နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာ စကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်က ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုး တိုးတက်ရေးဆောင်ရွက်မှု အခြေအနေများနှင့် ဒေသဆိုင်ရာ အထွေထွေ အချက် အလက်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက် အဖွဲ့ အစည်းများကို ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံစကားပြောခြင်းဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းသည့် တိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီများ အနက် တစ်ခုဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် ပါတီစုံဒီမိုကရေစီစနစ်ပုံဖော်ခဲ့ရသည့် အခြေအနေများ နှင့်ပတ်သက်၍ ပြောကြားရာတွင် ယခင် တပ်မတော်အစိုးရလက်ထက် တပ်မ တော်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ မကူးပြောင်းမီကာလများတွင် နိုင်ငံ တကာတွင်ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်သုံးပုံများကို လေ့လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအဆင့်ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊ ထို့နောက် ပြည်သူတို့လိုလားတောင့်တသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိ အောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ဒီမိုကရေစီနည်းလမ်းကျစွာဖြင့် အောင်မြင်စွာ လုပ်ဆောင် ပေးနိုင်ခဲ့ပါကြောင်း၊ ဒီမိုကရေစီကူးပြောင်းမှုသက်တမ်း ၁၀ နှစ် ရှိပြီးဖြစ်ပြီး ဒီမိုကရေစီစနစ်တွင် ရွေးကောက်တင်မြှောက်ခြင်းသည် အနှစ်သာရပင်ဖြစ် ကြောင်း၊ မိမိတို့ ငယ်စဉ်ကအတန်းပညာ သင်ကြားစဉ်ကတည်းကပင် အတန်း ခေါင်းဆောင်ရွေးခြယ်ခန့်ထားရာ၌ အများ၏ဆန္ဒဖြင့် ရွေးခြယ်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ခြင်းသည် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်ခြင်းဖြစ်သဖြင့် ပိုမိုအရေးကြီးပါကြောင်း၊ ပြန်ပြောင်းစဉ်းစားကြည့်မည် ဆိုပါက ပထမအကြိမ် ဒီမိုကရေစီအစိုးရသက်တမ်းတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် တိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုများ ရှိအောင် လုပ်ဆောင်နိုင်ခဲ့သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းများတွင်လည်း NCA လက်မှတ် ရေးထိုးနိုင်သည်အထိ လုပ်ဆောင် နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။

ဒီမိုကရေစီပထမသက်တမ်းကာလ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အကြပ်အတည်းများ၊ ပြင်ပနိုင်ငံ များ၏ ဖိအားပေးမှုများနှင့် လက်နက်ကိုင် ပဋိပက္ခများအကြား ခက်ခက်ခဲခဲဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ကြောင့် ပြည်သူလူထုက အားမလို အားမရ ဖြစ်နေချိန်၌ NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရရှိစေရေး ပြောင်းလဲချိန်တန်ပြီ ဟူသော စာသားဖြင့် မက်လုံးပေး အာမခံချက်များဖြင့်မဲဆွယ် စည်းရုံးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲ၌ NLD ပါတီ အနိုင်ရရှိခဲ့ပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ရာတွင် မဲဆွယ်စည်းရုံး စဉ်ပြောကြားချက်များ၊ ကတိ၊ ကဝတ်များကို အကောင်အထည် ဖော်ဆောင်မှု မရှိသည့်အပြင် နိုင်ငံတော်တည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သည့် ဥပဒေများကို ပြင်ဆင်မှုများ၊ ပယ်ဖျက်ခြင်းများ လုပ်ဆောင် ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ ယဉ်ကျေးမှု၊ မျိုးချစ်စိတ်၊ အမျိုးသားရေးစရိုက် လက္ခဏာတို့ကိုပါ ထိပါးစေမည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်လာခဲ့ ကြောင်း၊ ထို့သို့ လုပ်ဆောင်မှုများကြောင့် ပြည်သူလူထုအနေဖြင့် ရွေးကောက် တင်မြှောက်သည့် အစိုးရအပေါ် ယုံကြည်မှုနည်းပါးလာပြီး No Vote လှုပ်ရှားမှု များ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရွေးကောက်ပွဲလုပ်သည့် အခါတွင် ဆန္ဒမဲပေးသူ ၁၄ ရာခိုင်နှုန်းခန့်သာရှိသည်ကို တွေ့ရှိရပြီး လူဦးရေ ၁၀၀ ဦးလျင် ၁၄ ဦးခန့်သာ မဲပေးခဲ့သည်ကို တွေ့ရှိကြောင်း။

