နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိအနေဖြင့် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့၌ ယခုလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးသို့တက်ရောက်၍ အာဆီယံအဖွဲ့ကဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုအခြေအနေများကို တက်ရောက်ဆွေးနွေးခဲ့ကြောင်း။

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့် နှစ်အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ဖေဖေါ်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲပြောင်းထမ်းဆောင်ခဲ့မှုအခြေအနေများ၊ ဆန္ဒပြမှုများအဆင့်ဆင့်ဖြစ်ပွား လာမှုအခြေအနေ များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုနှင့် ရှေ့လုပ်ငန်းစဉ် များ၊ ရည်မှန်းချက်တာဝန်များ၊ တပ်မတော်ကပေးထားသည့် ကတိကဝတ်များအတိုင်း ဒီမိုကရေစီကျင့်စဉ်နှင့် အညီဆောင်ရွက်ခဲ့မှုများ၊ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် တပ်မတော် ကဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ဆောင်ရွက်ပေးခဲ့မှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို အာဏာရပါတီက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှု၊ မဲစာရင်းစစ်ဆေးတွေ့ရှိချက်များတွင် မဖြစ်နိုင်သည့် မဲစာရင်းများပါဝင်နေမှု၊ မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေရာတွင် ဥပဒေလုပ်ထုံးလုပ်နည်း များကို ကျော်လွန် ဆောင်ရွက်ထားရှိမှု၊ မှတ်ပုံတင်မရှိဘဲဆန္ဒမဲပေးခဲ့မှုများ၊ လတ်တလော ဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက် ကျဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ၊ ပြည်သူများထိခိုက် သေဆုံးမှုများအား ဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက် လျက်ရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း။

နိုင်ငံရေးတွင် ခေါင်းဆောင်မှု၊ ဦးဆောင်မှုပြုသူသည်အရေးကြီးကြောင်း၊ သို့သော် နည်းလမ်းဥပဒေနှင့်အညီသာ ခေါင်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီ သည့် ခေါင်းဆောင်မှုများဖြင့် ဒီမိုကရေစီကို လက်ခံ၍မရကြောင်း၊ ရွေးကောက်ပွဲတရား မျှတမှု မရှိခြင်းနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးစားမှုအပေါ်သမ္မတ၊ အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော်တို့ကဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ငြင်းပယ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့် အညီသာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲပြန်လည် ကျင်းပမည့်အခြေအနေများ၊ ဆူပူအကြမ်းဖက်သူများအသုံးပြုသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှု အခြေအနေများ၊ မြို့နယ်အချို့တွင် စစ်အုပ်ချုပ် ရေးအမိန့် (Martial Law) ထုတ်ပြန်ခဲ့မှုအခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများ CDM ပြုလုပ်မှုကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိခိုက်နစ်နာခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း။

အလားတူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နေမှု အခြေအနေများ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တွင် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သဖြင့် ငြိမ်းချမ်းရေး ရရှိရေး မဖြစ်မနေဆောင်ရွက်သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် အတွက် မှတ်ပုံတင်မရှိသေးသူ ၄ ဒသမ ၆ သန်းကျော်အား မှတ်ပုံတင် ရရှိအောင်ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအား သတ်မှတ်ထားသည့်စည်းကမ်းနှင့်အညီသာ လက်ခံဆောင်ရွက် သွားမည့်အခြေအနေများကို လည်းရှင်းလင်းပြောကြားခဲ့ကြောင်း။

