ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင်

ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်)

(၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်)

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့သည်မြန်မာ့ငြိမ်းချမ်းရေးအတွက် အထင်ကရမှတ်တိုင်ဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(Nationwide Ceasefire Agreement- NCA)ကိုလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ၅ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၌ ပါဝင်ကြသူများ၊ စာချုပ်ကြီးလက်မှတ်ရေးထိုးနိုင်ရေးအတွက် ကူညီအားပေးကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ရေးဖြစ်မြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရဟန်းရှင်လူပုဂ္ဂိုလ်များအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပြီး တိုင်းပြည်၏ငြိမ်းချမ်းရေးအကျိုးကို ဆတက်ထမ်းပိုးထမ်းဆောင်နိုင် ကြပါစေကြောင်း ဦးစွာဆန္ဒပြုနှုတ်ခွန်းဆက်သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးများစုပေါင်း နေထိုင်ကြပြီး ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် နှစ်ပေါင်းများစွာရပ်တည်နေထိုင်ခဲ့ရာမှ ၁၈၈၅ ခုနှစ်တွင်နယ်ချဲ့တို့၏ကျူးကျော်တိုက်ခိုက်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရ ပါသည်။ နယ်ချဲ့များသည် လွတ်လပ်ရေးမပေးရအောင် သွေးခွဲအုပ်ချုပ်မှုများပြုလုပ် ခဲ့ပါသည်။ လွတ်လပ်ရေးပေးရမည့်အခါတွင်လည်း ခွဲထွက်ရေးလှုပ်ရှားမှုများ၊ ဆူပူမှု များနှင့် လက်နက်ကိုင်သောင်းကျန်းမှုများဖြစ်စေရန်အတွက် ဖန်တီးပေးထားခဲ့သည်။ မိမိတို့နိုင်ငံအတွင်း ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် အရောင်အသွေးစုံသည့် ရောင်စုံ သောင်းကျန်းမှုကြီးပေါ်ပေါက်ခဲ့သည်မှာ ယနေ့အထိ နှစ် ၇၀ ကျော်ကြာမျှ ကြာမြင့်ခဲ့ ပါသည်။ အစိုးရအဆက်ဆက်က ပြည်တွင်းသောင်းကျန်းမှုချုပ်ငြိမ်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းခဲ့ကြသော်လည်း အခြေအနေအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ကြောင်းတွေ့ရှိရပါသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ တပ်မတော်အစိုးရ လက်ထက်တွင် ဒို့တာဝန်အရေး(၃)ပါးကိုအခြေခံလျက် စေတနာမှန်စွာဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့ကာ တစ်နိုင်ငံလုံးနီးပါး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ပါသည်။ တပ်မတော်အစိုးရလက်ထက်ငြိမ်းချမ်းရေး ရယူရာတွင် ယာယီနေထိုင်ရေး၊ နယ်မြေကန့်သတ်သဘောတူညီချက်၊ ဒေသဖွံ့ဖြိုးရေး သဘောတူညီချက်စသည့် Gentleman Agreement များသာရရှိခဲ့ပါသည်။ ဒီမိုကရေစီ စနစ်ပြုပြင်ပြောင်းလဲရာတွင် ထာဝရငြိမ်းချမ်းရေးမရရှိဘဲပြောင်းလဲရန်ခက်ခဲပါသည်။ ပါတီစုံဒီမိုကရေစီခေတ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းများ၊ သဘောတူညီချက်များ၌ တစ်ပုံစံတည်း ဖြစ်စေရန်၊ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီစေရန်လိုအပ်လာပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး၏အစဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ရေးဆွဲ နိုင်ရေးကြိုးပမ်းခဲ့ကြသည်။