ဒီမိုကရေစီ စနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံ၌ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ၏ ၇၂ ရာခိုင်နှုန်းမဲ ပေးခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၇ဝ ရာခိုင်နှုန်းနီးပါး မဲပေးခဲ့ကြသည်ကို တွေ့ရကြောင်း၊ သို့သော်လည်း အထက်ပါဖြစ်စဉ် ဖြစ်ရပ်များ ကြောင့် No Vote လှုပ်ရှားမှုများ ဖြစ်လာသည်ကိုတွေ့ရှိရသောကြောင့် မိမိအနေဖြင့် ရောက်သည့်နေရာတိုင်းတွင် ဆန္ဒမဲများ ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြား ရာတွင် NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်နေသည့် No Vote လှုပ်ရှားမှုများ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရွေးကောက်ပွဲ အတွေ့အကြုံများအရ ရွေးကောက်ပွဲတွင် အနိုင်ရရှိ ရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ ပါတီ များ၏ မဲဆွယ်စည်းရုံးရေးဆောင်ရွက်မှုများတွင်လည်း အမိန့်အမျိုးမျိုးထုတ်ပြန် ခဲ့ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ချိန်တွင် တပ်မတော်သားများအနေဖြင့် ပြည်သူ လူထုနှင့်အတူ မဲပေးခဲ့ကြကြောင်း၊ ရွေးကောက်ပွဲရလဒ်များကြေညာသည့် အချိန်တွင် မသင်္ကာဖွယ်ရာ၊ မဲရလဒ်များထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ ထို့ကြောင့် တပ်မတော်မှ မဲစာရင်းများအား စိစစ်ဆောင်ရွက် ခဲ့ရာတွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းများ တွေ့ရှိရပြီး သတင်းများထုတ်ပြန်ခဲ့ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ပင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်း ပေါင်း ၁ သန်း ၂ သိန်းကျော်ကို တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ မဲစာရင်းများ ကြီးမားစွာ ကွဲလွဲ နေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူအဖွဲ့အစည်း အဆင့်ဆင့်သို့ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် ကြိုးပမ်းလာခဲ့သောကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ အဖြစ် ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ တပ်မတော်က နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရ ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာမှုရှိစေရေး ထိန်းသိမ်းဆောင် ရွက်နေခြင်းသာဖြစ်သဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်အတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းရာတွင် တပ်ဘက်၊ အရပ်ဘက် မျှတအောင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် အုပ်ချုပ်ရေးကောင်စီများဖွဲ့စည်းရာတွင် အရပ်သားများဖြင့် အရပ်ဘက် အုပ်ချုပ်ရေးကိုသာ ဆက်လက်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ်ချမှတ်၍ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း။

ဆက်လက်ပြီး ပညာရေး၊ စီးပွားရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ် သက်၍ ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ၏ စပါးကျီများ အနက်တစ်ခုဖြစ်ပြီး GDP လည်းအများဆုံးဖြစ်သည်ကို ကျေနပ်နေ၍ ပိုကောင်း အောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊

မိမိတို့နိုင်ငံ၏ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ဆောင်ကြသဖြင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ် တို့ကို ရေရှည်စီမံကိန်းဖြင့် လုပ်ဆောင်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးတွင် အောင်မြင်စေရန် မြေ၊ ရေ၊ နည်း၊ မျိုး တို့ကို ကောင်းမွန်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုး ရေးနည်းစနစ်များကို တောင်သူများသို့ ဝေမျှပေးနိုင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေး တွင် အထွက်ကောင်းမွန်သည့် ကျန်းမာသန့်ရှင်းသည့် မွေးမြူရေးစနစ်ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း။

