ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁)အား ကြိုဆိုပင့်ဆောင်ပူဇော်ခြင်းနှင့် “မာရဝိဇယ”ဘွဲ့တော်သမုတ် ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော်သို့ ပင့်ဆောင်ခြင်းအခမ်းအနားကို ဧပြီ ၄ ရက်နေ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ကြည်ညိုခဲ့သည်။ ဆင်းတုတော် အပိုင်း(၁)သည် တန်ချိန်(၁၀၉၀)တန်ရှိပြီး ၎င်းစကျင်ကျောက်တုံးတော်ကြီးအား သယ်ပိုး ပင့်ဆောင်ထားသော သံမဏိသံငြမ်းစင်(၆၂) တန်၊ စုစုပေါင်း တန်ချိန် (၁၁၅၂)တန်ရှိ သောကြောင့် ဆီမီးခုံဆိပ်ကမ်းမှ မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း Modular Trailer များဖြင့် နေပြည်တော်သို့ ၇ ရက်ကြာခက်ခက်ခဲခဲပင့်ဆောင်ခဲ့ရပြီး ရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်မည့် မင်္ဂလာနေရာသို့ ဧပြီ ၁၀ ရက်ညပိုင်း တွင်ရောက်ရှိခဲ့သည်။

အဆိုပါ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ကြိုဆိုပင့်ဆောင်ခြင်းနှင့် ဘွဲ့တော်သမုတ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ နှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ တွဲဖက် ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့ အမှူး ပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးမောင်းဟာ၊ ဒေါ်အေးနုစိန်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နောက် အခမ်းအနားမှူးက သီတဂူဆရာတော်ကြီးနှင့် ဩဝါဒါ စရိယ ဆရာတော်ကြီး များ၏ ရွေးချယ်ညွှန်ပြ ဩဝါဒတော်များနှင့်အညီ ဘူမိဖဿမုဒြာထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” “MARAVIZARA”ဟု ဘွဲ့တော် သမုတ်ပူဇော်ပါကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားရာ ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ဘုရားဒါယကာ၊ ဒါယိကာမ များက ဝမ်းမြောက်ကြည်ညိုစွာ ဖြင့် သာဓုသုံးကြိမ်ခေါ်ဆိုတော်မူကြသည်။

ယင်းနောက် ဩဝါဒဆရာတော်ကြီးများက မေတ္တာပို့ ဂါထာတော်များကို ရွတ်ဆို ပူဇော်၍ မေတ္တာပြုတော်မူကြပြီး သီတဂူဆရာတော်ကြီးက “မာရဝိဇယ”ဘွဲ့တော်နှင့် လျော်ညီစွာ အဋ္ဌဇယ မင်္ဂလာဂါထာတော်များဖြင့် ပူဇော်သည်။

ထို့နောက် ဘုရား ဒါယကာ၊ ဒါယိကာမ များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရတနတ္တယ ပူဇာဂါထာ၊ ဘုရားဂုဏ်တော် ၉ ပါး၊ ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိိတော်နှင့် မေတ္တာပို့လင်္ကာများကို သံပြိုင်ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။

ဆက်လက်ပြီး “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁)အား ဩဝါဒဆရာတော်ကြီးများ ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဘုရား ဒါယကာများက ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁)ကို အပူဇော်ခံမည့် နေရာသို့ ဆက်လက်ပင့်ဆောင်တော်မူ ကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်း အနား ကိုရုပ်သိမ်းခဲ့ရာ ဝတ်အသင်းအဖွဲ့များက အရပ်ဆယ်မျက်နှာ မေတ္တာပို့လင်္ကာ များဖြင့် မေတ္တာဘာဝနာပွားများ ပူဇော်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ စကျင်ကျောက်တော်ကြီး ထုတ်လုပ်ရေးနှင့် သယ်ယူပင့်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက ရုပ်ပွားတော် မြတ်ကြီးတည်ထားကိုးကွယ်နိုင်ရန် ဖြစ်ပေါ်ခဲ့သည့် နောက်ခံသမိုင်းကြောင်းအကျဉ်း၊ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောက်တည်ခဲ့မှု၊ သယ်ယူပင့်ဆောင်ခဲ့မှု အခြေ အနေများ၊ တည်ဆောက်ပူဇော်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများအား Powerpoint Presentation များ၊ Video Clip များဖြင့် အကျယ် တဝင့် ရှင်းလင်းတင်ပြလျှောက်ထားသည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုး ကွယ်နိုင်ရေး လုပ်ဆောင်ခဲ့မှု အခြေအနေများအား ထပ်မံဖြည့်စွက်လျှောက်ထားတင်ပြသည်။

