အင်းလေးကန် ရေရှည်တည်တံ့သန့်ရှင်းစေရေးအထောက်အကူဖြစ်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ အင်းလေးကန်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါကျော်ကြားသည့် ကန်ကြီးတစ်ခုဖြစ်သကဲ့သို့ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရားများသည်လည်း ဗုဒ္ဓဘာသာဝင်များအကြားတွင် ထင်ရှားကျော်ကြားသည့် သာသနာ့အမွေအနှစ်များဖြစ်သည်။ ထို့ပြင် အင်းလေးဒေသ၏ ထူးခြားချက်အနေဖြင့် လှေလှော်ရာတွင် လက်ဖြင့်သာမက ခြေထောက်ဖြင့်ပါ လှော်ခတ်နိုင်ကြသဖြင့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားမှုရရှိထားပြီး အင်းလေးဖောင်တော်ဦးဘုရားကြီးကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများလာရောက်ဖူးမြော်ခြင်း၊ ကမ္ဘာလှည့်ခရီးသွားများလာရောက် လေ့လာခြင်းကြောင့် အင်းလေးဒေသ၏ လူနေမှုစီးပွားဘ၀များ များစွာတိုးတက်လျက်ရှိသည်ကို တွေ့ရှိရသည်။

အင်းလေးကန်အတွင်း ပလပ်စတစ်များနှင့် အမှိုက်များကင်းစင်ရေးသည် ဒေသအတွက် အလွန်အရေးကြီးသဖြင့် ပလပ်စတစ်ကို မဖြစ်မနေသုံးစွဲပါကလည်း စနစ်တကျဖြင့် စွန့်ပစ်ရမည်ဖြစ်သည်။ ပလပ်စတစ်သည် အင်းလေးဒေသတွင်သာမက ကမ္ဘာ့ပင်လယ်များတွင်ပါ များပြားလျက်ရှိပြီး ရေနေသတ္တဝါများနှင့် သဘာ၀သယံဇာတများကို ပျက်စီးယိုယွင်းအောင် ခြိမ်းခြောက်လျက်ရှိသဖြင့် အင်းလေးဒေသခံများ၊ အုပ်ချုပ်သူများနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်း၍ ထိန်းသိမ်းကြရန်အထူးလိုအပ်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် အင်းလေးဒေသသို့ လာရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်၌ ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အင်းလေးကန်၏ ဧရိယာအကျယ်အဝန်းသည် ဗေဒါ၊ ဒိုက်၊ နုန်းအနည်အနှစ်များနှင့် အမှိုက်စွန့်ပစ်မှုများကြောင့် ယခင်ထက် ဧရိယာပိုမိုကျဉ်းမြောင်းလာပြီး ရေလျော့နည်းလာသည့် အခြေအနေများနှင့် အင်းလေးကန်ရေရှည်တည်တံ့ပြီး စိမ်းလန်းစိုပြေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ရာ ဒေသခံများက အင်းလေးကန်အတွင်း ရေစီးရေလာကောင်းမွန်ရန်နှင့် ရေဝပ်ဧရိယာပိုမို ကျယ်ပြန့်စေရေး သန့်ရှင်းရေးပြုလုပ်ရန်လိုအပ်သည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဒေသခံများ၏ တင်ပြချက်များနှင့် အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးကို လှူဒါန်းခဲ့ပြီး အဆိုပါယာဉ် ၂ စီးသည် စက်တင်ဘာလ ပထမအပတ်တွင် အင်းလေးဒေသသို့ ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၈ ရက်တွင် ယာဉ်များအား အင်းလေးကန်အတွင်း စမ်းသပ်မောင်းနှင်၍ အမှိုက်၊ ဒိုက်နှင့် ဗေဒါများကို စတင်ရှင်းလင်းလျက်ရှိပြီး အင်းလေးဒေသ ရေရှည်သန့်ရှင်းတည်တံ့ရေး ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဒေသခံများနှင့် သက်ဆိုင်ရာဌာနများသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester စက်သည် ကနေဒါ နိုင်ငံထုတ် Aquamarine အမှတ်တံဆိပ်ဖြစ်ပြီး တစ်စီးလျင် ငွေကျပ် ၂၄၆၀ သိန်းတန်ဖိုး ရှိကြောင်း၊ ယာဉ်အလေးချိန် ၃ တန်ခန့်ရှိပြီး ဒိုက်နှင့် အမှိုက်သယ်နိုင်ဝန် ၂၀၁ ကုဗပေ ခန့်တင်ဆောင်နိုင်ကြောင်း၊ တစ်နာရီလျင် ဒိုက်နှင့် အမှိုက် ၂၀၀ ကုဗပေ ရှင်းလင်းနိုင်ကာ တစ်ရက်လျင် ၁၆၀၀ ကုဗပေ ရှင်းလင်းနိုင်မည်ဖြစ်ကြောင်း၊ ရှင်းလင်းရာတွင် ဒိုက်များအား ထိုးကော်ဖြတ်တောက်ခြင်း၊ ယာဉ်ပေါ်သို့ တင်ဆောင်ခြင်း၊ သတ်မှတ် တန်ချိန်ပြည့်ပါက စွန့်ပစ်မည့်မြေနေရာသို့သွန်ချခြင်း စသည်လုပ်ငန်းများကို Automatic System များဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သဖြင့် လူပင်ပန်းမှုကိုလည်း သက်သာစေမည်ဖြစ်သကဲ့သို့ အင်းလေးကန် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကိုလည်း ပိုမိုလျင်မြန်စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တပ်မတော်အနေဖြင့် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား၊ ရင်ပြင်တော်၌လည်း ဘုရားဖူးလာသူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်နိုင်စေရန် နေပူခံ ကျောက်ပြားများ လှူဒါန်းပူဇော်ခြင်း၊ အင်းလေးဒေသအတွင်း ရိုးရာလှေလှော်ပြိုင်ပွဲ များပြုလုပ်၍ ကမ္ဘာလှည့်ခရီးသွားများကို ရိုးရာဓလေ့များ ပြသနိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်၊ လူရွယ်များအား လက်ဆင့်ကမ်းအမွေပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် အင်းသားရိုးရာပြိုင်လှေများ လှူဒါန်းပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး အင်းလေးကန်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများတွင်လည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

