တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြစ်ကြီးနားတပ်နယ်နှင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ – ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်နှင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် မြစ်ကြီးနားတပ်နယ်နှင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီဖြစ်ပြီး တပ်မတော်သားများ၊ မိသားစုဝင်များအနေဖြင့်လည်း ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ၊ တပ်မတော်မှစနစ်တကျဆန္ဒမဲပေးနိုင်အောင် ဆောင်ရွက်ပေးထားမှုများနှင့်အညီ တက်ကြွစွာပါဝင်၍ ဆန္ဒမဲများပေးခဲ့ကြသည်ကိုတွေ့ရှိရကြောင်း၊ အောင်မြင်စွာပြီးမြောက်အောင် စနစ်တကျဖြင့် ဝိုင်းဝန်းဆန္ဒမဲများပေးခဲ့ကြသည့်အတွက်လည်း တပ်မတော်သားများနှင့် မိသားစုများကို ကျေးဇူးတင်ရှိ ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အဓိကတာဝန်ရှိကြောင်း၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁ ၌ “မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၄ ၌ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟုလည်းကောင်း ပြဌာန်းထားကြောင်း၊ ထို့ကြောင့် တပ်မတော်သည် နိုင်ငံသားများကို ကာကွယ်ပေးရန်တာဝန်ရှိကြောင်း၊ ဒီမိုကရေစီစနစ် ထူထောင်ရာတွင် နိုင်ငံရေးအရ ဒီမိုကရေစီကျင့်စဉ်များ ရင့်ကျက်ရန်လိုအပ်သကဲ့သို့ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှု၊ လူမှုရေးတည်ငြိမ်မှုတို့ရှိရန်လိုကြောင်း၊ ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးအတွက် ၎င်းကိစ္စများကို တပ်မတော်က တတ်စွမ်းသရွေ့ဆောင်ရွက်နေကြောင်း။

တပ်မတော်အနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်ကတည်းက ယနေ့အထိ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းအပေါ် ဝါဒရေးရာ ကွဲပြားမှု၊ အမြင်မတူညီမှု၊ သဘောထားကွဲလွဲမှုများလည်း ခေတ်အဆက်ဆက်ရှိခဲ့ကြောင်း၊ သို့သော်တပ်မတော်အနေဖြင့် “တပ်မတော်သည် အမျိုးသားရေးအပေါ် ဘယ်တော့မှ သစ္စာမဖောက်” ဟူသော ဆောင်ပုဒ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းကဲ့သို့ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်နိုင်ရေး တပ်မတော်သားများနှင့် မိသားစုဝင်များ အားလုံးသည် ညီညွတ်သောအားဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းမှုရရှိရေး ဆောင်ရွက်နေကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စ၍ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တိုင်အောင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေငြာချက် ၉ စောင်ထုတ်ပြန်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၉၄၇ ခုနှစ်၊ ပင်လုံသဘောတူညီချက်များနှင့် အမျိုးသားခေါင်းဆောင်နှင့် တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်များအရ နိုင်ငံတော်ကို ယခင်ကတည်းက ပြည်ထောင်စုနိုင်ငံ (UNION) အဖြစ်တည်ဆောက်ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ “အခန်း ၁ ၊ နိုင်ငံတော်၏ အခြေခံမူများ” နှင့် “အခန်း ၈ ၊ နိုင်ငံသား၊ နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့် တာဝန်များ” အခန်း၌ နိုင်ငံတော်က နိုင်ငံသားအားလုံးအတွက် တူညီသော ကတိကဝတ်များ၊ အာမခံချက်များအား အပြည့်အဝပေးထားကြောင်း၊ လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိ အခွင့်အရေးတန်းတူရရှိလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံရေးအရဖြစ်နိုင်သည်များကိုသာ လုပ်ဆောင်ရန်လိုအပ်ကြောင်း။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကစွမ်းအားစုဖြစ်သဖြင့် တူညီသည့် အမြင်နှင့်တစ်သွေး၊ တစ်သံ၊ တစ်မိန့်တည်း ဖြစ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့်အချိန်မှစ၍ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများကို များစွာဖြည့်တင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ကာကွယ်ရေးစွမ်းရည်၊ စွမ်းအားထက်မြက်စေရေးအတွက်လည်း ကြည်း၊ ရေ၊ လေ ကဏ္ဍအသီးသီးတွင် အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ စားရေး၊ နေရေး၊ ဝတ်ရေးများအပြင် အခြားလိုအပ်ချက်များကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်သည်အဆင့်အတန်းအသီးသီးကိုလည်း သတ်မှတ်ချက်များနှင့်အညီ အဆင့်တိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ အသက် ၁၈ နှစ်ဖြင့် တပ်မတော်တွင် စတင်ဝင်ရောက်ခဲ့ပါက အသက် ၄၈ နှစ်အထက် ပြစ်မှုကင်းစစ်သည်များသည် စစ်မှုထမ်းသက် ၃၀ နှစ်တွင် တပ်ကြပ်ကြီးအဆင့်သို့ ရရှိမည်ဖြစ်ပြီး ပင်စင်နှင့် အခြားခံစားခွင့်များလည်း ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် တပ်မတော်၌ တပ်ကြပ်ကြီး၊ တပ်ခွဲ တပ်ကြပ်ကြီး၊ ဒုတိယအရာခံဗိုလ်၊ အရာခံဗိုလ်ဟူသည့် အဆင့်များရှိပြီး အကုန်လုံးကို ဆရာကြီးဟုပင်ခေါ်ဝေါ်လျက်ရှိသဖြင့် ဒုတိယအရာခံဗိုလ်၊ အရာခံဗိုလ် များအား ဗိုလ်လေးဟူ၍ ခေါ်ဆိုကြရန် အခေါ်အဝေါ် ပြင်ပေးခဲ့ကြောင်း။