ထို့ပြင် မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၆ နှစ်ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီးရှိ ပြည်သူလူထု၏ သက်တမ်းသည် ကျေးလက်နေသူများ၌ ၆၇ ဖြစ်ပြီး မြို့ပြနေသူများ၌ ၆၇.၅ ခန့်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျန်းမာရေး တွင် မပြည့်စုံပါက ချမ်းသာမှုကို ဖြစ်ပေါ်စေနိုင်မည်မဟုတ်သည့်အတွက် ကျန်းမာ ကြံ့ခုင်အောင် နေထိုင်နိုင်အောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။

အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် လက်တွဲပြီး စည်းကမ်းနှင့် အညီလုပ်ဆောင်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပုံမှန်အတိုင်းပြန်လည် တည့် မတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍ ပုသိမ်စက်မှုမြို့တော် စီမံကိန်းသို့ သွားရောက်ကြည်ရှု့ရာ စီမံကိန်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့ တိုင်းဒေသကြီးမှ ထွက်ရှိသည့် သီးနှံထုတ်ကုန်များမှ ကုန်ပစ္စည်းများထုတ်လုပ် နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး အတွက် ဈေးကွက် ရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်စက်ရုံများအား ဦးစားပေးတည် ဆောက်၍ ကုန်ထုတ်လုပ်မှုအား Semi Product ဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ စက်မှုဇုံ တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင် ရေးအတွက် COVID-19 သတ်မှတ်စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးမည် ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စီမံကိန်းနယ်မြေအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဧရာဝတီတိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ဧၿပီ ၁၀

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ယေန႔မြန္းလြဲပိုင္းတြင္ ဧရာဝတီတိုင္း ေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ဧရာဝတီတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၌ သြားေရာက္ေတြ႕ဆုံ အမွာ စကားေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးဝင္းရွိန္၊ ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦး၊ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာၫြန႔္ေဖ၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ သက္ခိုင္ဝင္း၊ ဧရာဝတီတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးရဲျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေအာင္ေအာင္၊ ဧရာဝတီ တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားအား ဧရာဝတီတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးရဲျမင့္ႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ ဧရာဝတီတိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားက တစ္ဦးခ်င္း မိတ္ဆက္ၾကၿပီး တိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးရဲျမင့္က ဧရာဝတီတိုင္းေဒသႀကီးအတြင္း လူမႈေရး၊ စီးပြားေရး၊ က်န္းမာေရး၊ ေဒသဖြံၿဖိဳး တိုးတက္ေရးေဆာင္႐ြက္မႈ အေျခအေနမ်ားႏွင့္ ေဒသဆိုင္ရာ အေထြေထြ အခ်က္ အလက္မ်ားကို ရွင္းလင္း တင္ျပသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ အရပ္ဘက္ အဖြဲ႕ အစည္းမ်ားကို ပထမဆုံးအႀကိမ္အျဖစ္ေတြ႕ဆုံစကားေျပာျခင္းျဖစ္ေၾကာင္း၊ စီးပြားေရးအားေကာင္းသည့္ တိုင္းတစ္ခုျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ စပါးက်ီမ်ား အနက္ တစ္ခုျဖစ္ေၾကာင္း ဦးစြာေျပာၾကားသည္။