မြန်မာ့နိုင်ငံရေးစပ်လျဉ်း၍ အာဆီယံနိုင်ငံခေါင်းဆောင်အသီးသီး၏ အကြံပြုချက် ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးရာတွင် မိမိတို့နိုင်ငံအပေါ် ပေးအပ် ခဲ့သည့် အကြံပြုချက်များတွင် အပြုသဘောဆန်ပြီး ကောင်းမွန်သည့်အချက်များပါရှိသော ကြောင့် ယင်းအချက်များကို ပြည်တွင်း၌ လတ်တလောဖြစ်ပျက်နေသည့် အခြေအနေများ နှင့်ဆက်စပ်၍ အလေးပေးထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိရေးကို ဦးစားပေး ဆောင်ရွက်နေသောကြောင့် ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးမှသာ အာဆီယံမှအဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ခရီးစဉ်များကိုစဉ်းစားသွားမည်ဖြစ်ကြောင်း၊ မိမိတို့ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည် ဖော်ရာတွင် အာဆီယံမှ အပြုသဘောပါဝင်ကူညီ ပံ့ပိုး ပေးလိုမှုများနှင့် စပ်လျဉ်း၍လည်း “ASEAN Charter” “ASEAN Way” “ASEAN Sprit” များအပေါ် အခြေခံမည်ဆိုပါက နိုင်ငံကောင်းကျိုးအတွက် စဉ်းစားပေးမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ တက္ကသိုလ်များတွင် ဥပဒေပညာနှင့် စီးပွားရေးပညာ သင်တန်းများ ဖွင့်လှစ်‌ရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်း ရာတွင် ဥပဒေ ပညာရပ်သည်အရေးကြီးသဖြင့် နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေအခြေခံကို သိရှိနားလည် ထားရန်လိုကြောင်း၊ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်း နိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း၊ ကျေးလက်နှင့်မြို့ပြ ဆင်းရဲချမ်းသာ ကွာခြားမှုများကို လျှော့ချရန်လိုကြောင်း၊ ပညာတတ်များပေါများစေရေး ပညာသင်ကြား နိုင်ရန်အတွက် ငြိမ်းချမ်းရေးရရှိရန်လိုကြောင်း၊ စာသင်ကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်ရန်နှင့် တည်ဆောက်ဆဲ ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်းများ ပြန်လည် လည်ပတ်ရန်လိုကြောင်း၊ သို့မှသာ ပြည်သူများအလုပ်အကိုင်ပြန်လည်ရရှိပြီး ပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေ လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကောင်စီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်၊ ဦးရွှေကြိမ်းနှင့် ဒေါက်တာဗညားအောင်မိုးတို့က တရားမဝင်ဖွဲ့စည်းထားသည့် CRPH ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျော်လွန်၍ ဆောင်ရွက်ခဲ့သည့် ဥပဒေများကို ပြန်လည်ဆန်းစစ် သုတေသနပြုလုပ်သွားရေး၊ အထူးတရားရုံးများ ဖွဲ့စည်းရေးကိစ္စရပ်အပေါ် ပြန်လည်သုံးသပ်သွားရေး၊ တိုင်းပြည်အပေါ် သစ္စာရှိသည့် နိုင်ငံ့ဝန်ထမ်းများကို ချီးမြှင့်ရေးနှင့် ဥပဒေဖောက်ဖျက်သူများကို အရေးယူသွားရေး၊ ယခင်အစိုးရလက်ထက် နိုင်ငံခြားသား ပညာရှင်များ ခန့်အပ်ဆောင်ရွက်ခဲ့မှုနှင့် တိုင်းပြည်ထိခိုက် နစ်နာခဲ့မှုများအပေါ် ပြန်လည် သုံးသပ် စိစစ်ဖော်ထုတ်သွားရေး၊ ပုဂ္ဂလိကဘဏ်များ နှင့်ပတ်သက်၍ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးရေး၊ ဆူပူဆန္ဒပြရန် လှုံ့ဆော်မှုတွင် ပါဝင်သည့် အနုပညာရှင်များကို ထိရောက်စွာအရေးယူရေး၊ အကြမ်းဖက်မှု တွင် ပါဝင်ပတ်သက်သူများနှင့် တာဝန်ရှိသူများကို ထိရောက်စွာ ဖမ်းဆီးအရေးယူရေး၊ နိုင်ငံခြားဝင်ငွေရရှိရေးအတွက် မြစ်သဲထုတ်ယူရေး၊ ရေပြင်ကျယ်ဧရိယာများတွင် ဆိုလာ စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူရေး၊ Cyber Law တွင် လိုအပ်သည့်ပြဋ္ဌာန်းချက်အချို့ ထပ်မံထည့်သွင်းရေး၊ ပုဂ္ဂလိကတည်ဆောက်ရေး လုပ်ငန်းအချို့၌ CDM ပြုလုပ်ရန် ဦးတည် နေမှုကို စိစစ်ဖော်ထုတ်ရေး၊ CDM လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်မှုရှိနေသည့် ဝန်ကြီးဌာန အချို့မှ တာဝန်ရှိသူများကို စိစစ်ဆောင်ရွက်သွားရေး၊ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများ ကို နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရာတွင် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးရေး၊ နယ်စပ်ဒေသများတွင် တရားမဝင်လက်နက်ပစ္စည်းများ သယ်ဆောင်နေမှုကို စိစစ်ဖော်ထုတ် သွားရေး၊ ပြည်သူများအချိန်နှင့်တပြေးညီ သတင်းအမှန်များ သိရှိစေရန် ဖွဲ့စည်းဆောင်ရွက် ပေးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိနေပြီ ဖြစ်သည့်အတွက် တိုင်းပြည်၏ စီးပွားရေး အခွင့် အလမ်းများ ဖန်တီးပေးရေး၊ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ် တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ ပလောင်ဒေသရှိ ကျေးရွာများတွင် အစားထိုးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စု ဖော်ဆောင်ရာတွင် တစ်ပါတီအာဏာရှင်စနစ် မပေါ်ပေါက်စေရေး နှင့် ပြည်ထောင်စုပုံစံဖြစ်စေရေး၊ လွှတ်တော်များတွင်ပါတီစုံမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ရေး အတွက် ရွေးကောက်ပွဲစနစ် ပြုပြင် ပြောင်းလဲရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွဲ့ အစည်းတစ်ခုကို ဥပဒေကြောင်းအရ အရေးယူရမည်ဆိုပါက အကြောင်းအရာ၊ အချက် အလက် တိကျခိုင်မာရန်လိုကြောင်း၊ တရားစီရင်ရေးတွင် အထူးတရားရုံး ကိစ္စရပ် များကို ပြန်လည် စိစစ်ပေးသွားမည်ဖြစ်ကြောင်း၊ CDM တွင် မပါဝင်သည့် ဝန်ထမ်းများနှင့် နိုင်ငံတော် အပေါ် သစ္စာရှိသည့်ဝန်ထမ်းများအား ချီးမြှောက်ခြင်းသည် ကောင်းမွန်သည့်ကိစ္စဖြစ် ကြောင်း၊ ထို့ပြင်အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများ၏ စိတ်နေ သဘောထားများကို ပြုပြင်ပေးရန်လိုကြောင်း၊ ရေရှည်အတွက် မျှော်မှန်းပြီး ၎င်းတို့ကို နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်းတို့တွင် ရှိသင့်သည့် စိတ်ဓာတ်များရှိလာအောင် ပြုပြင်ပေးရန် လိုကြောင်း။