တင်ပြလျှောက်ထားမှုများအပေါ် ဆရာတော်ကြီးများက ဩဝါဒစကားများ အသီးသီး ပြန်လည် အကြံပြုမိန့်ကြားတော်မူကြသည်။

ထို့နောက် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး”အားတည်ထား ကိုးကွယ်မည့် ပုံစံအတိုင်းပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ်များ၊ ရုပ်ပွားတော် ကြီးပုံစံငယ်များ၊ ရောက်ရှိပြီးဖြစ်သည့် ကျောက်တော်ကြီးများ နေရာချထားမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပလ္လင်တော် အောက်ခြေပိုင်စိုက်ဖောင်ဒေးရှင်း ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ ဗုဒ္ဓ ဥယျာဉ်တော် ပရိဝုဏ်အတွင်း သာသနိကအဆောက်အဦ များဆောက်လုပ်ရန် နှင့် သာယာလှပရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြင်ဆင်ထားရှိသည့် အခြေအနေများ အား ဩဝါဒဆရာတော်ကြီးများက လိုက်လံကြည့်ရှုကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က လိုက်လံ ရှင်းလင်းပြသခဲ့သည်။

အဆိုပါ နေပြည်တော်တွင်တည်ထားကိုးကွယ်မည့် “မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး” ကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာ မှုရှိစေရန်၊ ရုပ်ပွာတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက် ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက် အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟူသည့် အမည်နာမကို သမုတ်ရာတွင် “မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ်အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော်မူသော မြတ်စွာဘုရား”ဟု အဓိပ္ပာယ် ရပါကြောင်း၊ ရုပ်ပွားတော် မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင်လည်း မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော် ညီညွတ် သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိ မည်ဖြစ်ကြောင်း၊ ပလ္လင်တော်နှင့် ဆင်းတုတော် အစိတ်အပိုင်းများကို ဆီမီးခုံဆိပ် ကမ်းမှ နေပြည်တော်သို့ ၇ ကြိမ်ခွဲ၍ ပင့်ဆောင်ရမည်ဖြစ်ပြီး ယခုအကြိမ်ရောက်ရှိခြင်းသည် ဆဋ္ဌ အကြိမ်ဖြစ်ကြောင်းနှင့် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှ ဆင်းတုတော် အပိုင်း(၁)သည် ကျောက်သား တန်ချိန် (၁၀၉၀)တန်ရှိပြီး ၎င်းစကျင်ကျောက်တုံးတော်ကြီးအား သယ်ပိုးပင့်ဆောင် ထားသော သံမဏိ သံငြမ်းစင်(၆၂) တန်၊ စုစုပေါင်း တန်ချိန် (၁၁၅၂)တန်ရှိကြောင်း၊ မှတ်တမ်းများအရ ယခုပင့်ဆောင်ခဲ့သည့် စကျင်ကျောက်တော်ကြီးသည် ကမ္ဘာပေါ်၌ မော်တော်ယာဉ်ဖြင့် ကျောက်သားများ ရွှေ့ပြောင်းရာတွင် အကြီးမားဆုံးနှင့် အလေး ချိန် (တန်ချိန်) အများဆုံး ရွှေ့ပြောင်းမှုဖြစ်ကြောင်း သိရှိရသည်။ ယခုတည်ထား ကိုးကွယ်မည့် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” အား တည်ထားကိုးကွယ်ပြီးစီး ပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည်ဖြစ်သည်။

