နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆူပူအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် တို့ရှိ စက်မှုဇုန်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ဒေသခံ ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော် ဧပြီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေပြည်သာ စက်မှုဇုန်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေလင်ပန်းစက်မှု မြို့စီမံခန့်ခွဲရေးရုံးသို့ ရောက်ရှိ ကြရာ ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရွှေလင်ပန်း စက်မှုမြို့အတွင်း စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများ ဆောင်ရွက်နေမ ှုအခြေအနေများ၊ မြို့နယ်အတွင်း ပြည်သူများ နေထိုင်နေမှု အခြေအနေနှင့် ရွှေ့ပြောင်း လုပ်သားများ၏ နေထိုင်မှု အခြေအနေများ၊ စက်ရုံအလုပ်ရုံများအား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့မှု အခြေအနေများ၊ ရွှေ့ပြောင်း အလုပ်သမား များအတွက် နေအိမ်အဆောက်အဦ စီစဉ်ဆောင်ရွက်ပေးနိုင်မည့် လျာထား အခြေအနေများ၊ စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက် များအား ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်သူများ အလုပ်အကိုင် ပြန်လည်ရရှိရေးအတွက် စက်ရုံအလုပ်ရုံများ ပုံမှန်အတိုင်းပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ ဆူပူအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် စက်ရုံအလုပ်ရုံများ၏ အာမခံငွေကြေးများ ထုတ်ယူနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုကြောင်း၊ အချို့စက်ရုံ အလုပ်ရုံများရှိ အလုပ်သမားများ လစာများ ထုတ်ယူရရှိရန် ခက်ခဲလျက်ရှိကြောင်း တင်ပြချက်အပေါ် အမြန်ဆုံးထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည့် ငွေကြေးထုတ်ယူ သုံးစွဲမှုများကိုလည်း စည်းကမ်းချက်များနှင့်အညီ အဆင်ပြေစွာ ထုတ်ယူနိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ လုံခြုံမှုရှိစေရေး အတွက် လုံခြုံရေးဝန်ထမ်းများ ခန့်အပ်တာဝန်ပေးရန် လိုအပ်ကြောင်း၊ နယ်မြေခံပြည်သူလူထုကလည်း မိမိရပ်ရွာ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကလည်း နယ်မြေလုံခြုံရေး ပူးပေါင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်မှုဇုန်အတွင်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် စက်ရုံအလုပ်ရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်ငန်းရှင်များ၏ ဖြစ်စဉ်အကြောင်းအရာ အပေါ်တင်ပြချက်၊ လုပ်ငန်းဆိုင်ရာအပေါ် တင်ပြချက်များအား အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် မြို့နယ်ခန်းမများသို့ ရောက်ရှိပြီး လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ အတွင်းရှိ ဒေသခံ ပြည်သူများအား တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဆန်၊ ဆီ၊ ပဲများ ပေးအပ် လှူဒါန်းပွဲများသို့ သီးခြားစီ တက်ရောက်သည်။

