုင်းသော ဆက်ဆံရေးသမိုင်းကြောင်းရှိသည့် အခြေအနေများ၊ COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း မြန်မာ့တပ်မတော်မှ တရုတ်နိုင်ငံသို့ ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးဝါးများ ပေးပို့လှူဒါန်းခဲ့သည့် အခြေအနေ များနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှလည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များစေလွှတ်၍ မြန်မာ့တပ်မတော်သို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းကာ ရောဂါထိန်းချုပ်ကုသရေးဆိုင်ရာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် တရုတ်နိုင်ငံအနေဖြင့် တပ်မတော်၏ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုများအပေါ် နားလည်ထောက်ခံပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လက်တွေ့ကျကျနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့တွင် တပ်မတော်နှစ်ရပ်အကြား သတင်းအချက် အလက်နှင့် နည်းပညာများဖလှယ်ကာ အတူတကွပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် လိုသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား မီဒီယာပိုင်းဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ တပ်မတော်များနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်အတိုင်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒများအတိုင်း အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာရှဒေသ၊ အာဆီယံ ဒေသအတွင်း စစ်ပွဲနှင့် ပဋိပက္ခကို ဦးတည်သည့် မည်သည့် ဖြစ်စဉ်ဖြစ်ရပ်များကိုမဆို မလိုလားဘဲ ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ပြီး ဒေသတွင်းတည်ငြိမ် အေးချမ်းရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်သွားရန်လိုသည့် အခြေအနေများ၊ မြဝတီဘက်တွင် ဆောင်ရွက်လျက်ရှိသည့် ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းသည် တရုတ်နိုင်ငံက ဆောင်ရွက်နေ သည့် OBOR စီမံကိန်းများနှင့် လုံး၀ သက်ဆိုင်ခြင်းမရှိဘဲ ကုမ္ပဏီတစ်ခုမှ လုပ်ဆောင်ခြင်း ဖြစ်ပြီး တရားဥပဒေနှင့်အညီ၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇူလိုင္ – ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏိုင္ငံ ဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Chen Hai  အား ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီးႏွင့္အတူ စစ္သံမႉး Senior Colonel Xiong Shaowei  ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ မိတ္ေဆြေကာင္း၊ မိတ္ေဆြေဟာင္း၊ မဟာဗ်ဴဟာမိတ္ဖက္ႏိုင္ငံမ်ားျဖစ္ၿပီး ညီရင္းအကိုစိတ္ဓာတ္ျဖင့္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးတိုးတက္ေကာင္းမြန္ေအာင္ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ၾသဂုတ္လ ၁ ရက္ေန႔တြင္ က်ေရာက္မည့္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္၏ (၉၃) ႏွစ္ေျမာက္ တပ္မေတာ္ထူေထာင္သည့္ေန႔ အထိမ္းအမွတ္သဝဏ္လႊာကို ႏိုင္ငံအသီးသီးမွ ႏိုင္ငံေခါင္းေဆာင္မ်ား၊ တပ္မေတာ္အႀကီးအကဲမ်ားက တ႐ုတ္ႏိုင္ငံသို႔ ေပးပို႔ခဲ့ၿပီး ျမန္မာ့တပ္မေတာ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အေစာဆုံးေပးပို႔ခဲ့ သည့္အတြက္ တ႐ုတ္တပ္မေတာ္မွ ဝမ္းေျမာက္ဂုဏ္ယူၿပီး တပ္မေတာ္ႏွစ္ရပ္အၾကား ထူးျခားသည့္ နက္ရႈိင္းေသာ ဆက္ဆံေရးသမိုင္းေၾကာင္းရွိသည့္ အေျခအေနမ်ား၊ COVID-19   ေရာဂါျဖစ္ပြားမႈကာလအတြင္း ျမန္မာ့တပ္မေတာ္မွ တ႐ုတ္ႏိုင္ငံသို႔ ေရာဂါကာကြယ္ေရးအေထာက္အကူျပဳ ေဆးဝါးမ်ား ေပးပို႔လႉဒါန္းခဲ့သည့္ အေျခအေန မ်ားႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီႏွင့္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွလည္း ေဆးဘက္ဆိုင္ရာကြၽမ္းက်င္ပညာရွင္မ်ားေစလႊတ္၍ ျမန္မာ့တပ္မေတာ္သို႔ COVID-19   ေရာဂါ ကာကြယ္ေရးအေထာက္အကူျပဳေဆးႏွင့္ ေဆးပစၥည္းမ်ား လႉဒါန္းကာ ေရာဂါထိန္းခ်ဳပ္ကုသေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ အျမင္ခ်င္းဖလွယ္ေဆြးေႏြးႏိုင္ခဲ့ သည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္မွ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားႏွင့္ တ႐ုတ္ႏိုင္ငံအေနျဖင့္ တပ္မေတာ္၏ၿငိမ္းခ်မ္းေရးႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားအေပၚ နားလည္ေထာက္ခံၿပီး ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ လက္ေတြ႕က်က်နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ နယ္စပ္ေဒသလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္း ေရးႏွင့္ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးတို႔တြင္ တပ္မေတာ္ႏွစ္ရပ္အၾကား သတင္းအခ်က္ အလက္ႏွင့္ နည္းပညာမ်ားဖလွယ္ကာ အတူတကြပူးေပါင္းလက္တြဲေဆာင္႐ြက္သြားရန္ လိုသည့္အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား မီဒီယာပိုင္းဆိုင္ရာလုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ တပ္မေတာ္မ်ားႏွင့္ မိတ္ဝတ္မပ်က္ ဆက္ဆံေရး၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး မူႀကီး(၅)ရပ္အတိုင္း ေဆာင္႐ြက္လ်က္ရွိၿပီး ျမန္မာႏိုင္ငံ၏ႏိုင္ငံျခားေရးမူဝါဒမ်ားအတိုင္း အေလးထားလိုက္နာ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ အာရွေဒသ၊ အာဆီယံ ေဒသအတြင္း စစ္ပြဲႏွင့္ ပဋိပကၡကို ဦးတည္သည့္ မည္သည့္ ျဖစ္စဥ္ျဖစ္ရပ္မ်ားကိုမဆို မလိုလားဘဲ ၿငိမ္းခ်မ္းစြာေျဖရွင္းေဆာင္႐ြက္ၿပီး ေဒသတြင္းတည္ၿငိမ္ ေအးခ်မ္းေရးအတြက္ အတူတကြ လက္တြဲေဆာင္႐ြက္သြားရန္လိုသည့္ အေျခအေနမ်ား၊  ျမဝတီဘက္တြင္ ေဆာင္႐ြက္လ်က္ရွိသည့္ ေ႐ႊကုကၠိဳလ္ ၿမိဳ႕သစ္စီမံကိန္းသည္ တ႐ုတ္ႏိုင္ငံက ေဆာင္႐ြက္ေန သည့္ OBOR စီမံကိန္းမ်ားႏွင့္ လုံး၀ သက္ဆိုင္ျခင္းမရွိဘဲ ကုမၸဏီတစ္ခုမွ လုပ္ေဆာင္ျခင္း ျဖစ္ၿပီး တရားဥပေဒႏွင့္အညီ၊ စည္းကမ္းႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေန မ်ားႏွင့္ ႏွစ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈတိုးျမႇင့္ေရး ဆိုင္ရာကိစၥရပ္မ်ားအား ခင္မင္ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။