နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြိတ်၊ ကျွန်းစုနှင့် ကိုကိုးကျွန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မတ် ၂၀

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်၏ တာဝန်များ အား ပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့အရ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက် မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီ ဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး ခေတ္တတာဝန်ယူ ထိန်းသိမ်း ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းနှင့် တပ်မတော်သားများ အနေ ဖြင့် တစ်ဦးချင်းအသိ စိတ်ဓာတ် ကောင်းမွန်စွာဖြင့် ကြိုးစားဆောင်ရွက်ပြီး မိမိတို့ တစ်ဦးချင်းမှ မိမိကိုယ်ကိုယ်နှင့် မိမိတပ်ကိုကောင်းအောင် ကြိုးစားပြီး တပ်မတော်၊ တိုင်းပြည်နှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစား လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြိတ်၊ ကျွန်းစုနှင့် ကိုကိုးကျွန်း တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား သီးခြားစီ တွေ့ဆုံ၍ အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင် မြိတ်၊ ကျွန်းစုနှင့် ကိုကိုးကျွန်း တပ်နယ်တို့မှ တပ်နယ်မှူးများ၊ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက် ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများမှားယွင်းသည့် ကိစ္စရပ်များကို ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း၊ မဲစာရင်းများတွင် ကြီးမားသည့်လွဲမှားမှုများ ဖြစ်ခဲ့ပြီး သာမန်လွဲမှားမှုများ မဟုတ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်း မှားယွင်းမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမရ သည့်အတွက် ယခုအဆင့်ထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် အတွေ့အကြုံအားနည်းပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ ရွေးကောက်ပွဲအတွေ့အကြုံရှိခဲ့ခြင်းဖြစ်ကာ ထိုစဉ်ကတည်းကပင် ရွေးကောက် ပွဲတစ်ခုသည် ဖိအားများရှိနေပါက ရိုးသားသော ရွေးကောက်ပွဲနှင့် မှန်ကန်သော ရလဒ်ထွက်ပေါ်သည့် ရွေးကောက်ပွဲ မဖြစ်လာနိုင်သည်ကို အတွေ့အကြုံရရှိခဲ့ ကြောင်း။

ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒနှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အများ၏ ဆန္ဒနှင့် ဆောင်ရွက်သည်ဆိုသော်လည်း အများ၏ဆန္ဒသည် စစ်မှန်ပြီး ရိုးသား သည့် နိုင်ငံရေးဖြစ်ရန်လိုကြောင်း၊ အများဆန္ဒသည် ရိုးသားမှုမရှိပါက ယင်း နိုင်ငံရေးသည် ဒီမိုကရေစီဟု ပြောနိုင်ရန်ခဲယဉ်းကြောင်း၊ တက်လာသည့်အစိုးရ များသည် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နှင့် အမှန်တစ်ကယ်အလုပ်လုပ်နိုင်မည့် အစိုးရဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ၏ ၇၇ ရာခိုင်နှုန်းမဲ ပေးခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် ၇ဝ ရာခိုင်နှုန်းနီးပါး မဲပေးခဲ့ကြသည်ကို တွေ့ရကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တက်လာသည့် အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ပြည်သူများအနေဖြင့် အားမလိုအားမရ ဖြစ်လာကြသည်ကိုတွေ့ရကြောင်း၊ ပြည်သူများက ၎င်းတို့၏ ဆန္ဒအလျောက် အလွှာအသီးသီး၏ ခံစားချက်များကိုမူတည်၍ အစိုးရ လုပ်ဆောင်ချက်များအပေါ်မှာ အားမလိုအားမရ ဖြစ်လာသည့်အတွက် ရွေးကောက်ပွဲလုပ်ရန်ရှိလာသည့်အခါ ရွေးကောက်ပွဲအပေါ် စိတ်ပျက်ပြီး မဲမပေး ချင်သောစိတ်များ ဖြစ်လာကြသည်ကို တွေ့ရပြီး No Vote လှုပ်ရှားမှုများ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲလုပ်သည့်အခါတွင် ရန်ကုန် တစ်မြို့နယ်လုံး၌ ဆန္ဒမဲပေးသူ ၁၄ ရာခိုင်နှုန်ခန့်သာရှိသည်ကို သိရှိရကြောင်း။

