တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် အတွင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၊ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ  ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့များနှင့် မြို့မိမြို့ဖများအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံဧည့်ခန်းမဆောင်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်စန်တပ်နယ်၊ တပ်နယ်ခန်းမတို့၌ သီးခြားစီတွေ့ဆုံ၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သက်ဆိုင်ရာမြို့နယ်များအတွက် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်သည်။

အခမ်းအနားများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ မြို့နယ်အလိုက်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိတို့နိုင်ငံ၌ မတ်လမှစ၍ (COVID-19) ရောဂါစတင်ဖြစ်ပေါ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခဲ့ဘဲ ဩဂုတ်လအစောပိုင်းမှစ၍ ရောဂါဖြစ်ပွားမှုများ များပြားမြန်ဆန်လာသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့နံနက်ပိုင်းအထိ ရောဂါဓာတ်ခွဲအတည်ပြု လူနာ ၁၄၀၀ ကျော် ရှိပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှုအများဆုံး ဖြစ်ကာ ရှမ်းပြည်နယ်တွင် ဖြစ်ပွားမှုနှုန်းနည်းပါးသည်ဆိုသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထား လိုက်နာပြီး သတိထား၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုတွေ့ဆုံပွဲများတွင် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း အတိုင်းအတာ တစ်ခုအထိ အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ မနေ့က ညပိုင်းတွင် (COVID-19) ရောဂါနှင့် ပတ်သက်၍ ရှောင်ကျဉ်ရန် လိုအပ်သည်များနှင့် ဆောင်ရွက်ရန်များကို ကျိုင်းတုံမြို့အတွင်း အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်ကိုကြားရပြီး တစ်ဦးချင်းအသိစိတ်ဖြင့် လိုက်နာခြင်းသည် အကောင်းဆုံး ဖြစ်ပါကြောင်း၊ Mask များတပ်ဆင်ရာတွင်လည်း မိမိအတွက် အမှန်တစ်ကယ် ထိရောက်စွာ ကာကွယ်မှုပေးနိုင်မည့် Mask များကို ရွေးချယ်တပ်ဆင်ကြစေလိုကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပြီး မဖြစ်မနေဆောင်ရွက်ရမည့်၊ သွားရောက်ရမည့် ကိစ္စရပ်များရှိပါက Social Distancing Rules များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ရောဂါကာကွယ်ရေးအတွက် မိမိတို့တစ်ဦးချင်း၏ ကျန်းမာရေးကောင်းမွန်မှုသည် အဓိကအရေးကြီးသဖြင့် ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ကြရမည်ဖြစ်ကြောင်း၊ လူတိုင်းသည် သက်ရှည်ကျန်းမာခြင်းကိုလိုလားကြပါကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၆ နှစ်သာရှိပြီး အိမ်နီးချင်းနိုင်ငံများထက် မျှော်မှန်းသက်တမ်းနည်းသည်ကိုတွေ့ရှိရသဖြင့် ကျန်းမာရေးအရ အားနည်းချက်များရှိနေသည်ကို ရိုးရှင်းစွာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်ခံအားကောင်းမွန်စေရန် အာဟာရ ဖြစ်စေသည့် အသားငါးများကို စားသုံးကြရမည်ဖြစ်ကြောင်း၊ ကျိုင်းတုံနှင့် တာချီလိတ် ဒေသများသည် လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဝေးလံသည့်ဒေသများဖြစ်သဖြင့် စားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းကြီးမြင့်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ငွေကြေးတတ်နိုင်သည့်သူများအတွက် သိသာမည်မဟုတ်သော်လည်း သာမာန်လူတန်းစားများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အခက်အခဲ ရှိနိုင်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် ရေခံမြေခံကောင်းများရှိပြီး ဖြစ်သည့်အတွက် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ်ပြီး ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို ကုန်ချောအဆင့်ထုတ်ကုန်များ ဖြစ်လာသည်အထိ အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ဥစားကြက်၊ အသားစားကြက်၊ အသားတိုးနွား၊ အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများသည် ဒေသတွင်း ကောင်းစွာ ဖြစ်ထွန်းသဖြင့် တိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊ စားသောက်ကုန်ပစ္စည်းများကို အခြားဒေသများမှ ဝယ်ယူသုံးစွဲခြင်းထက် မိမိတို့ ဒေသတွင်းစိုက်ပျိုး၍ အရည်အသွေး ပြည့်၀ကောင်းမွန်သည့် ထုတ်ကုန်များကို ထုတ်လုပ်သုံးစွဲခြင်းဖြင့် မိမိဒေသ ဖွံ့ဖြိုးမှုနှင့် ကြွယ်၀မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ်ရာတွင်လည်း ပစ္စည်းချင်း တူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းကောင်းရမည် ဟူသော စကားရပ် နှင့်ယှဉ်၍ ထုတ်လုပ်ကြရမည်ဖြစ်ပါကြောင်း။

မိမိဒေသ၏ ရေခံမြေခံကောင်းများကို အောင်မြင်စွာ အသုံးချလုပ်ကိုင်နိုင်ရန် အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးရမည်ဖြစ်ပြီး ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေပညာသင်ကြားရေးအပြင် ပတ်ဝန်းကျင်သင်ကြားရေးကိုပါ သင်ကြားပေးရန်လိုအပ်ကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် အနိမ့်ဆုံးဖြစ်သည့်အတွက် အားမလိုအားမရဖြစ်ရပါကြောင်း၊ မိမိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တာဝန်ထမ်းဆောင်စဉ်ကတည်းကပင် ပညာရေးကို အားပေးကြရန် တိုက်တွန်းပြောဆိုခဲ့သော်လည်း မျှော်မှန်းထားသည်အခြေအနေသို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း၊ ကျောင်းစတင်တက်ရောက်သည်မှ တက္ကသိုလ်ဝင်တန်းအထိ အသက်အရွယ်နှင့် ပတ်ဝန်းကျင်ကွာခြားမှုကြီးမားစွာ မရှိသော်လည်း တက္ကသိုလ်ပညာ သင်ကြားချိန်တွင် နိုင်ငံအနှံ့နယ်ပယ်ပေါင်းစုံမှ ရောက်ရှိလာသူများနှင့် အတူတကွပညာသင်ကြားရသည်ဖြစ်သည့်အတွက် စာပေပညာရပ်အပြင် အခြားအသိပညာဗဟုသုတမျိုးစုံကို ရရှိစေမည်ဖြစ်ကြောင်း၊ ပညာတတ်မြောက်မှသာလျင် အသိပညာတိုးတက်မည်ဖြစ်ပြီး တက္ကသိုလ်ပညာသည် ဘ၀ရပ်တည်ချက်အတွက် အရေးပါသောကြောင့် မြို့မိ၊ မြို့ဖများ အနေဖြင့် မိမိဒေသတွင် နေထိုင်သည့် တိုင်းရင်းသားညီအစ်ကိုအားလုံး၏ ပညာရေး တိုးတက်မှုရှိစေရန် အလေးထားအားပေးတိုက်တွန်းကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး ထိုအထဲမှ ၅၀ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို တိုက်ရိုက်လုပ်ကိုင် ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးဝမ်းကြောင်းပြုနေရသည်ဖြစ်သည့် အတွက် ယခုထက် ပိုမို ကောင်းမွန်ပြီး ဝင်ငွေကောင်းသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မိမိတို့ နယ်မြေဒေသများအတွင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးလုပ်ငန်းများကို ယခုထက်ပိုမို တင်းကြပ်စွာဆောင်ရွက်စေလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ ကျိုင်းတုံမြို့နယ်အတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် ဘိန်းဖြူ ၃ ကီလိုဂရမ်၊ ဘိန်းစိမ်း ဒသမ ၇ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ပြား၊ အိုက်စ် ၁၃၇၆ ကီလိုဂရမ် စုစုပေါင်း မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄ ဒသမ ၄၇ ဘီလီယံကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း။