အခမ်းအနားများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီးနောက်ပိုင်း ရန်ကုန်မြို့အတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံများ မီးလောင် ပျက်စီးခဲ့ရသည့် အခြေအနေများကို သိရှိနိုင်ရန်နှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် လာရောက်ကြည့်ရှုခြင်းပင် ဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ရသည့် နောက်ခံကြောင်းအရင်းမှာ လူအများ၏ စားဝတ်နေရေး အခက်အခဲများနှင့် နိုင်ငံရေး မကျေနပ်မှုများကြောင့် ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်အရ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို လက်ခံသော်လည်း အကြမ်းဖက် ဖျက်ဆီးမှုများကို လက်ခံ၍ မရကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများရှိသကဲ့သို့ စားဝတ်နေရေးအခက်အခဲများကြောင့် သွေးထိုးလှုံ့ဆော်လိုသူများထံမှ ငွေကြေးများ ရယူ၍ ဆူပူအကြမ်းဖက်မှု၊ မီးရှို့မှုများအထိ ကျူးလွန်ခဲ့သူများလည်း ရှိကြောင်း၊ COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း စက်ရုံအလုပ်ရုံများ ပိတ်သိမ်းထားမှုကြောင့် ပြည်သူလူထုအနေဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ချိန်ကလည်း တပ်မတော်မှ လှိုင်သာယာမြို့နယ် အတွင်း ဆန်၊ ဆီနှင့် ပဲများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း။

ယခုကာလတွင်လည်း လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် အတွင်းရှိ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်အိတ် ၃၃၃၃၃ အိတ်၊ ဆီ ပိဿာ ၁ သိန်းနှင့် ပဲပိဿာချိန် ၁ သိန်းတို့အား ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း၊ မိမိတို့လှူဒါန်းသည့် ဆန်၊ ဆီနှင့် ပဲများကိုလည်း အမှန်တစ်ကယ် လိုအပ်နေသည့် ရသင့်ရထိုက်သည့် ဒေသခံပြည်သူများ လက်ဝယ်သို့ရောက်ရှိရေး တာဝန်ရှိသူများကစနစ်တကျ ခွဲဝေပေးအပ်ကြစေလိုကြောင်း၊ အခါအခွင့်သင့်ချိန် များတွင်လည်း ဆက်လက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ‘စုပေါင်းညီညာ အောင်ကြောင်းဖြာ’ဆိုသည့် အတိုင်း ပြည်သူအားလုံး စုပေါင်းအားဖြင့် ဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်ကြရန် လိုကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်း မဟုတ်ဘဲ ဒီမိုကရေစီ စနစ်ပိုမိုခိုင်မာစေရန် အတွက် ထိန်းသိမ်း ဆောင်ရွက်နေခြင်းသာ ဖြစ်သဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး လုပ်ငန်းများကို ဒီမိုကရေစီစနစ်၊ စည်းကမ်း၊ ကျင့်စဉ်များအတိုင်းသာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ယိုယွင်းနေမှုများကို အမြန်ဆုံးပြန်လည်တည့်မတ်အောင် ကြိုးပမ်းလုပ်ဆောင် ပေးရမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုမှ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ပါက လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးအပ်လှူဒါန်းသည့် ဆန်၊ ဆီနှင့် ပဲများအားပေးအပ် လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဆန်၊ ဆီနှင့် ပဲများ လှူဒါန်းခဲ့မှုအပေါ် မြို့နယ်အလိုက် တာဝန်ရှိသူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်လာရောက်၍ ပေးအပ်လှူဒါန်းသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့မြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုနှင့် ရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိသည့် မြို့နယ်ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်တွင် ၂၃-၂-၂ဝ၂၁ ရက်နေ့ နောက်ပိုင်းတွင် ဆူပူဆန္ဒပြမှုများမှတစ်ဆင့် အများပြည်သူသွားလာလျက်ရှိသည့် လမ်းမကြီးများကို ပိတ်ဆို့ခြင်း၊ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် လုပ်သားများ မှီခိုလုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံကြီးများအား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် အခြေခံ လုပ်သားများအနေဖြင့် အလုပ်အကိုင် ခဏတာ ဆုံးရှုံးနေစဉ် ယခုကဲ့သို့ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ ၁၄ ရက်တွင် အကြမ်းဖက် ရမ်းကားသည့် လူအုပ်စုများက တာမွေ၊ အင်းစိန်၊ ရွှေပြည်သာ၊ သာကေတ မြို့မရဲစခန်းများကို လူအုပ်စုဖြင့် လာရောက်၍ မီးရှို့ပြီး ဝင်ရောက်တိုက်ခိုက် စီးနင်းရန်ကြိုးစားခဲ့ကြောင်း၊ ၎င်းအပြင် လှိုင်သာယာ မြို့နယ်ရှိ လုံခြုံရေးရဲကင်း နေရာအား ဝင်ရောက်စီးနင်းပြီး အဆောက်အအုံနှင့်မော်တော်ယာဉ်များအား အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့သည့်အပြင် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာပမြို့နယ် စက်မှုဇုန်တို့ရှိ စက်ရုံများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့် လုပ်ရပ်များ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေးတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အား မတ်လ ၁၄ ရက်တွင် တွင်လည်းကောင်း၊ မတ်လ ၁၅ ရက်တွင် ဒဂုံမြို့သစ်မြို့နယ် (တောင်ပိုင်း)နှင့်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာပနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး (Martial Law) အား ထုတ်ပြန်ခဲ့ရသည်။

ယခုအခါ အဆိုပါနယ်မြေအတွင်း ပြန်လည်တည် ငြိမ်လျက်ရှိကြောင်းနှင့် စက်ရုံအလုပ်ရုံများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လျက် ရှိသည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဆူပူအၾကမ္းဖက္သူမ်ား၏ မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ ပ်က္စီးခဲ့သည့္ လႈိင္သာယာၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္ တို႔ရွိ စက္မႈဇုန္မ်ားသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး၊ ေဒသခံ ျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္လႉဒါန္း

ေနျပည္ေတာ္ ဧၿပီ ၁၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ရန္ကုန္တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးလွစိုး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ၫြန႔္ဝင္းေဆြႏွင့္တာဝန္ရွိသူမ်ား လိုက္ပါ၍ ယေန႔နံနက္ပိုင္းတြင္ လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊလင္ပန္းစက္မႈဇုန္ႏွင့္ ေ႐ႊျပည္သာ စက္မႈဇုန္မ်ားသို႔ သြားေရာက္ၾကည့္ရႈ စစ္ေဆးသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေ႐ႊလင္ပန္းစက္မႈ ၿမိဳ႕စီမံခန႔္ခြဲေရး႐ုံးသို႔ ေရာက္ရွိ ၾကရာ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ားက ေ႐ႊလင္ပန္း စက္မႈၿမိဳ႕အတြင္း စက္႐ုံ၊ အလုပ္႐ုံ လုပ္ငန္းမ်ား ေဆာင္႐ြက္ေနမ ႈအေျခအေနမ်ား၊ ၿမိဳ႕နယ္အတြင္း ျပည္သူမ်ား ေနထိုင္ေနမႈ အေျခအေနႏွင့္ ေ႐ႊ႕ေျပာင္း လုပ္သားမ်ား၏ ေနထိုင္မႈ အေျခအေနမ်ား၊ စက္႐ုံအလုပ္႐ုံမ်ားအား ဆူပူအၾကမ္းဖက္သူမ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့မႈ အေျခအေနမ်ား၊ ေ႐ႊ႕ေျပာင္း အလုပ္သမား မ်ားအတြက္ ေနအိမ္အေဆာက္အဦ စီစဥ္ေဆာင္႐ြက္ေပးႏိုင္မည့္ လ်ာထား အေျခအေနမ်ား၊ စက္႐ုံအလုပ္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ရန္ ေဆာင္႐ြက္ေနမႈႏွင့္ လုပ္ငန္းလိုအပ္ခ်က္ မ်ားအား ရွင္းလင္း တင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္သူမ်ား အလုပ္အကိုင္ ျပန္လည္ရရွိေရးအတြက္ စက္႐ုံအလုပ္႐ုံမ်ား ပုံမွန္အတိုင္းျပန္လည္ လည္ပတ္ႏိုင္ေရး ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ ဆူပူအၾကမ္းဖက္သူမ်ား၏ မီးရႈိ႕ဖ်က္ဆီးခဲ့မႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့သည့္ စက္႐ုံအလုပ္႐ုံမ်ား၏ အာမခံေငြေၾကးမ်ား ထုတ္ယူႏိုင္ေရးအတြက္ တာဝန္ရွိသူမ်ားက အျမန္ဆုံး ေဆာင္႐ြက္ေပးရန္ လိုေၾကာင္း၊ အခ်ိဳ႕စက္႐ုံ အလုပ္႐ုံမ်ားရွိ အလုပ္သမားမ်ား လစာမ်ား ထုတ္ယူရရွိရန္ ခက္ခဲလ်က္ရွိေၾကာင္း တင္ျပခ်က္အေပၚ အျမန္ဆုံးထုတ္ေပးႏိုင္ေရး ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း၊ စက္႐ုံအလုပ္႐ုံမ်ား ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ လိုအပ္သည့္ ေငြေၾကးထုတ္ယူ သုံးစြဲမႈမ်ားကိုလည္း စည္းကမ္းခ်က္မ်ားႏွင့္အညီ အဆင္ေျပစြာ ထုတ္ယူႏိုင္ေရး ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း၊ စက္႐ုံအလုပ္႐ုံမ်ား လုံၿခဳံမႈရွိေစေရး အတြက္ လုံၿခဳံေရးဝန္ထမ္းမ်ား ခန႔္အပ္တာဝန္ေပးရန္ လိုအပ္ေၾကာင္း၊ နယ္ေျမခံျပည္သူလူထုကလည္း မိမိရပ္႐ြာ လုံၿခဳံေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားကလည္း နယ္ေျမလုံၿခဳံေရး ပူးေပါင္း ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ စက္မႈဇုန္အတြင္း မီးေလာင္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈျဖစ္ေပၚခဲ့သည့္ စက္႐ုံအလုပ္႐ုံမ်ားအတြင္း လွည့္လည္ၾကည့္ရႈ၍ လုပ္ငန္းရွင္မ်ား၏ ျဖစ္စဥ္အေၾကာင္းအရာ အေပၚတင္ျပခ်က္၊ လုပ္ငန္းဆိုင္ရာအေပၚ တင္ျပခ်က္မ်ားအား အဖြဲ႕ဝင္မ်ားအျဖစ္ လိုက္ပါလာသည့္ ျပည္ေထာင္စု ဝန္ႀကီးမ်ားႏွင့္အတူ လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ လႈိင္သာယာၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္ ၿမိဳ႕နယ္ခန္းမမ်ားသို႔ ေရာက္ရွိၿပီး လႈိင္သာယာၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔ အတြင္းရွိ ေဒသခံ ျပည္သူမ်ားအား တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက ဆန္၊ ဆီ၊ ပဲမ်ား ေပးအပ္ လႉဒါန္းပြဲမ်ားသို႔ သီးျခားစီ တက္ေရာက္သည္။