ဘဏ်များပုံမှန်လည်ပတ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနု ပညာရှင် များနှင့်ပတ်သက်၍လည်း ရေရှည်အတွက်ကြည့်ပြီး ချိန်ဆကာ ထိန်းထိန်းသိမ်း သိမ်း လုပ်ဆောင်နေကြောင်း၊ အချို့မှာ အကြိမ်ကြိမ် သတိပေးနေသော်လည်း ဆက်လက် လုပ်ဆောင်နေသည့်အတွက် ထိထိရောက်ရောက် အရေးယူသွားရမည်ဖြစ်ကြောင်း၊ သတင်း များ အချိန်နှင့်တပြေးညီ ပြည်သူများ သိရှိနိုင်အောင် ကြားဖြတ်သတင်းစာရှင်းလင်းပွဲများ ကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာ တွင် ရေရှည်အတွက် စဉ်းစားပြီး ဆောင်ရွက်ကြရန်လိုကြောင်း၊ အင်းတော်ကြီးကန် အပါ အဝင် အခြားရေပြင်ကျယ်သည့် ကန်များတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာ၌ ဆက်စပ်မှုရှိသည့် ခရီးသွားလုပ်ငန်းနှင့် သဘာဝအရင်းအမြစ်များ မထိခိုက် အောင် စဉ်းစားဆောင်သွား ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးရာတွင် နိုင်ငံသားဥပဒေနှင့်အညီ သေချာစိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြုလုပ်ပေးရန် ကျန်ရှိသူရှိသူများအား စနစ် တကျ လုပ်ဆောင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး အတွက် ဆောင်ရွက်ရာတွင် မိမိအနေဖြင့် ဥပဒေပြုရေး အာဏာရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်၍မရကြောင်း၊ ရွေးကောက်ပွဲစနစ်ပြင်ဆင်နိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများတွေ့ဆုံညှိနှိုင်းဆွေးနွေးရန် တာဝန်ပေးအပ်ထားကြောင်း။

မိမိတို့အနေဖြင့် တိုင်းပြည်၏ စီးပွားရေးကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ထို့ပြင် ပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် စီးပွားရေးကောင်းမွန်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေးကောင်းမွန်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ၍ ဆောင်ရွက်ရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းများ အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး လေ့လာဆန်းစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဒို့တာဝန်အရေး ၃ ပါးသည် အမျိုးသားရေးတာဝန်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စ နစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်သွားရ မည်ဖြစ်ကြောင်း၊ ယင်းသို့ တည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးမှုအချိုး ညီမျှစေရန် လိုကြောင်း၊ နောင်တက်လာမည့် အစိုးရသည်လည်း ယင်း လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရမည်ဖြစ်ကြောင်း။ တိုင်းရင်းသားများ စာတတ်မြောက်စေရန်နှင့် အသိပညာ မြင့်မား စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏အကျိုးကို ဖော်ဆောင်ပေးရန်နှင့် ၎င်းတို့၏ ဘဝများ တိုးတက်လာအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ယုံကြည်မှု ရှိလာမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်ရာတွင် တိုင်းပြည်နှင့် ပြည်သူ လူထုအပေါ် စေတနာအရင်းခံ၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ စေတနာထား၍ ဆောင်ရွက်ပါက မိမိတို့အနေဖြင့် အောင်မြင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၉/၂၀၂၁)သို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္ ဧၿပီ ၂၆

