နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ မြဝတီဘဏ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ အင်းဝဘဏ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်၊ ဧရာဝတီဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ သမဝါယမဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ မြန်မာ့ရှေ့ဆောင် ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမင်းခိုင်၊ ယူအေဘီဘဏ် ဥက္ကဋ္ဌ ဦးနေအောင်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌ ဦးထူးထက်တေဇ၊ ထွန်းကော်မာရှယ်ဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ရွှေဘဏ် ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ သတ္တုဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဦးရုံးမူ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် CEO ဒေါက်တာဇေယျာညွန့်၊ မြန်မာနိုင်ငံသားများဘဏ် ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ ပထမပုဂ္ဂလိကဘဏ် CEO ဦးမြင့်ဇော်၊ ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိန်းဝေ၊ မြန်မာ အရှေ့တိုင်းဘဏ် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်သန်း၊ ကမ္ဘာ့ရတနာဘဏ် CEO ဦးကိုကိုအောင်၊ ကျေးလက် ဖွံ့ဖြိုးရေးဘဏ် CEO ဦးအေးကျော်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် CEO ဦးအောင် ကျော်ငြိမ်း၊ မြန်မာမက်ထရိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းနိုင်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဦးမင်းထိန်၊ ဧရာဝတီတောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်၊ ဂုဏ်ထူးဆောင်တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌ ဦးရဲမြင့်၊ မြန်မာ့ခရီးသွားဘဏ် ဥက္ကဋ္ဌ ဦးရန်ဝင်း၊ ရန်ကုန်မြို့တော်ဘဏ် CEO ဦးကျော်သန်းနှင့် တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း တို့တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ ယခုလိုတွေ့ဆုံခြင်းမှာ အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ တိုင်းပြည်တစ်ခု၏ အဓိကမောင်းနှင်အားမှာ စီးပွားရေး ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်ပါက တိုင်းပြည်တိုးတက်မည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများထဲတွင် ဘဏ်လုပ်ငန်းသည် အရေးကြီးကြောင်း၊ နိုင်ငံတကာတွင်လည်း ဘဏ်များ၏အခန်း ကဏ္ဍအား ထိထိရောက်ရောက်ဆောင်ရွက်နိုင်သည့် နိုင်ငံများသည် စီးပွားရေး တိုးတက်ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း။