 

(Zawgyi Version)

ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ အပိုင္း(၁)အား ႀကိဳဆိုပင့္ေဆာင္ပူေဇာ္ျခင္းႏွင့္ “မာရဝိဇယ”ဘြဲ႕ေတာ္သမုတ္ ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားက်င္းပ

ေနျပည္ေတာ္ ဧၿပီ ၁၂

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ဗုဒၶဥယ်ာဥ္ေတာ္ တြင္ တည္ထားပူေဇာ္မည့္ ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္ႀကီး၏ ဆင္းတုေတာ္အပိုင္း(၁)အား Modular Trailer မ်ားျဖင့္ ဆီမီးခုံဆိပ္ကမ္းမွ ျပည္ေထာင္စုနယ္ေျမေနျပည္ေတာ္သို႔ ပင့္ေဆာင္ျခင္းအခမ္းအနားကို ဧၿပီ ၄ ရက္ေန႔ ျပဳလုပ္ခဲ့ၿပီး ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုယ္တိုင္တက္ေရာက္ၾကည္ညိဳခဲ့သည္။ ဆင္းတုေတာ္ အပိုင္း(၁)သည္ တန္ခ်ိန္(၁၀၉၀)တန္ရွိၿပီး ၎စက်င္ေက်ာက္တုံးေတာ္ႀကီးအား သယ္ပိုး ပင့္ေဆာင္ထားေသာ သံမဏိသံျငမ္းစင္(၆၂) တန္၊ စုစုေပါင္း တန္ခ်ိန္ (၁၁၅၂)တန္ရွိ ေသာေၾကာင့္ ဆီမီးခုံဆိပ္ကမ္းမွ မႏၲေလး-ရန္ကုန္ အျမန္လမ္းအတိုင္း Modular Trailer မ်ားျဖင့္ ေနျပည္ေတာ္သို႔ ၇ ရက္ၾကာခက္ခက္ခဲခဲပင့္ေဆာင္ခဲ့ရၿပီး ႐ုပ္ပြား ေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္မည့္ မဂၤလာေနရာသို႔ ဧၿပီ ၁၀ ရက္ညပိုင္း တြင္ေရာက္ရွိခဲ့သည္။

အဆိုပါ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္အပိုင္း(၁)အား ႀကိဳဆိုပင့္ေဆာင္ျခင္းႏွင့္ ဘြဲ႕ေတာ္သမုတ္ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္က်င္းပရာ ႏိုင္ငံေတာ္ဩဝါဒါစရိယ ပ်ဥ္းမနားၿမိဳ႕၊ မဟာဝိသုတာရာမ ေဈးကုန္းေက်ာင္းတိုက္ ပဓာနနာယက ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ေဒါက္တာ ဘဒၵႏၲ ကဝိသာရႏွင့္ သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္မ်ား ႏွင့္ သီတဂူေဆး႐ုံေတာ္မ်ား၏ အဓိပတိ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢ မဟာ သဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ မဟာဓမၼကထိက ဗဟုဇနဟိတဓရ၊ တြဲဖက္ ေ႐ႊက်င္သာသနာပိုင္၊ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရတို႔ အမႉး ျပဳသည့္ ဆရာေတာ္ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဦးေမာင္းဟာ၊ ေဒၚေအးႏုစိန္၊ ေဒါက္တာ ဗညားေအာင္မိုး၊ ဦးေ႐ႊႀကိမ္း၊ ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ ေကာင္စီတြဲဖက္ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးကိုကို၊ ေဆာက္လုပ္ေရးဝန္ႀကီး႒ာန ျပည္ေထာင္စုဝန္ႀကီး ဦးေ႐ႊေလး၊ ေနျပည္ေတာ္ ေကာင္စီဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ႏိုင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကည္ညိဳၾကသည္။