၂၀၁၃ ခုနှစ်၊ နို၀င်ဘာလ ၂ ရက်တွင် လိုင်ဇာညီလာခံမှအခြေခံပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို အတူတကွညှိနှိုင်းရေးဆွဲခဲ့ကြပါသည်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် တစ်ခုတည်းသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(မူကြမ်း)ရရှိခဲ့ပါသည်။ ပထမစာချုပ်မူကြမ်းမှ NCA စာချုပ်အထိ သဘောတူညီမှုရရှိရေး ၆ ကြိမ် အသေးစိတ် အကျေအလည်ဆွေးနွေးပြီး အားလုံး သဘောတူညီချက်ရရှိပြီးမှသာ စာချုပ်၌ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။ NCA တွင် ပါဝင်သည့် သဘောတူညီချက်အားလုံးနီးပါးသည် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ တင်ပြချက်များအပေါ်အခြေခံပြီး အစိုးရနှင့်တပ်မတော်ဘက်မှ ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပါ သည်။

အစိုးရ၊ လွှတ်တော်၊တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၏ ဝိုင်းဝန်းကြိုးပမ်းမှု၊ သည်းခံမှု၊ သဘောထားကြီးမှု၊ အနစ်နာခံ ကြိုးစားအားထုတ်မှုများကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် သမိုင်းဝင်သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂ ဖွဲ့နှင့် ထပ်မံလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ NCA ဖြစ်ပေါ်လာမှုသည် ခက်ခက်ခဲခဲနက်နက်ရှိုင်းရှိုင်းကြိုးပမ်းခဲ့ရခြင်းဖြစ်သဖြင့် ပါဝင်သူ အားလုံးကို တပ်မတော်အနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

NCA စာချုပ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ဟု အမည်တွင်သော်လည်း စာချုပ်ထဲတွင်ပါဝင်ခဲ့သည့် သဘောတူညီချက်များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုသည်ထက် ပိုမိုကျယ်ပြန့်ပါသည်။ NCA ၏အခြေခံမူများ၌ လက်နက်ကိုင်ပဋိပက္ခများအဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေး ပြဿနာကိုစစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲနိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေး ယဉ်ကျေးမှုအသစ်တစ်ရပ်ထူထောင်ပြီး တန်းတူရည်တူအခွင့်အရေးရရှိ၍ ရေရှည်တည်တံ့ ခိုင်မြဲသည့်ငြိမ်းချမ်းရေးတည်ဆောက်ရန် သဘောတူထားကြခြင်းဖြစ်သဖြင့် နိုင်ငံရေး လမ်းပြမြေပုံနှင့်အညီ နိုင်ငံရေးဆွေးနွေးမှုရလဒ်များမှတစ်ဆင့် တိုးတက်ဖြစ်ပေါ်လာသော လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိသကဲ့သို့ နိုင်ငံရေးမူဝါဒအပေါ် အခြေခံဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများနှင့် ဒေသနှင့်တိုင်းရင်းသားလူမျိုးများအပေါ် အခြေခံဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ စသည်ဖြင့် နိုင်ငံရေးပါတီမျိုးစုံရှိပါသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် နိုင်ငံ့အရေးကိုဆောင်ရွက်ကြမည့် နိုင်ငံရေး ပါတီများသည် နိုင်ငံတော်တည်ဆောက်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုပါဝင် ဆောင်ရွက်နိုင်ရန်လိုအပ်ပါသည်။ ထိုကဲ့သို့ပါဝင်နိုင်သည့်စနစ်ကိုကျင့်သုံးပါမှ မိမိတို့ဒေသ အကျိုးနှင့် ­လူမျိုးအကျိုးကိုပါထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိမည်ဖြစ်ပါ သည်။ သို့မှသာ ထာဝရငြိမ်းချမ်းရေးမှ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို အမြန်ဆုံးသွားရောက်နိုင်မည်ဖြစ်သဖြင့် ၎င်းကိစ္စကို နည်းလမ်း တစ်ခုအနေဖြင့် စဉ်းစားကြစေလိုပါသည်။

