နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက္ကသိုလ်များတွင် စီးပွားရေးဘွဲ့သင်တန်းနှင့် ဥပဒေဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဧပြီ ၂၆ နေပြည်တော်

တက္ကသိုလ်များတွင် စီးပွားရေးဘွဲ့သင်တန်းနှင့် ဥပဒေဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ နှင့်ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များအား စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နေခြင်းဖြစ်၍ ဥပဒေကို နိုင်ငံသားတိုင်းသိရှိနားလည်ရန်လိုအပ်သဖြင့် ဥပဒေပညာ ရပ်များအား ကျယ်ပြန့်စွာသင်ကြားနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သဖြင့် စီးပွားရေးကဏ္ဍတွင် စီးပွားရေးအသိအမြင်ရှိသည့် ပညာတတ်များပေါများရန်လိုအပ် ကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အဆိုပါ စီးပွားရေးပညာ ရပ်နှင့် ဥပဒေပညာရပ်များအား တက္ကသိုလ်များအားလုံးတွင် သင်ကြားနိုင်ရေး ကြိုးပမ်း ဆောင်ရွက် ခြင်းပင်ဖြစ်ကြောင်း။

တက္ကသိုလ်များသည် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများကို မွေးထုတ်ပေးသည့် နေရာဌာနတစ်ခုဖြစ်ပြီး လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် တက္ကသိုလ်မှ သင်ကြားပေးခဲ့သည့်ပညာရပ်များကို အခြေခံ၍ လူမှုဘဝမြှင့်တင်မှုအကျိုးများကို ခံစားရနိုင်ကြောင်း၊ လူတိုင်းဥပဒေပညာရှင်မဖြစ်နိုင်သော်လည်း ဥပဒေပညာနားလည် သိရှိမှုကြောင့် ဥပဒေပညာကို အသုံးချ၍ လူမှုဘဝမြှင့်တင်မှုများကို ခံစားရနိုင်ကြောင်း၊ အလားတူ စီးပွားရေးပညာရပ်များကို တတ်ကျွမ်းခြင်းဖြင့် လက်တွေ့လုပ်ငန်းနယ်ပယ် တွင် အကျိုးရှိအောင် အသုံးချနိုင်ကြောင်း၊ လက်တွေ့လုပ်ငန်း ခွင်များတွင် တက္ကသိုလ်မှ သင်ကြားပေးလိုက်သည့် ပညာရပ်များကို အသုံးချခြင်းအားဖြင့် များစွာအကျိုးရှိနိုင်မည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၌ ၁၉၂၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် တစ်ခုသာရှိပြီး အဆိုပါ အချိန်ကာလက တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို အများကအထင်ကြီး လေးစားကြကြောင်း၊ ဆက်လက်ပြီး မန္တလေးတက္ကသိုလ်၊ တောင်ကြီးကောလိပ်၊ မော်လမြိုင်ကောလိပ်၊ ပုသိမ်ကောလိပ်၊ မြစ်ကြီးနားကောလိပ်၊ စစ်တွေကောလိပ်များ ဖွင့်လှစ်၍ ထိုမှတစ်ဆင့် တက္ကသိုလ်များအဆင့်အထိ တိုးချဲ့ဖွင့်လှစ်လာခဲ့ရာ ယခုအခါ ဒေသ ၂၄ ခုတွင် တက္ကသိုလ်များဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း၊ ယခင်က စီးပွားရေး ပညာရေးပညာနှင့် ဥပဒေပညာရပ်သင်ကြားလိုသူများအနေဖြင့် ရန်ကုန်သို့ လာရောက် သင်ကြားကြရကြောင်း၊ တစ်နိုင်ငံလုံးမှ ကျောင်းသားများလာရောက်သင်ကြားကြသဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပတ်ဝန်းကျင်အသစ်တွင်ကျင်လည် ကြရပြီး ကြိုးစားအားထုတ်သူများအနေဖြင့် ထူးချွန်အောင်မြင်မှုများရှိသည်ကို တွေ့ရှိရ ကြောင်း၊ တက္ကသိုလ်ပညာပြီးဆုံးချိန်တွင် အချို့ကဌာနဆိုင်ရာများတွင် အရာရှိများ ဖြစ်လာသကဲ့သို့ အချို့မှာလည်း မိမိတို့သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆောင်ရွက်ကြ သဖြင့် တက္ကသိုလ်ပညာ ပြီးဆုံးသူတိုင်း အစိုးရဝန်ထမ်းမဖြစ်ကြကြောင်း။