ဦးစြာ အခမ္းအနားကို နေမာတႆသုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး ေနာက္ အခမ္းအနားမႉးက သီတဂူဆရာေတာ္ႀကီးႏွင့္ ဩဝါဒါ စရိယ ဆရာေတာ္ႀကီး မ်ား၏ ေ႐ြးခ်ယ္ၫႊန္ျပ ဩဝါဒေတာ္မ်ားႏွင့္အညီ ဘူမိဖႆမုျဒာထိုင္ေတာ္မူ ဗုဒၶ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား “မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး” “MARAVIZARA”ဟု ဘြဲ႕ေတာ္ သမုတ္ပူေဇာ္ပါေၾကာင္း သုံးႀကိမ္တိုင္တိုင္ ေလွ်ာက္ထားရာ ဩဝါဒစရိယ ဆရာေတာ္ႀကီးမ်ားႏွင့္ ဘုရားဒါယကာ၊ ဒါယိကာမ မ်ားက ဝမ္းေျမာက္ၾကည္ညိဳစြာ ျဖင့္ သာဓုသုံးႀကိမ္ေခၚဆိုေတာ္မူၾကသည္။

ယင္းေနာက္ ဩဝါဒဆရာေတာ္ႀကီးမ်ားက ေမတၱာပို႔ ဂါထာေတာ္မ်ားကို ႐ြတ္ဆို ပူေဇာ္၍ ေမတၱာျပဳေတာ္မူၾကၿပီး သီတဂူဆရာေတာ္ႀကီးက “မာရဝိဇယ”ဘြဲ႕ေတာ္ႏွင့္ ေလ်ာ္ညီစြာ အ႒ဇယ မဂၤလာဂါထာေတာ္မ်ားျဖင့္ ပူေဇာ္သည္။

ထို႔ေနာက္ ဘုရား ဒါယကာ၊ ဒါယိကာမ မ်ားႏွင့္ ဧည့္ပရိသတ္အေပါင္းတို႔က ရတနတၱယ ပူဇာဂါထာ၊ ဘုရားဂုဏ္ေတာ္ ၉ ပါး၊ ပ႒ာန္း ပစၥယုေဒၵသပါဠိိေတာ္ႏွင့္ ေမတၱာပို႔လကၤာမ်ားကို သံၿပိဳင္ညီညာစြာ ႐ြတ္ဆိုပူေဇာ္ၾကသည္။

ဆက္လက္ၿပီး “မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္ႀကီး၏ ဆင္းတုေတာ္အပိုင္း (၁)အား ဩဝါဒဆရာေတာ္ႀကီးမ်ား ဦးေဆာင္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဘုရား ဒါယကာမ်ားက ပရိတ္နံ႔သာရည္မ်ားျဖင့္ ပက္ဖ်န္းပူေဇာ္ၾကၿပီး ဇယမဂၤလာ ေအာင္ဂါထာေတာ္မ်ားကို ႐ြတ္ဆိုပူေဇာ္ၾကသည္။ ထို႔ေနာက္ မဂၤလာအခ်ိန္တြင္ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ အပိုင္း(၁)ကို အပူေဇာ္ခံမည့္ ေနရာသို႔ ဆက္လက္ပင့္ေဆာင္ေတာ္မူ ၾကသည္။ 

ယင္းေနာက္ ဗုဒၶသာသနံစိရံတိ႒တု သုံးႀကိမ္႐ြတ္ဆိုဆုေတာင္း၍ အခမ္း အနား ကို႐ုပ္သိမ္းခဲ့ရာ ဝတ္အသင္းအဖြဲ႕မ်ားက အရပ္ဆယ္မ်က္ႏွာ ေမတၱာပို႔လကၤာ မ်ားျဖင့္ ေမတၱာဘာဝနာပြားမ်ား ပူေဇာ္ခဲ့ၾကသည္။