ယမန်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းပြည်စီးပွားရေး ပြန်လည် ကောင်းမွန်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ ကြောင်း၊ ကုန်ဈေးနှုန်းကျဆင်းရန် တာဝန်ရှိသူအားလုံးက အသိတရားရှိရှိဖြင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထုတ်ကုန်များ ပေါပေါများများထုတ်လုပ်နိုင်ရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများဖော်ဆောင်ပေးရန် လိုအပ်ကြောင်း၊ အလုပ်အကိုင်ရှိပါက ဝင်ငွေရရှိနေမည်ဖြစ်ကြောင်း၊ အလုပ်ရှင်များဘက်က ကြည့်ပါက လုပ်ငန်းလည်ပတ်နေသည့်အတွက် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ပြီး ဝင်ငွေရရှိနေမည် ဖြစ်ကြောင်း၊ ယင်းအချက်များသည် အခြေခံ ကျကြောင်း၊ မိမိအနေဖြင့် လုပ်ငန်းများကို ပုံမှန်လည်ပတ်နေစေလိုကြောင်း၊ လုပ်ငန်းများ ပုံမှန်လည်ပတ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းအမိန့်များကိုလည်း လိုအပ်သည်များမှလွဲ၍ ပြောင်းလဲဆောင်ရွက်သွားမည်မဟုတ် ကြောင်း၊ လုပ်ငန်းများ လုပ်ဆောင်ရာတွင် COVID-19 စည်းကမ်းများနှင့်အညီ လုပ်ဆောင်ရန်နှင့် တာဝန်ယူရန်လိုအပ်ကြောင်းကို ပြောကြားခဲ့ကြောင်း။

ယခုတက်ရောက်လာကြသူများသည် ငွေကြေးနှင့် ပတ်သက်သည့် လုပ်ငန်းများ ကို လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ယမန်နေ့က တွေ့ဆုံခဲ့သည့် လုပ်ငန်းရှင် များသည် ဘဏ်လုပ်ငန်းရှင်များမှ စီးဆင်းလာသည့် ငွေဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြရ သည့်အတွက် ဘဏ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရန်လိုအပ်သည်ဟု ယူဆသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ စီးပွားရေး၏ အဓိကမောင်းနှင်အားမှာ ဘဏ်များ ဖြစ်ကြောင်း၊ ထို့ကြောင့် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျနှင့် ထိထိ ရောက်ရောက် လည်ပတ်စေလိုကြောင်း၊ မိမိအနေဖြင့် ပြည်တွင်းဘဏ်များကို အားပေး ကြောင်း၊ တစ်နိုင်ငံလုံးတွင် ဘဏ်လုပ်ငန်းများ ရှိပါက အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဘဏ်တွင် အချိန်ကုန်ခံပြီး ဆောင်ရွက်နေရမည့်အစား လွယ်လွယ် ကူကူဖြင့် ဆောင်ရွက်၍ ရသည့်စနစ်ကို သွားစေချင်ကြောင်း၊ မိမိတို့နိုင်ငံ အတွင်းရှိ အီလက်ထရောနစ်ဖြင့် ဆောင်ရွက်သည့် ဘဏ်လုပ်ငန်းစနစ်ကိုလည်း တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ရန်အတွက် အားပေးကြောင်း၊ သို့သော် စနစ်တကျဖြင့် လည်ပတ် ရန် လိုအပ်ကြောင်း၊ ဘဏ်လုပ်ငန်းရှင်များ၏ ဆောင်ရွက်လို သည့်အချက်များနှင့် လိုအပ်ချက်များကို သိလိုကြောင်း၊ ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန်များအား ဖျက်သိမ်းမည်ဟုကောလာဟလ သတင်းများထွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ထုတ်ဝေပြီးသည့် ပိုက်ဆံများကိုဖျက်သိမ်းမည် မဟုတ်ဟု ပါရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည့်ထုတ်ပြန်ချက်များထုတ်ပြန်ဆောင်ရွက်ပေးခဲ့ကြောင်း။

မိမိတို့အနေဖြင့် လက်ရှိနိုင်ငံတော်က ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေးတို့နှင့်စပ်လျဉ်း၍ မူဝါဒများ လုံးဝမပြောင်းလဲ ကြောင်း၊ မိမိတို့သည် ခေတ္တခဏ တာဝန်ယူကြသူများသာ ဖြစ်ကြောင်း၊ ယနေ့ တွေ့ဆုံခြင်းတွင် တိုင်းပြည်၏ မောင်းနှင်အားတစ်ခုဖြစ်သည့် ဘဏ်လုပ်ငန်းရှင်များ အနေဖြင့် မည်သို့ပါဝင်မည်၊ မိမိတို့ မည်သည့်ကိစ္စများကို ပံ့ပိုးဆောင်ရွက်ပေးရမည်ကို သိရှိလိုကြောင်း၊ တင်ပြချက်များနှင့်စပ်လျဉ်း၍ လတ်တလောဖြေရှင်းပေးရမည့် အချက်များကို လတ်တလောဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေး၊ နာယက ဦးသိန်းထွန်း၊ ယူအေဘီဘဏ်ဥက္ကဋ္ဌ ဦးနေအောင်၊ ဧရာဝတီဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ရွှေဘဏ်ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ် မှု မူဝါဒများ ပြုပြင်ပြောင်းလဲပေးရန်ကိစ္စ၊ ပြည်ပဘဏ်များကိစ္စနှင့် အမျိုးသားအကျိုး စီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ပေးရန်ကိစ္စ၊ အတိုးနှုန်းလျှော့ချရေးနှင့် စပ်လျဉ်း၍ အချိန်ယူစဉ်းစားပေးရန်ကိစ္စ၊ နယ်စပ်ကုန်သွယ်မှုတွင် ပြည်ပငွေသုံးစွဲခွင့် ရရှိရန်ကိစ္စ၊ Digital Payment ပြုပြင်ပြောင်းလဲသွားရန်ကိစ္စ၊ ဘဏ်များက ဆောင်ရွက် နေသည့် အသေးစားချေးငွေကိစ္စနှင့် အာမခံလုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင်နိုင် ရန်ကိစ္စ၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများတွင် ပေးဆောင်ရသည့် အခွန်များ လျှော့ချပေးရန်ကိစ္စတို့ကို ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က COVID-19 သက်ရောက်မှုကြောင့် ထိခိုက်နစ်နာနေသည့် စီးပွားရေးလုပ်ငန်းများ သက်သာခွင့်ရ အောင် ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည့် အခြေအနေတို့ကို လည်းကောင်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက မြန်မာနိုင်တော်ဗဟိုဘဏ်၊ ဘဏ်လုပ် ငန်းရှင်များအသင်းနှင့် ဘဏ်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ တို့ကို လည်းကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတကာတွင် ဘဏ်အတိုးနှုန်းမှာ နည်းပါးကြောင်း၊ ငွေကြေးပုံမှန်လည်ပတ်‌မှု