ထို႔ေနာက္ ပါတီစုံဒီမိုကေရစီစနစ္ပုံေဖာ္ခဲ့ရသည့္ အေျခအေနမ်ား ႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ ယခင္ တပ္မေတာ္အစိုးရလက္ထက္ တပ္မ ေတာ္အေနျဖင့္ မိမိတို႔ႏိုင္ငံကို ဒီမိုကေရစီ မကူးေျပာင္းမီကာလမ်ားတြင္ ႏိုင္ငံ တကာတြင္က်င့္သုံးလ်က္ရွိသည့္ ဒီမိုကေရစီက်င့္သုံးပုံမ်ားကို ေလ့လာၿပီး ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈအဆင့္ဆင့္ကို ပုံေဖာ္ခဲ့ရေၾကာင္း၊ ထို႔ေနာက္ ျပည္သူတို႔လိုလားေတာင့္တသည္ ဒီမိုကေရစီ လမ္းေၾကာင္းေပၚသို႔ ေရာက္ရွိ ေအာင္ လုပ္ေဆာင္ေပးခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲႀကီးကို ဒီမိုကေရစီနည္းလမ္းက်စြာျဖင့္ ေအာင္ျမင္စြာ လုပ္ေဆာင္ ေပးႏိုင္ခဲ့ပါေၾကာင္း၊ ဒီမိုကေရစီကူးေျပာင္းမႈသက္တမ္း ၁၀ ႏွစ္ ရွိၿပီးျဖစ္ၿပီး ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းသည္ အႏွစ္သာရပင္ျဖစ္ ေၾကာင္း၊ မိမိတို႔ ငယ္စဥ္ကအတန္းပညာ သင္ၾကားစဥ္ကတည္းကပင္ အတန္း ေခါင္းေဆာင္ေ႐ြးျခယ္ခန႔္ထားရာ၌ အမ်ား၏ဆႏၵျဖင့္ ေ႐ြးျခယ္ခဲ့ျခင္းပင္ျဖစ္ေၾကာင္း၊ ယခုေဆာင္႐ြက္ျခင္းသည္ ျပည္သူ႔ဆႏၵႏွင့္အညီ ျပည္သူ႔ကိုယ္စားလွယ္မ်ားကို ေ႐ြးေကာက္ျခင္းျဖစ္သျဖင့္ ပိုမိုအေရးႀကီးပါေၾကာင္း၊ ျပန္ေျပာင္းစဥ္းစားၾကည့္မည္ ဆိုပါက ပထမအႀကိမ္ ဒီမိုကေရစီအစိုးရသက္တမ္းတြင္ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရးႏွင့္ အျခားက႑ေပါင္းစုံတြင္ တိုးတက္ျဖစ္ေပၚေျပာင္းလဲမႈမ်ား ရွိေအာင္ လုပ္ေဆာင္ႏိုင္ခဲ့သည့္အျပင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားတြင္လည္း NCA လက္မွတ္ ေရးထိုးႏိုင္သည္အထိ လုပ္ေဆာင္ ႏိုင္ခဲ့သည္ကို ေတြ႕ရွိရေၾကာင္း။