ပညာသင်ကြားရေးတွင် အခြေခံပညာအဆင့်နှင့် တက္ကသိုလ်အဆင့်သည် ကွာခြားမှု များ ရှိကြောင်း၊ အခြေခံပညာအဆင့်သင်ကြားသည့် ကျောင်းသားကျောင်းသူများကို မိဘ၊ ဆရာများက အနီးကပ်ထိန်းသိမ်းကြပ်မတ်ပေးရပြီး တက္ကသိုလ်တွင် ပညာသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကိုယ်တိုင်ထိန်းသိမ်း နေထိုင်ကြရကြောင်း၊ အခြေ ခံပညာသင်ကြားရေးသည် သင်ကြားရေးစနစ် (Teaching)ဖြစ်ပြီး တက္ကသိုလ်ပညာ သင်ကြားရေးသည် လေ့လာခြင်းစနစ် (Learning) ဖြစ်ကြောင်း၊ အခြေခံပညာမူလတန်း သင်ကြားသည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ကြားသည့်ပညာရပ်များနှင့် ပတ်ဝန်းကျင်အားဖြင့် ယေဘူယျတူညီကြောင်း၊ အလားတူအလယ်တန်းအဆင့် ပညာသင် ကြားသည့် ကျောင်းသား၊ ကျောင်းသူများသည်လည်း တူညီသည့်အသက်အရွယ်၊ တူညီသည့်ပညာရပ်၊ တူညီသည့်ပတ်ဝန်းကျင်တွင် ပညာသင်ကြားကြရကြောင်း၊ အခြေခံ ပညာ အထက်တန်းအဆင့်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျရှုံးသူများရှိသဖြင့် အသက်အရွယ်အရအနည်းငယ်ကွာခြားမှုရှိလာကြောင်း၊ တက္ကသိုလ်တက်ရောက်ချိန်တွင် လည်း နေ့သင်တန်း(Day)နှင့် အဝေးသင်(Distance) တို့သည့်ပညာသင်ကြားရမှုနှင့် ပတ်ဝန်းကျင်ကွာခြားမှုရှိကြောင်း၊ တက္ကသိုလ်များတွင် ပညာသင်ကြားရေးကိုသာမက လက်တွေ့ ဆောင်ရွက်ခြင်းနှင့် လေ့လာခြင်းပညာရပ်များကို ဆောင်ရွက်ကြရကြောင်း၊ တက္ကသိုလ်များတွင် စာကြည့်တိုက်များ အဆင့်မီစွာရှိစေရေးအတွက်လည်း အလေးထား ဆောင်ရွက်စေလိုကြောင်း၊ တက္ကသိုလ် တက်ရောက်သည့် လူငယ်များ စစ်မှန်သည့် ပညာရပ်များနှင့် စစ်မှန်သည့် အသိပညာ၊ အတတ်ပညာများရရှိအောင် ဆောင်ရွက်ကြ စေလိုကြောင်း။

တက္ကသိုလ်များတွင် ဥပဒေပညာသင်ကြားရေးနှင့်ပတ်သက်၍ ဒီမိုကရေစီစနစ် တွင် နိုင်ငံသားတိုင်းဥပဒေစည်းကမ်းများနှင့် နေထိုင်နိုင်ရန်အတွက် ဥပဒေပညာသည် အရေး ကြီးကြောင်း၊ လူမှုရေးဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာများနှင့် အခြားကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်ပတ်သက်၍ ဆောင်ရွက်ရသည်များ များစွာရှိကြောင်း၊ အလားတူ အုပ်ချုပ်မှုပိုင်းဆိုင်ရာများဆောင်ရွက်ရာတွင်လည်း နိုင်ငံသားတစ်ယောက် အနေဖြင့် ဥပဒေသိရန်လိုအပ်သကဲ့သို့ စီမံခန့်ခွဲမှုဆောင်ရွက်သူများအနေဖြင့်လည်း ဥပဒေ ကိုနားလည်တတ်ကျွမ်းရန်လိုအပ်ကြောင်း၊ ဥပဒေကို နားလည်တတ်ကျွမ်းထားခြင်း အားဖြင့် လက်တွေ့နယ်ပယ်တွင် တိုက်ရိုက်အသုံးချခွင့်ရသည့် ပညာရပ်ဖြစ်ကြောင်း၊ တပ်မတော်တွင်လည်း တပ်မတော်အရာရှိကြီးများနှင့် အရာရှိငယ်များ၊ မြန်မာနိုင်ငံ ရဲ့တပ်ဖွဲ့ဝင်အား ဥပဒေသင်တန်းများဖွင့်လှစ်၍ အလေးထားသင်ကြားပေးလျက်ရှိ ကြောင်း။