ကျိုင်းတုံမြို့သာယာလှပရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံလူထုတို့ ဝိုင်းဝန်း လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့တွင်း၌ ရှေးဟောင်းယဉ်ကျေးမှုလက်ရာ များပါဝင်သည့် အဆောက်အဦးများကို သီးသန့်သတ်မှတ်ပြီး ထိန်းသိမ်းထားရှိကာ နောင်အနာဂတ်တွင် သမိုင်းဝင်အဆောက်အဦများအဖြစ် ပြသနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားနေရာများတွင် ခေတ်မီအဆောက်အဦးများ တည်ဆောက်ခြင်းကို အားပေးကာ ခေတ်မီသည့်မြို့အဖြစ်သို့ ရောက်ရှိအောင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ယခင်က ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး လွတ်လပ်ရေးရရှိပြီးသည့် နောက်ပိုင်းတွင် ဘုရင်စနစ်အသုံးပြုခြင်း မရှိတော့ဘဲ နယ်ချဲ့တို့၏သွေးခွဲအုပ်ချုပ်မှုများ၊ တိုင်းရင်းသားရေး၊ ဘာသာရေးဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများပေါ်ပေါက်လာခဲ့ပါကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ စနစ်ကိုကျင့်သုံးသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများသည် ပါတီစုံဒီမိုကရေစီလျှောက်လှမ်းမှုတွင် အနှောင့်အယှက်အဟန့်အတား ဖြစ်စေပါကြောင်း၊ SSPP/SSA အဖွဲ့အား ဝမ်ဟိုင်းဒေသတွင်သာခွင့်ပြုပေးထားကြောင်း၊ တပ်မတော်အနေ ဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာ၀ရငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏အခြေခံမူဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှုခြင်း တူညီမှုမရှိဘဲ မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ပထဝီရေမြေအနေအထားနှင့် ကိုက်ညီသည့်စနစ်ကိုသာ ကျင့်သုံးကြသည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီမည့် အုပ်ချုပ်မှုစနစ်မျိုးကိုသာ ရွေးချယ်ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ မည်သို့သော အုပ်ချုပ်မှုစနစ်ကို ကျင့်သုံးသည်ဖြစ်စေ တပ်မတော်နှင့် ပြည်သူတစ်သားတည်းဖြစ်နေရမည်ဖြစ်ပြီး တိုင်းပြည် ကောင်းရာ ကောင်းကျိုးအတွက် အတူတကွလက်တွဲဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မကြာမီတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင်လည်း ဒေသအတွက်၊ နိုင်ငံ့အတွက်အကျိုးပြုမည့်သူများကို ရွေးချယ်၍ ဆန္ဒမဲပေးကြစေလိုကြောင်း၊ ပါတီမူဝါဒကို ကြည့်သကဲ့သို့ ရွေးကောက်ခံမည့် ကိုယ်စားလှယ်များကို လည်းကြည့်ရမည် ဖြစ်ကြောင်း၊ ဖိအားဖြင့်မဲပေးစေခြင်းနှင့် ခြိမ်းခြောက်၍ မဲပေးစေခြင်းများမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ဖြစ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများအားလုံး တိုင်းပြည်၏ ကောင်းရာကောင်းကျိုးကို လက်တွဲဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ များဖြင့် ဆောင်ရွက်၍မရဘဲ အမှန်တစ်ကယ်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် သူများကို ရွေးချယ်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေအနေကောင်းများကို ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး အနာဂတ်ကို လူငယ် မျိုးဆက်သစ်များက ဆက်လက်လျှောက်လှမ်းကြရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသူများအားလုံး ကျန်းမာချမ်းသာပါစေကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်ကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ကျိုင်းတုံမြို့၊ နောင်တုံ ကန်ပတ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားဆွေးနွေး တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဆွေးနွေးအကြံပြု ပြောကြားသည်။