ကောင်းမွန်မှ တိုင်းပြည်စီးပွားရေး တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ငွေကြေးကို ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးအတွက် အသုံးပြုနေရန်လိုအပ်ကြောင်း၊ ငွေကြေးမူဝါဒမှာ အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ယိုင်နေသည့်စီးပွားရေးလုပ်ငန်းများကို ပြန်လည် တည့်မတ်ရန်၊ ဘဏ်များအဆင်ပြေစေရန်အတွက် ဗဟိုဘဏ်က မည်သို့ကူညီရမည်၊ မည်သို့ ဖြေလျှော့ပေးရမည်ကို လတ်တလောကာလအတွင်း ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်မှုများတွင် နစ်နာမှုများရှိနေသည်ကို သိရှိရ ကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်နိုင်သည့် စားသောက်ကုန်များကို ပြည်ပနိုင်ငံမှ တင်သွင်းနေရကြောင်း၊ သွင်းကုန်များ ထိန်းနိုင်ရန်အတွက် ပြည်တွင်းမွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း၌ပင် ဖူလုံအောင် ထုတ်လုပ်နိုင်ရေး အားပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများရှိ မြန်မာ စီးပွားရေးသံမှူးများအနေဖြင့် ပြင်ပဈေးကွက် သတင်းများကို ရှာဖွေကြရမည်ဖြစ် ကြောင်း၊ ပြည်တွင်း၌ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရန် လိုအပ်ပြီး ဘဏ်လုပ်ငန်းရှင်များအနေဖြင့် ယင်းကိစ္စများကို ကူညီပေး စေလိုကြောင်း၊ အတိုးနှုန်းလျှော့ချရေးနှင့် ပတ်သက်ပြီး အချိန်ကာလတစ်ခု အထိ စောင့်ကြည့်ပြီး အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း ငွေကြေး ခိုင်မာမှုရှိရန် အရေးကြီးကြောင်း၊ အခွန်နှင့် ပတ်သက်၍ ရှောင်၍မရကြောင်း၊ ပေးသင့်ပေးထိုက်သည့် အခွန်ကို ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းအတွက် အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းဝယ်လိုအား တက်လာစေရေး အတွက် အလုပ်အကိုင်များဖော်ဆောင်ရေးနှင့် ငွေကြေးကူညီရေး ညှိနှိုင်း ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလတွင် ယိုင်နေသည့်စီးပွားရေးကို ဘဏ်လုပ်ငန်း များ၏ အားဖြင့် တည့်မတ်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံဘဏ္မ်ားအသင္း နာယက၊ ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ား၊ ပုဂၢလိကဘဏ္မ်ားမွ ဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ား၊ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၄

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္ သမၼတအိမ္ေတာ္ ငုေ႐ႊဝါခန္းမ၌ ျမန္မာႏိုင္ငံဘဏ္မ်ားအသင္း နာယက၊ ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ား၊ ပုဂၢလိကဘဏ္မ်ားမွ ဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ား၊ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံသည္။

ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ဦးသန္းညိန္း၊ ျမဝတီဘဏ္ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦး၊ အင္းဝဘဏ္ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ကေမာၻဇဘဏ္ ဒုတိယဥကၠ႒ ဦးေမာင္ေမာင္၊ ဧရာဝတီဘဏ္ ဒုတိယဥကၠ႒ ေဒၚခင္ေစာဦး၊ သမဝါယမဘဏ္ ဥကၠ႒ ဦးခင္ေမာင္ေအး၊ ျမန္မာ့ေရွ႕ေဆာင္ ဘဏ္ ဒုတိယဥကၠ႒ ဦးဝင္းမင္းခိုင္၊ ယူေအဘီဘဏ္ ဥကၠ႒ ဦးေနေအာင္၊ အာရွစိမ္းလန္းမႈ ဖြံ႕ၿဖိဳးေရးဘဏ္ ဒုတိယဥကၠ႒ ဦးထူးထက္ေတဇ၊ ထြန္းေကာ္မာရွယ္ဘဏ္ ဥကၠ႒ ဦးသိန္းထြန္း၊ ေ႐ႊဘဏ္ ဥကၠ႒ ဦးေက်ာ္ဝင္း၊ သတၱဳဖြံ႕ၿဖိဳးေရးဘဏ္ ဥကၠ႒ ဦး႐ုံးမူ၊ အေသးစားႏွင့္ အလတ္စား လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးဘဏ္ CEO ေဒါက္တာေဇယ်ာၫြန႔္၊ ျမန္မာႏိုင္ငံသားမ်ားဘဏ္ ဥကၠ႒ ဦးတိုးေအာင္ျမင့္၊ ပထမပုဂၢလိကဘဏ္ CEO ဦးျမင့္ေဇာ္၊ ႐ိုးမဘဏ္ ဥကၠ႒ ဦးသိန္းေဝ၊ ျမန္မာ အေရွ႕တိုင္းဘဏ္ ဥကၠ႒ ေဒၚၾကည္ၾကည္သန္း၊ ကမာၻ႔ရတနာဘဏ္ CEO ဦးကိုကိုေအာင္၊ ေက်းလက္ ဖြံ႕ၿဖိဳးေရးဘဏ္ CEO ဦးေအးေက်ာ္၊ ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္ CEO ဦးေအာင္ ေက်ာ္ၿငိမ္း၊ ျမန္မာမက္ထ႐ိုဘဏ္ ဒုတိယဥကၠ႒ ဦးေဇာ္ဝင္းႏိုင္၊ ေဆာက္လုပ္ေရးအိမ္ရာႏွင့္ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးဘဏ္ ဥကၠ႒ ဦးမင္းထိန္၊ ဧရာဝတီေတာင္သူလယ္သမား ဖြံ႕ၿဖိဳးေရးဘဏ္ ဥကၠ႒ ဦးေဇာ္ဝင္းရွိန္၊ ဂုဏ္ထူးေဆာင္ေတာင္သူလယ္သမား ဖြံ႕ၿဖိဳးေရးဘဏ္ ဒုတိယဥကၠ႒ ဦးရဲျမင့္၊ ျမန္မာ့ခရီးသြားဘဏ္ ဥကၠ႒ ဦးရန္ဝင္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဘဏ္ CEO ဦးေက်ာ္သန္းႏွင့္ ေတာင္သူလယ္သမားဖြံ႕ၿဖိဳးေရးဘဏ္ ဥကၠ႒ ဦးစိုင္းမ်ိဳးဝင္း တို႔တက္ေရာက္ ၾကသည္။

ေရွးဦးစြာ တက္ေရာက္လာၾကသည့္ ပုဂၢလိကဘဏ္မ်ားမွ ဥကၠ႒မ်ား၊ ဒုတိယ ဥကၠ႒မ်ား၊ တာဝန္ရွိသူမ်ားက တစ္ဦးခ်င္းမိတ္ဆက္ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အမွာစကားေျပာၾကားရာတြင္ မိမိတို႔ ယခုလိုေတြ႕ဆုံျခင္းမွာ အေျခအေနအရပ္ရပ္ကို ေတြ႕ဆုံေဆြးေႏြးျခင္းျဖစ္ေၾကာင္း၊ တိုင္းျပည္တစ္ခု၏ အဓိကေမာင္းႏွင္အားမွာ စီးပြားေရး ျဖစ္ေၾကာင္း၊ စီးပြားေရးေကာင္း မြန္ပါက တိုင္းျပည္တိုးတက္မည္ျဖစ္ေၾကာင္း၊ စီးပြားေရး လုပ္ငန္းမ်ားထဲတြင္ ဘဏ္ လုပ္ငန္းသည္ အေရးႀကီးေၾကာင္း၊ ႏိုင္ငံတကာတြင္လည္း ဘဏ္မ်ား၏အခန္း က႑အား ထိထိေရာက္ေရာက္ေဆာင္႐ြက္ႏိုင္သည့္ ႏိုင္ငံမ်ားသည္ စီးပြားေရး တိုးတက္ေကာင္းမြန္ သည္ကို ေတြ႕ရွိရေၾကာင္း။