ပင်လုံစာချုပ်သည် မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံး ညီညွတ်မှုပိုမိုကျစ်လျစ်ခိုင်မာစေရေးအသိအမှတ်ပြုသည့် ပြယုဂ်ဖြစ်သကဲ့သို့ NCA သည်လည်း နှစ်ကာလများစွာကဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများပပျောက်ရေး၊ ယုံမှား သံသယများပပျောက်ရေးစသည့် သမိုင်းတန်ဖိုးကိုဖော်ပြသော ပြယုဂ်ဟုသဘောထား အသိအမှတ်ပြုကာ NCA စာချုပ်ပါအချက်များအတိုင်း လိုက်နာဆောင်ရွက် အကောင် အထည်ဖော်ကြရမည်ဖြစ်ပါသည်။ သဘောတူညီပြီးဖြစ်သည့် ပြည်ထောင်စုသဘောတူ စာချုပ်(Union Accord)အစိတ်အပိုင်း ၃ ခုကိုလည်း ဒီမိုကရေစီနည်းလမ်းအရ လွှတ်တော်၌ ဆက်လက်ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

COVID-19 ရောဂါသည် မိမိတို့နိုင်ငံတွင် ယခုနှစ်စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး Second Wave အဖြစ် ပြန်လည်ဖြစ်ပွားလျက်ရှိကာ ရောဂါပိုးတွေ့ရှိသူ သောင်းဂဏန်းကျော်နှင့် သေဆုံးသူများလည်း ရာဂဏန်းကျော်ရှိသွားပြီဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက် အားတိုက်အရှိန်အဟုန်ဖြင့် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာဒေသများသို့ သွားရောက်ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း မိဘပြည်သူများ၏လူမှုစီးပွားဘဝတိုးတက်ရေးအတွက် စွမ်းအားရှိသမျှ ပြည်သူများနှင့်အတူလက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

COVID-19 ရောဂါအား ကာကွယ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့်စည်းမျဉ်း စည်းကမ်းများအား တိကျစွာအလေးထားလိုက်နာဆောင်ရွက်ခြင်းဖြင့် စည်းကမ်း ကောင်းသည့် နိုင်ငံသားအဖြစ် ကျော်လွှားသွားရမည်ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးတွင်ဖြစ်ပွားနေပြီး သန်း ၇၀၀၀ သော လူသားများ၏ လူမှုစီးပွားကျဆင်းနေမှုရှိသော်လည်း စားနပ်ရိက္ခာရောင်းဝယ်မှုသည် ကျဆင်းမှုမရှိဘဲ စားရေးသည်လူတိုင်းအတွက် လိုအပ်ချက်ဖြစ်သဖြင့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို ဒေသအလိုက်ကြိုးစားထုတ်လုပ်ပြီး တစ်ဦးချင်းဝင်ငွေမှ နိုင်ငံ့ဝင်ငွေရရှိအောင် လုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါသည်။ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မိဘပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် တပ်မတော်အနေဖြင့် စွမ်းအား ရှိသမျှ ပြည်သူများနှင့်အတူလက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အသက်ပင်ဖြစ်သည့်အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုအပ်ပါသည်။ ရွေးကောက်ပွဲတွင် “ပြည်ထောင်စုစိတ်ဓာတ်စစ်စစ်ဖြင့် တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်ဆောင်မည့်၊ ဥပဒေကိုစိတ်ဝင်စားအလေးထားသည့် ကိုယ်စားလှယ် ကောင်းများရရှိရေးကို ဂရုတစိုက်စိစစ်ရွေးချယ်သွားရန် ” အသိပေးလိုပါသည်။ ရွေးချယ်မှု မှန်ကန်မှသာ တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးတို့ကို ပြည့်ပြည့်ဝဝခံစားနိုင်မည်ဖြစ်ပါသည်။

တပ်မတော်အနေဖြင့်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လိုအင် ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် စုစည်းညီညွတ်ခိုင်မာသည့် ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူလူထုနှင့်အတူလက်တွဲ၍ တည်ဆောက် သွားမည်ဖြစ်ပြီး အဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသားပြည်သူလူထုအားလုံးကလည်း အမိနိုင်ငံတော်၏ထာဝရငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပါဝင်ဆောင်ရွက်သွားနိုင်ရေး သဝဏ်လွှာပေးပို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Version)