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲပြုလုပ်ခြင်း၊ ဆန္ဒမဲပေးခြင်းသည် အနှစ်သာရပင်ဖြစ်သောကြောင့် မိမိအနေဖြင့် ၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ရောက်သည့် နေရာတိုင်းတွင် နှစ်သက်ရာကို မဲပေးရန်၊ တိုင်းပြည်နှင့် လူမျိုးအကျိုး သယ်ပိုး နိုင်မည့်သူ ၊ ဒေသအကျိုးကို ဖော်ဆောင်နိုင်မည့်သူများကို ရွေးခြယ်မဲပေးကြရန် တိုက်တွန်းခဲ့ကြောင်း၊ ဖြစ်သင့်သည်ကိုသာ တိုက်တွန်း ပြောပြခဲ့ကြောင်း၊ တပ်မတော်ကို တပ်တွင်းမဲရုံများတွင် မဲပေးခြင်းမှ အပြင်တွင် မဲပေးရမည်၊ ပြည်သူနှင့်အတူ မဲပေးရမည်ဟု ပြောလာသည့်အခါ မိမိအနေဖြင့် ချက်ချင်းပင် သဘောတူခဲ့ကြောင်း၊ ပြည်သူနှင့်အတူ လွတ်လွတ်လပ်လပ် မဲပေးရန် ဆောင်ရွက်ခဲ့ကြောင်း၊ မဲပေးသည့်ကာလ၊ မဲပေးသည့်အချိန်တွင် မဲရုံများနှင့် ပတ်သက်၍ ကြိုတင်မဲ ပြဿနာများရှိကြောင်း၊ ကြိုတင်မဲများနှင့် စပ်လျဉ်း၍ အမိန့်၊ ညွှန်ကြားချက်များနှင့် ပြင်ဆင်ချက်များပေး၍ မဲပေးခိုင်း သည်ကို တွေ့ရကြောင်း၊ ဉပဒေကို ကျော်လွန်၍ မဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဉပဒေကို ကျော်လွန်သည့် အမိန့်များကို ထုတ်ပြန်မှု မပြုသင့်ကြောင်း၊ သို့သော် အဆိုပါ အချက်များကို မျက်ကွယ်ပြု၍ ကိုဗစ်ဖြစ်သည်ကို အကြောင်းပြကာ ထုတ်ပြန်ထားသည့် အမိန့်များကို တွေ့ရကြောင်း။

ရွေးကောက်ပွဲမတိုင်မီဆောင်ရွက်သည့် ပါတီမဲဆွယ်စည်းရုံးရေးများ တွင်လည်း ပါတီများ၏ ပြောဆိုလုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ တရားမျှတမှု သံသယ ဖြစ်စရာများ တွေ့ရှိကြောင်း၊ ပါတီ၏မူဝါဒများကြေညာ၍မဲဆွယ်စည်းရုံးရာ၌ ပင် ဆင်ဆာဖြတ်တောက်မှုများ ရှိလာကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး ဆောင်ရွက်ပေးရန် ကြုံသည့်နေရာတိုင်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး လုပ်ဆောင်ပေးရန် အဓိကထား ဦးတည်၍ ပြောခဲ့ကြောင်း။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်သည် COVID-19 ရောဂါဖြစ်ပွား နေချိန်ဖြစ်ပြီး social distancing နှင့်အညီ မဲပေးမှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ မဲပေးမှုမှာ ၇၁ ရာခိုင်နှုန်းဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ မဲစာရင်းရလဒ်များကို စစ်ဆေးခဲ့ရာတွင်လည်း ကွာဟမှုများစွာတွေ့ရှိခဲ့ရပြီး တွေ့ရှိချက်များကိုလည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုသို့ မဲစာရင်းလွဲမှား နေမှုများကို ပြန်လည်စိစစ်ပေးရန် အကြိမ်ကြိမ်ပြောဆိုခဲ့ ကြောင်း၊ မြိတ်မြို့နယ် တွင် မဲမသမာမှုပေါင်း ၅ သောင်းကျော်နှင့် ကျွန်းစု မြို့နယ်တွင် မဲမသမာမှု ပေါင်း ၃ သောင်းကျော်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ဆိုပါက ၁၀ သန်း ကျော် ရှိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ မဲစာရင်းလိမ်လည်မှုသည် ဆိုးဝါးသည့် လုပ်ရပ်ဖြစ်ပြီး ရိုးရိုးသားသားဖြင့် လုပ်ဆောင်လျင် မဲနိုင်မည်ဖြစ်သော်လည်း ရိုးရိုးဖြေပါက အောင်မြင်မည့် စာမေးပွဲကို မတန်တဆအမှတ်လိုချင်သဖြင့် မသမာသည့်နည်းဖြင့် လုပ်ဆောင်သည်နှင့် တူနေကြောင်း၊ ထိုသို့ မဲစာရင်း မှားယွင်းနေမှုများကို ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် တတိယ အကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်း အဓမ္မကြံစည်ကြိုးပမ်း လာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော် ၏တာဝန်များအား ပုဒ်မ ၄၁၇ နှင့် ၄၁၈ တို့အရ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းရာတွင်လည်း တပ်ဘက်၊ အရပ်ဘက် မျှတအောင် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ကောင်စီဥက္ကဋ္ဌများကို အရပ်သားများဖြင့် သာ ဖွဲ့စည်းပေးခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေ ရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး ခေတ္တတာဝန်ယူ ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ် ကြောင်း။