ထို့နောက် ကျိုင်းတုံမြို့နှင့် နမ့်စန်မြို့အတွက် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများကို တစ်မြို့လျင် Surgical Mask ၂၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ စုံ၊ N 95 Mask ၁၀၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypo- chloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးတို့ကို လည်းကောင်း၊ စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ ကျိုင်းတုံမြို့၊ မြို့မိမြို့ဖများ ဖြစ်သည့် ဦးစိုင်းတစ်အောင်၊ ဦးဟောင်ခမ်းနှင့် ဦးဆမ်သန်းတို့နှင့် နမ့်စန်မြို့၊ မြို့မိမြို့ဖများ ဖြစ်သည့် ဦးစိုင်းလိတ်၊ ဦးခွန်ကျော်လှ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးအောင်စည် တို့က အသီးသီးလက်ခံရယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်းနှင့် လွိုင်လင်ခရိုင်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင့်ဇော်ဦးတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့များနှင့် မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအပြီး တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံ မြို့ကျက်သရေ ဆောင် နောင်တုံရေကန်သို့ရောက်ရှိကြပြီး နောင်တုံကန်သာယာလှပရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းမှုများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကန်ပတ်လမ်းအဆင့်မြှင့်တင်နေမှု၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းပြုလုပ်နေမှုအခြေအနေများအား ကြည့်ရှု ကြရာ ကျိုင်းတုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ များက ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြ မှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များပြန်လည် ဆွေးနွေးခဲ့ပြီး နောင်တုံကန်ပတ်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ရွမ္းျပည္နယ္ အတြင္းမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို ထိေရာက္စြာေဆာင္႐ြက္ ႏိုင္ခဲ့ၾကသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခ်ီးျမႇင့္၊ (COVID-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္

ေနျပည္ေတာ္၊ စက္တင္ဘာ  ၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) နမ့္စန္ၿမိဳ႕နယ္တို႔မွ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ နယ္ေျမခံတပ္မေတာ္သားမ်ား၊ ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕မ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားအား ႀတိဂံေဒသ တိုင္းစစ္ဌာနခ်ဳပ္၊ ေ႐ႊႀတိဂံဧည့္ခန္းမေဆာင္ႏွင့္ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ နမ့္စန္တပ္နယ္၊ တပ္နယ္ခန္းမတို႔၌ သီးျခားစီေတြ႕ဆုံ၍ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္း ေရး လုပ္ငန္းမ်ားကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္ခဲ့ၾကသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားႏွင့္ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားအတြက္ (COVID-19) ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းအေထာက္အကူျပဳပစၥည္းမ်ားကို ေပးအပ္သည္။