အခမ္းအနားအၿပီးတြင္ ဗုဒၶဥယ်ာဥ္ေတာ္အတြင္းရွိ ယာယီရွင္းလင္းေဆာင္၌ စက်င္ေက်ာက္ေတာ္ႀကီး ထုတ္လုပ္ေရးႏွင့္ သယ္ယူပင့္ေဆာင္ေရးလုပ္ငန္း ေကာ္မတီ ဥကၠ႒ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကံျမင့္သန္းက ႐ုပ္ပြားေတာ္ ျမတ္ႀကီးတည္ထားကိုးကြယ္ႏိုင္ရန္ ျဖစ္ေပၚခဲ့သည့္ ေနာက္ခံသမိုင္းေၾကာင္းအက်ဥ္း၊ ဆရာေတာ္ႀကီးမ်ားထံမွ ဩဝါဒခံယူေဆာက္တည္ခဲ့မႈ၊ သယ္ယူပင့္ေဆာင္ခဲ့မႈ အေျခ အေနမ်ား၊ တည္ေဆာက္ပူေဇာ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည့္ အေျခအေနမ်ားအား Powerpoint Presentation မ်ား၊ Video Clip မ်ားျဖင့္ အက်ယ္ တဝင့္ ရွင္းလင္းတင္ျပေလွ်ာက္ထားသည္။ ထို႔ျပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုး ကြယ္ႏိုင္ေရး လုပ္ေဆာင္ခဲ့မႈ အေျခအေနမ်ားအား ထပ္မံျဖည့္စြက္ေလွ်ာက္ထားတင္ျပသည္။

တင္ျပေလွ်ာက္ထားမႈမ်ားအေပၚ ဆရာေတာ္ႀကီးမ်ားက ဩဝါဒစကားမ်ား အသီးသီး ျပန္လည္ အႀကံျပဳမိန႔္ၾကားေတာ္မူၾကသည္။
ထို႔ေနာက္ “မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး”အားတည္ထား ကိုးကြယ္မည့္ ပုံစံအတိုင္းျပဳလုပ္ပုံေဖာ္ထားသည့္ ဥယ်ာဥ္ေတာ္အကြက္ခ်ပုံစံငယ္မ်ား၊ ႐ုပ္ပြားေတာ္ ႀကီးပုံစံငယ္မ်ား၊ ေရာက္ရွိၿပီးျဖစ္သည့္ ေက်ာက္ေတာ္ႀကီးမ်ား ေနရာခ်ထားမႈႏွင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ား၊ ပလႅင္ေတာ္ ေအာက္ေျခပိုင္စိုက္ေဖာင္ေဒးရွင္း ေဆာင္႐ြက္ထားရွိသည့္ အေျခအေနမ်ား၊ ဗုဒၶ ဥယ်ာဥ္ေတာ္ ပရိဝုဏ္အတြင္း သာသနိကအေဆာက္အဦ မ်ားေဆာက္လုပ္ရန္ ႏွင့္ သာယာလွပေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ ျပင္ဆင္ထားရွိသည့္ အေျခအေနမ်ား အား ဩဝါဒဆရာေတာ္ႀကီးမ်ားက လိုက္လံၾကည့္ရႈၾကရာ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က လိုက္လံ ရွင္းလင္းျပသခဲ့သည္။