စတင်တာဝန်ယူသည့် ပထမရက်သတ္တပတ်အတွင်း တည်ငြိမ်အေးချမ်းခဲ့ သော်လည်း ဒုတိယအပတ်မှစတင်၍ ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဆန္ဒပြမှုများ မှာ ကိုဗစ်ကာလအကြပ်အတည်း ထိန်းချုပ်မှု၊ တစ်ခြား တစ်ဖက်ကလည်း ရွေးကောက်ပွဲ မဲမသမာမှုအပေါ် ယခုလိုဆောင်ရွက်ခြင်းကြောင့် မခံမရပ်နိုင်သူများကြောင့် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုဖြစ်စဉ်များ အားလုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြင့် အင်အားအနည်းဆုံးနှင့် အသက်သာ ဆုံးဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက်နေကြောင်း၊ ယခုအခါဆူပူဆန္ဒပြသည့် အဆင့်မှ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေချိုး ဖောက်မှုအဆင့်များမှတစ်ဆင့် ပွိုင့် ၂၂ သေနတ်၊ တူမီးသေနတ်၊ လေသေနတ်၊ လက်လုပ်သေနတ်၊ လက်လုပ်လက်ပစ်ဗုံး များ၊ မီးပုလင်း၊ မီးကွင်း ကဲ့သို့သော အဖျက်အမှောင့်လက်နက်များကို ကိုင်ဆွဲ၍ နိုင်ငံတော်အုပ်ချုပ်ရေး အဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေး ဆိုင်ရာ အဆောက်အဦများအပြင် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖျက်ဆီးခြင်းများ၊ ဝင်ရောက်စီးနင်းရန်ကြိုးပမ်းအားထုတ်မှုများ စသည့် လက်နက်ကိုင် အကြမ်းဖက် သည့်အဆင့်သို့ ကူးစက်အသွင်ပြောင်းလာခဲ့သည်ကို တွေ့ရှိလာရကြောင်း၊ ထို့ပြင် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှုများဖြင့် တည်ဆောက်ထားသော စက်ရုံ၊ အလုပ်ရုံ များကို မီးရှို့ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်လာခြင်းတို့ ပြုလုပ်လာကြောင်း၊ ထို့ကြောင့် မည်သို့မျှ မတတ်သာ သည့်အဆုံး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေး တို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြိီး လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံ မြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန် ဆောင်ရွက်ခဲ့ရကြောင်း၊ လူငယ်လူရွယ်များကို အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ကင်းမဲ့စေသည့် လုပ်ဆောင်ချက်များလုပ်ဆောင်လာစေရန်၊ ဆူပူ အကြမ်းဖက်မှုများဖြစ်ပေါ်လာ စေရန် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်နေသည်ကို တွေ့မြင် ရပြီး နိုင်ငံတော်အတွက် အန္တရာယ်ရှိသည့် လုပ်ရပ်များပင်ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ် ၅ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပထမဦးစားပေးအနေဖြင့် မဲစာရင်းများ ကို စိစစ် လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကာ အလုံးစုံ ပြီးစီးပါ က ပေါင်းချုပ်စာရင်းများကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် စစ်ဆေးရန်လိုအပ်သည်များကို စစ်ဆေးလျက်ရှိပြီး အဂတိ လိုက်စားမှုဆိုင်ရာတွေ့ ရှိချက်များကိုလည်း သတင်းများထုတ်ပြန်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး COVID-19 ရောဂါဖြစ်ပွားမှု ကြောင့် ကျောင်းများပိတ်ထားရခြင်းသည် ကျောင်းသားကျောင်းသူများနှင့် မိဘ တစ်ဦးချင်းစီ၏ နစ်နာဆုံးရှုံးမှုအပြင် တိုင်းပြည် အတွက်လည်းနစ်နာဆုံးရှုံးမှုပင် ဖြစ်သောကြောင့် ကျောင်းများစနစ်တကျ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လူစုလူဝေးမဖြစ်စေရန်၊ မသမာ သူများက လှုံ့ဆော်မှုမရှိစေရန်၊ ကျောင်းများကို ယခင်အတိုင်းပင်ထားရန် အကြံပြုမှုများရှိသော်လည်း မိမိ၏ ခံယူချက်မှာ ကျောင်းတစ်နှစ်ပိတ်ထားလျင် တစ်နှစ် နစ်နာမည်ဖြစ်၍ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုး တိုးတက် အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုခိုင်ခိုင်မာမာတည်ဆောက်ရန်ဖြစ်ကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ပြည်ပ အန္တရာယ်ကို ကာကွယ်ရန် အဓိကတာဝန်ရှိကြောင်း၊ သို့သော်လည်း ခေတ်အဆက်ဆက် ပြည်တွင်းသောင်းကျန်းမှုများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ ရသဖြင့် ယနေ့ထက်တိုင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ပြည်တွင်းလုံခြုံရေး တွင် အဓိကတာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်စွမ်းအားကို မြှင့်တင် ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် တပ်မတော်ကို စွမ်းရည်စွမ်းအားမြင့်မားသည့်၊ တိုက် စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့် တပ်မတော်ဖြစ်အောင် အမြဲတမ်း လေ့လာ၊ လေ့ကျင့်၊ လိုက်နာကြရမည် ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ စွမ်းဆောင်ရည်ကောင်းမွန်မှသာလျင် Team work ရရှိပြီး အဖွဲ့လိုက်စွမ်းဆောင်ရည်များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတာဝန် ကို ရိုးရိုးသားသားနှင့် ကျေပွန်အောင်ထမ်းဆောင်ကြရန် လိုကြောင်း၊ တစ်ဦးချင်း အသိစိတ်ဓာတ်ကောင်းမွန်စွာဖြင့် ကြိုးစားဆောင်ရွက်ပြီး မိမိတို့ တစ်ဦးချင်းမှ မိမိကိုယ်ကိုယ်နှင့် မိမိတပ်ကိုကောင်းအောင် ကြိုးစားပြီး တပ်မတော်၊ တိုင်းပြည် နှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်တို့က အားကစားပစ္စည်းများ၊ သုတရသစာအုပ်စာစောင် များနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း အသီးသီးပေးအပ်ကြရာ ကမ်းရိုးတမ်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် တပ်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနချုပ်မှူးများ က လက်ခံရယူကြသည်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တပ်နယ်အသီးသီးရှိ တပ်ရင်း၊တပ်ဖွဲ့များ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှုခဲ့ကြသည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ၿမိတ္၊ ကြၽန္းစုႏွင့္ ကိုကိုးကြၽန္းတပ္နယ္တို႔မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ မတ္ ၂၀

တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ပါ ျပ႒ာန္းခ်က္ မ်ားႏွင့္အညီ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္မွစ၍ ႏိုင္ငံေတာ္၏ တာဝန္မ်ား အား ပုဒ္မ ၄၁၇ ႏွင့္ ၄၁၈ တို႔အရ ေဆာင္႐ြက္ခဲ့ၿပီး ပုဒ္မ ၄၁၉ အရ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီကိုဖြဲ႕စည္းကာ ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး အဘက္ဘက္ မွ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ စစ္မွန္သည့္ ဒီမိုကေရစီ ျဖစ္ေစေရး၊ စည္းကမ္းရွိၿပီး ခိုင္မာသည့္ ဒီမိုကေရစီျဖစ္ေစေရး ေခတၱတာဝန္ယူ ထိန္းသိမ္း ေဆာင္႐ြက္ေနျခင္းသာျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္သားမ်ား အေန ျဖင့္ တစ္ဦးခ်င္းအသိ စိတ္ဓာတ္ ေကာင္းမြန္စြာျဖင့္ ႀကိဳးစားေဆာင္႐ြက္ၿပီး မိမိတို႔ တစ္ဦးခ်င္းမွ မိမိကိုယ္ကိုယ္ႏွင့္ မိမိတပ္ကိုေကာင္းေအာင္ ႀကိဳးစားၿပီး တပ္မေတာ္၊ တိုင္းျပည္ႏွင့္ လူမ်ိဳး၏ဂုဏ္ကို ျမႇင့္တင္ႏိုင္ေအာင္ ႀကိဳးစား လုပ္ေဆာင္သြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၿမိတ္၊ ကြၽန္းစုႏွင့္ ကိုကိုးကြၽန္း တပ္နယ္တို႔မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား သီးျခားစီ ေတြ႕ဆုံ၍ အမွာစကား ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲမ်ားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေစာသန္းလႈိင္ ၿမိတ္၊ ကြၽန္းစုႏွင့္ ကိုကိုးကြၽန္း တပ္နယ္တို႔မွ တပ္နယ္မႉးမ်ား၊ အရာရွိ၊ စစ္သည္ မိသားစုမ်ား တက္ေရာက္ ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္အေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲဆိုင္ရာ မဲစာရင္းမ်ားမွားယြင္းသည့္ ကိစၥရပ္မ်ားကို ဒီမိုကေရစီ နည္းလမ္းႏွင့္အညီ ဥပေဒေၾကာင္းအရ ေျဖရွင္းႏိုင္ရန္ အႀကိမ္ႀကိမ္ ႀကိဳးပမ္းခဲ့ေၾကာင္း၊ မဲစာရင္းမ်ားတြင္ ႀကီးမားသည့္လြဲမွားမႈမ်ား ျဖစ္ခဲ့ၿပီး သာမန္လြဲမွားမႈမ်ား မဟုတ္ခဲ့ေၾကာင္း၊ မိမိတို႔အေနျဖင့္ မဲစာရင္း မွားယြင္းမႈမ်ားကို ဒီမိုကေရစီနည္းလမ္းမ်ားႏွင့္အညီ အတတ္ႏိုင္ဆုံး ေဆာင္႐ြက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း မည္သို႔မွ် ေဆြးေႏြးညႇိႏႈိင္း ေျဖရွင္းမရ သည့္အတြက္ ယခုအဆင့္ထိ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ မိမိတို႔ႏိုင္ငံသည္ အေတြ႕အႀကဳံအားနည္းၿပီး ၁၉၉၀ ျပည့္ႏွစ္မွစ၍ ေ႐ြးေကာက္ပြဲအေတြ႕အႀကဳံရွိခဲ့ျခင္းျဖစ္ကာ ထိုစဥ္ကတည္းကပင္ ေ႐ြးေကာက္ ပြဲတစ္ခုသည္ ဖိအားမ်ားရွိေနပါက ႐ိုးသားေသာ ေ႐ြးေကာက္ပြဲႏွင့္ မွန္ကန္ေသာ ရလဒ္ထြက္ေပၚသည့္ ေ႐ြးေကာက္ပြဲ မျဖစ္လာႏိုင္သည္ကို အေတြ႕အႀကဳံရရွိခဲ့ ေၾကာင္း။

