တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) အဖွဲ့မှ တာဝန်ရှိသူများအားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ – ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (Kachin Baptist Convention) (KBC) အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မလိခရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်တို့ တက်ရောက်ကြပြီး ကချင် နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အဖွဲ့မှ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်၊ တွဲဖက် အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ ဇယ်ခေါင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်တိုးတက်ပြီး တည်ငြိမ်အေးချမ်းရန်အတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန်လိုကြောင်း၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား ပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်တာဝန်ကိုယ်စီရှိ ကြောင်း၊ မိမိတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်း ရှူနေကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ မြန်မာနိုင်ငံတွင်နေထိုင်ကြသည့် ပြည်သူလူထုများဖြစ်ကြသည့်အတွက် ငြိမ်းချမ်းရေးစိန်ခေါ်မှုနှင့် လက်ရှိတစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် COVID-19 ကပ်ရောဂါစိန်ခေါ်မှုများကို ညီညွတ်သည့် အင်အားဖြင့် တွန်းလှန်ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်၍အခွင့်အရေး တောင်းဆိုခြင်းထက် နိုင်ငံရေးနည်းလမ်းအရ ဥပဒေနှင့် ဆောင်ရွက်ခြင်းသည်သာ ကောင်းမွန်သင့်တော်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ကချင်ပြည်နယ်သည် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် COVID-19 ရောဂါဖြစ်ပွားမှု၌ ကယားပြည်နယ်နှင့် ချင်းပြည်နယ်ပြီးလျင် တတိယအနည်းဆုံးဖြစ်ပွားသည့် ပြည်နယ်ဖြစ်သည်ဟုသိရှိရပြီး မြို့နယ် ၁၈ ခုရှိသည့်အနက် ၁၀ ခုတွင်သာဖြစ်ပွားသည်ကို တွေ့ ရှိရပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုကို ချီးကျူးအသိအမှတ်ပြုပါကြောင်း၊ ကချင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူ ပြုပစ္စည်းများလည်း ပေးအပ်နိုင်ရေးယူဆောင်လာခဲ့ကြောင်း။

မိမိတို့တိုင်းပြည်တွင် စာတတ်သူများသော်လည်း ပညာတတ်မြောက်သူနည်းပါးလျက်ရှိနေသေးကြောင်း၊ မိမိဒေသ၏ ရေခံမြေခံကောင်းများကို အောင်မြင်စွာ အသုံးချ လုပ်ကိုင်နိုင်ရန်အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးရမည်ဖြစ်ကြောင်း၊ ပညာတတ်မြောက်မှသာလျင် အသိပညာတိုးတက်မည်ဖြစ်သဖြင့် မိမိဒေသတွင်နေထိုင်သည့် တိုင်းရင်းသားညီအစ်ကိုအားလုံး၏ ပညာရေး တိုးတက်မှုရှိစေရန် အလေးထားအားပေးတိုက်တွန်းကြစေလိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို အခြေခံသည့် ကောလိပ်များ၊ သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ကြစေလိုကြောင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်းမြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရည်မြှင့်တင်ရေး လမ်းကြောင်းပေါ်သို့ ဆွဲတင်ခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်လူနေမှုဘ၀ကို မြှင့်တင် ပေးကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်း