 

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ က

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)ခ်ဳပ္ဆိုျခင္း (၅)ႏွစ္ျပည့္ႏွစ္ပတ္လည္ေန႔တြင္

ေပးပို႔သည့္သဝဏ္လႊာ

(၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္)

(၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလျပည့္ေက်ာ္ ၁၄ ရက္)

ခ်စ္ခင္ေလးစားအပ္ပါေသာ ျပည္ေထာင္စုဖြားတိုင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ားခင္ဗ်ား-

၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္ေန႔သည္ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ အထင္ကရမွတ္တိုင္ျဖစ္သည့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္

(Nationwide Ceasefire Agreement- NCA)ကိုလက္မွတ္ေရးထိုးႏိုင္ခဲ့သည့္ ၅ ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ျဖစ္ပါသည္။ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ၌ ပါဝင္ၾကသူမ်ား၊ စာခ်ဳပ္ႀကီးလက္မွတ္ေရးထိုးႏိုင္ေရးအတြက္ ကူညီအားေပးၾကသူမ်ား၊ NCA စာခ်ဳပ္ႀကီး လက္မွတ္ေရးထိုးႏိုင္ေရးျဖစ္ေျမာက္ေအာင္ ဝိုင္းဝန္းေဆာင္႐ြက္ေပးၾကသည့္ တိုင္းရင္းသားေခါင္းေဆာင္မ်ား၊ ျပည္တြင္းႏွင့္ ႏိုင္ငံတကာအသိသက္ေသမ်ား၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အတြင္းရွိ ရဟန္းရွင္လူပုဂၢိဳလ္မ်ားအေပါင္း ကိုယ္၏က်န္းမာျခင္း၊ စိတ္၏ခ်မ္းသာျခင္းတို႔ႏွင့္ ျပည့္စုံၿပီး တိုင္းျပည္၏ၿငိမ္းခ်မ္းေရးအက်ိဳးကို ဆတက္ထမ္းပိုးထမ္းေဆာင္ႏိုင္ ၾကပါေစေၾကာင္း ဦးစြာဆႏၵျပဳႏႈတ္ခြန္းဆက္သအပ္ပါသည္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္သည္ တိုင္းရင္းသားလူမ်ိဳးမ်ားစုေပါင္း ေနထိုင္ၾကၿပီး ျပည္ေထာင္စုႏိုင္ငံတစ္ခုအျဖစ္ ႏွစ္ေပါင္းမ်ားစြာရပ္တည္ေနထိုင္ခဲ့ရာမွ ၁၈၈၅ ခုႏွစ္တြင္နယ္ခ်ဲ႕တို႔၏က်ဴးေက်ာ္တိုက္ခိုက္မႈေၾကာင့္ လြတ္လပ္ေရးဆုံးရႈံးခဲ့ရ ပါသည္။ နယ္ခ်ဲ႕မ်ားသည္ လြတ္လပ္ေရးမေပးရေအာင္ ေသြးခြဲအုပ္ခ်ဳပ္မႈမ်ားျပဳလုပ္ ခဲ့ပါသည္။ လြတ္လပ္ေရးေပးရမည့္အခါတြင္လည္း ခြဲထြက္ေရးလႈပ္ရွားမႈမ်ား၊ ဆူပူမႈ မ်ားႏွင့္ လက္နက္ကိုင္ေသာင္းက်န္းမႈမ်ားျဖစ္ေစရန္အတြက္ ဖန္တီးေပးထားခဲ့သည္။ မိမိတို႔ႏိုင္ငံအတြင္း ဝါဒစြဲ၊ ဂိုဏ္းဂဏစြဲမ်ားေၾကာင့္ အေရာင္အေသြးစုံသည့္ ေရာင္စုံ ေသာင္းက်န္းမႈႀကီးေပၚေပါက္ခဲ့သည္မွာ ယေန႔အထိ ႏွစ္ ၇၀ ေက်ာ္ၾကာမွ် ၾကာျမင့္ခဲ့ ပါသည္။ အစိုးရအဆက္ဆက္က ျပည္တြင္းေသာင္းက်န္းမႈခ်ဳပ္ၿငိမ္းေရးႏွင့္ ျပည္တြင္း ၿငိမ္းခ်မ္းေရးရရွိေအာင္ႀကိဳးပမ္းခဲ့ၾကေသာ္လည္း အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ မေအာင္ျမင္ခဲ့ေၾကာင္းေတြ႕ရွိရပါသည္။

