ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်၊ ဇန်နဝါရီ – ၃၀

 

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေသို့ ဇန်နဝါရီ ၂၅ ရက်တွင် စတင်ပင့်ဆောင်ပူဇော်ခဲ့ပြီး ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့်မင်္ဂလာနေရာသို့ ဇန်နဝါရီ ၂၉ ရက်ညပိုင်းတွင် ရောက်ရှိခဲ့သည်။

အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဝိမလဗုဒ္ဓိပါဠိဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပါဠိဆရာတော်ကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့က မေတ္တာပို့ဂါထာတော်များကို ရွတ်ဆိုပူဇော်၍မေတ္တာပြုတော်မူသည်။ ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရတနတ္တယ ပူဇာဂါထာ၊ ဘုရားဂုဏ်တော် ၉ ပါး၊ ပဋ္ဌာန်းပစ္စ ယုဒ္ဒေသပါဠိတော်နှင့် မေတ္တာပို့လင်္ကာများကို သံပြိုင်ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။

ဆက်လက်ပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ဩဝါဒါစရိယ ပါဠိဆရာတော်ကြီး ဦးဆောင်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ဘုရားဒါယကာများက အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို အပူဇော်ခံ မည့်နေရာသို့ ဆက်လက်ပင့်ဆောင်တော်မူကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ရာ ဝတ်အသင်းများက အရပ်ဆယ်မျက်နှာ မေတ္တာပို့လင်္ကာများဖြင့် မေတ္တာ ဘာ၀နာပွားများပူဇော်ခဲ့ကြပြီး အခမ်းအနားအောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer များဖြင့် ပင့်ဆောင်၍ ယာယီနေရာချထားရန်ဆောင်ရွက်နေသည့်အခြေအနေများ၊ ပလ္လင်တော်အောက်ခြေပိုင်စိုက်ဖောင်ဒေးရှင်း ဆောင်ရွက်ထားရှိသည့်အခြေအနေများ၊ ဘုရားပရိဝုဏ်အတွင်း သာသနိကအဆောက်အဦများဆောက်လုပ်ရန်နှင့် ဥယျာဉ်တော် အတွင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်မှာ မှာကြားခဲ့သည်။

အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ပူဇော်မည့် စကျင်ကျောက်တော်ကြီးကို Angelo Mining Company မှ ဦးအောင်ခိုင်သန်း မိသားစုတို့က ခရစ်နှစ် ၂၀၁၃ ခုနှစ်တွင် Shwe Foundation သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ Shwe Foundation ၏ မေတ္တာရပ်ခံချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော် ဘုရားကြီးနှင့် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးတို့၏ ဩဝါဒများနှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ထုဆစ်ပုံဖော်ပူဇော်သွားရန်အတွက် မတ္တရာမြို့နယ်၊ စကျင် တောင်မှ မြောင်မြစ်အတိုင်း၊ ယင်းမှတစ်ဆင့် ဧရာ၀တီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ ပထမအဆင့် ပင့်ဆောင်ပူဇော်ခဲ့ကြောင်း၊ ထိုမှတဆင့် ယခုလ ၂၅ ရက်တွင် မြင်းခြံမြို့နယ် ဆီမီးခုံမှ တံတားဦးအဝိုင်း၊ ယင်းမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန် လမ်းအတိုင်း နေပြည်တော်သို့ ဆက်လက်ပင့်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင်လည်း မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည်ဖြစ်ကြောင်း၊ တည်ထားကိုးကွယ် မည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေး အတွက် ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်၊ ဘုတ်တလုတ်ရေကန်၊ ရေပန်းများ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဂန္ဓကုဋိတိုက်အတွင်း၌လည်း ဗုဒ္ဓယဉ်ကျေးမှုများ၊ ဗုဒ္ဓဝင်များကို စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ကြောင်းနှင့် ဆီမီးခုံ ဆိပ်ကမ်းတွင် ကျန်ရှိသည့် ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို ဆက်လက် ပင့်ဆောင်သွားမည်ဖြစ်သည်။

(Zawgyi Version)

ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ားအား ႀကိဳဆိုပင့္ေဆာင္ျခင္း မဟာမဂၤလာအခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၃၀