အခမ္းအနားမ်ားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တိုင္းမႉးမ်ား၊ ၿမိဳ႕နယ္အလိုက္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ နယ္ေျမခံတပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္ (ဌာေန) အဖြဲ႕ဝင္မ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မူးယစ္ေဆးဝါးဖမ္းဆီးရာတြင္ လုပ္ငန္းေအာင္ျမင္ေအာင္ ေဆာင္႐ြက္ခဲ့သည့္အတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ျခင္း၊ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းအေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္ျခင္းႏွင့္ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ မိမိတို႔ႏိုင္ငံ၌ မတ္လမွစ၍ (COVID-19) ေရာဂါစတင္ျဖစ္ေပၚခဲ့ၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ မျဖစ္ခဲ့ဘဲ ဩဂုတ္လအေစာပိုင္းမွစ၍ ေရာဂါျဖစ္ပြားမႈမ်ား မ်ားျပားျမန္ဆန္လာသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ယေန႔နံနက္ပိုင္းအထိ ေရာဂါဓာတ္ခြဲအတည္ျပဳ လူနာ ၁၄၀၀ ေက်ာ္ ရွိၿပီျဖစ္ေၾကာင္း၊ ရခိုင္ျပည္နယ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔တြင္ ျဖစ္ပြားမႈအမ်ားဆုံး ျဖစ္ကာ ရွမ္းျပည္နယ္တြင္ ျဖစ္ပြားမႈႏႈန္းနည္းပါးသည္ဆိုေသာ္လည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ေရာဂါကာကြယ္ေရးဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားကို အေလးထား လိုက္နာၿပီး သတိထား၍ ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ယခုေတြ႕ဆုံပြဲမ်ားတြင္ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳေဆးႏွင့္ ေဆးပစၥည္းမ်ားကို ေထာက္ပံ့ေပးအပ္သြားမည္ျဖစ္ၿပီး ျပည့္စုံသည္ဟု မဆိုႏိုင္ေသာ္လည္း အတိုင္းအတာ တစ္ခုအထိ အေထာက္အပံ့ျဖစ္ေစႏိုင္မည္ ျဖစ္ေၾကာင္း၊ မေန႔က ညပိုင္းတြင္ (COVID-19) ေရာဂါႏွင့္ ပတ္သက္၍ ေရွာင္က်ဥ္ရန္ လိုအပ္သည္မ်ားႏွင့္ ေဆာင္႐ြက္ရန္မ်ားကို က်ိဳင္းတုံၿမိဳ႕အတြင္း အသံခ်ဲ႕စက္မ်ားျဖင့္ လိုက္လံအသိေပးႏႈိးေဆာ္လ်က္ရွိသည္ကိုၾကားရၿပီး တစ္ဦးခ်င္းအသိစိတ္ျဖင့္ လိုက္နာျခင္းသည္ အေကာင္းဆုံး ျဖစ္ပါေၾကာင္း၊ Mask မ်ားတပ္ဆင္ရာတြင္လည္း မိမိအတြက္ အမွန္တစ္ကယ္ ထိေရာက္စြာ ကာကြယ္မႈေပးႏိုင္မည့္ Mask မ်ားကို ေ႐ြးခ်ယ္တပ္ဆင္ၾကေစလိုေၾကာင္း၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ သတ္မွတ္ခ်က္မ်ားအတိုင္း ေဆာင္႐ြက္ၾကရန္လိုအပ္မည္ျဖစ္ၿပီး မျဖစ္မေနေဆာင္႐ြက္ရမည့္၊ သြားေရာက္ရမည့္ ကိစၥရပ္မ်ားရွိပါက Social Distancing Rules မ်ားအတိုင္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

ေရာဂါကာကြယ္ေရးအတြက္ မိမိတို႔တစ္ဦးခ်င္း၏ က်န္းမာေရးေကာင္းမြန္မႈသည္ အဓိကအေရးႀကီးသျဖင့္ ကိုယ္ခံအားေကာင္းေအာင္ ေနထိုင္စားေသာက္ၾကရမည္ျဖစ္ေၾကာင္း၊ လူတိုင္းသည္ သက္ရွည္က်န္းမာျခင္းကိုလိုလားၾကပါေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းသည္ ၆၆ ႏွစ္သာရွိၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားထက္ ေမွ်ာ္မွန္းသက္တမ္းနည္းသည္ကိုေတြ႕ရွိရသျဖင့္ က်န္းမာေရးအရ အားနည္းခ်က္မ်ားရွိေနသည္ကို ႐ိုးရွင္းစြာ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ကိုယ္ခံအားေကာင္းမြန္ေစရန္ အာဟာရ ျဖစ္ေစသည့္ အသားငါးမ်ားကို စားသုံးၾကရမည္ျဖစ္ေၾကာင္း၊ က်ိဳင္းတုံႏွင့္ တာခ်ီလိတ္ ေဒသမ်ားသည္ လမ္းပန္းဆက္သြယ္မႈခက္ခဲၿပီး ေဝးလံသည့္ေဒသမ်ားျဖစ္သျဖင့္ စားေသာက္ကုန္ပစၥည္းမ်ား ကုန္ေဈးႏႈန္းႀကီးျမင့္လ်က္ရွိသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ေငြေၾကးတတ္ႏိုင္သည့္သူမ်ားအတြက္ သိသာမည္မဟုတ္ေသာ္လည္း သာမာန္လူတန္းစားမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ အခက္အခဲ ရွိႏိုင္မည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္သည္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ေရခံေျမခံေကာင္းမ်ားရွိၿပီး ျဖစ္သည့္အတြက္ ေဒသတြင္းစိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ျဖစ္ထြန္းေအာင္ျမင္ေအာင္ ေဆာင္႐ြက္၍ ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးႏိုင္ရမည္ျဖစ္ၿပီး ေဒသထြက္ ကုန္ၾကမ္းပစၥည္းမ်ားကို ကုန္ေခ်ာအဆင့္ထုတ္ကုန္မ်ား ျဖစ္လာသည္အထိ အဆင့္ျမႇင့္တင္ ထုတ္လုပ္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ဥစားၾကက္၊ အသားစားၾကက္၊ အသားတိုးႏြား၊ အသားတိုးဝက္ ေမြးျမဴေရးလုပ္ငန္းမ်ားသည္ ေဒသတြင္း ေကာင္းစြာ ျဖစ္ထြန္းသျဖင့္ တိုးခ်ဲ႕ေဆာင္႐ြက္သင့္ေၾကာင္း၊ စားေသာက္ကုန္ပစၥည္းမ်ားကို အျခားေဒသမ်ားမွ ဝယ္ယူသုံးစြဲျခင္းထက္ မိမိတို႔ ေဒသတြင္းစိုက္ပ်ိဳး၍ အရည္အေသြး ျပည့္၀ေကာင္းမြန္သည့္ ထုတ္ကုန္မ်ားကို ထုတ္လုပ္သုံးစြဲျခင္းျဖင့္ မိမိေဒသ ဖြံ႕ၿဖိဳးမႈႏွင့္ ႂကြယ္၀မႈကို ေဖာ္ေဆာင္ႏိုင္မည္ျဖစ္ပါေၾကာင္း၊ ထုတ္ကုန္မ်ား ထုတ္လုပ္ရာတြင္လည္း ပစၥည္းခ်င္း တူပါက ေဈးႏႈန္းသက္သာရမည္၊ ေဈးႏႈန္းခ်င္းတူပါက ပစၥည္းေကာင္းရမည္ ဟူေသာ စကားရပ္ ႏွင့္ယွဥ္၍ ထုတ္လုပ္ၾကရမည္ျဖစ္ပါေၾကာင္း။

မိမိေဒသ၏ ေရခံေျမခံေကာင္းမ်ားကို ေအာင္ျမင္စြာ အသုံးခ်လုပ္ကိုင္ႏိုင္ရန္ အတြက္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား လိုအပ္မည္ျဖစ္သျဖင့္ ပညာေရးကို အားေပးရမည္ျဖစ္ၿပီး ပညာေရးႏွင့္ပတ္သက္၍ ေက်ာင္းေနပညာသင္ၾကားေရးအျပင္ ပတ္ဝန္းက်င္သင္ၾကားေရးကိုပါ သင္ၾကားေပးရန္လိုအပ္ေၾကာင္း၊ ယခုႏွစ္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္မႈတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သည္ အနိမ့္ဆုံးျဖစ္သည့္အတြက္ အားမလိုအားမရျဖစ္ရပါေၾကာင္း၊ မိမိ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ တာဝန္ထမ္းေဆာင္စဥ္ကတည္းကပင္ ပညာေရးကို အားေပးၾကရန္ တိုက္တြန္းေျပာဆိုခဲ့ေသာ္လည္း ေမွ်ာ္မွန္းထားသည္အေျခအေနသို႔ ေရာက္ရွိလာျခင္းမရွိေသးေၾကာင္း၊ ေက်ာင္းစတင္တက္ေရာက္သည္မွ တကၠသိုလ္ဝင္တန္းအထိ အသက္အ႐ြယ္ႏွင့္ ပတ္ဝန္းက်င္ကြာျခားမႈႀကီးမားစြာ မရွိေသာ္လည္း တကၠသိုလ္ပညာ သင္ၾကားခ်ိန္တြင္ ႏိုင္ငံအႏွံ႔နယ္ပယ္ေပါင္းစုံမွ ေရာက္ရွိလာသူမ်ားႏွင့္ အတူတကြပညာသင္ၾကားရသည္ျဖစ္သည့္အတြက္ စာေပပညာရပ္အျပင္ အျခားအသိပညာဗဟုသုတမ်ိဳးစုံကို ရရွိေစမည္ျဖစ္ေၾကာင္း၊ ပညာတတ္ေျမာက္မွသာလ်င္ အသိပညာတိုးတက္မည္ျဖစ္ၿပီး တကၠသိုလ္ပညာသည္ ဘ၀ရပ္တည္ခ်က္အတြက္ အေရးပါေသာေၾကာင့္ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ား အေနျဖင့္ မိမိေဒသတြင္ ေနထိုင္သည့္ တိုင္းရင္းသားညီအစ္ကိုအားလုံး၏ ပညာေရး တိုးတက္မႈရွိေစရန္ အေလးထားအားေပးတိုက္တြန္းၾကေစလိုေၾကာင္း၊ မိမိတို႔ ႏိုင္ငံ လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနသူမ်ားျဖစ္ၿပီး ထိုအထဲမွ ၅၀ ရာခိုင္ႏႈန္းသည္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းကို တိုက္႐ိုက္လုပ္ကိုင္ ေဆာင္႐ြက္ေနသူမ်ားျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ အသက္ေမြးဝမ္းေၾကာင္းျပဳေနရသည္ျဖစ္သည့္ အတြက္ ယခုထက္ ပိုမို ေကာင္းမြန္ၿပီး ဝင္ေငြေကာင္းသည့္ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ား ျဖစ္ေစရန္ ႀကိဳးပမ္း ေဆာင္႐ြက္ၾကေစလိုေၾကာင္း။

မူးယစ္ေဆးဝါးႏွင့္ ပတ္သက္၍ မိမိတို႔ နယ္ေျမေဒသမ်ားအတြင္း မူးယစ္ေဆးဝါး တားဆီး ႏွိမ္ႏွင္းေရးလုပ္ငန္းမ်ားကို ယခုထက္ပိုမို တင္းၾကပ္စြာေဆာင္႐ြက္ေစလိုေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွ ဩဂုတ္လ ၃၁ ရက္အထိ က်ိဳင္းတုံၿမိဳ႕နယ္အတြင္း တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားမွ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈအေနျဖင့္ ဘိန္းျဖဴ ၃ ကီလိုဂရမ္၊ ဘိန္းစိမ္း ဒသမ ၇ ကီလိုဂရမ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၆၀၀၀ ျပား၊ အိုက္စ္ ၁၃၇၆ ကီလိုဂရမ္ စုစုေပါင္း မူးယစ္ေဆးဝါးမ်ား ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၃၄ ဒသမ ၄၇ ဘီလီယံေက်ာ္ကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း။