ဒီမိုကေရစီပထမသက္တမ္းကာလ ဦးသိန္းစိန္ ဦးေဆာင္သည့္ အစိုးရ အေနျဖင့္ ႏိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး အၾကပ္အတည္းမ်ား၊ ျပင္ပႏိုင္ငံ မ်ား၏ ဖိအားေပးမႈမ်ားႏွင့္ လက္နက္ကိုင္ ပဋိပကၡမ်ားအၾကား ခက္ခက္ခဲခဲျဖင့္ ႀကိဳးပမ္း ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ ထို႔ေၾကာင့္ ျပည္သူလူထုက အားမလို အားမရ ျဖစ္ေနခ်ိန္၌ NLD ပါတီအေနျဖင့္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲ အႏိုင္ရရွိေစေရး ေျပာင္းလဲခ်ိန္တန္ၿပီ ဟူေသာ စာသားျဖင့္ မက္လုံးေပး အာမခံခ်က္မ်ားျဖင့္မဲဆြယ္ စည္း႐ုံးခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ေ႐ြး ေကာက္ပြဲ၌ NLD ပါတီ အႏိုင္ရရွိခဲ့ၿပီး ႏိုင္ငံေတာ္ကို အုပ္ခ်ဳပ္ခဲ့ရာတြင္ မဲဆြယ္စည္း႐ုံး စဥ္ေျပာၾကားခ်က္မ်ား၊ ကတိ၊ ကဝတ္မ်ားကို အေကာင္အထည္ ေဖာ္ေဆာင္မႈ မရွိသည့္အျပင္ ႏိုင္ငံေတာ္တည္ၿငိမ္ေရး တရားဥပေဒစိုးမိုးေရးႏွင့္ ပတ္သက္သည့္ ဥပေဒမ်ားကို ျပင္ဆင္မႈမ်ား၊ ပယ္ဖ်က္ျခင္းမ်ား လုပ္ေဆာင္ ခဲ့ေၾကာင္း၊ ထို႔ျပင္ ႏိုင္ငံေတာ္၏ ယဥ္ေက်းမႈ၊ မ်ိဳးခ်စ္စိတ္၊ အမ်ိဳးသားေရးစ႐ိုက္ လကၡဏာတို႔ကိုပါ ထိပါးေစမည့္ လုပ္ေဆာင္ခ်က္မ်ားကို လုပ္ေဆာင္လာခဲ့ ေၾကာင္း၊ ထို႔သို႔ လုပ္ေဆာင္မႈမ်ားေၾကာင့္ ျပည္သူလူထုအေနျဖင့္ ေ႐ြးေကာက္ တင္ေျမႇာက္သည့္ အစိုးရအေပၚ ယုံၾကည္မႈနည္းပါးလာၿပီး No Vote လႈပ္ရွားမႈ မ်ား ျဖစ္လာသည္ကို ေတြ႕ရွိၾကရမည္ျဖစ္ေၾကာင္း၊ ၂၀၁၉ ခုႏွစ္၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရး ေကာ္မတီေ႐ြးေကာက္ပြဲလုပ္သည့္ အခါတြင္ ဆႏၵမဲေပးသူ ၁၄ ရာခိုင္ႏႈန္းခန႔္သာရွိသည္ကို ေတြ႕ရွိရၿပီး လူဦးေရ ၁၀၀ ဦးလ်င္ ၁၄ ဦးခန႔္သာ မဲေပးခဲ့သည္ကို ေတြ႕ရွိေၾကာင္း။