လက်ရှိအချိန်၌ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုအနေဖြင့် နိုဝင်ဘာလ ၃၀ ရက် ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာ ၉၀၇၁၃ ဦး၊ သေဆုံးသူ ၁၉၄၁ ဦးရှိပြီဖြစ်ကြောင်း၊ ရောဂါဖြစ်ပွား မှုပထမပိုင်းကာလ First wave ဩဂုတ်လ ၃၁ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၈၈၇ ဦးသာရှိခဲ့သော်လည်း ဒုတိယလှိုင်းစတင်ဖြစ်ပွားသည်မှစ၍ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ ၃ လတာကာလအတွင်း အတည်ပြုလူနာဦးရေ တစ်လလျင် ၃ သောင်းနီးပါး တိုးမြင့်လာခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆင်ခြင်သွားလာနေထိုင်ကြစေလိုကြောင်း၊ ကာကွယ်ဆေးများနှင့် ကုသဆေးများ ဖော်ထုတ်နိုင်ပြီဟုဆိုသော်လည်း အငြင်းပွားမှုများ ရှိနေဆဲဖြစ်ပြီး ရာနှုန်းပြည့်အာမခံနိုင်မှု မရှိသေးကြောင်း၊ တပ်မတော်အတွင်း၌ ဇန်နဝါရီ လဆန်းပိုင်း ကတည်းကပင် သွားလာမှုစည်းကမ်းများနှင့် အခြားစည်းကမ်းများကို ထုတ်ပြန်ခဲ့ပြီး ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်တွင်း၌ လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိ ဓာတ်ခွဲအတည်ပြုလူနာ တစ်ထောင်ကျော်သာ တွေ့ရှိရခြင်းဖြစ်ကြောင်း၊ အမိန့်နာခံမှုနှင့် စစ်စည်းကမ်းသည် တပ်မတော်၏ကျောရိုးပင်ဖြစ်သည့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် စည်းကမ်းများကို ဆက်လက် လိုက်နာသွားကြရန်လိုကြောင်း။

တပ်မတော်သားများ၊ မိသားစုဝင်များအနေဖြင့် သီးခြားအဖွဲ့အစည်းမဟုတ်ဘဲ ပြည်သူက ပေါက်ဖွားလာသူများပင်ဖြစ်သည့်အတွက် ပြည်သူနှင့်တစ်သားတည်း ဖြစ်ရန်လိုကြောင်း၊ ပြည်သူကအားကိုးရပြီး နိုင်ငံတော်က အားထားရသော တပ်မတော်ဖြစ်စေရေး မိမိတို့တစ်ဦးချင်း၊ အဖွဲ့လိုက် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို မှန်ကန်ကျေပွန်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အကျိုး ဖော်ဆောင်နေခြင်းသည် တိုင်းပြည်ကို ကျေးဇူးဆပ်နေခြင်းဖြစ်ပြီး ပြည်သူလူထုအကျိုးကို ဖော်ဆောင်နေခြင်းသည်လည်း ပြည်သူလူထုကို ကျေးဇူးဆပ်နေခြင်းဖြစ်ကြောင်း၊ မွန်မြတ်သောလုပ်ငန်းများဖြစ်၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် နိဂုံးချုပ်စကားပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြစ်ကြီးနားတပ်နယ်နှင့် နန်ပေါင်လေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးနှင့် လေတပ်စခန်းဌာနချုပ်မှူးတို့က အသီးသီးလက်ခံရယူခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမစ္ႀကီးနားတပ္နယ္ႏွင့္ ျမစ္ႀကီးနားေလတပ္စခန္းဌာနခ်ဳပ္တို႔ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယေန႔တြင္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ျမစ္ႀကီးနားတပ္နယ္ႏွင့္ ျမစ္ႀကီးနားေလတပ္စခန္းဌာနခ်ဳပ္တို႔ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား သီးျခားစီေတြ႕ဆုံအမွာစကားေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲမ်ားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊

ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေတဇေက်ာ္ႏွင့္ ျမစ္ႀကီးနားတပ္နယ္ႏွင့္ ျမစ္ႀကီးနားေလတပ္စခန္းဌာနခ်ဳပ္တို႔ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္တြင္ ေအာင္ျမင္စြာက်င္းပျပဳလုပ္ခဲ့ၿပီျဖစ္ၿပီး တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားအေနျဖင့္လည္း ထုတ္ျပန္ထားသည့္ စည္းမ်ဥ္းစည္းကမ္း သတ္မွတ္ခ်က္မ်ား၊ တပ္မေတာ္မွစနစ္တက်ဆႏၵမဲေပးႏိုင္ေအာင္ ေဆာင္႐ြက္ေပးထားမႈမ်ားႏွင့္အညီ တက္ႂကြစြာပါဝင္၍ ဆႏၵမဲမ်ားေပးခဲ့ၾကသည္ကိုေတြ႕ရွိရေၾကာင္း၊ ေအာင္ျမင္စြာၿပီးေျမာက္ေအာင္ စနစ္တက်ျဖင့္ ဝိုင္းဝန္းဆႏၵမဲမ်ားေပးခဲ့ၾကသည့္အတြက္လည္း တပ္မေတာ္သားမ်ားႏွင့္ မိသားစုမ်ားကို ေက်းဇူးတင္ရွိ ေၾကာင္း၊ တပ္မေတာ္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးအတြက္ အဓိကတာဝန္ရွိေၾကာင္း၊ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၁ ၌ “ျမန္မာႏိုင္ငံသည္ အခ်ဳပ္အျခာအာဏာပိုင္ လြတ္လပ္သည့္ႏိုင္ငံျဖစ္သည္” ဟုလည္းေကာင္း၊ ပုဒ္မ ၄ ၌ “ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာသည္ ႏိုင္ငံသားမ်ားထံမွ ဆင္းသက္ၿပီး ႏိုင္ငံေတာ္တစ္ဝန္းလုံး၌ တည္သည္” ဟုလည္းေကာင္း ျပဌာန္းထားေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္သည္ ႏိုင္ငံသားမ်ားကို ကာကြယ္ေပးရန္တာဝန္ရွိေၾကာင္း၊ ဒီမိုကေရစီစနစ္ ထူေထာင္ရာတြင္ ႏိုင္ငံေရးအရ ဒီမိုကေရစီက်င့္စဥ္မ်ား ရင့္က်က္ရန္လိုအပ္သကဲ့သို႔ ႏိုင္ငံေရးတည္ၿငိမ္မႈ၊ စီးပြားေရးတည္ၿငိမ္မႈ၊ လူမႈေရးတည္ၿငိမ္မႈတို႔ရွိရန္လိုေၾကာင္း၊ ျပည္သူလူထု လိုလားေတာင့္တသည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေရးအတြက္ ၎ကိစၥမ်ားကို တပ္မေတာ္က တတ္စြမ္းသေ႐ြ႕ေဆာင္႐ြက္ေနေၾကာင္း။

တပ္မေတာ္အေနျဖင့္ ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးခ်ိန္ကတည္းက ယေန႔အထိ ႏိုင္ငံေတာ္၏ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ခဲ့ျခင္းအေပၚ ဝါဒေရးရာ ကြဲျပားမႈ၊ အျမင္မတူညီမႈ၊ သေဘာထားကြဲလြဲမႈမ်ားလည္း ေခတ္အဆက္ဆက္ရွိခဲ့ေၾကာင္း၊ သို႔ေသာ္တပ္မေတာ္အေနျဖင့္ “တပ္မေတာ္သည္ အမ်ိဳးသားေရးအေပၚ ဘယ္ေတာ့မွ သစၥာမေဖာက္” ဟူေသာ ေဆာင္ပုဒ္အတိုင္း ခိုင္ခိုင္မာမာ ရပ္တည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ၎ကဲ့သို႔ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားအေပၚ သစၥာရွိစြာ တာဝန္ထမ္းေဆာင္ႏိုင္ေရး တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား အားလုံးသည္ ညီၫြတ္ေသာအားျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္အေနျဖင့္ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းၿပီး တစ္ႏိုင္ငံလုံးၿငိမ္းခ်မ္းမႈရရွိေရး