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၉/၂၀၂၁)ကို ယေန႔မြန္းလြဲပိုင္း တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္၊ ေဒါက္တာဗညားေအာင္မိုး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဦးေ႐ႊႀကိမ္း၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္တို႔ တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က မိမိအေနျဖင့္ အင္ဒိုနီးရွား ႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕၌ ယခုလ ၂၄ ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့သည့္ အာဆီယံႏိုင္ငံ့ ေခါင္းေဆာင္မ်ား အစည္းအေဝးသို႔တက္ေရာက္၍ အာဆီယံအဖြဲ႕ကေဆာင္႐ြက္ေနသည့္ ကိစၥရပ္မ်ား၊ COVID-19 ေရာဂါကာကြယ္ေရးဆိုင္ရာ ေဆာင္႐ြက္ေနမႈအေျခအေနမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ ေျပာင္းလဲမႈအေျခအေနမ်ားကို တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း။

ထိုသို႔ေဆြးေႏြးရာတြင္ ျမန္မာႏိုင္ငံ၌ ၂၀၂၀ ျပည့္ ႏွစ္အေထြေထြေ႐ြးေကာက္ပြဲ မဲမသမာမႈမ်ားေၾကာင့္ ေဖေဖၚဝါရီ ၁ ရက္တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ႏိုင္ငံေတာ္ တာဝန္အား လႊဲေျပာင္းထမ္းေဆာင္ခဲ့မႈအေျခအေနမ်ား၊ ဆႏၵျပမႈမ်ားအဆင့္ဆင့္ျဖစ္ပြား လာမႈအေျခအေန မ်ားႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဖြဲ႕စည္းမႈႏွင့္ ေရွ႕လုပ္ငန္းစဥ္ မ်ား၊ ရည္မွန္းခ်က္တာဝန္မ်ား၊ တပ္မေတာ္ကေပးထားသည့္ ကတိကဝတ္မ်ားအတိုင္း ဒီမိုကေရစီက်င့္စဥ္ႏွင့္ အညီေဆာင္႐ြက္ခဲ့မႈမ်ား၊ ၂၀၁၀ ျပည့္ႏွစ္ႏွင့္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမ်ားတြင္ တပ္မေတာ္ ကဒီမိုကေရစီက်င့္စဥ္မ်ားႏွင့္အညီ ေဆာင္႐ြက္ေပးခဲ့မႈ၊ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲကို အာဏာရပါတီက ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ေ႐ြးေကာက္ပြဲမဲမသမာမႈမ်ား ျဖစ္ေပၚခဲ့မႈ၊ မဲစာရင္းစစ္ေဆးေတြ႕ရွိခ်က္မ်ားတြင္ မျဖစ္ႏိုင္သည့္ မဲစာရင္းမ်ားပါဝင္ေနမႈ၊ မဲလက္မွတ္မ်ား ႐ိုက္ႏွိပ္ျဖန႔္ေဝရာတြင္ ဥပေဒလုပ္ထုံးလုပ္နည္း မ်ားကို ေက်ာ္လြန္ ေဆာင္႐ြက္ထားရွိမႈ၊ မွတ္ပုံတင္မရွိဘဲဆႏၵမဲေပးခဲ့မႈမ်ား၊ လတ္တေလာ ျဖစ္ပြားေနသည့္ ဆူပူအၾကမ္းဖက္မႈမ်ားေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားထိခိုက္ က်ဆုံးမႈႏွင့္ ဒဏ္ရာရရွိမႈမ်ား၊ ျပည္သူမ်ားထိခိုက္ ေသဆုံးမႈမ်ားအား ဥပေဒႏွင့္အညီေျဖရွင္း ေဆာင္႐ြက္ လ်က္ရွိမႈအေျခအေနမ်ားအား ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း။

ႏိုင္ငံေရးတြင္ ေခါင္းေဆာင္မႈ၊ ဦးေဆာင္မႈျပဳသူသည္အေရးႀကီးေၾကာင္း၊ သို႔ေသာ္ နည္းလမ္းဥပေဒႏွင့္အညီသာ ေခါင္းေဆာင္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ဥပေဒႏွင့္မညီ သည့္ ေခါင္းေဆာင္မႈမ်ားျဖင့္ ဒီမိုကေရစီကို လက္ခံ၍မရေၾကာင္း၊ ေ႐ြးေကာက္ပြဲတရား မွ်တမႈ မရွိျခင္းႏွင့္ပတ္သက္၍ ေတြ႕ဆုံေဆြးေႏြးေရးအတြက္ ႀကိဳးစားမႈအေပၚသမၼတ၊ အစိုးရ တာဝန္ရွိသူမ်ားႏွင့္ လႊတ္ေတာ္တို႔ကဥပေဒႏွင့္ ညီၫြတ္မႈမရွိဘဲ ျငင္းပယ္ခဲ့ေၾကာင္း၊ မိမိတို႔အေနျဖင့္ ဥပေဒႏွင့္ အညီသာေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး လြတ္လပ္၍တရားမွ်တသည့္ ေ႐ြးေကာက္ပြဲျပန္လည္ က်င္းပမည့္အေျခအေနမ်ား၊ ဆူပူအၾကမ္းဖက္သူမ်ားအသုံးျပဳသည့္ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိမႈ အေျခအေနမ်ား၊ ၿမိဳ႕နယ္အခ်ိဳ႕တြင္ စစ္အုပ္ခ်ဳပ္ ေရးအမိန႔္ (Martial Law) ထုတ္ျပန္ခဲ့မႈအေျခအေနမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား CDM ျပဳလုပ္မႈေၾကာင့္ ျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ထိခိုက္နစ္နာခဲ့မႈ အေျခအေနမ်ားကို ရွင္းလင္း ေျပာၾကားခဲ့ေၾကာင္း။