ဆင်းရဲချမ်းသာကွာဟမှု၊ မြို့ပြနှင့် ကျေးလက်ကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုများကို လျော့ချနိုင်ရေးအတွက် ငြိမ်းချမ်းမှုရှိရမည်၊ ပညာသင်ကြားမှုရှိရမည်၊ ကျန်းမာရေးကောင်းမွန်မှုရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာလျင် အလုပ်လုပ်နိုင်မည်ဖြစ်ပြီး ဝင်ငွေရရှိမည်ဖြစ်ကြောင်း၊ ဝင်ငွေရရှိမှသာ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ပြီး ကွာဟမှုများကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ (IDP) စခန်းများတွင် နေထိုင်သူများအနေဖြင့် ထောက်ပံ့ရိက္ခာကိုသာ ရရှိမည်ဖြစ်ပြီး အလုပ်လုပ်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့နေရပ်များတွင် ပြန်လည်အခြေချနေထိုင် နိုင်ရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအကျိုး၊ နိုင်ငံတော်အကျိုးကို ရေရှည်မျှော်တွေး၍ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းပြီး ထာ၀ရငြိမ်းချမ်းရေးရရှိအောင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၁၈ ဒီဇင်ဘာလမှစ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များထုတ်ပြန် ဆောင်ရွက်ခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ရပ်စဲပေးထားကြောင်း၊ ထိုကဲ့သို့ ၂ နှစ်ခန့်ကာလအထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားခြင်းမျိုး မည်သည့် နိုင်ငံတွင်မှမရှိခဲ့ကြောင်း၊ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျှောက်လှမ်းနေချိန်တွင် ငြိမ်းချမ်းမှုမရှိလျင် မဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိအောင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ (EAO) များ၏ တည်ရှိမှု၊ အသိအမှတ်ပြုထားသည့် နေရာမှန်သမျှကိုတပ်မတော် အနေဖြင့် လက်ဦးမှုရယူတိုက်ခိုက်သွားမည်မဟုတ်ကြောင်း၊ တိုင်းပြည်နှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အဖွဲ့ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် အဖွဲ့ဝင်များက တပ်မတော်၏ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်ချက် များကို လေးစားပါကြောင်း၊ ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းပြီး ထာ၀ရငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှ အပစ်အခတ်ရပ်စဲ၍ ဖော်ဆောင်ကြိုးပမ်းနေမှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာဒုက္ခသည်များကို ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး တပ်မတော်မှ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် တိုင်းရင်းသားပြည်သူအားလုံး အတူတကွစည်းလုံးညီညွတ်စွာဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တတ်စွမ်းသရွေ့ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် (IDP) စခန်းများတွင် နေထိုင်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ် မတ်လတွင် အိမ်ထောင်စု ၆၄၃ စု၊ လူဦးရေ ၃၅၇၃ ဦးကို ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်မှ ဆက်လက်ကူညီဆောင်ရွက် ပေးစေလိုပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်(KBC)အဖွဲ့ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ကချင်မျိုးနွယ်စု ၆ စု ရှိသည့်အနက် ဇိုင်ဝါးမျိုးနွယ်စု၏ အထိမ်းအမှတ် လွယ်အိတ်ကို ဆင်မြန်းပေးပြီး မိမိတို့ ကချင်ရိုးရာ၌ အထိမ်းအမှတ်ပွဲများနှင့် မနောပွဲတော်တို့တွင် ကချင်ရိုးရာဖြစ်သည့် လွယ်အိတ်နှင့် ငွေမောင်းပါသည့်ဓါးကို လက်ဆောင်အဖြစ်ပေးလေ့ရှိပါကြောင်း၊ လွယ်အိတ်သည် သိမ်မွေ့ခြင်း၊ ဓါး သည် ကာကွယ်ခြင်း၊ တိုက်ရည်ခိုက်ရည်ကောင်းခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုကြပါကြောင်း၊ ယခင်ကလည်း တပ်မတော်အကြီးအကဲများအား လွယ်အိတ်နှင့်ဓါးကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ဖူးပါကြောင်း၊ ယခုအကြိမ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နူးညံ့သိမ်မွေ့သောငြိမ်းချမ်းရေးကို အောင်မြင် စွာဖြင့် ဖော်ဆောင်နိုင်စေလိုသော အဓိပ္ပါယ်ဖြင့် လွယ်အိတ်တစ်မျိုးတည်းကိုသာ လက်ဆောင်အဖြစ်ပေးအပ်ရခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်း ချုပ် (KBC) အဖွဲ့အတွက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန် ပစ္စည်းများကို ပေးအပ်ရာ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) အဖွဲ့ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ရိုးရာလက်ဆောင်များ ကို ပြန်လည်ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အသင္းခ်ဳပ္ (KBC) အဖြဲ႕မွ တာဝန္ရွိသူမ်ားအားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အသင္းခ်ဳပ္ (Kachin Baptist Convention) (KBC) အဖြဲ႕မွ တာဝန္ရွိသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ မလိခရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ နယ္စပ္ေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေတဇေက်ာ္တို႔ တက္ေရာက္ၾကၿပီး ကခ်င္ ႏွစ္ျခင္းခရစ္ယာန္အသင္းခ်ဳပ္ (KBC) အဖြဲ႕မွ ဥကၠဌ ေဒါက္တာ ခလမ္ဆမ္ဆြန္၊ တြဲဖက္ အတြင္းေရးမႉး သိကၡာေတာ္ရ ဆရာ ဇယ္ေခါင္ႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တိုင္းျပည္တိုးတက္ၿပီး တည္ၿငိမ္ေအးခ်မ္းရန္အတြက္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္လိုေၾကာင္း၊ မိမိႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တိုင္းရင္းသား ျပည္သူမ်ားအားလုံး စည္းလုံးညီၫြတ္စြာျဖင့္ ဝိုင္းဝန္းေဆာင္႐ြက္ၾကရန္တာဝန္ကိုယ္စီရွိ ေၾကာင္း၊ မိမိတို႔သည္ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္၊ တစ္ေလတည္း ရႉေနၾကသည့္ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ား၊ ျမန္မာႏိုင္ငံတြင္ေနထိုင္ၾကသည့္ ျပည္သူလူထုမ်ားျဖစ္ၾကသည့္အတြက္ ၿငိမ္းခ်မ္းေရးစိန္ေခၚမႈႏွင့္ လက္ရွိတစ္ကမာၻလုံးရင္ဆိုင္ေနရသည့္ COVID-19 ကပ္ေရာဂါစိန္ေခၚမႈမ်ားကို ညီၫြတ္သည့္ အင္အားျဖင့္ တြန္းလွန္ကာကြယ္ၾကရမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ လက္နက္ကိုင္၍အခြင့္အေရး ေတာင္းဆိုျခင္းထက္ ႏိုင္ငံေရးနည္းလမ္းအရ ဥပေဒႏွင့္ ေဆာင္႐ြက္ျခင္းသည္သာ ေကာင္းမြန္သင့္ေတာ္မည္ျဖစ္ေၾကာင္း၊ ကခ်င္ျပည္နယ္အတြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ေရးအတြက္ လက္နက္ကိုင္လမ္းစဥ္ကို စြန႔္လႊတ္၍ ႏိုင္ငံေရးနည္းလမ္းအရ ေဆြးေႏြးေဆာင္႐ြက္ရန္ တိုက္တြန္းေျပာၾကားလိုပါေၾကာင္း။