ေနျပည္ေတာ္တြင္ တည္ထားကိုးကြယ္မည့္ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ားကို Modular Trailer မ်ားျဖင့္ ဆီမီးခုံဆိပ္ကမ္းမွ ေနျပည္ေတာ္ေကာင္စီနယ္ေျမသို႔ ဇန္နဝါရီ ၂၅ ရက္တြင္ စတင္ပင့္ေဆာင္ပူေဇာ္ခဲ့ၿပီး ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္မည့္

မဂၤလာေနရာသို႔ ဇန္နဝါရီ ၂၉ ရက္ညပိုင္းတြင္ ေရာက္ရွိခဲ့သည္။

အဆိုပါ ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ားအား ႀကိဳဆိုပင့္ေဆာင္ျခင္း မဟာမဂၤလာ အခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္ရာ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံပါဠိ တကၠသိုလ္ေက်ာင္းတိုက္ ပဓာနနာယက အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိက ဘဒၵႏၲ ဝိမလဗုဒၶိပါဠိဆရာေတာ္ႀကီး အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ကာကြယ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ အခမ္းအနားကို နေမာတႆသုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး ပါဠိဆရာေတာ္ႀကီးအမႉးျပဳေသာ သံဃာေတာ္အရွင္သူျမတ္တို႔က ေမတၱာပို႔ဂါထာေတာ္မ်ားကို ႐ြတ္ဆိုပူေဇာ္၍ေမတၱာျပဳေတာ္မူသည္။ ထို႔ေနာက္ ဘုရားဒါယကာ၊ ဒါယိကာမမ်ားႏွင့္ ဧည့္ပရိသတ္အေပါင္းတို႔က ရတနတၱယ ပူဇာဂါထာ၊ ဘုရားဂုဏ္ေတာ္ ၉ ပါး၊ ပ႒ာန္းပစၥ ယုေဒၵသပါဠိေတာ္ႏွင့္ ေမတၱာပို႔လကၤာမ်ားကို သံၿပိဳင္ညီညာစြာ ႐ြတ္ဆိုပူေဇာ္ၾကသည္။

ဆက္လက္ၿပီး ဘူမိဖႆမုျဒာထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ားအား ဩဝါဒါစရိယ ပါဠိဆရာေတာ္ႀကီး ဦးေဆာင္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အမႉးျပဳေသာ ဘုရားဒါယကာမ်ားက အေမႊး နံ႔သာရည္မ်ားျဖင့္ ပက္ဖ်န္းပူေဇာ္ၾကၿပီး ဇယမဂၤလာ ေအာင္ဂါထာေတာ္မ်ားကို ႐ြတ္ဆိုပူေဇာ္ၾကသည္။ ထို႔ေနာက္ မဂၤလာအခ်ိန္တြင္ ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ားကို အပူေဇာ္ခံ မည့္ေနရာသို႔ ဆက္လက္ပင့္ေဆာင္ေတာ္မူၾကသည္။

ယင္းေနာက္ ဗုဒၶသာသနံစိရံတိ႒တု သုံးႀကိမ္ ႐ြတ္ဆိုဆုေတာင္း၍ အခမ္းအနား ႐ုပ္သိမ္းခဲ့ရာ ဝတ္အသင္းမ်ားက အရပ္ဆယ္မ်က္ႏွာ ေမတၱာပို႔လကၤာမ်ားျဖင့္ ေမတၱာ ဘာ၀နာပြားမ်ားပူေဇာ္ခဲ့ၾကၿပီး အခမ္းအနားေအာင္ျမင္ၿပီးေျမာက္ျခင္း အထိမ္းအမွတ္အျဖစ္ ရတနာေ႐ႊမိုးေငြမိုးမ်ား ႐ြာသြန္းၿဖိဳးၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ားကို Modular Trailer မ်ားျဖင့္ ပင့္ေဆာင္၍ ယာယီေနရာခ်ထားရန္ေဆာင္႐ြက္ေနသည့္အေျခအေနမ်ား၊ ပလႅင္ေတာ္ေအာက္ေျခပိုင္စိုက္ေဖာင္ေဒးရွင္း ေဆာင္႐ြက္ထားရွိသည့္အေျခအေနမ်ား၊ ဘုရားပရိဝုဏ္အတြင္း သာသနိကအေဆာက္အဦမ်ားေဆာက္လုပ္ရန္ႏွင့္ ဥယ်ာဥ္ေတာ္ အတြင္းသာယာလွပေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ျပင္ဆင္ထားရွိသည့္ အေျခအေနမ်ားကို လိုက္လံၾကည့္ရႈစစ္ေဆးကာ လိုအပ္သည္မွာ မွာၾကားခဲ့သည္။