အလားတူ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေဖာ္ေဆာင္ေနမႈ အေျခအေနမ်ား၊ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တြင္ ၿငိမ္းခ်မ္းေရးသည္ မျဖစ္မေနလိုအပ္သျဖင့္ ၿငိမ္းခ်မ္းေရး ရရွိေရး မျဖစ္မေနေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပရန္ အတြက္ မွတ္ပုံတင္မရွိေသးသူ ၄ ဒသမ ၆ သန္းေက်ာ္အား မွတ္ပုံတင္ ရရွိေအာင္ေဆာင္႐ြက္ ေပးေနမႈအေျခအေနမ်ား၊ ရခိုင္ျပည္နယ္အတြင္း တစ္ဖက္ႏိုင္ငံသို႔ ထြက္ခြာသြားသူမ်ားအား သတ္မွတ္ထားသည့္စည္းကမ္းႏွင့္အညီသာ လက္ခံေဆာင္႐ြက္ သြားမည့္အေျခအေနမ်ားကို လည္းရွင္းလင္းေျပာၾကားခဲ့ေၾကာင္း။

ျမန္မာ့ႏိုင္ငံေရးစပ္လ်ဥ္း၍ အာဆီယံႏိုင္ငံေခါင္းေဆာင္အသီးသီး၏ အႀကံျပဳခ်က္ ေဆြးေႏြးခ်က္မ်ားႏွင့္ပတ္သက္ၿပီး ျပန္လည္ေဆြးေႏြးရာတြင္ မိမိတို႔ႏိုင္ငံအေပၚ ေပးအပ္ ခဲ့သည့္ အႀကံျပဳခ်က္မ်ားတြင္ အျပဳသေဘာဆန္ၿပီး ေကာင္းမြန္သည့္အခ်က္မ်ားပါရွိေသာ ေၾကာင့္ ယင္းအခ်က္မ်ားကို ျပည္တြင္း၌ လတ္တေလာျဖစ္ပ်က္ေနသည့္ အေျခအေနမ်ား ႏွင့္ဆက္စပ္၍ အေလးေပးထည့္သြင္းစဥ္းစားသြားမည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ မိမိတို႔ အေနျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈရွိေရးကို ဦးစားေပး ေဆာင္႐ြက္ေနေသာေၾကာင့္ ျပည္တြင္းတည္ၿငိမ္မႈအေပၚမူတည္ၿပီးမွသာ အာဆီယံမွအဆိုျပဳသည့္ ျမန္မာႏိုင္ငံသို႔ လာေရာက္လိုသည့္ ခရီးစဥ္မ်ားကိုစဥ္းစားသြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔ခ်မွတ္ထားသည့္ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ကို အေကာင္အထည္ ေဖာ္ရာတြင္ အာဆီယံမွ အျပဳသေဘာပါဝင္ကူညီ ပံ့ပိုး ေပးလိုမႈမ်ားႏွင့္ စပ္လ်ဥ္း၍လည္း “ASEAN Charter” “ASEAN Way” “ASEAN Sprit” မ်ားအေပၚ အေျခခံမည္ဆိုပါက ႏိုင္ငံေကာင္းက်ိဳးအတြက္ စဥ္းစားေပးမည္ျဖစ္ေၾကာင္းျဖင့္ ျပန္လည္ေဆြးေႏြးခဲ့ေၾကာင္းျဖင့္ ေျပာၾကားသည္။

