ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများပေးအပ် လှူဒါန်း

နေပြည်တော်၊ ဇူလိုင် – ၂၀

တပ်မတော်အနေဖြင့် (Covid-19 ) ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း နိုင်ငံ အနှံ့ရှိ အထူးကုဆေးရုံကြီးများ ၊ အထွေထွေရောဂါကု ဆေးရုံကြီးများ၊ ခရိုင်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ (Covid-19 ) ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းလျက်ရှိပြီး ယနေ့မွန်းလွဲပိုင်းတွင်လည်း တပ်မတော်(ကြည်း၊ ရေ၊ လေ)က ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ Coronavirus Disease 2019 (Covid-19 ) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ သန့်ဇင် နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဆေးရုံအုပ်ကြီးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုရာ ဆေးရုံအုပ်ကြီးက လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် ကိုကိုးကျွန်း ဒေသသည် သွားလာမှုခက်ခဲသဖြင့် ကူးစက်ရောဂါဖြစ်ပွားလာပါက မြို့နယ်အဆင့် နှင့်အညီ ရောဂါကာကွယ်ကုသနိုင်ရေး တပ်မတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခု တွင်လည်း (Covid-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရေးအတွက် ယခုကဲ့သို့ လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ (Covid-19) ရောဂါ ဖြစ်ပွားမှုသည် ဇန်နဝါရီလခန့် မှစ၍ ယခုဆိုလျင် ၇ လခန့်ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံ၌ မတ်လ ၂၃ ရက်တွင် စတင်ဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခြင်းခံရသူ ၁၄ သန်း ကျော်ရှိပြီဖြစ်ပြီး နေ့စဉ် လူဦးရေ ၂ သိန်းခွဲခန့်ကူးစက်ခံနေရကြောင်း၊ ကမ္ဘာတစ်ဝန်းနှင့်ယှဉ်၍ ကြည့်မည်ဆိုပါက မိမိတို့ နိုင်ငံ၏ ဖြစ်ပွားမှုပမာဏနည်းပါးသည်ဆိုသော်လည်း သတိဖြင့် ဆင်ခြင်နေထိုင်ကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ (Covid-19) ရောဂါဖြစ်ပွားမှုများမှာလည်း ပြည်တွင်း ကူးစက်မှုနည်းပါးပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများမှ ကူးစက်မှုများပြားသည့် အတွက် ထပ်မံဖြစ်ပေါ်လာနိုင်သည့် ရောဂါကူးစက်မှုအခြေအနေများအတွက် ကြိုတင် ပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ကောင်း မွန်သည် ဖြစ်သောကြောင့် အသိတရားဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော် မှလည်း ကျန်းမာရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုကိုးကျွန်းဒေသသို့လည်း ဆေးရုံသင်္ဘောများစေလွှတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုကိုးကျွန်းဒေသ၏ ကျန်းမာရေးအတွက် နယ်မြေခံ တပ်မှ ဆေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးသွားကြ ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံအတွက် Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical Masks ၂၀၀၀ ခု၊ Glove ၁၀ဘူး၊ OT Gown ၃၀၀ စုံ၊ Hand Wash ၅၀ ဘူး၊ Face Shield ၃၀၀ခု၊Suction Machines ၁ လုံး၊Ultrasound Printer ၁ လုံး၊ Bp Cuff ၂ ခု၊ OT Caps ၃၀၀၊ Stethoscope ၂ ခု၊ Goggles ၁၀၀ ခု၊ Thermogun ၅ ခု နှင့် Pluse Oxymeter ၂ ခု တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းတို့က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန့်ဇင်က လက်ခံရယူသည်။


ယင်းနောက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားရာတွင် ယခုကဲ့သို့ (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံ သုံးပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ကိုကိုးကျွန်းဒေသ၏ ကျန်းမာရေးအတွက် မိမိတို့ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် နှင့် ဒေသခံပြည်သူများစုပေါင်း၍ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြင့် ပြန်လည်ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအုပ်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

ကိုကိုးကြၽန္းၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံသို႔ Covid-19 ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ားေပးအပ္ လႉဒါန္း

ေနျပည္ေတာ္၊ ဇူလိုင္ – ၂၀

တပ္မေတာ္အေနျဖင့္ (Covid-19 ) ေရာဂါျဖစ္ေပၚေနသည့္ ကာလအတြင္း ႏိုင္ငံ အႏွံ႔ရွိ အထူးကုေဆး႐ုံႀကီးမ်ား ၊ အေထြေထြေရာဂါကု ေဆး႐ုံႀကီးမ်ား၊ ခ႐ိုင္ေဆး႐ုံမ်ား၊ ၿမိဳ႕နယ္ေဆး႐ုံမ်ား၊ တိုက္နယ္ေဆး႐ုံမ်ားႏွင့္ ေက်းလက္က်န္းမာေရးဌာနမ်ားသို႔ (Covid-19 ) ေရာဂါကာကြယ္ေရးအေထာက္အကူျပဳ ေဆးႏွင့္ ေဆးပစၥည္းမ်ား၊ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားကို ေပးအပ္လႉဒါန္းလ်က္ရွိၿပီး ယေန႔မြန္းလြဲပိုင္းတြင္လည္း တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)က ကိုကိုးကြၽန္းၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံသို႔ Coronavirus Disease 2019 (Covid-19 ) ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ား ေပးအပ္လႉဒါန္းသည္။