၁၉၈၈ ခုႏွစ္၊ စက္တင္ဘာလ ၁၈ ရက္ေန႔မွစတင္၍ တပ္မေတာ္အစိုးရ လက္ထက္တြင္ ဒို႔တာဝန္အေရး(၃)ပါးကိုအေျခခံလ်က္ ေစတနာမွန္စြာျဖင့္ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚ၍ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့သျဖင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ၿငိမ္းခ်မ္းေရးရယူႏိုင္ခဲ့ကာ တစ္ႏိုင္ငံလုံးနီးပါး ၿငိမ္းခ်မ္းေရးတည္ေဆာက္ႏိုင္ခဲ့ပါသည္။ တပ္မေတာ္အစိုးရလက္ထက္ၿငိမ္းခ်မ္းေရး ရယူရာတြင္ ယာယီေနထိုင္ေရး၊ နယ္ေျမကန႔္သတ္သေဘာတူညီခ်က္၊ ေဒသဖြံ႕ၿဖိဳးေရး သေဘာတူညီခ်က္စသည့္ Gentleman Agreement မ်ားသာရရွိခဲ့ပါသည္။ ဒီမိုကေရစီ စနစ္ျပဳျပင္ေျပာင္းလဲရာတြင္ ထာဝရၿငိမ္းခ်မ္းေရးမရရွိဘဲေျပာင္းလဲရန္ခက္ခဲပါသည္။ ပါတီစုံဒီမိုကေရစီေခတ္တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ား၊ သေဘာတူညီခ်က္မ်ား၌ တစ္ပုံစံတည္း ျဖစ္ေစရန္၊ ဒီမိုကေရစီစနစ္ႏွင့္ကိုက္ညီေစရန္လိုအပ္လာပါသည္။ ထို႔ေၾကာင့္ ၿငိမ္းခ်မ္းေရး၏အစျဖစ္သည့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ေရးဆြဲ ႏိုင္ေရးႀကိဳးပမ္းခဲ့ၾကသည္။

၂၀၁၃ ခုႏွစ္၊ ႏို၀င္ဘာလ ၂ ရက္တြင္ လိုင္ဇာညီလာခံမွအေျခခံၿပီး တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ကို အတူတကြညႇိႏႈိင္းေရးဆြဲခဲ့ၾကပါသည္။ ၂၀၁၅ ခုႏွစ္၊ မတ္လ ၃၁ ရက္တြင္ တစ္ခုတည္းေသာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္(မူၾကမ္း)ရရွိခဲ့ပါသည္။ ပထမစာခ်ဳပ္မူၾကမ္းမွ NCA စာခ်ဳပ္အထိ သေဘာတူညီမႈရရွိေရး ၆ ႀကိမ္ အေသးစိတ္ အေက်အလည္ေဆြးေႏြးၿပီး အားလုံး သေဘာတူညီခ်က္ရရွိၿပီးမွသာ စာခ်ဳပ္၌ေရးသားခဲ့ၾကျခင္းျဖစ္ပါသည္။ NCA တြင္ ပါဝင္သည့္ သေဘာတူညီခ်က္အားလုံးနီးပါးသည္ တိုင္းရင္းသားလက္နက္ကိုင္မ်ားဘက္မွ တင္ျပခ်က္မ်ားအေပၚအေျခခံၿပီး အစိုးရႏွင့္တပ္မေတာ္ဘက္မွ ညႇိႏႈိင္းေပးခဲ့ျခင္းျဖစ္ပါ သည္။