ဆက္လက္၍ တကၠသိုလ္မ်ားတြင္ ဥပေဒပညာႏွင့္ စီးပြားေရးပညာ သင္တန္းမ်ား ဖြင့္လွစ္‌ေရးႏွင့္ပတ္သက္၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဒီမိုကေရစီစနစ္ကိုေလွ်ာက္လွမ္း ရာတြင္ ဥပေဒ ပညာရပ္သည္အေရးႀကီးသျဖင့္ ႏိုင္ငံသားတိုင္းအေနျဖင့္ ဥပေဒအေျခခံကို သိရွိနားလည္ ထားရန္လိုေၾကာင္း၊ တိုင္းျပည္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မွသာ ဒီမိုကေရစီစနစ္ကို ေလွ်ာက္လွမ္း ႏိုင္မည္ျဖစ္ၿပီး ျပည္နယ္ႏွင့္တိုင္း၊ ေက်းလက္ႏွင့္ၿမိဳ႕ျပ ဆင္းရဲခ်မ္းသာ ကြာျခားမႈမ်ားကို ေလွ်ာ့ခ်ရန္လိုေၾကာင္း၊ ပညာတတ္မ်ားေပါမ်ားေစေရး ပညာသင္ၾကား ႏိုင္ရန္အတြက္ ၿငိမ္းခ်မ္းေရးရရွိရန္လိုေၾကာင္း၊ စာသင္ေက်ာင္းမ်ား အျမန္ဆုံးျပန္လည္ ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ စက္႐ုံအလုပ္႐ုံမ်ား ျပန္လည္လည္ပတ္ရန္ႏွင့္ တည္ေဆာက္ဆဲ ေဆာက္လုပ္ေရးစီမံကိန္းလုပ္ငန္းမ်ား ျပန္လည္ လည္ပတ္ရန္လိုေၾကာင္း၊ သို႔မွသာ ျပည္သူမ်ားအလုပ္အကိုင္ျပန္လည္ရရွိၿပီး ျပည္သူမ်ား၏ စားဝတ္ေနေရးအဆင္ေျပ လာမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ ဦးခင္ေမာင္ေဆြ၊ Jeng Phang ေနာ္ေတာင္၊ ေဒၚေအးႏုစိန္၊ ေစာဒန္နီယယ္၊ ဦးေ႐ႊႀကိမ္းႏွင့္ ေဒါက္တာဗညားေအာင္မိုးတို႔က တရားမဝင္ဖြဲ႕စည္းထားသည့္ CRPH ကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒအရ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ေၾကညာေရး၊ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပါျပ႒ာန္းခ်က္မ်ားကို ေဖာက္ဖ်က္ေက်ာ္လြန္၍ ေဆာင္႐ြက္ခဲ့သည့္ ဥပေဒမ်ားကို ျပန္လည္ဆန္းစစ္ သုေတသနျပဳလုပ္သြားေရး၊ အထူးတရား႐ုံးမ်ား ဖြဲ႕စည္းေရးကိစၥရပ္အေပၚ ျပန္လည္သုံးသပ္သြားေရး၊ တိုင္းျပည္အေပၚ သစၥာရွိသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ခ်ီးျမႇင့္ေရးႏွင့္ ဥပေဒေဖာက္ဖ်က္သူမ်ားကို အေရးယူသြားေရး၊ ယခင္အစိုးရလက္ထက္ ႏိုင္ငံျခားသား ပညာရွင္မ်ား ခန႔္အပ္ေဆာင္႐ြက္ခဲ့မႈႏွင့္ တိုင္းျပည္ထိခိုက္ နစ္နာခဲ့မႈမ်ားအေပၚ ျပန္လည္ သုံးသပ္ စိစစ္ေဖာ္ထုတ္သြားေရး၊ ပုဂၢလိကဘဏ္မ်ား ႏွင့္ပတ္သက္၍ ျပည္သူလူထု၏ စိုးရိမ္ပူပန္မႈကို ေလွ်ာ့ခ်ႏိုင္ေရးအတြက္ အေလးထားေဆာင္႐ြက္ေပးေရး၊ ဆူပူဆႏၵျပရန္ လႈံ႕ေဆာ္မႈတြင္ ပါဝင္သည့္ အႏုပညာရွင္မ်ားကို ထိေရာက္စြာအေရးယူေရး၊ အၾကမ္းဖက္မႈ တြင္ ပါဝင္ပတ္သက္သူမ်ားႏွင့္ တာဝန္ရွိသူမ်ားကို ထိေရာက္စြာ ဖမ္းဆီးအေရးယူေရး၊ ႏိုင္ငံျခားဝင္ေငြရရွိေရးအတြက္ ျမစ္သဲထုတ္ယူေရး၊ ေရျပင္က်ယ္ဧရိယာမ်ားတြင္ ဆိုလာ စနစ္ျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္ယူေရး၊ Cyber Law တြင္ လိုအပ္သည့္ျပ႒ာန္းခ်က္အခ်ိဳ႕ ထပ္မံထည့္သြင္းေရး၊ ပုဂၢလိကတည္ေဆာက္ေရး လုပ္ငန္းအခ်ိဳ႕၌ CDM ျပဳလုပ္ရန္ ဦးတည္ ေနမႈကို စိစစ္ေဖာ္ထုတ္ေရး၊ CDM လႈပ္ရွားမႈတြင္ ပါဝင္ပတ္သက္မႈရွိေနသည့္ ဝန္ႀကီးဌာန အခ်ိဳ႕မွ တာဝန္ရွိသူမ်ားကို စိစစ္ေဆာင္႐ြက္သြားေရး၊ တိုက္ပြဲေရွာင္စခန္းမ်ားမွ ျပည္သူမ်ား ကို ႏိုင္ငံသားစိစစ္ေရးကတ္ ျပဳလုပ္ေပးရာတြင္ စနစ္တက် စီစဥ္ေဆာင္႐ြက္ေပးေရး၊ နယ္စပ္ေဒသမ်ားတြင္ တရားမဝင္လက္နက္ပစၥည္းမ်ား သယ္ေဆာင္ေနမႈကို စိစစ္ေဖာ္ထုတ္ သြားေရး၊ ျပည္သူမ်ားအခ်ိန္ႏွင့္တေျပးညီ သတင္းအမွန္မ်ား သိရွိေစရန္ ဖြဲ႕စည္းေဆာင္႐ြက္ ေပးေရး၊ တည္ၿငိမ္ေအးခ်မ္းမႈရရွိေနၿပီ ျဖစ္သည့္အတြက္ တိုင္းျပည္၏ စီးပြားေရး အခြင့္ အလမ္းမ်ား ဖန္တီးေပးေရး၊ နမ့္ဆန္ၿမိဳ႕နယ္ႏွင့္ မန္တုံၿမိဳ႕နယ္ တို႔တြင္ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေရး၊ ပေလာင္ေဒသရွိ ေက်း႐ြာမ်ားတြင္ အစားထိုးသီးႏွံမ်ား စိုက္ပ်ိဳးႏိုင္ေရးအတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြရရွိေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ျပည္ေထာင္စု ေဖာ္ေဆာင္ရာတြင္ တစ္ပါတီအာဏာရွင္စနစ္ မေပၚေပါက္ေစေရး ႏွင့္ ျပည္ေထာင္စုပုံစံျဖစ္ေစေရး၊ လႊတ္ေတာ္မ်ားတြင္ပါတီစုံမွ ကိုယ္စားလွယ္မ်ား ပါဝင္ႏိုင္ေရး အတြက္ ေ႐ြးေကာက္ပြဲစနစ္ ျပဳျပင္ ေျပာင္းလဲေရးတို႔ႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပၾကသည္။

တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အဖြဲ႕ အစည္းတစ္ခုကို ဥပေဒေၾကာင္းအရ အေရးယူရမည္ဆိုပါက အေၾကာင္းအရာ၊ အခ်က္ အလက္ တိက်ခိုင္မာရန္လိုေၾကာင္း၊ တရားစီရင္ေရးတြင္ အထူးတရား႐ုံး ကိစၥရပ္ မ်ားကို ျပန္လည္ စိစစ္ေပးသြားမည္ျဖစ္ေၾကာင္း၊ CDM တြင္ မပါဝင္သည့္ ဝန္ထမ္းမ်ားႏွင့္ ႏိုင္ငံေတာ္ အေပၚ သစၥာရွိသည့္ဝန္ထမ္းမ်ားအား ခ်ီးေျမႇာက္ျခင္းသည္ ေကာင္းမြန္သည့္ကိစၥျဖစ္ ေၾကာင္း၊ ထို႔ျပင္အုပ္ခ်ဳပ္ေရးပိုင္းတြင္ တာဝန္ထမ္းေဆာင္ၾကသည့္ ဝန္ထမ္းမ်ား၏ စိတ္ေန သေဘာထားမ်ားကို ျပဳျပင္ေပးရန္လိုေၾကာင္း၊ ေရရွည္အတြက္ ေမွ်ာ္မွန္းၿပီး ၎တို႔ကို ႏိုင္ငံ့ဝန္ထမ္း၊ အစိုးရဝန္ထမ္းတို႔တြင္ ရွိသင့္သည့္ စိတ္ဓာတ္မ်ားရွိလာေအာင္ ျပဳျပင္ေပးရန္ လိုေၾကာင္း။