ေဆာင္႐ြက္ေနေၾကာင္း၊ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွ စ၍ ယခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔တိုင္ေအာင္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးေၾကျငာခ်က္ ၉ ေစာင္ထုတ္ျပန္၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ၁၉၄၇ ခုႏွစ္၊ ပင္လုံသေဘာတူညီခ်က္မ်ားႏွင့္ အမ်ိဳးသားေခါင္းေဆာင္ႏွင့္ တပ္မေတာ္၏ ဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေျပာၾကားခ်က္မ်ားအရ ႏိုင္ငံေတာ္ကို ယခင္ကတည္းက ျပည္ေထာင္စုႏိုင္ငံ (UNION) အျဖစ္တည္ေဆာက္ခဲ့ေၾကာင္း၊ ၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ “အခန္း ၁ ၊ ႏိုင္ငံေတာ္၏ အေျခခံမူမ်ား” ႏွင့္ “အခန္း ၈ ၊ ႏိုင္ငံသား၊ ႏိုင္ငံသား မ်ား၏ မူလအခြင့္အေရးႏွင့္ တာဝန္မ်ား” အခန္း၌ ႏိုင္ငံေတာ္က ႏိုင္ငံသားအားလုံးအတြက္ တူညီေသာ ကတိကဝတ္မ်ား၊ အာမခံခ်က္မ်ားအား အျပည့္အဝေပးထားေၾကာင္း၊ လူမ်ိဳး၊ ဘာသာ ခြဲျခားမႈမရွိ အခြင့္အေရးတန္းတူရရွိလ်က္ရွိေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ႏိုင္ငံေရးအရျဖစ္ႏိုင္သည္မ်ားကိုသာ လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း။

တပ္မေတာ္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတြင္ အဓိကစြမ္းအားစုျဖစ္သျဖင့္ တူညီသည့္ အျမင္ႏွင့္တစ္ေသြး၊ တစ္သံ၊ တစ္မိန႔္တည္း ျဖစ္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္သည့္အခ်ိန္မွစ၍ ႐ုပ္ပိုင္း၊ စိတ္ပိုင္းဆိုင္ရာမ်ားကို မ်ားစြာျဖည့္တင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ကာကြယ္ေရးစြမ္းရည္၊ စြမ္းအားထက္ျမက္ေစေရးအတြက္လည္း ၾကည္း၊ ေရ၊ ေလ က႑အသီးသီးတြင္ အဆင့္ျမႇင့္တင္ေဆာင္႐ြက္ ေပးႏိုင္ခဲ့ေၾကာင္း၊ စားေရး၊ ေနေရး၊ ဝတ္ေရးမ်ားအျပင္ အျခားလိုအပ္ခ်က္မ်ားကိုလည္း ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ စစ္သည္အဆင့္အတန္းအသီးသီးကိုလည္း သတ္မွတ္ခ်က္မ်ားႏွင့္အညီ အဆင့္တိုးျမႇင့္ေပးႏိုင္ေရး ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ အသက္ ၁၈ ႏွစ္ျဖင့္ တပ္မေတာ္တြင္ စတင္ဝင္ေရာက္ခဲ့ပါက အသက္ ၄၈ ႏွစ္အထက္ ျပစ္မႈကင္းစစ္သည္မ်ားသည္ စစ္မႈထမ္းသက္ ၃၀ ႏွစ္တြင္ တပ္ၾကပ္ႀကီးအဆင့္သို႔ ရရွိမည္ျဖစ္ၿပီး ပင္စင္ႏွင့္ အျခားခံစားခြင့္မ်ားလည္း ပိုမိုရရွိမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ တပ္မေတာ္၌ တပ္ၾကပ္ႀကီး၊ တပ္ခြဲ တပ္ၾကပ္ႀကီး၊ ဒုတိယအရာခံဗိုလ္၊ အရာခံဗိုလ္ဟူသည့္ အဆင့္မ်ားရွိၿပီး အကုန္လုံးကို ဆရာႀကီးဟုပင္ေခၚေဝၚလ်က္ရွိသျဖင့္ ဒုတိယအရာခံဗိုလ္၊ အရာခံဗိုလ္ မ်ားအား ဗိုလ္ေလးဟူ၍ ေခၚဆိုၾကရန္ အေခၚအေဝၚ ျပင္ေပးခဲ့ေၾကာင္း။