ဒီမိုကေရစီဆိုသည္မွာ အမ်ား၏ဆႏၵႏွင့္ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး အမ်ား၏ ဆႏၵႏွင့္ ေဆာင္႐ြက္သည္ဆိုေသာ္လည္း အမ်ား၏ဆႏၵသည္ စစ္မွန္ၿပီး ႐ိုးသား သည့္ ႏိုင္ငံေရးျဖစ္ရန္လိုေၾကာင္း၊ အမ်ားဆႏၵသည္ ႐ိုးသားမႈမရွိပါက ယင္း ႏိုင္ငံေရးသည္ ဒီမိုကေရစီဟု ေျပာႏိုင္ရန္ခဲယဥ္းေၾကာင္း၊ တက္လာသည့္အစိုးရ မ်ားသည္ ဒီမိုကေရစီကို မွန္မွန္ကန္ကန္ႏွင့္ အမွန္တစ္ကယ္အလုပ္လုပ္ႏိုင္မည့္ အစိုးရျဖစ္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ မဲေပးခြင့္ရွိသူ၏ ၇၇ ရာခိုင္ႏႈန္းမဲ ေပးခဲ့ၾကေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲ တြင္ ၇ဝ ရာခိုင္ႏႈန္းနီးပါး မဲေပးခဲ့ၾကသည္ကို ေတြ႕ရေၾကာင္း၊ ၂၀၁၆ ခုႏွစ္တြင္ တက္လာသည့္ အစိုးရ၏ လုပ္ေဆာင္ခ်က္မ်ားအေပၚ ျပည္သူမ်ားအေနျဖင့္ အားမလိုအားမရ ျဖစ္လာၾကသည္ကိုေတြ႕ရေၾကာင္း၊ ျပည္သူမ်ားက ၎တို႔၏ ဆႏၵအေလ်ာက္ အလႊာအသီးသီး၏ ခံစားခ်က္မ်ားကိုမူတည္၍ အစိုးရ လုပ္ေဆာင္ခ်က္မ်ားအေပၚမွာ အားမလိုအားမရ ျဖစ္လာသည့္အတြက္ ေ႐ြးေကာက္ပြဲလုပ္ရန္ရွိလာသည့္အခါ ေ႐ြးေကာက္ပြဲအေပၚ စိတ္ပ်က္ၿပီး မဲမေပး ခ်င္ေသာစိတ္မ်ား ျဖစ္လာၾကသည္ကို ေတြ႕ရၿပီး No Vote လႈပ္ရွားမႈမ်ား ျဖစ္လာသည္ကို ေတြ႕ရွိၾကရမည္ျဖစ္ေၾကာင္း၊ ၂၀၁၉ ခုႏွစ္၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီေ႐ြးေကာက္ပြဲလုပ္သည့္အခါတြင္ ရန္ကုန္ တစ္ၿမိဳ႕နယ္လုံး၌ ဆႏၵမဲေပးသူ ၁၄ ရာခိုင္ႏႈန္ခန႔္သာရွိသည္ကို သိရွိရေၾကာင္း။

ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲျပဳလုပ္ျခင္း၊ ဆႏၵမဲေပးျခင္းသည္ အႏွစ္သာရပင္ျဖစ္ေသာေၾကာင့္ မိမိအေနျဖင့္ ၂၀၂ဝ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ၌ ေရာက္သည့္ ေနရာတိုင္းတြင္ ႏွစ္သက္ရာကို မဲေပးရန္၊ တိုင္းျပည္ႏွင့္ လူမ်ိဳးအက်ိဳး သယ္ပိုး ႏိုင္မည့္သူ ၊ ေဒသအက်ိဳးကို ေဖာ္ေဆာင္ႏိုင္မည့္သူမ်ားကို ေ႐ြးျခယ္မဲေပးၾကရန္ တိုက္တြန္းခဲ့ေၾကာင္း၊ ျဖစ္သင့္သည္ကိုသာ တိုက္တြန္း ေျပာျပခဲ့ေၾကာင္း၊ တပ္မေတာ္ကို တပ္တြင္းမဲ႐ုံမ်ားတြင္ မဲေပးျခင္းမွ အျပင္တြင္ မဲေပးရမည္၊ ျပည္သူႏွင့္အတူ မဲေပးရမည္ဟု ေျပာလာသည့္အခါ မိမိအေနျဖင့္ ခ်က္ခ်င္းပင္ သေဘာတူခဲ့ေၾကာင္း၊ ျပည္သူႏွင့္အတူ လြတ္လြတ္လပ္လပ္ မဲေပးရန္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ မဲေပးသည့္ကာလ၊ မဲေပးသည့္အခ်ိန္တြင္ မဲ႐ုံမ်ားႏွင့္ ပတ္သက္၍ ႀကိဳတင္မဲ ျပႆနာမ်ားရွိေၾကာင္း၊ ႀကိဳတင္မဲမ်ားႏွင့္ စပ္လ်ဥ္း၍ အမိန္႔၊ ၫႊန္ၾကားခ်က္မ်ားႏွင့္ ျပင္ဆင္ခ်က္မ်ားေပး၍ မဲေပးခိုင္း သည္ကို ေတြ႕ရေၾကာင္း၊ ဉပေဒကို ေက်ာ္လြန္၍ မျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲ ဉပေဒကို ေက်ာ္လြန္သည့္ အမိန႔္မ်ားကို ထုတ္ျပန္မႈ မျပဳသင့္ေၾကာင္း၊ သို႔ေသာ္ အဆိုပါ အခ်က္မ်ားကို မ်က္ကြယ္ျပဳ၍ ကိုဗစ္ျဖစ္သည္ကို အေၾကာင္းျပကာ ထုတ္ျပန္ထားသည့္ အမိန႔္မ်ားကို ေတြ႕ရေၾကာင္း။