 

(Zawgyi Version)

 

အင္းေလးကန္ ေရရွည္တည္တံ့သန႔္ရွင္းေစေရးအေထာက္အကူျဖစ္ေစရန္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ဒိုက္ႏွင့္ေဗဒါရွင္းစက္ Aquatic Weed Harvester ၂ စီးလႉဒါန္း

ေနျပည္ေတာ္၊ စက္တင္ဘာ ၉

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးေဒသရွိ အင္းေလးကန္သည္ ျမန္မာႏိုင္ငံတြင္သာမက ကမာၻတြင္ပါေက်ာ္ၾကားသည့္ ကန္ႀကီးတစ္ခုျဖစ္သကဲ့သို႔ အင္းေလး ေဖာင္ေတာ္ဦး ျမတ္စြာဘုရားမ်ားသည္လည္း ဗုဒၶဘာသာဝင္မ်ားအၾကားတြင္ ထင္ရွားေက်ာ္ၾကားသည့္ သာသနာ့အေမြအႏွစ္မ်ားျဖစ္သည္။ ထို႔ျပင္ အင္းေလးေဒသ၏ ထူးျခားခ်က္အေနျဖင့္ ေလွေလွာ္ရာတြင္ လက္ျဖင့္သာမက ေျခေထာက္ျဖင့္ပါ ေလွာ္ခတ္ႏိုင္ၾကသျဖင့္ ႏိုင္ငံတကာမွ ကမာၻလွည့္ခရီးသြားမ်ား အထူးစိတ္ဝင္စားမႈရရွိထားၿပီး အင္းေလးေဖာင္ေတာ္ဦးဘုရားႀကီးကို ျပည္တြင္း၊ ျပည္ပ ဘုရားဖူးမ်ားလာေရာက္ဖူးေျမာ္ျခင္း၊ ကမာၻလွည့္ခရီးသြားမ်ားလာေရာက္ ေလ့လာျခင္းေၾကာင့္ အင္းေလးေဒသ၏ လူေနမႈစီးပြားဘ၀မ်ား မ်ားစြာတိုးတက္လ်က္ရွိသည္ကို ေတြ႕ရွိရသည္။