လက္ရွိအခ်ိန္၌ မိမိတို႔ႏိုင္ငံတြင္ COVID-19 ေရာဂါျဖစ္ပြားမႈအေနျဖင့္ ႏိုဝင္ဘာလ ၃၀ ရက္ ည ၈ နာရီအထိ ဓာတ္ခြဲအတည္ျပဳလူနာ ၉၀၇၁၃ ဦး၊ ေသဆုံးသူ ၁၉၄၁ ဦးရွိၿပီျဖစ္ေၾကာင္း၊ ေရာဂါျဖစ္ပြား မႈပထမပိုင္းကာလ First wave ဩဂုတ္လ ၃၁ ရက္ေန႔အထိ ေရာဂါပိုးေတြ႕ရွိသူ ၈၈၇ ဦးသာရွိခဲ့ေသာ္လည္း ဒုတိယလႈိင္းစတင္ျဖစ္ပြားသည္မွစ၍ စက္တင္ဘာ၊ ေအာက္တိုဘာ၊ ႏိုဝင္ဘာ ၃ လတာကာလအတြင္း အတည္ျပဳလူနာဦးေရ တစ္လလ်င္ ၃ ေသာင္းနီးပါး တိုးျမင့္လာခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ ေရာဂါကူးစက္ျဖစ္ပြားမႈမရွိေစေရး စည္းကမ္း သတ္မွတ္ခ်က္မ်ားႏွင့္အညီ ဆင္ျခင္သြားလာေနထိုင္ၾကေစလိုေၾကာင္း၊ ကာကြယ္ေဆးမ်ားႏွင့္ ကုသေဆးမ်ား ေဖာ္ထုတ္ႏိုင္ၿပီဟုဆိုေသာ္လည္း အျငင္းပြားမႈမ်ား ရွိေနဆဲျဖစ္ၿပီး ရာႏႈန္းျပည့္အာမခံႏိုင္မႈ မရွိေသးေၾကာင္း၊ တပ္မေတာ္အတြင္း၌ ဇန္နဝါရီ လဆန္းပိုင္း ကတည္းကပင္ သြားလာမႈစည္းကမ္းမ်ားႏွင့္ အျခားစည္းကမ္းမ်ားကို ထုတ္ျပန္ခဲ့ၿပီး ႀကိဳတင္ကာကြယ္မႈမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္လည္း တပ္မေတာ္တြင္း၌ လက္ရွိအခ်ိန္ထိ ေရာဂါပိုးေတြ႕ရွိ ဓာတ္ခြဲအတည္ျပဳလူနာ တစ္ေထာင္ေက်ာ္သာ ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း၊ အမိန႔္နာခံမႈႏွင့္ စစ္စည္းကမ္းသည္ တပ္မေတာ္၏ေက်ာ႐ိုးပင္ျဖစ္သည့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ားအေနျဖင့္ စည္းကမ္းမ်ားကို ဆက္လက္ လိုက္နာသြားၾကရန္လိုေၾကာင္း။

တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားအေနျဖင့္ သီးျခားအဖြဲ႕အစည္းမဟုတ္ဘဲ ျပည္သူက ေပါက္ဖြားလာသူမ်ားပင္ျဖစ္သည့္အတြက္ ျပည္သူႏွင့္တစ္သားတည္း ျဖစ္ရန္လိုေၾကာင္း၊ ျပည္သူကအားကိုးရၿပီး ႏိုင္ငံေတာ္က အားထားရေသာ တပ္မေတာ္ျဖစ္ေစေရး မိမိတို႔တစ္ဦးခ်င္း၊ အဖြဲ႕လိုက္ လုပ္ေဆာင္ရမည့္လုပ္ငန္းတာဝန္မ်ားကို မွန္ကန္ေက်ပြန္စြာ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္အက်ိဳး ေဖာ္ေဆာင္ေနျခင္းသည္ တိုင္းျပည္ကို ေက်းဇူးဆပ္ေနျခင္းျဖစ္ၿပီး ျပည္သူလူထုအက်ိဳးကို ေဖာ္ေဆာင္ေနျခင္းသည္လည္း ျပည္သူလူထုကို ေက်းဇူးဆပ္ေနျခင္းျဖစ္ေၾကာင္း၊ မြန္ျမတ္ေသာလုပ္ငန္းမ်ားျဖစ္၍ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္းျဖင့္ နိဂုံးခ်ဳပ္စကားေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမစ္ႀကီးနားတပ္နယ္ႏွင့္ နန္ေပါင္ေလတပ္စခန္းဌာနခ်ဳပ္တို႔ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ဖြယ္ရာမ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္ရာ တိုင္းမႉးႏွင့္ ေလတပ္စခန္းဌာနခ်ဳပ္မႉးတို႔က အသီးသီးလက္ခံရယူခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။