အဆိုပါ ဘူမိဖႆမုျဒာထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအျဖစ္ ထုဆစ္ပူေဇာ္မည့္ စက်င္ေက်ာက္ေတာ္ႀကီးကို Angelo Mining Company မွ ဦးေအာင္ခိုင္သန္း မိသားစုတို႔က ခရစ္ႏွစ္ ၂၀၁၃ ခုႏွစ္တြင္ Shwe Foundation သို႔ လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း၊ Shwe Foundation ၏ ေမတၱာရပ္ခံခ်က္အရ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ခုနစ္ရက္သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို႔က သီတဂူဆရာေတာ္ဘုရားႀကီး၊ ေ႐ႊသုဝဏ္ဆရာေတာ္ ဘုရားႀကီးႏွင့္ ပါေမာကၡခ်ဳပ္ ဆရာေတာ္ဘုရားႀကီးတို႔၏ ဩဝါဒမ်ားႏွင့္အညီ ေခတ္မီနည္းစနစ္မ်ားျဖင့္ ထုဆစ္ပူေဇာ္ႏိုင္ရန္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေက်ာက္ဆစ္ဗုဒၶ ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း ထုဆစ္ပုံေဖာ္ပူေဇာ္သြားရန္အတြက္ မတၱရာၿမိဳ႕နယ္၊ စက်င္ ေတာင္မွ ေျမာင္ျမစ္အတိုင္း၊ ယင္းမွတစ္ဆင့္ ဧရာ၀တီျမစ္ေၾကာင္းအတိုင္း ျမင္းၿခံၿမိဳ႕နယ္ရွိ ဆီမီးခုံဆိပ္ကမ္းသို႔ ပထမအဆင့္ ပင့္ေဆာင္ပူေဇာ္ခဲ့ေၾကာင္း၊ ထိုမွတဆင့္ ယခုလ ၂၅ ရက္တြင္ ျမင္းၿခံၿမိဳ႕နယ္ ဆီမီးခုံမွ တံတားဦးအဝိုင္း၊ ယင္းမွတစ္ဆင့္ မႏၲေလး-ရန္ကုန္ အျမန္ လမ္းအတိုင္း ေနျပည္ေတာ္သို႔ ဆက္လက္ပင့္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ထုဆစ္ပူေဇာ္ရာတြင္လည္း ျမတ္စြာဘုရားရွင္၏ သုံးဆယ့္ႏွစ္ပါးေသာ လကၡဏာေတာ္ႀကီး၊ ရွစ္ဆယ္ေသာ လကၡဏာေတာ္ငယ္တို႔ႏွင့္ သင့္ေလ်ာ္ညီၫြတ္ေသာ ဘူမိဖႆမုျဒာဟန္ျဖင့္ ထုဆစ္ပူေဇာ္သြားမည္ျဖစ္ၿပီး ပလႅင္ေတာ္အျမင့္ ၁၈ ေပ၊ ဉာဏ္ေတာ္အျမင့္ ၆၃ ေပ၊ စုစုေပါင္း ၈၁ ေပအျမင့္ရွိမည္ျဖစ္ေၾကာင္း၊ တည္ထားကိုးကြယ္ မည့္ ဥယ်ာဥ္ေတာ္အတြင္း၌ ရပ္နီးရပ္ေဝးမွ ဘုရားဖူးလာျပည္သူမ်ား အဆင္ေျပေစေရး အတြက္ ဂႏၶကုဋိတိုက္မ်ား၊ သုဓမၼာဇရပ္၊ ဘုတ္တလုတ္ေရကန္၊ ေရပန္းမ်ား ထည့္သြင္း တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း၊ ဂႏၶကုဋိတိုက္အတြင္း၌လည္း ဗုဒၶယဥ္ေက်းမႈမ်ား၊ ဗုဒၶဝင္မ်ားကို စက်င္ေက်ာက္မ်ားျဖင့္ ထုဆစ္ပူေဇာ္သြားမည္ျဖစ္ေၾကာင္းႏွင့္ ဆီမီးခုံ ဆိပ္ကမ္းတြင္ က်န္ရွိသည့္ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ားကို ဆက္လက္ ပင့္ေဆာင္သြားမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။