က်ိဳင္းတုံၿမိဳ႕သာယာလွပေရးအတြက္ ဌာနဆိုင္ရာမ်ားႏွင့္ ေဒသခံလူထုတို႔ ဝိုင္းဝန္း လက္တြဲေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ၿမိဳ႕တြင္း၌ ေရွးေဟာင္းယဥ္ေက်းမႈလက္ရာ မ်ားပါဝင္သည့္ အေဆာက္အဦးမ်ားကို သီးသန႔္သတ္မွတ္ၿပီး ထိန္းသိမ္းထားရွိကာ ေနာင္အနာဂတ္တြင္ သမိုင္းဝင္အေဆာက္အဦမ်ားအျဖစ္ ျပသႏိုင္ေရး ေဆာင္႐ြက္ရမည္ျဖစ္ၿပီး အျခားေနရာမ်ားတြင္ ေခတ္မီအေဆာက္အဦးမ်ား တည္ေဆာက္ျခင္းကို အားေပးကာ ေခတ္မီသည့္ၿမိဳ႕အျဖစ္သို႔ ေရာက္ရွိေအာင္ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံတြင္ ယခင္က ဘုရင္စနစ္ျဖင့္ အုပ္ခ်ဳပ္ခဲ့ၿပီး လြတ္လပ္ေရးရရွိၿပီးသည့္ ေနာက္ပိုင္းတြင္ ဘုရင္စနစ္အသုံးျပဳျခင္း မရွိေတာ့ဘဲ နယ္ခ်ဲ႕တို႔၏ေသြးခြဲအုပ္ခ်ဳပ္မႈမ်ား၊ တိုင္းရင္းသားေရး၊ ဘာသာေရးဆိုင္ရာ သေဘာထားကြဲလြဲမႈမ်ားေၾကာင့္ လက္နက္ကိုင္ ပဋိပကၡမ်ားေပၚေပါက္လာခဲ့ပါေၾကာင္း၊ လက္ရွိတြင္ မိမိတို႔ႏိုင္ငံသည္ ပါတီစုံဒီမိုကေရစီ စနစ္ကိုက်င့္သုံးသည့္ ျပည္ေထာင္စုႏိုင္ငံေတာ္ျဖစ္ၿပီး လက္နက္ကိုင္ပဋိပကၡမ်ားသည္ ပါတီစုံဒီမိုကေရစီေလွ်ာက္လွမ္းမႈတြင္ အေႏွာင့္အယွက္အဟန႔္အတား ျဖစ္ေစပါေၾကာင္း၊ SSPP/SSA အဖြဲ႕အား ဝမ္ဟိုင္းေဒသတြင္သာခြင့္ျပဳေပးထားေၾကာင္း၊ တပ္မေတာ္အေန ျဖင့္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၏အေျခခံမူျဖစ္သည့္ တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA အတိုင္း ခိုင္ခိုင္မာမာ ရပ္တည္ေလွ်ာက္လွမ္းသြားမည္ ျဖစ္ေၾကာင္း။

ကမာၻ႔ႏိုင္ငံမ်ားႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ ဒီမိုကေရစီစနစ္၊ ဖက္ဒရယ္စနစ္ကို က်င့္သုံးလ်က္ရွိေသာ္လည္း တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ က်င့္သုံးမႈျခင္း တူညီမႈမရွိဘဲ မိမိႏိုင္ငံ၏ ႐ိုးရာယဥ္ေက်းမႈစ႐ိုက္လကၡဏာႏွင့္ ပထဝီေရေျမအေနအထားႏွင့္ ကိုက္ညီသည့္စနစ္ကိုသာ က်င့္သုံးၾကသည္ျဖစ္သည့္အတြက္ မိမိတို႔ႏိုင္ငံအေနျဖင့္လည္း မိမိတို႔ႏိုင္ငံႏွင့္ ကိုက္ညီမည့္ အုပ္ခ်ဳပ္မႈစနစ္မ်ိဳးကိုသာ ေ႐ြးခ်ယ္က်င့္သုံးၾကရမည္ျဖစ္ေၾကာင္း၊ မည္သို႔ေသာ အုပ္ခ်ဳပ္မႈစနစ္ကို က်င့္သုံးသည္ျဖစ္ေစ တပ္မေတာ္ႏွင့္ ျပည္သူတစ္သားတည္းျဖစ္ေနရမည္ျဖစ္ၿပီး တိုင္းျပည္ ေကာင္းရာ ေကာင္းက်ိဳးအတြက္ အတူတကြလက္တြဲေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း။

မၾကာမီတြင္ က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲတြင္လည္း ေဒသအတြက္၊ ႏိုင္ငံ့အတြက္အက်ိဳးျပဳမည့္သူမ်ားကို ေ႐ြးခ်ယ္၍ ဆႏၵမဲေပးၾကေစလိုေၾကာင္း၊ ပါတီမူဝါဒကို ၾကည့္သကဲ့သို႔ ေ႐ြးေကာက္ခံမည့္ ကိုယ္စားလွယ္မ်ားကို လည္းၾကည့္ရမည္ ျဖစ္ေၾကာင္း၊ ဖိအားျဖင့္မဲေပးေစျခင္းႏွင့္ ၿခိမ္းေျခာက္၍ မဲေပးေစျခင္းမ်ားမရွိေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး လြတ္လပ္၍ တရားမွ်တေသာေ႐ြးေကာက္ပြဲ ျဖစ္ရန္ လိုအပ္မည္ ျဖစ္ေၾကာင္း၊ အစိုးရ၊ ျပည္သူ၊ တပ္မေတာ္ႏွင့္ ႏိုင္ငံေရးပါတီမ်ားအားလုံး တိုင္းျပည္၏ ေကာင္းရာေကာင္းက်ိဳးကို လက္တြဲေဆာင္႐ြက္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ပါတီစြဲ၊ ပုဂၢိဳလ္စြဲ မ်ားျဖင့္ ေဆာင္႐ြက္၍မရဘဲ အမွန္တစ္ကယ္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ႏိုင္မည့္ သူမ်ားကို ေ႐ြးခ်ယ္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အေျခအေနေကာင္းမ်ားကို ဖန္တီးေပးႏိုင္ရမည္ျဖစ္ၿပီး အနာဂတ္ကို လူငယ္ မ်ိဳးဆက္သစ္မ်ားက ဆက္လက္ေလွ်ာက္လွမ္းၾကရမည္ျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္အတြင္း ေနထိုင္ၾကသူမ်ားအားလုံး က်န္းမာခ်မ္းသာပါေစေၾကာင္းႏွင့္ စီးပြားေရးလုပ္ငန္းမ်ား ျဖစ္ထြန္း ေအာင္ျမင္ၾကေစရန္ ဆုမြန္ေကာင္းေတာင္းပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ရပ္မိရပ္ဖမ်ားက ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားႏွင့္ က်ိဳင္းတုံၿမိဳ႕၊ ေနာင္တုံ ကန္ပတ္လမ္း အဆင့္ျမႇင့္တင္ေဆာင္႐ြက္ၿပီးစီးမႈ အေျခအေနမ်ားအားေဆြးေႏြး တင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္ေဆြးေႏြးအႀကံျပဳ ေျပာၾကားသည္။

ထို႔ေနာက္ က်ိဳင္းတုံၿမိဳ႕ႏွင့္ နမ့္စန္ၿမိဳ႕အတြက္ (COVID-19) ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရးအေထာက္အကူျပဳပစၥည္းမ်ားကို တစ္ၿမိဳ႕လ်င္ Surgical Mask ၂၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ္စုံ ၃၀၀ စုံ၊ N 95 Mask ၁၀၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypo- chloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးတို႔ကို လည္းေကာင္း၊ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကို လည္းေကာင္း ေပးအပ္ရာ က်ိဳင္းတုံၿမိဳ႕၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား ျဖစ္သည့္ ဦးစိုင္းတစ္ေအာင္၊ ဦးေဟာင္ခမ္းႏွင့္ ဦးဆမ္သန္းတို႔ႏွင့္ နမ့္စန္ၿမိဳ႕၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား ျဖစ္သည့္ ဦးစိုင္းလိတ္၊ ဦးခြန္ေက်ာ္လွ၊ ၿမိဳ႕နယ္သမဝါယမအသင္းစုဥကၠဌ ဦးေအာင္စည္ တို႔က အသီးသီးလက္ခံရယူၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မူးယစ္ေဆးဝါးဖမ္းဆီးရာတြင္ လုပ္ငန္းေအာင္ျမင္ေအာင္ ေဆာင္႐ြက္ခဲ့သည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခ်ီးျမႇင့္ရာ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ေအးသိန္းႏွင့္ လြိဳင္လင္ခ႐ိုင္၊ ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး တင့္ေဇာ္ဦးတို႔က လက္ခံရယူၾကသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ခဲ့ၾကသည္။

က်ိဳင္းတုံၿမိဳ႕၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ နယ္ေျမခံတပ္မေတာ္သားမ်ား၊ ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕မ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႕ဆုံပြဲအၿပီး တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ က်ိဳင္းတုံ ၿမိဳ႕က်က္သေရ ေဆာင္ ေနာင္တုံေရကန္သို႔ေရာက္ရွိၾကၿပီး ေနာင္တုံကန္သာယာလွပေရးအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၊ အလႉရွင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား စုေပါင္းလႉဒါန္းမႈမ်ားျဖင့္ ေဆာင္႐ြက္လ်က္ရွိသည့္ ကန္ပတ္လမ္းအဆင့္ျမႇင့္တင္ေနမႈ၊ ကြန္ကရစ္လမ္းခင္းျခင္းႏွင့္ ေရႏုတ္ေျမာင္းျပဳလုပ္ေနမႈအေျခအေနမ်ားအား ၾကည့္ရႈ ၾကရာ က်ိဳင္းတုံၿမိဳ႕နယ္၊ စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖ မ်ားက ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပၾကသည္။ ရွင္းလင္းတင္ျပ မႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ားျပန္လည္ ေဆြးေႏြးခဲ့ၿပီး ေနာင္တုံကန္ပတ္လမ္းတစ္ေလွ်ာက္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ ၾကည့္ရႈ ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။