အစိုးရ၊ လႊတ္ေတာ္၊တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း မ်ားမွ ကိုယ္စားလွယ္မ်ား၏ ဝိုင္းဝန္းႀကိဳးပမ္းမႈ၊ သည္းခံမႈ၊ သေဘာထားႀကီးမႈ၊ အနစ္နာခံ ႀကိဳးစားအားထုတ္မႈမ်ားေၾကာင့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူ စာခ်ဳပ္ကို ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္ေန႔တြင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္း ၈ ဖြဲ႕ႏွင့္ သမိုင္းဝင္သေဘာတူလက္မွတ္ေရးထိုးႏိုင္ခဲ့ပါသည္။ ၂၀၁၈ ခုႏွစ္တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း ၂ ဖြဲ႕ႏွင့္ ထပ္မံလက္မွတ္ေရးထိုးႏိုင္ခဲ့ပါသည္။ NCA ျဖစ္ေပၚလာမႈသည္ ခက္ခက္ခဲခဲနက္နက္ရႈိင္းရႈိင္းႀကိဳးပမ္းခဲ့ရျခင္းျဖစ္သျဖင့္ ပါဝင္သူ အားလုံးကို တပ္မေတာ္အေနျဖင့္ အသိအမွတ္ျပဳဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။

NCA စာခ်ဳပ္သည္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ဟု အမည္တြင္ေသာ္လည္း စာခ်ဳပ္ထဲတြင္ပါဝင္ခဲ့သည့္ သေဘာတူညီခ်က္မ်ားသည္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုသည္ထက္ ပိုမိုက်ယ္ျပန႔္ပါသည္။ NCA ၏အေျခခံမူမ်ား၌ လက္နက္ကိုင္ပဋိပကၡမ်ားအဆုံးသတ္ႏိုင္ေရး ေဆြးေႏြးညႇိႏႈိင္းအေျဖရွာေရး၊ ႏိုင္ငံေရး ျပႆနာကိုစစ္ေရးနည္းျဖင့္ ေျဖရွင္းျခင္းမျပဳဘဲႏိုင္ငံေရးနည္းျဖင့္ေျဖရွင္းမည့္ ႏိုင္ငံေရး ယဥ္ေက်းမႈအသစ္တစ္ရပ္ထူေထာင္ၿပီး တန္းတူရည္တူအခြင့္အေရးရရွိ၍ ေရရွည္တည္တံ့ ခိုင္ၿမဲသည့္ၿငိမ္းခ်မ္းေရးတည္ေဆာက္ရန္ သေဘာတူထားၾကျခင္းျဖစ္သျဖင့္ ႏိုင္ငံေရး လမ္းျပေျမပုံႏွင့္အညီ ႏိုင္ငံေရးေဆြးေႏြးမႈရလဒ္မ်ားမွတစ္ဆင့္ တိုးတက္ျဖစ္ေပၚလာေသာ လုပ္ငန္းစဥ္မ်ားအလိုက္ ေဆာင္႐ြက္သြားရမည္ျဖစ္ပါသည္။