အခမ္းအနားမ်ားတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ၂ဝ၂ဝ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ားေၾကာင့္ ႏိုင္ငံေတာ္ကို အေရးေပၚ အေျခအေန ေၾကညာၿပီးေနာက္ပိုင္း ရန္ကုန္ၿမိဳ႕အတြင္း ဆူပူအၾကမ္းဖက္မႈမ်ား ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ား မီးေလာင္ ပ်က္စီးခဲ့ရသည့္ အေျခအေနမ်ားကို သိရွိႏိုင္ရန္ႏွင့္ လိုအပ္သည္မ်ားကို ေဆာင္႐ြက္ေပးႏိုင္ရန္ လာေရာက္ၾကည့္ရႈျခင္းပင္ ျဖစ္ေၾကာင္း၊ ဆူပူအၾကမ္းဖက္မႈမ်ား ျဖစ္ေပၚရသည့္ ေနာက္ခံေၾကာင္းအရင္းမွာ လူအမ်ား၏ စားဝတ္ေနေရး အခက္အခဲမ်ားႏွင့္ ႏိုင္ငံေရး မေက်နပ္မႈမ်ားေၾကာင့္ ျဖစ္ေၾကာင္း၊ ဒီမိုကေရစီ စနစ္အရ ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈမ်ားကို လက္ခံေသာ္လည္း အၾကမ္းဖက္ ဖ်က္ဆီးမႈမ်ားကို လက္ခံ၍ မရေၾကာင္း၊ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူမ်ားရွိသကဲ့သို႔ စားဝတ္ေနေရးအခက္အခဲမ်ားေၾကာင့္ ေသြးထိုးလႈံ႕ေဆာ္လိုသူမ်ားထံမွ ေငြေၾကးမ်ား ရယူ၍ ဆူပူအၾကမ္းဖက္မႈ၊ မီးရႈိ႕မႈမ်ားအထိ က်ဴးလြန္ခဲ့သူမ်ားလည္း ရွိေၾကာင္း၊ COVID-19 ေရာဂါျဖစ္ပြားသည့္ ကာလအတြင္း စက္႐ုံအလုပ္႐ုံမ်ား ပိတ္သိမ္းထားမႈေၾကာင့္ ျပည္သူလူထုအေနျဖင့္ စားဝတ္ေနေရးအတြက္ အခက္အခဲမ်ား ျဖစ္ေပၚခဲ့ခ်ိန္ကလည္း တပ္မေတာ္မွ လႈိင္သာယာၿမိဳ႕နယ္ အတြင္း ဆန္၊ ဆီႏွင့္ ပဲမ်ားကို ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း။

ယခုကာလတြင္လည္း လႈိင္သာယာၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္ အတြင္းရွိ ျပည္သူမ်ား စားေသာက္ေရး အဆင္ေျပေစရန္အတြက္ ဆန္အိတ္ ၃၃၃၃၃ အိတ္၊ ဆီ ပိႆာ ၁ သိန္းႏွင့္ ပဲပိႆာခ်ိန္ ၁ သိန္းတို႔အား ေပးအပ္လႉဒါန္းျခင္း ျဖစ္ေၾကာင္း၊ မိမိတို႔လႉဒါန္းသည့္ ဆန္၊ ဆီႏွင့္ ပဲမ်ားကိုလည္း အမွန္တစ္ကယ္ လိုအပ္ေနသည့္ ရသင့္ရထိုက္သည့္ ေဒသခံျပည္သူမ်ား လက္ဝယ္သို႔ေရာက္ရွိေရး တာဝန္ရွိသူမ်ားကစနစ္တက် ခြဲေဝေပးအပ္ၾကေစလိုေၾကာင္း၊ အခါအခြင့္သင့္ခ်ိန္ မ်ားတြင္လည္း ဆက္လက္ လႉဒါန္းေပးသြားမည္ျဖစ္ေၾကာင္း၊ တာဝန္ရွိသူမ်ား အေနျဖင့္ မိမိတို႔ေနထိုင္ရာ ပတ္ဝန္းက်င္ သန႔္ရွင္းသာယာ လွပေရးအတြက္ ‘စုေပါင္းညီညာ ေအာင္ေၾကာင္းျဖာ’ဆိုသည့္ အတိုင္း ျပည္သူအားလုံး စုေပါင္းအားျဖင့္ ေဆာင္႐ြက္ႏိုင္ေရး စည္း႐ုံးေဆာင္႐ြက္ၾကရန္ လိုေၾကာင္း။

တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏ အာဏာကို သိမ္းယူျခင္း မဟုတ္ဘဲ ဒီမိုကေရစီ စနစ္ပိုမိုခိုင္မာေစရန္ အတြက္ ထိန္းသိမ္း ေဆာင္႐ြက္ေနျခင္းသာ ျဖစ္သျဖင့္ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရး လုပ္ငန္းမ်ားကို ဒီမိုကေရစီစနစ္၊ စည္းကမ္း၊ က်င့္စဥ္မ်ားအတိုင္းသာဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္၏ ယိုယြင္းေနမႈမ်ားကို အျမန္ဆုံးျပန္လည္တည့္မတ္ေအာင္ ႀကိဳးပမ္းလုပ္ေဆာင္ ေပးရမည္ျဖစ္ေၾကာင္းႏွင့္ ျပည္သူလူထုမွ စည္းစည္းလုံးလုံးျဖင့္ ေဆာင္႐ြက္ပါက လုပ္ငန္းမ်ား ပိုမိုေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္မည္ ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က လႈိင္သာယာၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္ အတြင္းရွိ ေဒသခံျပည္သူမ်ားအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ေပးအပ္လႉဒါန္းသည့္ ဆန္၊ ဆီႏွင့္ ပဲမ်ားအားေပးအပ္ လႉဒါန္းရာ တာဝန္ရွိသူတစ္ဦးက လက္ခံရယူသည္။