အင္းေလးကန္အတြင္း ပလပ္စတစ္မ်ားႏွင့္ အမႈိက္မ်ားကင္းစင္ေရးသည္ ေဒသအတြက္ အလြန္အေရးႀကီးသျဖင့္ ပလပ္စတစ္ကို မျဖစ္မေနသုံးစြဲပါကလည္း စနစ္တက်ျဖင့္ စြန႔္ပစ္ရမည္ျဖစ္သည္။ ပလပ္စတစ္သည္ အင္းေလးေဒသတြင္သာမက ကမာၻ႔ပင္လယ္မ်ားတြင္ပါ မ်ားျပားလ်က္ရွိၿပီး ေရေနသတၱဝါမ်ားႏွင့္ သဘာ၀သယံဇာတမ်ားကို ပ်က္စီးယိုယြင္းေအာင္ ၿခိမ္းေျခာက္လ်က္ရွိသျဖင့္ အင္းေလးေဒသခံမ်ား၊ အုပ္ခ်ဳပ္သူမ်ားႏွင့္ လုပ္ငန္းရွင္မ်ားက ဝိုင္းဝန္းပူးေပါင္း၍ ထိန္းသိမ္းၾကရန္အထူးလိုအပ္လ်က္ရွိသည္။ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ အင္းေလးေဒသသို႔ လာေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ခရီးစဥ္၌ ေဒသခံမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၍ အင္းေလးကန္၏ ဧရိယာအက်ယ္အဝန္းသည္ ေဗဒါ၊ ဒိုက္၊ ႏုန္းအနည္အႏွစ္မ်ားႏွင့္ အမႈိက္စြန႔္ပစ္မႈမ်ားေၾကာင့္ ယခင္ထက္ ဧရိယာပိုမိုက်ဥ္းေျမာင္းလာၿပီး ေရေလ်ာ့နည္းလာသည့္ အေျခအေနမ်ားႏွင့္ အင္းေလးကန္ေရရွည္တည္တံ့ၿပီး စိမ္းလန္းစိုေျပေရးအတြက္ ထိန္းသိမ္းေဆာင္႐ြက္ၾကရန္လိုအပ္သည္မ်ားကို ေဆြးေႏြးေျပာၾကားခဲ့ရာ ေဒသခံမ်ားက အင္းေလးကန္အတြင္း ေရစီးေရလာေကာင္းမြန္ရန္ႏွင့္ ေရဝပ္ဧရိယာပိုမို က်ယ္ျပန႔္ေစေရး သန႔္ရွင္းေရးျပဳလုပ္ရန္လိုအပ္သည္မ်ားကို ျပန္လည္တင္ျပေဆြးေႏြးခဲ့ၾကသည္။