မိမိတို႔ႏိုင္ငံတြင္ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံရွိသကဲ့သို႔ ႏိုင္ငံေရးမူဝါဒအေပၚ အေျခခံဖြဲ႕စည္းထားသည့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေဒသႏွင့္တိုင္းရင္းသားလူမ်ိဳးမ်ားအေပၚ အေျခခံဖြဲ႕စည္းထားသည့္ ႏိုင္ငံေရးပါတီမ်ား စသည္ျဖင့္ ႏိုင္ငံေရးပါတီမ်ိဳးစုံရွိပါသည္။ ထို႔ေၾကာင့္ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံႏွင့္ ႏိုင္ငံ့အေရးကိုေဆာင္႐ြက္ၾကမည့္ ႏိုင္ငံေရး ပါတီမ်ားသည္ ႏိုင္ငံေတာ္တည္ေဆာက္ေရးတြင္ က်ယ္က်ယ္ျပန္႔ျပန္႔ကိုယ္စားျပဳပါဝင္ ေဆာင္႐ြက္ႏိုင္ရန္လိုအပ္ပါသည္။ ထိုကဲ့သို႔ပါဝင္ႏိုင္သည့္စနစ္ကိုက်င့္သုံးပါမွ မိမိတို႔ေဒသ အက်ိဳးႏွင့္ ­လူမ်ိဳးအက်ိဳးကိုပါထိထိေရာက္ေရာက္ ပါဝင္ေဆာင္႐ြက္ႏိုင္ခြင့္ရရွိမည္ျဖစ္ပါ သည္။ သို႔မွသာ ထာဝရၿငိမ္းခ်မ္းေရးမွ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုစနစ္ကို အျမန္ဆုံးသြားေရာက္ႏိုင္မည္ျဖစ္သျဖင့္ ၎ကိစၥကို နည္းလမ္း တစ္ခုအေနျဖင့္ စဥ္းစားၾကေစလိုပါသည္။

ပင္လုံစာခ်ဳပ္သည္ မိမိတို႔တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ား စည္းလုံး ညီၫြတ္မႈပိုမိုက်စ္လ်စ္ခိုင္မာေစေရးအသိအမွတ္ျပဳသည့္ ျပယုဂ္ျဖစ္သကဲ့သို႔ NCA သည္လည္း ႏွစ္ကာလမ်ားစြာကျဖစ္ေပၚခဲ့သည့္ ပဋိပကၡမ်ားပေပ်ာက္ေရး၊ ယုံမွား သံသယမ်ားပေပ်ာက္ေရးစသည့္ သမိုင္းတန္ဖိုးကိုေဖာ္ျပေသာ ျပယုဂ္ဟုသေဘာထား အသိအမွတ္ျပဳကာ NCA စာခ်ဳပ္ပါအခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္ အေကာင္ အထည္ေဖာ္ၾကရမည္ျဖစ္ပါသည္။ သေဘာတူညီၿပီးျဖစ္သည့္ ျပည္ေထာင္စုသေဘာတူ စာခ်ဳပ္(Union Accord)အစိတ္အပိုင္း ၃ ခုကိုလည္း ဒီမိုကေရစီနည္းလမ္းအရ လႊတ္ေတာ္၌ ဆက္လက္ေဆြးေႏြးေဆာင္႐ြက္သြားရမည္ျဖစ္ပါသည္။

COVID-19 ေရာဂါသည္ မိမိတို႔ႏိုင္ငံတြင္ ယခုႏွစ္စက္တင္ဘာလဆန္းပိုင္းမွ စတင္ၿပီး Second Wave အျဖစ္ ျပန္လည္ျဖစ္ပြားလ်က္ရွိကာ ေရာဂါပိုးေတြ႕ရွိသူ ေသာင္းဂဏန္းေက်ာ္ႏွင့္ ေသဆုံးသူမ်ားလည္း ရာဂဏန္းေက်ာ္ရွိသြားၿပီျဖစ္ပါသည္။ တပ္မေတာ္အေနျဖင့္ ေရာဂါႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားတြင္ အင္တိုက္ အားတိုက္အရွိန္အဟုန္ျဖင့္ ပါဝင္ကူညီေဆာင္႐ြက္လ်က္ရွိၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း၊ ေဒသမ်ားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားရွိရာေဒသမ်ားသို႔ သြားေရာက္ေပးအပ္လႉဒါန္းျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိပါသည္။ ေရာဂါျဖစ္ပြားေနစဥ္ ကာလအတြင္း မိဘျပည္သူမ်ား၏လူမႈစီးပြားဘဝတိုးတက္ေရးအတြက္ စြမ္းအားရွိသမွ် ျပည္သူမ်ားႏွင့္အတူလက္တြဲပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါသည္။