ေ႐ြးေကာက္ပြဲမတိုင္မီေဆာင္႐ြက္သည့္ ပါတီမဲဆြယ္စည္း႐ုံးေရးမ်ား တြင္လည္း ပါတီမ်ား၏ ေျပာဆိုလုပ္ပိုင္ခြင့္ႏွင့္ပတ္သက္၍ တရားမွ်တမႈ သံသယ ျဖစ္စရာမ်ား ေတြ႕ရွိေၾကာင္း၊ ပါတီ၏မူဝါဒမ်ားေၾကညာ၍မဲဆြယ္စည္း႐ုံးရာ၌ ပင္ ဆင္ဆာျဖတ္ေတာက္မႈမ်ား ရွိလာေၾကာင္း၊ ထို႔ေၾကာင့္ မိမိအေနျဖင့္ လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ေရး ေဆာင္႐ြက္ေပးရန္ ႀကဳံသည့္ေနရာတိုင္းတြင္ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း၊ လြတ္လပ္ၿပီး တရား မွ်တသည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေစေရး လုပ္ေဆာင္ေပးရန္ အဓိကထား ဦးတည္၍ ေျပာခဲ့ေၾကာင္း။

၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ခ်ိန္သည္ COVID-19 ေရာဂါျဖစ္ပြား ေနခ်ိန္ျဖစ္ၿပီး social distancing ႏွင့္အညီ မဲေပးမႈမ်ား ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ မဲေပးမႈမွာ ၇၁ ရာခိုင္ႏႈန္းျဖစ္သည္ကိုေတြ႕ရွိရေၾကာင္း၊ မဲစာရင္းရလဒ္မ်ားကို စစ္ေဆးခဲ့ရာတြင္လည္း ကြာဟမႈမ်ားစြာေတြ႕ရွိခဲ့ရၿပီး ေတြ႕ရွိခ်က္မ်ားကိုလည္း ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း၊ ထိုသို႔ မဲစာရင္းလြဲမွား ေနမႈမ်ားကို ျပန္လည္စိစစ္ေပးရန္ အႀကိမ္ႀကိမ္ေျပာဆိုခဲ့ ေၾကာင္း၊ ၿမိတ္ၿမိဳ႕နယ္ တြင္ မဲမသမာမႈေပါင္း ၅ ေသာင္းေက်ာ္ႏွင့္ ကြၽန္းစု ၿမိဳ႕နယ္တြင္ မဲမသမာမႈ ေပါင္း ၃ ေသာင္းေက်ာ္ရွိၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာ ျဖင့္ဆိုပါက ၁၀ သန္း ေက်ာ္ ရွိခဲ့သည္ကိုေတြ႕ရွိရေၾကာင္း၊ မဲစာရင္းလိမ္လည္မႈသည္ ဆိုးဝါးသည့္ လုပ္ရပ္ျဖစ္ၿပီး ႐ိုး႐ိုးသားသားျဖင့္ လုပ္ေဆာင္လ်င္ မဲႏိုင္မည္ျဖစ္ေသာ္လည္း ႐ိုး႐ိုးေျဖပါက ေအာင္ျမင္မည့္ စာေမးပြဲကို မတန္တဆအမွတ္လိုခ်င္သျဖင့္ မသမာသည့္နည္းျဖင့္ လုပ္ေဆာင္သည္ႏွင့္ တူေနေၾကာင္း၊ ထိုသို႔ မဲစာရင္း မွားယြင္းေနမႈမ်ားကို ေျဖရွင္း ေဆာင္႐ြက္ေပးျခင္းမရွိသည့္အျပင္ တတိယ အႀကိမ္လႊတ္ေတာ္ေခၚယူ၍ အစိုးရအသစ္ဖြဲ႕ရန္ အတင္း အဓမၼႀကံစည္ႀကိဳးပမ္း လာမႈမ်ားေၾကာင့္ တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ (၂၀၀၈ ခုႏွစ္)ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္မွစ၍ ႏိုင္ငံေတာ္ ၏တာဝန္မ်ားအား ပုဒ္မ ၄၁၇ ႏွင့္ ၄၁၈ တို႔အရ ေဆာင္႐ြက္ခဲ့ၿပီး ပုဒ္မ ၄၁၉ အရ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ရျခင္း ျဖစ္ေၾကာင္း၊ ထိုသို႔ဖြဲ႕စည္းရာတြင္လည္း တပ္ဘက္၊ အရပ္ဘက္ မွ်တေအာင္ ဖြဲ႕စည္းထားျခင္း ျဖစ္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ေကာင္စီဥကၠ႒မ်ားကို အရပ္သားမ်ားျဖင့္ သာ ဖြဲ႕စည္းေပးခဲ့ေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ စစ္မွန္သည့္ ဒီမိုကေရစီျဖစ္ေစ ေရး၊ စည္းကမ္းရွိၿပီး ခိုင္မာသည့္ ဒီမိုကေရစီျဖစ္ေစေရး ေခတၱတာဝန္ယူ ထိန္းသိမ္းေဆာင္႐ြက္ေနျခင္းသာျဖစ္ ေၾကာင္း။