အဆိုပါ ေနျပည္ေတာ္တြင္တည္ထားကိုးကြယ္မည့္ “မာရဝိဇယ ဗုဒၶ႐ုပ္ပြား ေတာ္ျမတ္ႀကီး” ကို ျမန္မာႏိုင္ငံတြင္ ေထရဝါဒဗုဒၶသာသနာေတာ္ႀကီး ခိုင္မာစြာ ထြန္းလင္းေတာက္ပလ်က္ရွိသည္ကို ကမာၻကိုျပသရန္၊ တိုင္းျပည္ေအးခ်မ္း သာယာ မႈရွိေစရန္၊ ႐ုပ္ပြာေတာ္ျမတ္ႀကီးအား ျပည္တြင္းျပည္ပ ဘုရားဖူးမ်ား လာေရာက္ ျခင္းျဖင့္ ေဒသတိုးတက္စည္ကားမႈျဖစ္ေစရန္၊ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈ အေထာက္ အကူျဖစ္ေစရန္ စသည့္ ရည္႐ြယ္ခ်က္ ၄ ရပ္ျဖင့္ တည္ထားကိုးကြယ္ရန္ လုပ္ေဆာင္ ခဲ့ျခင္းျဖစ္ေၾကာင္း၊ “မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး” ဟူသည့္ အမည္နာမကို သမုတ္ရာတြင္ “မာရ္နတ္မင္း၏ အေႏွာင့္အယွက္ရန္စြယ္အႏၲရာယ္အေပါင္းကို အထူးေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား”ဟု အဓိပၸာယ္ ရပါေၾကာင္း၊ ႐ုပ္ပြားေတာ္ ျမတ္ႀကီးကို ထုဆစ္ပူေဇာ္ရာတြင္လည္း ျမတ္စြာဘုရားရွင္၏ သုံးဆယ့္ႏွစ္ပါးေသာ လကၡဏာေတာ္ႀကီး၊ ရွစ္ဆယ္ေသာ လကၡဏာေတာ္ငယ္တို႔ႏွင့္ သင့္ေလ်ာ္ ညီၫြတ္ ေသာ ဘူမိဖႆမုျဒာဟန္ျဖင့္ ထုဆစ္ပူေဇာ္သြားမည္ျဖစ္ၿပီး ပလႅင္ေတာ္အျမင့္ ၁၈ ေပ၊ ဉာဏ္ေတာ္အျမင့္ ၆၃ ေပ၊ စုစုေပါင္း ၈၁ ေပအျမင့္ရွိ မည္ျဖစ္ေၾကာင္း၊ ပလႅင္ေတာ္ႏွင့္ ဆင္းတုေတာ္ အစိတ္အပိုင္းမ်ားကို ဆီမီးခုံဆိပ္ ကမ္းမွ ေနျပည္ေတာ္သို႔ ၇ ႀကိမ္ခြဲ၍ ပင့္ေဆာင္ရမည္ျဖစ္ၿပီး ယခုအႀကိမ္ေရာက္ရွိျခင္းသည္ ဆ႒ အႀကိမ္ျဖစ္ေၾကာင္းႏွင့္ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးမွ ဆင္းတုေတာ္ အပိုင္း(၁)သည္ ေက်ာက္သား တန္ခ်ိန္ (၁၀၉၀)တန္ရွိၿပီး ၎စက်င္ေက်ာက္တုံးေတာ္ႀကီးအား သယ္ပိုးပင့္ေဆာင္ ထားေသာ သံမဏိ သံျငမ္းစင္(၆၂) တန္၊ စုစုေပါင္း တန္ခ်ိန္ (၁၁၅၂)တန္ရွိေၾကာင္း၊ မွတ္တမ္းမ်ားအရ ယခုပင့္ေဆာင္ခဲ့သည့္ စက်င္ေက်ာက္ေတာ္ႀကီးသည္ ကမာၻေပၚ၌ ေမာ္ေတာ္ယာဥ္ျဖင့္ ေက်ာက္သားမ်ား ေ႐ႊ႕ေျပာင္းရာတြင္ အႀကီးမားဆုံးႏွင့္ အေလး ခ်ိန္ (တန္ခ်ိန္) အမ်ားဆုံး ေ႐ႊ႕ေျပာင္းမႈျဖစ္ေၾကာင္း သိရွိရသည္။ ယခုတည္ထား ကိုးကြယ္မည့္ “မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး” အား တည္ထားကိုးကြယ္ၿပီးစီး ပါက ျမန္မာတြင္သာမက ကမာၻ႔ႏိုင္ငံမ်ားတြင္ပါ စက်င္ေက်ာက္ေတာ္ႀကီးျဖင့္ ထုဆစ္သည့္ ဆင္းတုေတာ္ႀကီးမ်ားအနက္ အႀကီးဆုံးႏွင့္ ဉာဏ္ေတာ္အျမင့္မားဆုံး ဆင္းတုေတာ္ႀကီးျဖစ္လာမည္ျဖစ္သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။