COVID-19 ေရာဂါအား ကာကြယ္ႏိုင္ရန္အတြက္ ထုတ္ျပန္ထားသည့္စည္းမ်ဥ္း စည္းကမ္းမ်ားအား တိက်စြာအေလးထားလိုက္နာေဆာင္႐ြက္ျခင္းျဖင့္ စည္းကမ္း ေကာင္းသည့္ ႏိုင္ငံသားအျဖစ္ ေက်ာ္လႊားသြားရမည္ျဖစ္ပါသည္။ COVID-19 ကပ္ေရာဂါသည္ ကမာၻတစ္ဝွမ္းလုံးတြင္ျဖစ္ပြားေနၿပီး သန္း ၇၀၀၀ ေသာ လူသားမ်ား၏ လူမႈစီးပြားက်ဆင္းေနမႈရွိေသာ္လည္း စားနပ္ရိကၡာေရာင္းဝယ္မႈသည္ က်ဆင္းမႈမရွိဘဲ စားေရးသည္လူတိုင္းအတြက္ လိုအပ္ခ်က္ျဖစ္သျဖင့္ စားေသာက္ကုန္ထုတ္လုပ္မႈလုပ္ငန္း မ်ားကို ေဒသအလိုက္ႀကိဳးစားထုတ္လုပ္ၿပီး တစ္ဦးခ်င္းဝင္ေငြမွ ႏိုင္ငံ့ဝင္ေငြရရွိေအာင္ လုပ္ေဆာင္သြားၾကရန္ တိုက္တြန္းလိုပါသည္။ ကပ္ေရာဂါျဖစ္ပြားေနစဥ္ကာလအတြင္း မိဘျပည္သူမ်ား၏ လူမႈစီးပြားဘဝတိုးတက္ေရးအတြက္ တပ္မေတာ္အေနျဖင့္ စြမ္းအား ရွိသမွ် ျပည္သူမ်ားႏွင့္အတူလက္တြဲပူးေပါင္း ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလအတြင္း ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို က်င္းပမည္ ျဖစ္ၿပီး ပါတီစုံဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲသည္ အသက္ပင္ျဖစ္သည့္အတြက္ ေ႐ြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ရန္လိုအပ္ပါသည္။ ေ႐ြးေကာက္ပြဲတြင္ “ျပည္ေထာင္စုစိတ္ဓာတ္စစ္စစ္ျဖင့္ တိုင္းျပည္ေကာင္းေအာင္ ေစတနာထားလုပ္ေဆာင္မည့္၊ ဥပေဒကိုစိတ္ဝင္စားအေလးထားသည့္ ကိုယ္စားလွယ္ ေကာင္းမ်ားရရွိေရးကို ဂ႐ုတစိုက္စိစစ္ေ႐ြးခ်ယ္သြားရန္ ” အသိေပးလိုပါသည္။ ေ႐ြးခ်ယ္မႈ မွန္ကန္မွသာ တိုင္းရင္းသားမ်ားလိုလားသည့္ ဒီမိုကေရစီေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးေရးတို႔ကို ျပည့္ျပည့္ဝဝခံစားႏိုင္မည္ျဖစ္ပါသည္။

တပ္မေတာ္အေနျဖင့္လည္း တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ား၏ လိုအင္ ဆႏၵႏွင့္အညီ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကိုအေျခခံသည့္ စုစည္းညီၫြတ္ခိုင္မာသည့္ ျပည္ေထာင္စုႀကီးကို တိုင္းရင္းသားျပည္သူလူထုႏွင့္အတူလက္တြဲ၍ တည္ေဆာက္ သြားမည္ျဖစ္ၿပီး အဖြဲ႕အစည္းအားလုံး၊ တိုင္းရင္းသားျပည္သူလူထုအားလုံးကလည္း အမိႏိုင္ငံေတာ္၏ထာဝရၿငိမ္းခ်မ္းေရးႏွင့္ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ပါဝင္ေဆာင္႐ြက္သြားႏိုင္ေရး သဝဏ္လႊာေပးပို႔ တိုက္တြန္းႏႈိးေဆာ္အပ္ပါသည္။

 

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။