စတင္တာဝန္ယူသည့္ ပထမရက္သတၱပတ္အတြင္း တည္ၿငိမ္ေအးခ်မ္းခဲ့ ေသာ္လည္း ဒုတိယအပတ္မွစတင္၍ ဆူပူမႈ၊ ဆႏၵျပမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း၊ ထိုသို႔ဆႏၵျပမႈမ်ား မွာ ကိုဗစ္ကာလအၾကပ္အတည္း ထိန္းခ်ဳပ္မႈ၊ တစ္ျခား တစ္ဖက္ကလည္း ေ႐ြးေကာက္ပြဲ မဲမသမာမႈအေပၚ ယခုလိုေဆာင္႐ြက္ျခင္းေၾကာင့္ မခံမရပ္ႏိုင္သူမ်ားေၾကာင့္ ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း၊ ဆူပူဆႏၵျပမႈျဖစ္စဥ္မ်ား အားလုံးကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားျဖင့္ အင္အားအနည္းဆုံးႏွင့္ အသက္သာ ဆုံးျဖစ္ေအာင္ ထိန္းသိမ္း ေဆာင္႐ြက္ေနေၾကာင္း၊ ယခုအခါဆူပူဆႏၵျပသည့္ အဆင့္မွ မင္းမဲ့စ႐ိုက္ဆန္သည့္ ဥပေဒခ်ိဳး ေဖာက္မႈအဆင့္မ်ားမွတစ္ဆင့္ ပြိဳင့္ ၂၂ ေသနတ္၊ တူမီးေသနတ္၊ ေလေသနတ္၊ လက္လုပ္ေသနတ္၊ လက္လုပ္လက္ပစ္ဗုံး မ်ား၊ မီးပုလင္း၊ မီးကြင္း ကဲ့သို႔ေသာ အဖ်က္အေမွာင့္လက္နက္မ်ားကို ကိုင္ဆြဲ၍ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရး အေဆာက္အဦမ်ား၊ ရဲစခန္းမ်ား၊ တရားေရး ဆိုင္ရာ အေဆာက္အဦမ်ားအျပင္ ႐ိုးသားေအးခ်မ္းစြာ ေနထိုင္လိုသည့္ ျပည္သူတို႔၏ ေနအိမ္အေဆာက္အဦမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ားအား မီးရႈိ႕ ဖ်က္ဆီးျခင္းမ်ား၊ ဝင္ေရာက္စီးနင္းရန္ႀကိဳးပမ္းအားထုတ္မႈမ်ား စသည့္ လက္နက္ကိုင္ အၾကမ္းဖက္ သည့္အဆင့္သို႔ ကူးစက္အသြင္ေျပာင္းလာခဲ့သည္ကို ေတြ႕ရွိလာရေၾကာင္း၊ ထို႔ျပင္ ျပည္တြင္းျပည္ပရင္းႏွီးျမဳပ္ႏွံမႈမ်ားျဖင့္ တည္ေဆာက္ထားေသာ စက္႐ုံ၊ အလုပ္႐ုံ မ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား လက္နက္ကိုင္အၾကမ္းဖက္ တိုက္ခိုက္လာျခင္းတို႔ ျပဳလုပ္လာေၾကာင္း၊ ထို႔ေၾကာင့္ မည္သို႔မွ် မတတ္သာ သည့္အဆုံး လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရး၊ နယ္ေျမ ေအးခ်မ္းသာယာေရး တို႔ကို ပိုမိုထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကိီး လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ဒဂုံ ၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ႏွင့္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း) ၿမိဳ႕နယ္တို႔တြင္ စစ္အုပ္ခ်ဳပ္ေရး (Martial Law) ထုတ္ျပန္ ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ လူငယ္လူ႐ြယ္မ်ားကို အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ယဥ္ေက်းမႈ ကင္းမဲ့ေစသည့္ လုပ္ေဆာင္ခ်က္မ်ားလုပ္ေဆာင္လာေစရန္၊ ဆူပူ အၾကမ္းဖက္မႈမ်ားျဖစ္ေပၚလာ ေစရန္ ေနာက္ကြယ္မွ ေသြးထိုးလႈံ႕ေဆာ္မႈမ်ား လုပ္ေဆာင္ေနသည္ကို ေတြ႕ျမင္ ရၿပီး ႏိုင္ငံေတာ္အတြက္ အႏၲရာယ္ရွိသည့္ လုပ္ရပ္မ်ားပင္ျဖစ္ေၾကာင္း။

လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္း စဥ္ ၅ ရပ္ကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိၿပီး ပထမဦးစားေပးအေနျဖင့္ မဲစာရင္းမ်ား ကို စိစစ္ လ်က္ရွိၿပီး ေတြ႕ရွိခ်က္မ်ားကို ထုတ္ျပန္ေၾကညာလ်က္ရွိကာ အလုံးစုံ ၿပီးစီးပါ က ေပါင္းခ်ဳပ္စာရင္းမ်ားကို ဆက္လက္ထုတ္ျပန္ေၾကညာသြားမည္ ျဖစ္ေၾကာင္း၊ ထို႔ျပင္ စစ္ေဆးရန္လိုအပ္သည္မ်ားကို စစ္ေဆးလ်က္ရွိၿပီး အဂတိ လိုက္စားမႈဆိုင္ရာေတြ႕ ရွိခ်က္မ်ားကိုလည္း သတင္းမ်ားထုတ္ျပန္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ ႏိုင္ငံေတာ္၏ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး အဘက္ဘက္မွ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ရမည္ျဖစ္ၿပီး COVID-19 ေရာဂါျဖစ္ပြားမႈ ေၾကာင့္ ေက်ာင္းမ်ားပိတ္ထားရျခင္းသည္ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ မိဘ တစ္ဦးခ်င္းစီ၏ နစ္နာဆုံးရႈံးမႈအျပင္ တိုင္းျပည္ အတြက္လည္းနစ္နာဆုံးရႈံးမႈပင္ ျဖစ္ေသာေၾကာင့္ ေက်ာင္းမ်ားစနစ္တက် ျပန္လည္ ဖြင့္လွစ္ႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လူစုလူေဝးမျဖစ္ေစရန္၊ မသမာ သူမ်ားက လႈံ႕ေဆာ္မႈမရွိေစရန္၊ ေက်ာင္းမ်ားကို ယခင္အတိုင္းပင္ထားရန္ အႀကံျပဳမႈမ်ားရွိေသာ္လည္း မိမိ၏ ခံယူခ်က္မွာ ေက်ာင္းတစ္ႏွစ္ပိတ္ထားလ်င္ တစ္ႏွစ္ နစ္နာမည္ျဖစ္၍ ႀကိဳးပမ္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္မ်ား ေအာင္ျမင္ေအာင္ ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ ျဖတ္သန္းခဲ့ရသည့္အေတြ႕အႀကဳံမ်ားျဖင့္ ႏိုင္ငံေတာ္ကို ဘက္စုံဖြံ႕ၿဖိဳး တိုးတက္ ေအာင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုကိုခိုင္ခိုင္မာမာတည္ေဆာက္ရန္ျဖစ္ေၾကာင္း။

တပ္မေတာ္၏ အဓိကတာဝန္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ျဖစ္ၿပီး ျပည္ပ အႏၲရာယ္ကို ကာကြယ္ရန္ အဓိကတာဝန္ရွိေၾကာင္း၊ သို႔ေသာ္လည္း ေခတ္အဆက္ဆက္ ျပည္တြင္းေသာင္းက်န္းမႈမ်ားကို ထိန္းသိမ္းေဆာင္႐ြက္ခဲ့ ရသျဖင့္ ယေန႔ထက္တိုင္ ပါဝင္ေဆာင္႐ြက္ေနရျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္လည္း ျပည္တြင္းလုံၿခဳံေရး တြင္ အဓိကတာဝန္ရွိသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၏ စြမ္းရည္စြမ္းအားကို ျမႇင့္တင္ ေဆာင္႐ြက္ေပးေနျခင္းပင္ျဖစ္ေၾကာင္း။

မိမိတို႔အေနျဖင့္ တပ္မေတာ္ကို စြမ္းရည္စြမ္းအားျမင့္မားသည့္၊ တိုက္ စြမ္းရည္၊ တိုက္စြမ္းအား ေကာင္းမြန္သည့္ တပ္မေတာ္ျဖစ္ေအာင္ အၿမဲတမ္း ေလ့လာ၊ ေလ့က်င့္၊ လိုက္နာၾကရမည္ ျဖစ္ေၾကာင္း၊ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္း၏ စြမ္းေဆာင္ရည္ေကာင္းမြန္မွသာလ်င္ Team work ရရွိၿပီး အဖြဲ႕လိုက္စြမ္းေဆာင္ရည္မ်ားလည္း ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ မိမိတာဝန္ ကို ႐ိုး႐ိုးသားသားႏွင့္ ေက်ပြန္ေအာင္ထမ္းေဆာင္ၾကရန္ လိုေၾကာင္း၊ တစ္ဦးခ်င္း အသိစိတ္ဓာတ္ေကာင္းမြန္စြာျဖင့္ ႀကိဳးစားေဆာင္႐ြက္ၿပီး မိမိတို႔ တစ္ဦးခ်င္းမွ မိမိကိုယ္ကိုယ္ႏွင့္ မိမိတပ္ကိုေကာင္းေအာင္ ႀကိဳးစားၿပီး တပ္မေတာ္၊ တိုင္းျပည္ ႏွင့္ လူမ်ိဳး၏ဂုဏ္ကို ျမႇင့္တင္ႏိုင္ေအာင္ ႀကိဳးစားလုပ္ေဆာင္သြားၾကရမည္ ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာပစၥည္းမ်ားကို လည္းေကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္တို႔က အားကစားပစၥည္းမ်ား၊ သုတရသစာအုပ္စာေစာင္ မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားကို လည္းေကာင္း အသီးသီးေပးအပ္ၾကရာ ကမ္း႐ိုးတမ္း ေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေစာသန္းလႈိင္ႏွင့္ တပ္နယ္ အသီးသီးမွ တာဝန္ရွိသူမ်ား၊ ဌာနခ်ဳပ္မႉးမ်ား က လက္ခံရယူၾကသည္

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ တပ္နယ္ အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ ခဲ့ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္နယ္အသီးသီးရွိ တပ္ရင္း၊တပ္ဖြဲ႕မ်ား၏ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း ေဆာင္႐ြက္ ထားရွိမႈအေျခအေနမ်ား၊ တပ္တည္ေဆာက္ေရးလုပ္ငန္း ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လိုက္လံ ၾကည့္ရႈခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။