အဆိုပါ လႉဒါန္းပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြႏွင့္ ၿမိဳ႕နယ္ကုသေရးဦးစီးဌာနမႉး၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သန႔္ဇင္ ႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ေဆး႐ုံအုပ္ႀကီးႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆး႐ုံအတြင္း လွည့္လည္ၾကည့္ရႈရာ ေဆး႐ုံအုပ္ႀကီးက လိုက္လံရွင္းလင္းျပသသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Coronavirus Disease 2019 (Covid-19) ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ား ေပးအပ္ လႉဒါန္းျခင္းႏွင့္ ပတ္သက္၍ အမွာစကားေျပာၾကားရာတြင္ ကိုကိုးကြၽန္း ေဒသသည္ သြားလာမႈခက္ခဲသျဖင့္ ကူးစက္ေရာဂါျဖစ္ပြားလာပါက ၿမိဳ႕နယ္အဆင့္ ႏွင့္အညီ ေရာဂါကာကြယ္ကုသႏိုင္ေရး တပ္မေတာ္မွ ကူညီေဆာင္႐ြက္ေပးလ်က္ရွိၿပီး ယခု တြင္လည္း (Covid-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားတြင္ အေထာက္အကူ ျဖစ္ေစေရးအတြက္ ယခုကဲ့သို႔ လာေရာက္ လႉဒါန္းျခင္းျဖစ္ေၾကာင္း၊ (Covid-19) ေရာဂါ ျဖစ္ပြားမႈသည္ ဇန္နဝါရီလခန႔္ မွစ၍ ယခုဆိုလ်င္ ၇ လခန႔္ရွိၿပီျဖစ္ၿပီး မိမိတို႔ႏိုင္ငံ၌ မတ္လ ၂၃ ရက္တြင္ စတင္ျဖစ္ေပၚခဲ့ေၾကာင္း၊ ယေန႔နံနက္ပိုင္းအထိ ကမာၻတစ္ဝန္းတြင္ ကူးစက္ျခင္းခံရသူ ၁၄ သန္း ေက်ာ္ရွိၿပီျဖစ္ၿပီး ေန႔စဥ္ လူဦးေရ ၂ သိန္းခြဲခန႔္ကူးစက္ခံေနရေၾကာင္း၊ ကမာၻတစ္ဝန္းႏွင့္ယွဥ္၍ ၾကည့္မည္ဆိုပါက မိမိတို႔ ႏိုင္ငံ၏ ျဖစ္ပြားမႈပမာဏနည္းပါးသည္ဆိုေသာ္လည္း သတိျဖင့္ ဆင္ျခင္ေနထိုင္ၾက ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ (Covid-19) ေရာဂါျဖစ္ပြားမႈမ်ားမွာလည္း ျပည္တြင္း ကူးစက္မႈနည္းပါးၿပီး ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသူမ်ားမွ ကူးစက္မႈမ်ားျပားသည့္ အတြက္ ထပ္မံျဖစ္ေပၚလာႏိုင္သည့္ ေရာဂါကူးစက္မႈအေျခအေနမ်ားအတြက္ ႀကိဳတင္ ျပင္ဆင္ၾကရမည္ျဖစ္ေၾကာင္း၊ ကာကြယ္ျခင္းသည္ ကုသျခင္းထက္ပိုမိုထိေရာက္ေကာင္း မြန္သည္ ျဖစ္ေသာေၾကာင့္ အသိတရားျဖင့္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ မွလည္း က်န္းမာေရးႏွင့္ ပတ္သက္၍ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ အင္တိုက္အားတိုက္ ေဆာင္႐ြက္ေပးလ်က္ရွိၿပီး ကိုကိုးကြၽန္းေဒသသို႔လည္း ေဆး႐ုံသေဘၤာမ်ားေစလႊတ္ ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ကိုကိုးကြၽန္းေဒသ၏ က်န္းမာေရးအတြက္ နယ္ေျမခံ တပ္မွ ေဆးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ပူးေပါင္း၍ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ေပးသြားၾက ရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ကိုကိုးကြၽန္းၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံအတြက္ Coronavirus Disease 2019(Covid-19) ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ားႏွင့္ ေဆး႐ုံသုံးပစၥည္းမ်ားျဖစ္သည့္ Surgical Masks ၂၀၀၀ ခု၊ Glove ၁၀ဘူး၊ OT Gown ၃၀၀ စုံ၊ Hand Wash ၅၀ ဘူး၊ Face Shield ၃၀၀ခု၊Suction Machines ၁ လုံး၊Ultrasound Printer ၁ လုံး၊ Bp Cuff ၂ ခု၊ OT Caps ၃၀၀၊ Stethoscope ၂ ခု၊ Goggles ၁၀၀ ခု၊ Thermogun ၅ ခု ႏွင့္ Pluse Oxymeter ၂ ခု တို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းတို႔က ေပးအပ္လႉဒါန္းရာ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သန႔္ဇင္က လက္ခံရယူသည္။

ယင္းေနာက္ ေဆး႐ုံအုပ္ႀကီးက ေက်းဇူးတင္စကားျပန္လည္ ေျပာၾကားရာတြင္ ယခုကဲ့သို႔ (Covid-19) ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရး ပစၥည္းမ်ားႏွင့္ ေဆး႐ုံ သုံးပစၥည္းမ်ား ေပးအပ္လႉဒါန္းသည့္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကို အထူးပင္ ေက်းဇူးတင္ရွိပါေၾကာင္း၊ ကိုကိုးကြၽန္းေဒသ၏ က်န္းမာေရးအတြက္ မိမိတို႔ က်န္းမာေရးဝန္ထမ္းမ်ား၊ တပ္မေတာ္ ႏွင့္ ေဒသခံျပည္သူမ်ားစုေပါင္း၍ ကိုယ္စြမ္း၊ ဉာဏ္စြမ္းရွိသမွ် ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျဖင့္ ျပန္လည္ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆး႐ုံအုပ္ႀကီးႏွင့္ အခမ္းအနားသို႔ တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။