ယမန္ေန႔က ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ခ်ဳပ္ႏွင့္ ညီေနာင္အသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီး တိုင္းျပည္စီးပြားေရး ျပန္လည္ ေကာင္းမြန္ေရးအတြက္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ၾကရန္ တိုက္တြန္းခဲ့ ေၾကာင္း၊ ကုန္ေဈးႏႈန္းက်ဆင္းရန္ တာဝန္ရွိသူအားလုံးက အသိတရားရွိရွိျဖင့္ ပူးေပါင္း ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ ထုတ္ကုန္မ်ား ေပါေပါမ်ားမ်ားထုတ္လုပ္ႏိုင္ရန္ႏွင့္ အလုပ္အကိုင္အခြင့္ အလမ္းမ်ားေဖာ္ေဆာင္ေပးရန္ လိုအပ္ေၾကာင္း၊ အလုပ္အကိုင္ရွိပါက ဝင္ေငြရရွိေနမည္ျဖစ္ေၾကာင္း၊ အလုပ္ရွင္မ်ားဘက္က ၾကည့္ပါက လုပ္ငန္းလည္ပတ္ ေနသည့္အတြက္ ထုတ္ကုန္ပစၥည္းမ်ား ထုတ္လုပ္ေရာင္းခ်ႏိုင္ၿပီး ဝင္ေငြရရွိေနမည္ ျဖစ္ေၾကာင္း၊ ယင္းအခ်က္မ်ားသည္ အေျခခံ က်ေၾကာင္း၊ မိမိအေနျဖင့္ လုပ္ငန္းမ်ားကို ပုံမွန္လည္ပတ္ေနေစလိုေၾကာင္း၊ လုပ္ငန္းမ်ား ပုံမွန္လည္ပတ္ရာတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ COVID-19 ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း၊ ယင္းအမိန႔္မ်ားကိုလည္း လိုအပ္သည္မ်ားမွလြဲ၍ ေျပာင္းလဲေဆာင္႐ြက္သြားမည္မဟုတ္ ေၾကာင္း၊ လုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ COVID-19 စည္းကမ္းမ်ားႏွင့္အညီ လုပ္ေဆာင္ရန္ႏွင့္ တာဝန္ယူရန္လိုအပ္ေၾကာင္းကို ေျပာၾကားခဲ့ေၾကာင္း။

ယခုတက္ေရာက္လာၾကသူမ်ားသည္ ေငြေၾကးႏွင့္ ပတ္သက္သည့္ လုပ္ငန္းမ်ား ကို လုပ္ကိုင္ေနၾကသူမ်ားျဖစ္ေၾကာင္း၊ ယမန္ေန႔က ေတြ႕ဆုံခဲ့သည့္ လုပ္ငန္းရွင္ မ်ားသည္ ဘဏ္လုပ္ငန္းရွင္မ်ားမွ စီးဆင္းလာသည့္ ေငြျဖင့္ လုပ္ကိုင္ေဆာင္႐ြက္ေနၾကရ သည့္အတြက္ ဘဏ္လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံရန္လိုအပ္သည္ဟု ယူဆသည့္အတြက္ ယခုကဲ့သို႔ ေတြ႕ဆုံျခင္းျဖစ္ေၾကာင္း၊ စီးပြားေရး၏ အဓိကေမာင္းႏွင္အားမွာ ဘဏ္မ်ား ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဘဏ္လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ စနစ္တက်ႏွင့္ ထိထိ ေရာက္ေရာက္ လည္ပတ္ေစလိုေၾကာင္း၊ မိမိအေနျဖင့္ ျပည္တြင္းဘဏ္မ်ားကို အားေပး ေၾကာင္း၊ တစ္ႏိုင္ငံလုံးတြင္ ဘဏ္လုပ္ငန္းမ်ား ရွိပါက အေကာင္းဆုံးျဖစ္ေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ ဘဏ္တြင္ အခ်ိန္ကုန္ခံၿပီး ေဆာင္႐ြက္ေနရမည့္အစား လြယ္လြယ္ ကူကူျဖင့္ ေဆာင္႐ြက္၍ ရသည့္စနစ္ကို သြားေစခ်င္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ အတြင္းရွိ အီလက္ထေရာနစ္ျဖင့္ ေဆာင္႐ြက္သည့္ ဘဏ္လုပ္ငန္းစနစ္ကိုလည္း တိုးတက္ေကာင္း မြန္ေအာင္ ေဆာင္႐ြက္ရန္အတြက္ အားေပးေၾကာင္း၊ သို႔ေသာ္ စနစ္တက်ျဖင့္ လည္ပတ္ ရန္ လိုအပ္ေၾကာင္း၊ ဘဏ္လုပ္ငန္းရွင္မ်ား၏ ေဆာင္႐ြက္လို သည့္အခ်က္မ်ားႏွင့္ လိုအပ္ခ်က္မ်ားကို သိလိုေၾကာင္း၊ ၅၀၀၀ က်ပ္တန္ႏွင့္ ၁၀၀၀၀ က်ပ္တန္မ်ားအား ဖ်က္သိမ္းမည္ဟုေကာလာဟလ သတင္းမ်ားထြက္ခဲ့ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ တြင္ ထုတ္ေဝၿပီးသည့္ ပိုက္ဆံမ်ားကိုဖ်က္သိမ္းမည္ မဟုတ္ဟု ပါရွိၿပီးျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ လိုအပ္သည့္ထုတ္ျပန္ခ်က္မ်ားထုတ္ျပန္ေဆာင္႐ြက္ေပးခဲ့ ေၾကာင္း။

မိမိတို႔အေနျဖင့္ လက္ရွိႏိုင္ငံေတာ္က ေဆာင္႐ြက္ေနသည့္ ႏိုင္ငံေရး၊ စီးပြားေရး၊ ၿငိမ္းခ်မ္းေရး၊ ႏိုင္ငံတကာ ဆက္ဆံေရးတို႔ႏွင့္စပ္လ်ဥ္း၍ မူဝါဒမ်ား လုံးဝမေျပာင္းလဲ ေၾကာင္း၊ မိမိတို႔သည္ ေခတၱခဏ တာဝန္ယူၾကသူမ်ားသာ ျဖစ္ေၾကာင္း၊ ယေန႔ ေတြ႕ဆုံျခင္းတြင္ တိုင္းျပည္၏ ေမာင္းႏွင္အားတစ္ခုျဖစ္သည့္ ဘဏ္လုပ္ငန္းရွင္မ်ား အေနျဖင့္ မည္သို႔ပါဝင္မည္၊ မိမိတို႔ မည္သည့္ကိစၥမ်ားကို ပံ့ပိုးေဆာင္႐ြက္ေပးရမည္ကို သိရွိလိုေၾကာင္း၊ တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ လတ္တေလာေျဖရွင္းေပးရမည့္ အခ်က္မ်ားကို လတ္တေလာေျဖရွင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါေၾကာင္း၊ ေရရွည္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားကို လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ျမန္မာႏိုင္ငံဘဏ္မ်ားအသင္းဥကၠ႒ ဦးခင္ေမာင္ေအး၊ နာယက ဦးသိန္းထြန္း၊ ယူေအဘီဘဏ္ဥကၠ႒ ဦးေနေအာင္၊ ဧရာဝတီဘဏ္ ဒုတိယဥကၠ႒ ေဒၚခင္ေစာဦး၊ ေ႐ႊဘဏ္ဥကၠ႒ ဦးေက်ာ္ဝင္းတို႔က ေငြေၾကး၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္ မႈ မူဝါဒမ်ား ျပဳျပင္ေျပာင္းလဲေပးရန္ကိစၥ၊ ျပည္ပဘဏ္မ်ားကိစၥႏွင့္ အမ်ိဳးသားအက်ိဳး စီးပြား ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရး ေဖာ္ေဆာင္ေပးရန္ကိစၥ၊ အတိုးႏႈန္းေလွ်ာ့ခ်ေရးႏွင့္ စပ္လ်ဥ္း၍ အခ်ိန္ယူစဥ္းစားေပးရန္ကိစၥ၊ နယ္စပ္ကုန္သြယ္မႈတြင္ ျပည္ပေငြသုံးစြဲခြင့္ ရရွိရန္ကိစၥ၊ Digital Payment ျပဳျပင္ေျပာင္းလဲသြားရန္ကိစၥ၊ ဘဏ္မ်ားက ေဆာင္႐ြက္ ေနသည့္ အေသးစားေခ်းေငြကိစၥႏွင့္ အာမခံလုပ္ငန္းမ်ား ေအာင္ျမင္စြာ ေဖာ္ေဆာင္ႏိုင္ ရန္ကိစၥ၊ ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ အိမ္ၿခံေျမလုပ္ငန္းမ်ားတြင္ ေပးေဆာင္ရသည့္ အခြန္မ်ား ေလွ်ာ့ခ်ေပးရန္ကိစၥတို႔ကို ေဆြးေႏြးတင္ျပၾကသည္။