ဒီမိုကေရစီ စနစ္တြင္ ေ႐ြးေကာက္ပြဲသည္ အႏွစ္သာရတစ္ခုျဖစ္ၿပီး မိမိတို႔ႏိုင္ငံ၌ ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ မဲေပးခြင့္ရွိသူ၏ ၇၂ ရာခိုင္ႏႈန္းမဲ ေပးခဲ့ၾကေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ၇ဝ ရာခိုင္ႏႈန္းနီးပါး မဲေပးခဲ့ၾကသည္ကို ေတြ႕ရေၾကာင္း၊ သို႔ေသာ္လည္း အထက္ပါျဖစ္စဥ္ ျဖစ္ရပ္မ်ား ေၾကာင့္ No Vote လႈပ္ရွားမႈမ်ား ျဖစ္လာသည္ကိုေတြ႕ရွိရေသာေၾကာင့္ မိမိအေနျဖင့္ ေရာက္သည့္ေနရာတိုင္းတြင္ ဆႏၵမဲမ်ား ေပးၾကရန္ တိုက္တြန္း ေျပာၾကားခဲ့ေၾကာင္းျဖင့္ ေျပာၾကားသည္။

ဆက္လက္ၿပီး ၂၀၂၀ ျပည့္ႏွစ္ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ ေျပာၾကား ရာတြင္ NLD အစိုးရအေနျဖင့္ ေ႐ြးေကာက္ပြဲမတိုင္မီ ျဖစ္ေပၚေနသည့္ No Vote လႈပ္ရွားမႈမ်ား၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရး ေကာ္မတီေ႐ြးေကာက္ပြဲ အေတြ႕အႀကဳံမ်ားအရ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိ ေရးႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္မႈမ်ားျဖစ္ေပၚခဲ့ၿပီး ေ႐ြးေကာက္ပြဲမတိုင္မီ ပါတီ မ်ား၏ မဲဆြယ္စည္း႐ုံးေရးေဆာင္႐ြက္မႈမ်ားတြင္လည္း အမိန႔္အမ်ိဳးမ်ိဳးထုတ္ျပန္ ခဲ့ေၾကာင္း၊ ေ႐ြးေကာက္ပြဲျပဳလုပ္ခ်ိန္တြင္ တပ္မေတာ္သားမ်ားအေနျဖင့္ ျပည္သူ လူထုႏွင့္အတူ မဲေပးခဲ့ၾကေၾကာင္း၊ ေ႐ြးေကာက္ပြဲရလဒ္မ်ားေၾကညာသည့္ အခ်ိန္တြင္ မသကၤာဖြယ္ရာ၊ မဲရလဒ္မ်ားထြက္ေပၚလာခဲ့သည္ကို ေတြ႕ရွိခဲ့ရ ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္မွ မဲစာရင္းမ်ားအား စိစစ္ေဆာင္႐ြက္ ခဲ့ရာတြင္ မဲမသမာမႈျပဳႏိုင္သည့္ မဲစာရင္းမ်ား ေတြ႕ရွိရၿပီး သတင္းမ်ားထုတ္ျပန္ခဲ့ ေၾကာင္း၊ ဧရာဝတီတိုင္းေဒသႀကီးအတြင္း၌ပင္ မဲမသမာမႈျပဳႏိုင္သည့္ မဲစာရင္း ေပါင္း ၁ သန္း ၂ သိန္းေက်ာ္ကို ေတြ႕ရွိခဲ့ရေၾကာင္း၊ ထိုသို႔ မဲစာရင္းမ်ား ႀကီးမားစြာ ကြဲလြဲ ေနမႈမ်ားကို ေျဖရွင္းေဆာင္႐ြက္ေပးရန္ တာဝန္ရွိသူအဖြဲ႕အစည္း အဆင့္ဆင့္သို႔ အႀကိမ္ႀကိမ္တင္ျပခဲ့ေသာ္လည္း ေျဖရွင္းေဆာင္႐ြက္ေပးျခင္း မရွိသည့္အျပင္ တတိယအႀကိမ္လႊတ္ေတာ္ေခၚယူ၍ ႏိုင္ငံေတာ္၏ အာဏာကို အဓမၼရယူရန္ ႀကိဳးပမ္းလာခဲ့ေသာေၾကာင့္ ႏိုင္ငံေတာ္ကို အေရးေပၚအေျခအေန အျဖစ္ ေၾကညာကာ ယာယီသမၼတ၏ တာဝန္လႊဲအပ္ခ်က္အရ တပ္မေတာ္က ႏိုင္ငံေတာ္၏ တာဝန္မ်ားကို တာဝန္ယူထိန္းသိမ္းေဆာင္႐ြက္ခဲ့ရျခင္းျဖစ္ ေၾကာင္း။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ရ ျခင္းႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္၏ အာဏာကို သိမ္းယူျခင္းမဟုတ္ဘဲ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာမႈရွိေစေရး ထိန္းသိမ္းေဆာင္ ႐ြက္ေနျခင္းသာျဖစ္သျဖင့္ ႏိုင္ငံေတာ္၏ တည္ဆဲဥပေဒျဖစ္သည့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ၂၀၀၈ ခုႏွစ္အတိုင္းသာ ဆက္လက္လုပ္ေဆာင္ရမည္ျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္းရာတြင္ တပ္ဘက္၊ အရပ္ဘက္ မွ်တေအာင္ဖြဲ႕စည္းခဲ့ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အဆင့္ အုပ္ခ်ဳပ္ေရးေကာင္စီမ်ားဖြဲ႕စည္းရာတြင္ အရပ္သားမ်ားျဖင့္ အရပ္ဘက္ အုပ္ခ်ဳပ္ေရးကိုသာ ဆက္လက္ေဆာင္႐ြက္ေစခဲ့ျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ဦးတည္ခ်က္ ၉ ရပ္ခ်မွတ္၍ ႏိုင္ငံေတာ္ကို ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေစရန္ ႀကိဳးပမ္းလုပ္ေဆာင္လ်က္ရွိေၾကာင္း။

ဆက္လက္ၿပီး ပညာေရး၊ စီးပြားေရး၊ လူမႈဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ပတ္ သက္၍ ေျပာၾကားရာတြင္ ဧရာဝတီတိုင္းေဒသႀကီးသည္ ႏိုင္ငံ၏ စပါးက်ီမ်ား အနက္တစ္ခုျဖစ္ၿပီး GDP လည္းအမ်ားဆုံးျဖစ္သည္ကို ေက်နပ္ေန၍ ပိုေကာင္း ေအာင္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊

မိမိတို႔ႏိုင္ငံ၏ လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနသူမ်ားျဖစ္ၿပီး စိုက္ပ်ိဳးေမြးျမဴေရးကို အဓိက လုပ္ေဆာင္ၾကသျဖင့္ စိုက္ပ်ိဳးေမြးျမဴေရးသိပၸံ၊ ေကာလိပ္၊ တကၠသိုလ္ တို႔ကို ေရရွည္စီမံကိန္းျဖင့္ လုပ္ေဆာင္ၾကရန္လိုအပ္ မည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳး ေရးတြင္ ေအာင္ျမင္ေစရန္ ေျမ၊ ေရ၊ နည္း၊ မ်ိဳး တို႔ကို ေကာင္းမြန္ေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ၿပီး ေခတ္ႏွင့္ေလ်ာ္ညီသည့္ စိုက္ပ်ိဳး ေရးနည္းစနစ္မ်ားကို ေတာင္သူမ်ားသို႔ ေဝမွ်ေပးႏိုင္ရမည္ျဖစ္ေၾကာင္း၊ ေမြးျမဴေရး တြင္ အထြက္ေကာင္းမြန္သည့္ က်န္းမာသန႔္ရွင္းသည့္ ေမြးျမဴေရးစနစ္ျဖစ္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း။

ထို႔ျပင္ မိမိတို႔ႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းသည္ ၆၆ ႏွစ္ျဖစ္ၿပီး ဧရာဝတီ တိုင္းေဒသႀကီးရွိ ျပည္သူလူထု၏ သက္တမ္းသည္ ေက်းလက္ေနသူမ်ား၌ ၆၇ ျဖစ္ၿပီး ၿမိဳ႕ျပေနသူမ်ား၌ ၆၇.၅ ခန႔္ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ က်န္းမာေရး တြင္ မျပည့္စုံပါက ခ်မ္းသာမႈကို ျဖစ္ေပၚေစႏိုင္မည္မဟုတ္သည့္အတြက္ က်န္းမာ ႀကံ့ခုင္ေအာင္ ေနထိုင္ႏိုင္ေအာင္ လုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း။

အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားအေနျဖင့္ အစိုးရႏွင့္ လက္တြဲၿပီး စည္းကမ္းႏွင့္ အညီလုပ္ေဆာင္ကာ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ပုံမွန္အတိုင္းျပန္လည္ တည့္ မတ္ေပးႏိုင္ေရး ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ ဧရာဝတီ တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာ ဝန္ထမ္း မ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့ၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တာဝန္ရွိသူမ်ားလိုက္ပါ၍ ပုသိမ္စက္မႈၿမိဳ႕ေတာ္ စီမံကိန္းသို႔ သြားေရာက္ၾကည္ရႈ႕ရာ စီမံကိန္းဥကၠ႒ ႏွင့္ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတို႔ တိုင္းေဒသႀကီးမွ ထြက္ရွိသည့္ သီးႏွံထုတ္ကုန္မ်ားမွ ကုန္ပစၥည္းမ်ားထုတ္လုပ္ ႏိုင္ေရး ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ အထည္ခ်ဳပ္လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ ထြက္ကုန္မ်ားအား ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရး အတြက္ ေဈးကြက္ ရွာေဖြ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ကုန္ထုတ္စက္႐ုံမ်ားအား ဦးစားေပးတည္ ေဆာက္၍ ကုန္ထုတ္လုပ္မႈအား Semi Product ျဖစ္ေအာင္ ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ စက္မႈဇုံ တည္ေဆာက္ေရးလုပ္ငန္းမ်ား ျပန္လည္ေဆာင္႐ြက္ႏိုင္ ေရးအတြက္ COVID-19 သတ္မွတ္စည္းကမ္းမ်ားႏွင့္အညီ ခြင့္ျပဳေပးမည္ ျဖစ္ေၾကာင္း မွာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စီမံကိန္းနယ္ေျမအတြင္း လုပ္ငန္း ေဆာင္႐ြက္ေနမႈမ်ားအား လွည့္လည္ၾကည့္ရႈခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။