ထိုသို႔ ေဒသခံမ်ား၏ တင္ျပခ်က္မ်ားႏွင့္ အင္းေလးကန္ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အေထာက္အကူျဖစ္ေစရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ လမ္းၫႊန္ခ်က္အရ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ဒိုက္ႏွင့္ ေဗဒါရွင္းစက္ Aquatic Weed Harvester ၂ စီးကို လႉဒါန္းခဲ့ၿပီး အဆိုပါယာဥ္ ၂ စီးသည္ စက္တင္ဘာလ ပထမအပတ္တြင္ အင္းေလးေဒသသို႔ ေရာက္ရွိခဲ့သည္။ စက္တင္ဘာ ၈ ရက္တြင္ ယာဥ္မ်ားအား အင္းေလးကန္အတြင္း စမ္းသပ္ေမာင္းႏွင္၍ အမႈိက္၊ ဒိုက္ႏွင့္ ေဗဒါမ်ားကို စတင္ရွင္းလင္းလ်က္ရွိၿပီး အင္းေလးေဒသ ေရရွည္သန႔္ရွင္းတည္တံ့ေရး ေဆာင္႐ြက္ရာတြင္ အသုံးျပဳႏိုင္ရန္အတြက္ ေဒသခံမ်ားႏွင့္ သက္ဆိုင္ရာဌာနမ်ားသို႔ ဆက္လက္လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ ဒိုက္ႏွင့္ ေဗဒါရွင္းစက္ Aquatic Weed Harvester စက္သည္ ကေနဒါ ႏိုင္ငံထုတ္ Aquamarine အမွတ္တံဆိပ္ျဖစ္ၿပီး တစ္စီးလ်င္ ေငြက်ပ္ ၂၄၆၀ သိန္းတန္ဖိုး ရွိေၾကာင္း၊ ယာဥ္အေလးခ်ိန္ ၃ တန္ခန႔္ရွိၿပီး ဒိုက္ႏွင့္ အမႈိက္သယ္ႏိုင္ဝန္ ၂၀၁ ကုဗေပ ခန႔္တင္ေဆာင္ႏိုင္ေၾကာင္း၊ တစ္နာရီလ်င္ ဒိုက္ႏွင့္ အမႈိက္ ၂၀၀ ကုဗေပ ရွင္းလင္းႏိုင္ကာ တစ္ရက္လ်င္ ၁၆၀၀ ကုဗေပ ရွင္းလင္းႏိုင္မည္ျဖစ္ေၾကာင္း၊ ရွင္းလင္းရာတြင္ ဒိုက္မ်ားအား ထိုးေကာ္ျဖတ္ေတာက္ျခင္း၊ ယာဥ္ေပၚသို႔ တင္ေဆာင္ျခင္း၊ သတ္မွတ္ တန္ခ်ိန္ျပည့္ပါက စြန႔္ပစ္မည့္ေျမေနရာသို႔သြန္ခ်ျခင္း စသည္လုပ္ငန္းမ်ားကို Automatic System မ်ားျဖင့္ လုပ္ေဆာင္ႏိုင္မည္ျဖစ္သျဖင့္ လူပင္ပန္းမႈကိုလည္း သက္သာေစမည္ျဖစ္သကဲ့သို႔ အင္းေလးကန္ သန႔္ရွင္းသာယာလွပေရးလုပ္ငန္းမ်ားကိုလည္း ပိုမိုလ်င္ျမန္စြာျဖင့္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သည္။

တပ္မေတာ္အေနျဖင့္ အင္းေလးေဖာင္ေတာ္ဦး႐ုပ္ရွင္ေတာ္ျမတ္စြာဘုရား၊ ရင္ျပင္ေတာ္၌လည္း ဘုရားဖူးလာသူမ်ား စိတ္ေအးခ်မ္းသာစြာျဖင့္ ဖူးေျမာ္ႏိုင္ေစရန္ ေနပူခံ ေက်ာက္ျပားမ်ား လႉဒါန္းပူေဇာ္ျခင္း၊ အင္းေလးေဒသအတြင္း ႐ိုးရာေလွေလွာ္ၿပိဳင္ပြဲ မ်ားျပဳလုပ္၍ ကမာၻလွည့္ခရီးသြားမ်ားကို ႐ိုးရာဓေလ့မ်ား ျပသႏိုင္ရန္ႏွင့္ မ်ိဳးဆက္သစ္လူငယ္၊ လူ႐ြယ္မ်ားအား လက္ဆင့္ကမ္းအေမြေပးရာတြင္ အေထာက္အကူျဖစ္ေစရန္အတြက္ အင္းသား႐ိုးရာၿပိဳင္ေလွမ်ား လႉဒါန္းေပးျခင္း စသည္တို႔ကိုလည္း ေဆာင္႐ြက္ေပးခဲ့ၿပီး အင္းေလးကန္သန႔္ရွင္းသာယာလွပေရးလုပ္ငန္းမ်ားတြင္လည္း တစ္ဖက္တစ္လမ္းမွ ကူညီေဆာင္႐ြက္ေပးလ်က္ရွိပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။