ဘဏ္မ်ားပုံမွန္လည္ပတ္ႏိုင္ရန္အတြက္ စီစဥ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ အႏု ပညာရွင္ မ်ားႏွင့္ပတ္သက္၍လည္း ေရရွည္အတြက္ၾကည့္ၿပီး ခ်ိန္ဆကာ ထိန္းထိန္းသိမ္း သိမ္း လုပ္ေဆာင္ေနေၾကာင္း၊ အခ်ိဳ႕မွာ အႀကိမ္ႀကိမ္ သတိေပးေနေသာ္လည္း ဆက္လက္ လုပ္ေဆာင္ေနသည့္အတြက္ ထိထိေရာက္ေရာက္ အေရးယူသြားရမည္ျဖစ္ေၾကာင္း၊ သတင္း မ်ား အခ်ိန္ႏွင့္တေျပးညီ ျပည္သူမ်ား သိရွိႏိုင္ေအာင္ ၾကားျဖတ္သတင္းစာရွင္းလင္းပြဲမ်ား က်င္းပႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း၊ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္ရာ တြင္ ေရရွည္အတြက္ စဥ္းစားၿပီး ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ အင္းေတာ္ႀကီးကန္ အပါ အဝင္ အျခားေရျပင္က်ယ္သည့္ ကန္မ်ားတြင္ ဆိုလာစနစ္ျဖင့္ လွ်ပ္စစ္ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ရာ၌ ဆက္စပ္မႈရွိသည့္ ခရီးသြားလုပ္ငန္းႏွင့္ သဘာဝအရင္းအျမစ္မ်ား မထိခိုက္ ေအာင္ စဥ္းစားေဆာင္သြား ႐ြက္သြားၾကရန္လိုေၾကာင္း။

ႏိုင္ငံသားစိစစ္ေရးကတ္မ်ား ထုတ္ေပးရာတြင္ ႏိုင္ငံသားဥပေဒႏွင့္အညီ ေသခ်ာစိစစ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ မွတ္ပုံတင္ျပဳလုပ္ေပးရန္ က်န္ရွိသူရွိသူမ်ားအား စနစ္ တက် လုပ္ေဆာင္ေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ေ႐ြးေကာက္ပြဲဥပေဒ ျပင္ဆင္ေရး အတြက္ ေဆာင္႐ြက္ရာတြင္ မိမိအေနျဖင့္ ဥပေဒျပဳေရး အာဏာရွိေသာ္လည္း ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ေက်ာ္လြန္ေဆာင္႐ြက္၍မရေၾကာင္း၊ ေ႐ြးေကာက္ပြဲစနစ္ျပင္ဆင္ႏိုင္ေရး အတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ပါတီမ်ားေတြ႕ဆုံညႇိႏႈိင္းေဆြးေႏြးရန္ တာဝန္ေပးအပ္ထားေၾကာင္း။

မိမိတို႔အေနျဖင့္ တိုင္းျပည္၏ စီးပြားေရးကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ရန္လိုအပ္ ေၾကာင္း၊ ထို႔ျပင္ ျပည္သူမ်ား၏ စားနပ္ရိကၡာ ဖူလုံေစရန္ႏွင့္ စီးပြားေရးေကာင္းမြန္ေစရန္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္၏ စီးပြားေရးေကာင္းမြန္ရန္အတြက္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကို အေျခခံ၍ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ စီးပြားေရးလုပ္ငန္းမ်ား အတြက္ လိုအပ္သည့္ လွ်ပ္စစ္ဓာတ္အား လုံေလာက္စြာ ရရွိရန္လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ ေရအားလွ်ပ္စစ္ထုတ္လုပ္ႏိုင္ေရး ေလ့လာဆန္းစစ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း။

ဒို႔တာဝန္အေရး ၃ ပါးသည္ အမ်ိဳးသားေရးတာဝန္ျဖစ္ၿပီး ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စ နစ္ကို အေျခခံသည့္ ျပည္ေထာင္စုကို ခိုင္ခိုင္မာမာျဖစ္ေအာင္ တည္ေဆာက္သြားရ မည္ျဖစ္ေၾကာင္း၊ ယင္းသို႔ တည္ေဆာက္ရာတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား ဖြံ႕ၿဖိဳးမႈအခ်ိဳး ညီမွ်ေစရန္ လိုေၾကာင္း၊ ေနာင္တက္လာမည့္ အစိုးရသည္လည္း ယင္း လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းႏိုင္ရမည္ျဖစ္ေၾကာင္း။ တိုင္းရင္းသားမ်ား စာတတ္ေျမာက္ေစရန္ႏွင့္ အသိပညာ ျမင့္မား ေစရန္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ၎တို႔၏အက်ိဳးကို ေဖာ္ေဆာင္ေပးရန္ႏွင့္ ၎တို႔၏ ဘဝမ်ား တိုးတက္လာေအာင္ လုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း၊ သို႔မွသာ ယုံၾကည္မႈ ရွိလာမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီလမ္းေၾကာင္းကို ေဖာ္ေဆာင္ရာတြင္ တိုင္းျပည္ႏွင့္ ျပည္သူ လူထုအေပၚ ေစတနာအရင္းခံ၍ ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း၊ ထိုသို႔ ေစတနာထား၍ ေဆာင္႐ြက္ပါက မိမိတို႔အေနျဖင့္ ေအာင္ျမင္မည္ဟု ယုံၾကည္ေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။