ေဆြးေႏြးတင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္က COVID-19 သက္ေရာက္မႈေၾကာင့္ ထိခိုက္နစ္နာေနသည့္ စီးပြားေရးလုပ္ငန္းမ်ား သက္သာခြင့္ရ ေအာင္ ဝန္ႀကီးဌာနအေနျဖင့္ ညႇိႏႈိင္းေပါင္းစပ္ေဆာင္႐ြက္ေပးသြားမည့္ အေျခအေနတို႔ကို လည္းေကာင္း၊ ဗဟိုဘဏ္ဥကၠ႒ ဦးသန္းညိန္းက ျမန္မာႏိုင္ေတာ္ဗဟိုဘဏ္၊ ဘဏ္လုပ္ ငန္းရွင္မ်ားအသင္းႏွင့္ ဘဏ္လုပ္ငန္းရွင္မ်ား ပူးေပါင္းေဆာင္႐ြက္သြားမည့္ အေျခအေန တို႔ကို လည္းေကာင္း ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံတကာတြင္ ဘဏ္အတိုးႏႈန္းမွာ နည္းပါးေၾကာင္း၊ ေငြေၾကးပုံမွန္လည္ပတ္‌မႈ ေကာင္းမြန္မွ တိုင္းျပည္စီးပြားေရး တိုးတက္ေကာင္းမြန္မည္ျဖစ္ေၾကာင္း၊ ေငြေၾကးကို ရင္းႏွီးျမႇဳပ္ႏွံၿပီး စီးပြားေရးအတြက္ အသုံးျပဳေနရန္လိုအပ္ေၾကာင္း၊ ေငြေၾကးမူဝါဒမွာ အေရးႀကီးေၾကာင္း၊ မိမိတို႔အေနျဖင့္ ယိုင္ေနသည့္စီးပြားေရးလုပ္ငန္းမ်ားကို ျပန္လည္ တည့္မတ္ရန္၊ ဘဏ္မ်ားအဆင္ေျပေစရန္အတြက္ ဗဟိုဘဏ္က မည္သို႔ကူညီရမည္၊ မည္သို႔ ေျဖေလွ်ာ့ေပးရမည္ကို လတ္တေလာကာလအတြင္း ေျဖရွင္းေဆာင္႐ြက္ ေပးသြားမည္ျဖစ္ေၾကာင္း၊ နယ္စပ္ကုန္သြယ္မႈမ်ားတြင္ နစ္နာမႈမ်ားရွိေနသည္ကို သိရွိရ ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ထုတ္လုပ္ႏိုင္သည့္ စားေသာက္ကုန္မ်ားကို ျပည္ပႏိုင္ငံမွ တင္သြင္းေနရေၾကာင္း၊ သြင္းကုန္မ်ား ထိန္းႏိုင္ရန္အတြက္ ျပည္တြင္းေမြးျမဴေရးႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား၊ စားကုန္၊ ေသာက္ကုန္၊ သုံးကုန္မ်ားကို ျပည္တြင္း၌ပင္ ဖူလုံေအာင္ ထုတ္လုပ္ႏိုင္ေရး အားေပးသြားမည္ျဖစ္ေၾကာင္း၊ ျပည္ပႏိုင္ငံမ်ားရွိ ျမန္မာ စီးပြားေရးသံမႉးမ်ားအေနျဖင့္ ျပင္ပေဈးကြက္ သတင္းမ်ားကို ရွာေဖြၾကရမည္ျဖစ္ ေၾကာင္း၊ ျပည္တြင္း၌ အရည္အေသြးျမင့္ထုတ္ကုန္မ်ား ထုတ္လုပ္ၿပီး ျပည္ပေဈးကြက္သို႔ တင္ပို႔ ေရာင္းခ်ႏိုင္ရန္ လိုအပ္ၿပီး ဘဏ္လုပ္ငန္းရွင္မ်ားအေနျဖင့္ ယင္းကိစၥမ်ားကို ကူညီေပး ေစလိုေၾကာင္း၊ အတိုးႏႈန္းေလွ်ာ့ခ်ေရးႏွင့္ ပတ္သက္ၿပီး အခ်ိန္ကာလတစ္ခု အထိ ေစာင့္ၾကည့္ၿပီး အေကာင္းဆုံးေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ျပည္တြင္း ေငြေၾကး ခိုင္မာမႈရွိရန္ အေရးႀကီးေၾကာင္း၊ အခြန္ႏွင့္ ပတ္သက္၍ ေရွာင္၍မရေၾကာင္း၊ ေပးသင့္ေပးထိုက္သည့္ အခြန္ကို ေပးေဆာင္ရမည္ျဖစ္ေၾကာင္း၊ ယင္းအတြက္ အေကာင္း ဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ ျပည္တြင္းဝယ္လိုအား တက္လာေစေရး အတြက္ အလုပ္အကိုင္မ်ားေဖာ္ေဆာင္ေရးႏွင့္ ေငြေၾကးကူညီေရး ညႇိႏႈိင္း ေဆာင္႐ြက္ ေပးမည္ျဖစ္ေၾကာင္း၊ အေရးေပၚကာလတြင္ ယိုင္ေနသည့္စီးပြားေရးကို ဘဏ္လုပ္ငန္း မ်ား၏ အားျဖင့္ တည့္မတ္ေအာင္ ႀကိဳးစားသြားမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။