နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ (၁/၂၀၂၁) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်

နေပြည်တော် ဖေဖော်ဝါရီ ၂၆ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။ 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မန်းငြိမ်းမောင်နှင့် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်နှင့် ဦးခင်မောင်ရီ၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ကော်မတီ ၅ ခု ဖွဲ့စည်းထားကြောင်း၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီမှာ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေးအတွက်ဆိုသော်လည်း စီမံခန့်ခွဲမှုအပိုင်းများပိုများသည်ကို တွေ့ရှိရကြောင်း၊ ဥပဒေများပြဌာန်းရာတွင် ခေတ်ကာလနှင့် လျော်ညီသည့် အသုံးအနှုန်းများ၊ နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့်အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးမူဝါဒ အပေါ် ရပ်တည်မူရှိ၊ မရှိသေချာစိစစ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေသည် ရှင်းလင်းလွယ်ကူပြီး ပြည်သူများနားလည်ရန်လိုအပ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာချက်များ ထုတ်ပြန်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာန အချင်းချင်းတိုင်ပင် ဆွေးနွေးပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြဆွေးနွေးရန်လိုကြောင်း။

မြို့ရွာများ တိုးချဲ့ပြင်ဆင်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ သဘောထား အမှန်ကို အနီးစပ်ဆုံးသိရှိရန် ဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ဖျက်သိမ်းခြင်းကိစ္စရပ်များကို ဝန်ကြီးဌာနများအနေဖြင့် သေချာစိစစ် ဆောင်ရွက်ရန် လိုကြောင်း၊ တရားမဝင်အသင်းအဖွဲ့များလည်း ရှိနေကြောင်း၊ အသင်းအဖွဲ့များနှင့် စပ်လျဉ်း၍ ဥပဒေနှင့်ညီညွတ်ရန်လိုကြောင်း၊ အသင်းအဖွဲ့တစ်ခု ရပ်တည်ရန်မှာ ရန်ပုံငွေ လိုအပ်ပြီး ယင်းရန်ပုံငွေမည်သို့ စီးဝင်နေသည်ကို ကြည့်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်ကို ဝန်ကြီးဌာနများက စနစ်တကျ စိစစ်ဆောင်ရွက်ရန်လိုကြောင်း။ သစ်တောကဏ္ဍမှာ ၁၉၉၅ ခုနှစ် သစ်တောမူဝါဒရှိကြောင်း၊ သစ်တောနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနအပြင် တိုင်းဒေသကြီး ပြည်နယ်ကောင်စီများက သစ်တောမူဝါဒနှင့်အညီ မှန်မှန်ကန်ကန် ထိန်းသိမ်းရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း၊ သစ်တော ပြုန်းတီးမှုအချို့မှာ စိုက်ပျိုးရေးလုပ်ငန်းများ ရွေ့ပြောင်းလုပ်ကိုင်နိုင်ရန်နေရာအတွက် ခုတ်ထွင်ခြင်း၊ တောင်ယာစိုက်ပျိုးနိုင်ရန်အတွက် ခုတ်ထွင်ခြင်း၊ ထင်းခုတ်ခြင်းတို့ကြောင့် မီးသွေးဖုတ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နောင်ကာလတွင် ကျေးရွာများ၌ သစ်သုံးစွဲမှု၊ ထင်းသုံးစွဲမှုတို့ကို တွက်ချက်ပြီး ကျေးရွာပိုင်စိုက်ခင်းများကို မဖြစ်မနေ စိုက်ပျိုးနိုင်ရန်အတွက် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း နိုင်ငံအတွက် လိုအပ်ချက်ကိုသာ ထုတ်လုပ်ရမည်ဖြစ်ပြီး တဖက်က လည်း သစ်တောထိန်းသိမ်းရေး မူဝါဒချမှတ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်တော ထိန်းသိမ်းမှုနှင့်ပတ်သက်ပြီး မိမိတို့စနစ်တကျ ထိန်းသိမ်းနိုင်မှသာလျှင် ကောင်းမွန်သည့် အကျိုးဆက်ကို နောင်မျိုးဆက်များ ခံစားရမည်ဖြစ်သည့်အတွက် သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

လက်ရှိကာလတွင်လည်း သစ်တောကြိုးဝိုင်းအတွင်းသို့ ဝင်ရောက်ကျူးကျော်မှု များကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ပုဂ္ဂလိက သစ်တောစိုက်ခင်းများနှင့် ပတ်သက်၍ စိုက်ပျိုးရန်ခွင့်ပြုချက်ရယူထားသူများသည် အမှန်တကယ် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ တချို့မှာ စိုက်ပျိုးရန်ခွင့်ပြုချက်ရယူထားသော်လည်း အမှန်တကယ် စိုက်ပျိုးခြင်း မရှိကြောင်း၊ သစ်တောစိုက်ပျိုးရန် မြေပြုပြင်ခြင်း ဆောင်ရွက်သည်ဟု အကြောင်း ပြချက်ဖြင့် မူရင်းနေရာတွင်ရှိနေသည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း ထုတ်ယူပြီး ထပ်မံစိုက်ပျိုးမှု မရှိသည်ကို သိရကြောင်း၊ ထို့ကြောင့် မြေယာပြဿနာများ ဖြစ်လာ ကြောင်း၊ နိုင်ငံပိုင်သစ်တောစိုက်ခင်း၊ စုပေါင်းသစ်တောစိုက်ခင်း၊ ပုဂ္ဂလိကသစ်တော စိုက်ခင်းများကို စနစ်တကျ ထိန်းသိမ်းရန်လိုကြောင်း။ မြေယာကိစ္စပြဿနာအချို့မှာ တစ်ချိန်က ရှင်းလင်းဆောင်ရွက်ပြီးသော်လည်း ခေတ်ကာလမြေတန်ဖိုးပြောင်းလဲလာမှုကြောင့် ဖြစ်ပါကြောင်း၊ မြေယာလျော်ကြေးငွေမှာ ငွေကျပ်ဘီလီယံချီရှိကြောင်း၊ သို့ဖြစ်၍ မြေယာကိစ္စကို မူဝါဒနှင့်အညီ စနစ်တကျဆောင် ရွက်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း မူဝါဒ ၄ ရပ်နှင့်အညီ ဧကတစ်သိန်း ကျော် စွန့်လွှတ်ပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း အသုံးမပြုသည့် မြေယာများကို စနစ်တကျပြန်လည် စွန့်လွှတ်၍ နိုင်ငံတော်ကို အပ်နှံရမည်ဖြစ်ကြောင်း၊ ယခုကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အချက်အလက်ခိုင်ခိုင်မာမာ တင်ပြပြီး လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။ ယင်းနောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ကော်မတီဖွဲ့စည်းမှု နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်း ဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဦးမျိုးအောင်တို့က လုံခြုံရေး၊ မှုခင်းဆိုင်ရာ၊ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒနှင့် အမိန့်ကြော်ငြာစာကိစ္စရပ်များ၊ သစ်တောမြေပယ်ဖျက်ခြင်းဆိုင်ရာ ကိစ္စရပ် များနှင့် လုံခြုံရေး၊ တည်းငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စ ရပ်များ၊ ဥပဒေရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင် နှင့် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး တို့က ရပ်ကွက်၊ ကျေးရွာစီမံခန့်ခွဲရေးကောင်စီများတွင် ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများပါ ထည့်သွင်းဖွဲ့စည်းရေး၊ ခရိုင်၊ မြို့နယ် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးကောင်စီများ အဖွဲ့ဝင်များနှင့် ရပ်ကျေးဥက္ကဋ္ဌများ တာဝန်ပေးအပ်ရာတွင် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နိုင်သူများကို ရွေးချယ်ခန့်အပ်ရေး၊ သက်ဆိုင်ရာကောင်စီအဆင့်ဆင့် အထောက်အကူပြုရေးအဖွဲ့များ ဖွဲ့စည်းပေးရေး၊ CDM ဆောင်ရွက်မှုတွင် မပါဝင်သူများအား အကာအကွယ်ပေးရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကြိုးဝိုင်း၊ ကြိုးပြင် သဘာဝဘေးမဲ့တောများ တည်ထောင်ရေး၊ ကျေးရွာသုံး ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပုဂ္ဂလိက သစ်တော စိုက်ခင်းများ စိုက်ပျိုးခြင်းမရှိပါက ပြန်လည်သိမ်းဆည်းသွားရေး၊ သစ်တောကျူးများ စာရင်းကောက်ယူပြီး သစ်တောကြိုးဝိုင်းအတွင်းမှ ပယ်ဖျက်သွားရေး၊ သီးနှံသစ်တော ရောနှောစိုက်ခင်း တည်ထောင်ရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဝန်ကြီးဌာနများမှ ဥပဒေရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ဥပဒေအကြံပေးများ ထားရှိရန်လိုကြောင်း၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများနှင့် လိုင်စင်မဲ့ယာဉ်များ အသုံးပြုမှုများအား ထိရောက်စွာ အရေးယူ နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပညာပေးလုပ်ငန်းများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိတို့အနေဖြင့် ယခုကာလသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဝင်ရောက် ထိန်းသိမ်းဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စီမံခန့် ခွဲမှုများနှင့်ပတ်သက်၍ စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်ထားခြင်းနှင့်ပတ်သက်၍ ကျေးရွာ၊ ရပ်ကွက် များမှ သမာဓိရှိသည့် ရပ်မိ၊ ရပ်ဖများ ကျေးရွာအကျိုးအတွက် အမှန်တကယ် ဆောင်ရွက် နိုင်သူများကိုသာ ရွေးချယ်ခန့်ထားစေလိုကြောင်း။