ကခ်င္ျပည္နယ္သည္ ျပည္နယ္ႏွင့္ တိုင္းအသီးသီးတြင္ COVID-19 ေရာဂါျဖစ္ပြားမႈ၌ ကယားျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ၿပီးလ်င္ တတိယအနည္းဆုံးျဖစ္ပြားသည့္ ျပည္နယ္ျဖစ္သည္ဟုသိရွိရၿပီး ၿမိဳ႕နယ္ ၁၈ ခုရွိသည့္အနက္ ၁၀ ခုတြင္သာျဖစ္ပြားသည္ကို ေတြ႕ ရွိရပါေၾကာင္း၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံျပည္သူလူထု၏ စည္းကမ္းလိုက္နာမႈကို ခ်ီးက်ဴးအသိအမွတ္ျပဳပါေၾကာင္း၊ ကခ်င္ျပည္နယ္အတြင္း COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျဖစ္ေစရန္အတြက္ ကာကြယ္ထိန္းခ်ဳပ္ကုသေရးအေထာက္အကူ ျပဳပစၥည္းမ်ားလည္း ေပးအပ္ႏိုင္ေရးယူေဆာင္လာခဲ့ေၾကာင္း။

မိမိတို႔တိုင္းျပည္တြင္ စာတတ္သူမ်ားေသာ္လည္း ပညာတတ္ေျမာက္သူနည္းပါးလ်က္ရွိေနေသးေၾကာင္း၊ မိမိေဒသ၏ ေရခံေျမခံေကာင္းမ်ားကို ေအာင္ျမင္စြာ အသုံးခ် လုပ္ကိုင္ႏိုင္ရန္အတြက္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား လိုအပ္မည္ျဖစ္သျဖင့္ ပညာေရးကို အားေပးရမည္ျဖစ္ေၾကာင္း၊ ပညာတတ္ေျမာက္မွသာလ်င္ အသိပညာတိုးတက္မည္ျဖစ္သျဖင့္ မိမိေဒသတြင္ေနထိုင္သည့္ တိုင္းရင္းသားညီအစ္ကိုအားလုံး၏ ပညာေရး တိုးတက္မႈရွိေစရန္ အေလးထားအားေပးတိုက္တြန္းၾကေစလိုေၾကာင္း၊ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းကို အေျခခံသည့္ ေကာလိပ္မ်ား၊ သင္တန္းေက်ာင္းမ်ား တိုးခ်ဲ႕ဖြင့္လွစ္ေဆာင္႐ြက္ၾကေစလိုေၾကာင္းႏွင့္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္မႈရာခိုင္ႏႈန္းျမင့္မားေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ပညာရည္ျမႇင့္တင္ေရး လမ္းေၾကာင္းေပၚသို႔ ဆြဲတင္ျခင္းအားျဖင့္ မ်ိဳးဆက္သစ္လူငယ္မ်ား၏ အနာဂတ္လူေနမႈဘ၀ကို ျမႇင့္တင္ ေပးၾကရမည္ျဖစ္ေၾကာင္း၊ ျပည္နယ္ႏွင့္ တိုင္း ဆင္းရဲခ်မ္းသာကြာဟမႈ၊ ၿမိဳ႕ျပႏွင့္ ေက်းလက္ၾကား ဖြံ႕ၿဖိဳးတိုးတက္မႈ ကြာဟမႈမ်ားကို ေလ်ာ့ခ်ႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းမႈရွိရမည္၊ ပညာသင္ၾကားမႈရွိရမည္၊ က်န္းမာေရးေကာင္းမြန္မႈရွိရမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးေကာင္းမြန္မွသာလ်င္ အလုပ္လုပ္ႏိုင္မည္ျဖစ္ၿပီး ဝင္ေငြရရွိမည္ျဖစ္ေၾကာင္း၊ ဝင္ေငြရရွိမွသာ လူမႈစီးပြားဘ၀ဖြံ႕ၿဖိဳးတိုးတက္ၿပီး ကြာဟမႈမ်ားကို ေလ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ (IDP) စခန္းမ်ားတြင္ ေနထိုင္သူမ်ားအေနျဖင့္ ေထာက္ပံ့ရိကၡာကိုသာ ရရွိမည္ျဖစ္ၿပီး အလုပ္လုပ္ႏိုင္မည္မဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ ၎တို႔ေနရပ္မ်ားတြင္ ျပန္လည္အေျခခ်ေနထိုင္ ႏိုင္ေရးအတြက္ တပ္မေတာ္မွ ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ဆက္လက္၍လည္း ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ တိုင္းရင္းသားအက်ိဳး၊ ႏိုင္ငံေတာ္အက်ိဳးကို ေရရွည္ေမွ်ာ္ေတြး၍ ၿငိမ္းခ်မ္းေရးရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျပည္တြင္းပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ထိေရာက္ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ေရးအတြက္ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ားကို ၂၀၁၈ ဒီဇင္ဘာလမွစ၍ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္မ်ားထုတ္ျပန္ ေဆာင္႐ြက္ခဲ့ၿပီး ယေန႔အထိလည္း ဆက္လက္ရပ္စဲေပးထားေၾကာင္း၊ ထိုကဲ့သို႔ ၂ ႏွစ္ခန႔္ကာလအထိ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲထားျခင္းမ်ိဳး မည္သည့္ ႏိုင္ငံတြင္မွမရွိခဲ့ေၾကာင္း၊ဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ေလွ်ာက္လွမ္းေနခ်ိန္တြင္ ၿငိမ္းခ်မ္းမႈမရွိလ်င္ မျဖစ္သည့္အတြက္ ၿငိမ္းခ်မ္းေရးရရွိေအာင္ အဘက္ဘက္မွ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ (EAO) မ်ား၏ တည္ရွိမႈ၊ အသိအမွတ္ျပဳထားသည့္ ေနရာမွန္သမွ်ကိုတပ္မေတာ္ အေနျဖင့္ လက္ဦးမႈရယူတိုက္ခိုက္သြားမည္မဟုတ္ေၾကာင္း၊ တိုင္းျပည္ႏွင့္ ေဒသတည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အတူတကြ ဝိုင္းဝန္း ႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အသင္းခ်ဳပ္ (KBC) အဖြဲ႕ ဥကၠဌ ေဒါက္တာ ခလမ္ဆမ္ဆြန္ႏွင့္ အဖြဲ႕ဝင္မ်ားက တပ္မေတာ္၏ ႏိုင္ငံေတာ္ လုံၿခဳံေရး၊ တရားဥပေဒ စိုးမိုးေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ပါတီစုံဒီမိုကေရစီေဖာ္ေဆာင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ခ်က္ မ်ားကို ေလးစားပါေၾကာင္း၊ ျပည္တြင္းပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ တပ္မေတာ္မွ အပစ္အခတ္ရပ္စဲ၍ ေဖာ္ေဆာင္ႀကိဳးပမ္းေနမႈအေပၚ အသိအမွတ္ျပဳပါေၾကာင္း၊ ကခ်င္ျပည္နယ္အတြင္းရွိ ေနရပ္စြန႔္ခြာဒုကၡသည္မ်ားကို ၎တို႔ ေနရပ္အသီးသီးသို႔ ျပန္လည္အေျခခ်ေနထိုင္ႏိုင္ေရး တပ္မေတာ္မွ ကူညီေဆာင္႐ြက္ေပးေစလိုပါေၾကာင္းႏွင့္ တိုင္းရင္းသားျပည္သူအားလုံး အတူတကြစည္းလုံးညီၫြတ္စြာျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ တတ္စြမ္းသေ႐ြ႕ပါဝင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ (IDP) စခန္းမ်ားတြင္ ေနထိုင္သူမ်ား ေနရပ္ျပန္ႏိုင္ေရးႏွင့္ ပတ္သက္၍ အဘက္ဘက္မွ ကူညီေဆာင္႐ြက္ေပးလ်က္ရွိၿပီး ယခုႏွစ္ မတ္လတြင္ အိမ္ေထာင္စု ၆၄၃ စု၊ လူဦးေရ ၃၅၇၃ ဦးကို ၎တို႔ေနရပ္အသီးသီးသို႔ ျပန္လည္ေနထိုင္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိသျဖင့္ တပ္မေတာ္မွ ဆက္လက္ကူညီေဆာင္႐ြက္ ေပးေစလိုပါေၾကာင္းျဖင့္ ျပန္လည္ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အသင္းခ်ဳပ္(KBC)အဖြဲ႕ ဥကၠဌ ေဒါက္တာ ခလမ္ဆမ္ဆြန္က ကခ်င္မ်ိဳးႏြယ္စု ၆ စု ရွိသည့္အနက္ ဇိုင္ဝါးမ်ိဳးႏြယ္စု၏ အထိမ္းအမွတ္ လြယ္အိတ္ကို ဆင္ျမန္းေပးၿပီး မိမိတို႔ ကခ်င္႐ိုးရာ၌ အထိမ္းအမွတ္ပြဲမ်ားႏွင့္ မေနာပြဲေတာ္တို႔တြင္ ကခ်င္႐ိုးရာျဖစ္သည့္ လြယ္အိတ္ႏွင့္ ေငြေမာင္းပါသည့္ဓါးကို လက္ေဆာင္အျဖစ္ေပးေလ့ရွိပါေၾကာင္း၊ လြယ္အိတ္သည္ သိမ္ေမြ႕ျခင္း၊ ဓါး သည္ ကာကြယ္ျခင္း၊ တိုက္ရည္ခိုက္ရည္ေကာင္းျခင္းဟု အဓိပၸါယ္ဖြင့္ဆိုၾကပါေၾကာင္း၊ ယခင္ကလည္း တပ္မေတာ္အႀကီးအကဲမ်ားအား လြယ္အိတ္ႏွင့္ဓါးကို လက္ေဆာင္အျဖစ္ေပးအပ္ခဲ့ဖူးပါေၾကာင္း၊ ယခုအႀကိမ္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ႏူးညံ့သိမ္ေမြ႕ေသာၿငိမ္းခ်မ္းေရးကို ေအာင္ျမင္ စြာျဖင့္ ေဖာ္ေဆာင္ႏိုင္ေစလိုေသာ အဓိပၸါယ္ျဖင့္ လြယ္အိတ္တစ္မ်ိဳးတည္းကိုသာ လက္ေဆာင္အျဖစ္ေပးအပ္ရျခင္းျဖစ္ပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကခ်င္ႏွစ္ျခင္းခရစ္ယာန္အသင္း ခ်ဳပ္ (KBC) အဖြဲ႕အတြက္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး ပစၥည္းမ်ား၊ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ဖြယ္ရာမ်ားႏွင့္ လူသုံးကုန္ ပစၥည္းမ်ားကို ေပးအပ္ရာ ကခ်င္ႏွစ္ျခင္းခရစ္ယာန္ အသင္းခ်ဳပ္ (KBC) အဖြဲ႕ ဥကၠဌ ေဒါက္တာ ခလမ္ဆမ္ဆြန္ႏွင့္ အဖြဲ႕ဝင္မ်ားက လက္ခံရယူၿပီး ႐ိုးရာလက္ေဆာင္မ်ား ကို ျပန္လည္ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။