တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၁)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

 

နေပြည်တော်၊ ဒီဇင်ဘာ – ၁၁

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး နှင့် မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)မှ အောင်စစ်သည် ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၇၁ ဗိုလ်လောင်း ပြည့်ဖြိုးဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၆၀ ဗိုလ်လောင်း ဇေယျာမင်းလွင်၊ စာပေထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၈၁ ဗိုလ်လောင်း လင်းပြည့်ဖြိုး တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီးနောက် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးစစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) မှထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများကိုတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၂၁)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္မိန႔္ခြန္းေျပာၾကား

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၁

တပ္မေတာ္ေဆးတကၠသိုလ္၊ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁) သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ တပ္မေတာ္ေဆးတကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္၍ သင္တန္းဆင္း မိန႔္ခြန္းေျပာၾကားသည္။

အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တပ္မေတာ္ေဆးတကၠသိုလ္ေက်ာင္းအုပ္ႀကီး ႏွင့္ မဂၤလာဒုံတပ္နယ္မွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ေက်ာင္းဆင္းဗိုလ္ေလာင္းတပ္ခြဲ၏ အေလးျပဳျခင္းကိုခံယူၿပီး တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁)မွ ေအာင္စစ္သည္ ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၅၄၇၁ ဗိုလ္ေလာင္း ျပည့္ၿဖိဳးဝင္း၊ ေလ့က်င့္ေရးထူးခြၽန္ဆု ရရွိသူ ဗိုလ္ေလာင္းအမွတ္ ၅၄၆၀ ဗိုလ္ေလာင္း ေဇယ်ာမင္းလြင္၊ စာေပထူးခြၽန္ဆု ရရွိသူ ဗိုလ္ေလာင္းအမွတ္ ၅၄၈၁ ဗိုလ္ေလာင္း လင္းျပည့္ၿဖိဳး တို႔အား ဆုမ်ားအသီးသီး ေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းဆင္းမိန႔္ခြန္း ေျပာၾကားၿပီးေနာက္ ဗိုလ္ေလာင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကို ခံယူၿပီးစစ္ေရးျပ အခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ တပ္မေတာ္ေဆးတကၠသိုလ္ ဧည့္ခန္းမေဆာင္၌ တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁) မွထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္းမ်ားကိုေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကား ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။