CDM ဆောင်ရွက်မှုနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ သည်းခံဆောင်ရွက် ပေးခဲ့ပြီး ယခုအခါဆက်လက်၍ စည်းကမ်းဖောက်ဖျက်သည့် နိုင်ငံ့ဝန်ထမ်းများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုရှိရန်နှင့် တာဝန်ထမ်းဆောင်လိုစိတ်ရှိပြီး ယုံကြည်ချက် ခံယူချက်များကောင်းမွန်ရန်လိုကြောင်း၊ သစ်တောများပြန်လည် စိုက်ပျိုးရန်ကိစ္စကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဆောင်ရွက်သွားကြရန် လိုကြောင်း၊ သစ်ပင်များ စိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင်ရှင်သန်စေရန်အတွက် သတ်မှတ်ထားသည့် ပျိုးပင်၏ သက်တမ်းနှင့် အရွယ်အစားအား ရွေးချယ်စိုက်ပျိုးရန် လိုကြောင်း၊ ခွင့်ပြုထားသည့် ပုဂ္ဂလိက သစ်တောစိုက်ခင်းများကိုလည်း စည်းကမ်းများ နှင့်အညီ စိုက်ပျိုးထားမှု ရှိ၊မရှိ စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထင်းသုံးစွဲမှုများနှင့် သစ်ထုတ်လုပ်မှုများကို တတ်နိုင်သမျှ လျော့ချဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက် ဒေသများတွင် ထင်းသုံးစွဲမှု လျော့ချနိုင်ရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုကော်မတီ၏ တာဝန်နှင့် လုပ်ငန်းများမှာ ကျယ်ပြန့်ပါကြောင်း၊ သို့ဖြစ်၍ ကော်မတီဝင်များအနေဖြင့် ဘက်ပေါင်းစုံရှုမြင်ပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မတီနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို လတ်တလောဖြစ်ပေါ်လာပါက ကော်မတီဝင်အချင်းချင်း တိုင်ပင်ဆွေးနွေး ကြရန်လိုကြောင်း၊ အကြောင်းအရာ တစ်ခုချင်းစီအား လေးလေးနက်နက်ဖြင့် အမှား အယွင်းမရှိအောင် ဂရုစိုက်ဆောင်ရွက်ကြရန်လိုကြောင်းနှင့် အဆင့်ဆင့်တင်ပြ၍ ဆုံးဖြတ်ချက်ရယူသွားရန်လိုကြောင်း မှာကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ လုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးေကာ္မတီ (၁/၂၀၂၁) အစည္းအေဝးသို႔ တက္ေရာက္အမွာစကားေျပာၾကား

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၆ ရက္

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၆ လုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးေကာ္မတီ (၁/၂၀၂၁) အစည္းအေဝးကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌က်င္းပရာ လုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္အမွာစကား ေျပာၾကားသည္။ 

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ မန္းၿငိမ္းေမာင္ႏွင့္ Jeng Phang ေနာ္ေတာင္၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဦးျမင့္ႀကိဳင္ႏွင့္ ဦးခင္ေမာင္ရီ၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာ ေဒၚသီတာဦး၊ ဒုတိယဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ျမင့္ႏြယ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္ႏွင့္ ဗိုလ္ခ်ဳပ္စိုးတင့္ႏိုင္၊ မႏၲေလးတိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္ ဦးမ်ိဳးေအာင္ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒က ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေကာ္မတီ ၅ ခု ဖြဲ႕စည္းထားေၾကာင္း၊ လုံၿခဳံေရး၊ တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးေကာ္မတီမွာ လုံၿခဳံေရး၊ တည္ၿငိမ္ေရး၊ တရား ဥပေဒစိုးမိုးေရးအတြက္ဆိုေသာ္လည္း စီမံခန႔္ခြဲမႈအပိုင္းမ်ားပိုမ်ားသည္ကို ေတြ႕ရွိရေၾကာင္း၊ ဥပေဒမ်ားျပဌာန္းရာတြင္ ေခတ္ကာလႏွင့္ ေလ်ာ္ညီသည့္ အသုံးအႏႈန္းမ်ား၊ ႏိုင္ငံေတာ္၏ ပကတိအေျခအေနႏွင့္ ကိုက္ညီသည့္အေျခအေနမ်ား၊ ႏိုင္ငံတကာဆက္ဆံေရးမူဝါဒ အေပၚ ရပ္တည္မူရွိ၊ မရွိေသခ်ာစိစစ္ၿပီး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ဥပေဒသည္ ရွင္းလင္းလြယ္ကူၿပီး ျပည္သူမ်ားနားလည္ရန္လိုအပ္ပါေၾကာင္း၊ ဥပေဒ၊ နည္းဥပေဒႏွင့္ အမိန႔္ေၾကာ္ျငာခ်က္မ်ား ထုတ္ျပန္ရာတြင္ ျပည္ေထာင္စုဝန္ႀကီးဌာန အခ်င္းခ်င္းတိုင္ပင္ ေဆြးေႏြးၿပီး ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးသို႔ တင္ျပေဆြးေႏြးရန္လိုေၾကာင္း။

ၿမိဳ႕႐ြာမ်ား တိုးခ်ဲ႕ျပင္ဆင္ေဆာင္႐ြက္ရာတြင္ ေဒသခံျပည္သူမ်ား၏ သေဘာထား အမွန္ကို အနီးစပ္ဆုံးသိရွိရန္ ေဆာင္႐ြက္ၿပီး လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္႐ြက္ရ မည္ျဖစ္ေၾကာင္း၊ အသင္းအဖြဲ႕မ်ား ဖြဲ႕စည္းျခင္း၊ ျပင္ဆင္ျခင္း၊ သက္တမ္းတိုးျခင္း၊ ဖ်က္သိမ္းျခင္းကိစၥရပ္မ်ားကို ဝန္ႀကီးဌာနမ်ားအေနျဖင့္ ေသခ်ာစိစစ္ ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ တရားမဝင္အသင္းအဖြဲ႕မ်ားလည္း ရွိေနေၾကာင္း၊ အသင္းအဖြဲ႕မ်ားႏွင့္ စပ္လ်ဥ္း၍ ဥပေဒႏွင့္ညီၫြတ္ရန္လိုေၾကာင္း၊ အသင္းအဖြဲ႕တစ္ခု ရပ္တည္ရန္မွာ ရန္ပုံေငြ လိုအပ္ၿပီး ယင္းရန္ပုံေငြမည္သို႔ စီးဝင္ေနသည္ကို ၾကည့္ရမည္ျဖစ္ေၾကာင္း၊ အဆိုပါ ကိစၥရပ္ကို ဝန္ႀကီးဌာနမ်ားက စနစ္တက် စိစစ္ေဆာင္႐ြက္ရန္လိုေၾကာင္း။ သစ္ေတာက႑မွာ ၁၉၉၅ ခုႏွစ္ သစ္ေတာမူဝါဒရွိေၾကာင္း၊ သစ္ေတာႏွင့္ ပတ္သက္၍ သက္ဆိုင္ရာဝန္ႀကီးဌာနအျပင္ တိုင္းေဒသႀကီး ျပည္နယ္ေကာင္စီမ်ားက သစ္ေတာမူဝါဒႏွင့္အညီ မွန္မွန္ကန္ကန္ ထိန္းသိမ္းရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္လည္း သစ္ေတာျပဳန္းတီးမႈေၾကာင့္ ရာသီဥတုေျပာင္းလဲမႈမ်ား ျဖစ္ေပၚေနေၾကာင္း၊ သစ္ေတာ ျပဳန္းတီးမႈအခ်ိဳ႕မွာ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ေ႐ြ႕ေျပာင္းလုပ္ကိုင္ႏိုင္ရန္ေနရာအတြက္ ခုတ္ထြင္ျခင္း၊ ေတာင္ယာစိုက္ပ်ိဳးႏိုင္ရန္အတြက္ ခုတ္ထြင္ျခင္း၊ ထင္းခုတ္ျခင္းတို႔ေၾကာင့္ မီးေသြးဖုတ္ျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ ေနာင္ကာလတြင္ ေက်း႐ြာမ်ား၌ သစ္သုံးစြဲမႈ၊ ထင္းသုံးစြဲမႈတို႔ကို တြက္ခ်က္ၿပီး ေက်း႐ြာပိုင္စိုက္ခင္းမ်ားကို မျဖစ္မေန စိုက္ပ်ိဳးႏိုင္ရန္အတြက္ စနစ္တက် ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ သစ္ထုတ္လုပ္မႈႏွင့္ ပတ္သက္၍လည္း ႏိုင္ငံအတြက္ လိုအပ္ခ်က္ကိုသာ ထုတ္လုပ္ရမည္ျဖစ္ၿပီး တဖက္က လည္း သစ္ေတာထိန္းသိမ္းေရး မူဝါဒခ်မွတ္ၿပီး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ သစ္ေတာ ထိန္းသိမ္းမႈႏွင့္ပတ္သက္ၿပီး မိမိတို႔စနစ္တက် ထိန္းသိမ္းႏိုင္မွသာလွ်င္ ေကာင္းမြန္သည့္ အက်ိဳးဆက္ကို ေနာင္မ်ိဳးဆက္မ်ား ခံစားရမည္ျဖစ္သည့္အတြက္ သစ္ေတာႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးလုပ္ငန္းမ်ားကို မျဖစ္မေန ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း။

လက္ရွိကာလတြင္လည္း သစ္ေတာႀကိဳးဝိုင္းအတြင္းသို႔ ဝင္ေရာက္က်ဴးေက်ာ္မႈ မ်ားကို ရင္ဆိုင္ေနရဆဲျဖစ္ေၾကာင္း၊ ပုဂၢလိက သစ္ေတာစိုက္ခင္းမ်ားႏွင့္ ပတ္သက္၍ စိုက္ပ်ိဳးရန္ခြင့္ျပဳခ်က္ရယူထားသူမ်ားသည္ အမွန္တကယ္ စိုက္ပ်ိဳးရန္ လိုအပ္ေၾကာင္း၊ တခ်ိဳ႕မွာ စိုက္ပ်ိဳးရန္ခြင့္ျပဳခ်က္ရယူထားေသာ္လည္း အမွန္တကယ္ စိုက္ပ်ိဳးျခင္း မရွိေၾကာင္း၊ သစ္ေတာစိုက္ပ်ိဳးရန္ ေျမျပဳျပင္ျခင္း ေဆာင္႐ြက္သည္ဟု အေၾကာင္း ျပခ်က္ျဖင့္ မူရင္းေနရာတြင္ရွိေနသည့္ သစ္ပင္မ်ားကို ခုတ္ထြင္ရွင္းလင္း ထုတ္ယူၿပီး ထပ္မံစိုက္ပ်ိဳးမႈ မရွိသည္ကို သိရေၾကာင္း၊ ထို႔ေၾကာင့္ ေျမယာျပႆနာမ်ား ျဖစ္လာ ေၾကာင္း၊ ႏိုင္ငံပိုင္သစ္ေတာစိုက္ခင္း၊ စုေပါင္းသစ္ေတာစိုက္ခင္း၊ ပုဂၢလိကသစ္ေတာ စိုက္ခင္းမ်ားကို စနစ္တက် ထိန္းသိမ္းရန္လိုေၾကာင္း။ ေျမယာကိစၥျပႆနာအခ်ိဳ႕မွာ တစ္ခ်ိန္က ရွင္းလင္းေဆာင္႐ြက္ၿပီးေသာ္လည္း ေခတ္ကာလေျမတန္ဖိုးေျပာင္းလဲလာမႈေၾကာင့္ ျဖစ္ပါေၾကာင္း၊ ေျမယာေလ်ာ္ေၾကးေငြမွာ ေငြက်ပ္ဘီလီယံခ်ီရွိေၾကာင္း၊ သို႔ျဖစ္၍ ေျမယာကိစၥကို မူဝါဒႏွင့္အညီ စနစ္တက်ေဆာင္ ႐ြက္ရန္လိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း မူဝါဒ ၄ ရပ္ႏွင့္အညီ ဧကတစ္သိန္း ေက်ာ္ စြန႔္လႊတ္ၿပီးျဖစ္ေၾကာင္း၊ ဝန္ႀကီးဌာနမ်ားအေနျဖင့္လည္း အသုံးမျပဳသည့္ ေျမယာမ်ားကို စနစ္တက်ျပန္လည္ စြန႔္လႊတ္၍ ႏိုင္ငံေတာ္ကို အပ္ႏွံရမည္ျဖစ္ေၾကာင္း၊ ယခုေကာ္မတီအေနျဖင့္ ေဆာင္႐ြက္ရမည့္ ကိစၥရပ္မ်ားကို အခ်က္အလက္ခိုင္ခိုင္မာမာ တင္ျပၿပီး လုံၿခဳံေရး၊ တည္ၿငိမ္ေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔အတြက္ ဝိုင္းဝန္း ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ေျပာၾကားသည္။ ယင္းေနာက္ လုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးေကာ္မတီ အတြင္းေရးမႉး ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္က ေကာ္မတီဖြဲ႕စည္းမႈ ႏွင့္ လုပ္ငန္းတာဝန္မ်ားကို ရွင္းလင္းတင္ျပသည္။

ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္၊ မႏၲေလးတိုင္း ေဒသႀကီး စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဦးမ်ိဳးေအာင္တို႔က လုံၿခဳံေရး၊ မႈခင္းဆိုင္ရာ၊ ဥပေဒ၊ နည္းဥပေဒ၊ မူဝါဒႏွင့္ အမိန႔္ေၾကာ္ျငာစာကိစၥရပ္မ်ား၊ သစ္ေတာေျမပယ္ဖ်က္ျခင္းဆိုင္ရာ ကိစၥရပ္ မ်ားႏွင့္ လုံၿခဳံေရး၊ တည္းၿငိမ္းေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး ဆိုင္ရာကိစၥ ရပ္မ်ား၊ ဥပေဒေရးရာကိစၥရပ္မ်ားကို ရွင္းလင္းတင္ျပၾကသည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ မန္းၿငိမ္းေမာင္ ႏွင့္ Jeng Phang ေနာ္ေတာင္၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးခင္ေမာင္ရီႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာ ေဒၚသီတာဦး တို႔က ရပ္ကြက္၊ ေက်း႐ြာစီမံခန႔္ခြဲေရးေကာင္စီမ်ားတြင္ ရပ္႐ြာတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးအတြက္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားပါ ထည့္သြင္းဖြဲ႕စည္းေရး၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ရပ္ကြက္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးေကာင္စီမ်ား အဖြဲ႕ဝင္မ်ားႏွင့္ ရပ္ေက်းဥကၠ႒မ်ား တာဝန္ေပးအပ္ရာတြင္ ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဆာင္႐ြက္ႏိုင္သူမ်ားကို ေ႐ြးခ်ယ္ခန႔္အပ္ေရး၊ သက္ဆိုင္ရာေကာင္စီအဆင့္ဆင့္ အေထာက္အကူျပဳေရးအဖြဲ႕မ်ား ဖြဲ႕စည္းေပးေရး၊ CDM ေဆာင္႐ြက္မႈတြင္ မပါဝင္သူမ်ားအား အကာအကြယ္ေပးေရး၊ ပတ္ဝန္းက်င္စိမ္းလန္းစိုေျပေရး၊ ႀကိဳးဝိုင္း၊ ႀကိဳးျပင္ သဘာဝေဘးမဲ့ေတာမ်ား တည္ေထာင္ေရး၊ ေက်း႐ြာသုံး ထင္းစိုက္ခင္းမ်ား တည္ေထာင္ေရး၊ ပုဂၢလိက သစ္ေတာ စိုက္ခင္းမ်ား စိုက္ပ်ိဳးျခင္းမရွိပါက ျပန္လည္သိမ္းဆည္းသြားေရး၊ သစ္ေတာက်ဴးမ်ား စာရင္းေကာက္ယူၿပီး သစ္ေတာႀကိဳးဝိုင္းအတြင္းမွ ပယ္ဖ်က္သြားေရး၊ သီးႏွံသစ္ေတာ ေရာေႏွာစိုက္ခင္း တည္ေထာင္ေရး၊ ရပ္႐ြာတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုး ေရးအတြက္ အေထာက္အကူျပဳအဖြဲ႕မ်ား ဖြဲ႕စည္းေဆာင္႐ြက္သြားမည့္ အစီအစဥ္မ်ားကို ရွင္းလင္းေဆြးေႏြးတင္ျပၾကသည္။

ရွင္းလင္းတင္ျပခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒က ဝန္ႀကီးဌာနမ်ားမွ ဥပေဒေရးဆြဲျခင္း၊ ျပင္ဆင္ျခင္းမ်ားျပဳလုပ္ႏိုင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္ႏိုင္ရန္ ဥပေဒအႀကံေပးမ်ား ထားရွိရန္လိုေၾကာင္း၊ ယာဥ္စည္းကမ္း ေဖာက္ဖ်က္မႈမ်ားႏွင့္ လိုင္စင္မဲ့ယာဥ္မ်ား အသုံးျပဳမႈမ်ားအား ထိေရာက္စြာ အေရးယူ ႏိုင္ေရးအတြက္ ျပည္ထဲေရးဝန္ႀကီးဌာနက ၾကပ္မတ္ေဆာင္႐ြက္သြားရန္ႏွင့္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားက ပညာေပးလုပ္ငန္းမ်ားအား ဝိုင္းဝန္းကူညီ ေဆာင္႐ြက္သြားရန္ လိုေၾကာင္း၊ မိမိတို႔အေနျဖင့္ ယခုကာလသည္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ ဝင္ေရာက္ ထိန္းသိမ္းေဆာင္႐ြက္ေပးေနျခင္းျဖစ္ၿပီး အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ စီမံခန႔္ ခြဲမႈမ်ားႏွင့္ပတ္သက္၍ စုေပါင္းဦးေဆာင္မႈျဖင့္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ား ခန႔္ထားျခင္းႏွင့္ပတ္သက္၍ ေက်း႐ြာ၊ ရပ္ကြက္ မ်ားမွ သမာဓိရွိသည့္ ရပ္မိ၊ ရပ္ဖမ်ား ေက်း႐ြာအက်ိဳးအတြက္ အမွန္တကယ္ ေဆာင္႐ြက္ ႏိုင္သူမ်ားကိုသာ ေ႐ြးခ်ယ္ခန႔္ထားေစလိုေၾကာင္း။

CDM ေဆာင္႐ြက္မႈႏွင့္ပတ္သက္၍ အတိုင္းအတာတစ္ခုအထိ သည္းခံေဆာင္႐ြက္ ေပးခဲ့ၿပီး ယခုအခါဆက္လက္၍ စည္းကမ္းေဖာက္ဖ်က္သည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္း မ်ားအေနျဖင့္ ႏိုင္ငံေတာ္အေပၚ သစၥာေစာင့္သိမႈရွိရန္ႏွင့္ တာဝန္ထမ္းေဆာင္လိုစိတ္ရွိၿပီး ယုံၾကည္ခ်က္ ခံယူခ်က္မ်ားေကာင္းမြန္ရန္လိုေၾကာင္း၊ သစ္ေတာမ်ားျပန္လည္ စိုက္ပ်ိဳးရန္ကိစၥကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ခံယူၿပီး ေဆာင္႐ြက္သြားၾကရန္ လိုေၾကာင္း၊ သစ္ပင္မ်ား စိုက္ပ်ိဳးရာတြင္ တစ္ပင္စိုက္တစ္ပင္ရွင္သန္ေစရန္အတြက္ သတ္မွတ္ထားသည့္ ပ်ိဳးပင္၏ သက္တမ္းႏွင့္ အ႐ြယ္အစားအား ေ႐ြးခ်ယ္စိုက္ပ်ိဳးရန္ လိုေၾကာင္း၊ ခြင့္ျပဳထားသည့္ ပုဂၢလိက သစ္ေတာစိုက္ခင္းမ်ားကိုလည္း စည္းကမ္းမ်ား ႏွင့္အညီ စိုက္ပ်ိဳးထားမႈ ရွိ၊မရွိ စိစစ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ထင္းသုံးစြဲမႈမ်ားႏွင့္ သစ္ထုတ္လုပ္မႈမ်ားကို တတ္ႏိုင္သမွ် ေလ်ာ့ခ်ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ေက်းလက္ ေဒသမ်ားတြင္ ထင္းသုံးစြဲမႈ ေလ်ာ့ခ်ႏိုင္ရန္အတြက္ လိုအပ္သည့္ လွ်ပ္စစ္ဓာတ္အားမ်ား ထုတ္လုပ္ႏိုင္ေရးအတြက္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ ထုတ္လုပ္ေရးလုပ္ငန္းမ်ား ယခုထက္ပိုမိုတိုးတက္ေအာင္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ယခုေကာ္မတီ၏ တာဝန္ႏွင့္ လုပ္ငန္းမ်ားမွာ က်ယ္ျပန႔္ပါေၾကာင္း၊ သို႔ျဖစ္၍ ေကာ္မတီဝင္မ်ားအေနျဖင့္ ဘက္ေပါင္းစုံရႈျမင္ၿပီး ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ေကာ္မတီႏွင့္ သက္ဆိုင္သည့္ ကိစၥရပ္မ်ားကို လတ္တေလာျဖစ္ေပၚလာပါက ေကာ္မတီဝင္အခ်င္းခ်င္း တိုင္ပင္ေဆြးေႏြး ၾကရန္လိုေၾကာင္း၊ အေၾကာင္းအရာ တစ္ခုခ်င္းစီအား ေလးေလးနက္နက္ျဖင့္ အမွား အယြင္းမရွိေအာင္ ဂ႐ုစိုက္ေဆာင္႐ြက္ၾကရန္လိုေၾကာင္းႏွင့္ အဆင့္ဆင့္တင္ျပ၍ ဆုံးျဖတ္ခ်က္ရယူသြားရန္လိုေၾကာင္း မွာၾကားခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။