ထို႔ေနာက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက ဆန္၊ ဆီႏွင့္ ပဲမ်ား လႉဒါန္းခဲ့မႈအေပၚ ၿမိဳ႕နယ္အလိုက္ တာဝန္ရွိသူမ်ားက ေက်းဇူးတင္စကားမ်ား ျပန္လည္ေျပာၾကားရာတြင္ ယခုကဲ့သို႔ ႏိုင္ငံေတာ္အႀကီးအကဲ ကိုယ္တိုင္လာေရာက္၍ ေပးအပ္လႉဒါန္းသည့္အတြက္ ဝမ္းေျမာက္ဂုဏ္ယူပါေၾကာင္း၊ မိမိတို႔ၿမိဳ႕နယ္သည္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္မ်ား အမ်ားဆုံးရွိသည့္ ၿမိဳ႕နယ္ျဖစ္ၿပီး ႏိုင္ငံေတာ္၏ ကုန္ထုတ္လုပ္မႈႏွင့္ ေ႐ႊ႕ေျပာင္းအလုပ္သမား အမ်ားဆုံးရွိသည့္ ၿမိဳ႕နယ္ျဖစ္ပါေၾကာင္း၊ မိမိတို႔ၿမိဳ႕နယ္တြင္ ၂၃-၂-၂ဝ၂၁ ရက္ေန႔ ေနာက္ပိုင္းတြင္ ဆူပူဆႏၵျပမႈမ်ားမွတစ္ဆင့္ အမ်ားျပည္သူသြားလာလ်က္ရွိသည့္ လမ္းမႀကီးမ်ားကို ပိတ္ဆို႔ျခင္း၊ ၁၄ ရက္ႏွင့္ ၁၅ ရက္ေန႔မ်ား

တြင္ လုပ္သားမ်ား မွီခိုလုပ္ကိုင္ေနသည့္ အထည္ခ်ဳပ္စက္႐ုံႀကီးမ်ားအား ဆူပူအၾကမ္းဖက္သူမ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့သျဖင့္ အေျခခံ လုပ္သားမ်ားအေနျဖင့္ အလုပ္အကိုင္ ခဏတာ ဆုံးရႈံးေနစဥ္ ယခုကဲ့သို႔ စားေသာက္ဖြယ္ရာမ်ား ေထာက္ပံ့ေပးျခင္းအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားအား အထူးပင္ ေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း မတ္လ ၁၄ ရက္တြင္ အၾကမ္းဖက္ ရမ္းကားသည့္ လူအုပ္စုမ်ားက တာေမြ၊ အင္းစိန္၊ ေ႐ႊျပည္သာ၊ သာေကတ ၿမိဳ႕မရဲစခန္းမ်ားကို လူအုပ္စုျဖင့္ လာေရာက္၍ မီးရႈိ႕ၿပီး ဝင္ေရာက္တိုက္ခိုက္ စီးနင္းရန္ႀကိဳးစားခဲ့ေၾကာင္း၊ ၎အျပင္ လႈိင္သာယာ ၿမိဳ႕နယ္ရွိ လုံၿခဳံေရးရဲကင္း ေနရာအား ဝင္ေရာက္စီးနင္းၿပီး အေဆာက္အအုံႏွင့္ေမာ္ေတာ္ယာဥ္မ်ားအား အေၾကာင္းမဲ့မီးရႈိ႕ ဖ်က္ဆီးခဲ့သည့္အျပင္ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ အင္းစိန္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ စက္မႈဇုန္တို႔ရွိ စက္႐ုံမ်ားကိုလည္း မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ လုပ္ရပ္မ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီသည္ လုံၿခဳံေရး၊ တရားဥပေဒ စိုးမိုးေရး၊ နယ္ေျမ ေအးခ်မ္းသာယာေရးတို႔ကို ပိုမိုထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္ အတြက္ ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔အား မတ္လ ၁၄ ရက္တြင္ တြင္လည္းေကာင္း၊ မတ္လ ၁၅ ရက္တြင္ ဒဂုံၿမိဳ႕သစ္ၿမိဳ႕နယ္ (ေတာင္ပိုင္း)ႏွင့္(ေျမာက္ပိုင္း)၊ ေျမာက္ဥကၠလာပႏွင့္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း) ၿမိဳ႕နယ္တို႔တြင္ စစ္အုပ္ခ်ဳပ္ေရး (Martial Law) အား ထုတ္ျပန္ခဲ့ရသည္။

ယခုအခါ အဆိုပါနယ္ေျမအတြင္း ျပန္လည္တည္ ၿငိမ္လ်က္ရွိေၾကာင္းႏွင့္ စက္႐ုံအလုပ္႐ုံမ်ား ပုံမွန္အတိုင္း ျပန္လည္လည္ပတ္လ်က္ ရွိသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။