စီးပွားရေးပညာ သင်ကြားမှုနှင့်ပတ်သက်၍ တိုင်းပြည်စီးပွားရေးကောင်းမွန်ရန် အတွက် စီးပွားရေးအခြေခံများ၊ စီးပွားရေးကိုနားလည်တတ်ကျွမ်းသူများရှိမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ရှေးယခင်က စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု အမှားများကြောင့် နိုင်ငံစီးပွားရေးကျဆင်းခဲ့ရသည်များ ရှိခဲ့ကြောင်း၊ ထို့ကြောင့်စီးပွားရေးနှင့်ပတ်သက်၍ နိုင်ငံသားများစီးပွားရေးဆိုင်ရာအမြင် များရှိရန်လိုအပ်သဖြင့် စီးပွားရေးပညာကို သင်ကြားစေလိုခြင်းဖြစ်ကြောင်း၊ စီးပွားရေး ဆိုင်ရာပညာရပ်သည် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်နိုင်ကြောင်း၊ အလားတူ အခြားဘာသာရပ်များသည်လည်း သက်ဆိုင်ရာပညာရပ် နယ်ပယ်အလိုက် အသုံးချနိုင်သည်များလည်းရှိကြောင်း၊ ဝိဇ္ဇာပညာရပ်သည်လည်း လူများ၏ အတွေးအခေါ် တိုးတက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့် ပညာရေးဆိုင်ရာ ဘာသာရပ်များသင်ကြားချိန်တွင် မျှတစွာသင်ကြားခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ များ၏ ဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ တက္ကသိုလ် ပညာသင်ကြားရေးနှင့်ပတ်သက်၍ အနာဂတ်ကိုမျှော်တွေးပြီး စဉ်းစားဆောင်ရွက်ကြ ရန်လိုကြောင်း။

မိမိတို့အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ကွာခြားမှုများ၊ ကျေးလက်၊ မြို့ပြကွာခြားမှုများကို လျှော့ချနိုင်ရေးဆောင်ရွက်၍ တစ်နိုင်ငံလုံးအချိုးညီစွာ ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဖွံဖြိုးတိုးတက်မှုရှိစေရန်အတွက် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုရှိရန်၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန် ဆောင် ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ ချုပ်ငြိမ်းအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် အချို့နေရာများတွင် ပညာသင်ကြားရေးအတွက် အခက်အခဲ များဖြစ်ပေါ်လျက်ရှိပြီး အချို့နေရာများတွင် တပ်မတော်မှ ကူညီဖြည့်ဆည်းဆောင်ရွက် ပေးနေမှုများရှိကြောင်း၊ ပညာတတ်များပေါများမှသာ ဒေသတိုးတက်မည်၊ ဒေသတိုးတက် မှသာ အသိပညာများတိုးတက်ကောင်းမွန်လာမည်၊ အသိပညာများကောင်းမွန်မှသာ တွေးခေါ်မျှော်မြင်မှုများကောင်းမွန်လာပြီး ငြိမ်းချမ်းရေးအရသာ၊ ဒီမိုကရေစီ၏ အရသာ ကိုသိရှိပြီး လုပ်ငန်းများဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ပြည်သူများအားလုံး အခြားတိုင်းပြည် များတွင် အောက်ခြေအလုပ်သမားအဖြစ် ဆောင်ရွက်ခြင်းကို မပြုလုပ်ကြစေလိုဘဲ မိမိတို့နိုင်ငံတွင်းမှာသာ နေထိုင်လုပ်ကိုင်ဆောင်ရွက်၍ ကြီးပွားချမ်းသာစေလိုကြောင်း၊ ထို့ကြောင့် ပြည်သူများ ပညာတတ်အောင် အောင်ဆောင်ရွက်ကြရာတွင် ဆရာ၊ဆရာမ များမှ ပညာများသင်ကြား ပေးသကဲ့သို့ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း တွန်းအားပေး ဆောင်ရွက်ကြစေလိုကြောင်း။

ဝန်ထမ်းများ CDM ပြုလုပ်မှုနှင့်ပတ်သက်၍ ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် နိုင်ငံရေး အရလွတ်လပ်စွာ သဘောထားကွဲလွဲမှုရှိနိုင်သော်လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သည့်အစိုးရတာဝန်ယူသည်ဖြစ်စေ နိုင်ငံ့တာဝန်ကိုထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းသည်ကွာခြားမှုရှိကြောင်း၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ကိုကာကွယ်ပေးသည့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး ပညာရေးဝန်ထမ်းများသည် နိုင်ငံသားများ ကို ပညာသင်ကြားပေးမှုနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး၊ အုပ်ချုပ်မှုပိုင်းနှင့် ပတ်သက်၍ အစိုးရဝန်ထမ်းများဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း ကုသရေးနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြကြောင်း၊ အခြားနိုင်ငံ များတွင်လည်း ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲများကျင်းပဆောင်ရွက်ကြချိန်၌ မကျေလည်မှုများရှိသော်လည်း မိမိတို့နိုင်ငံကဲ့သို့ ဝန်ထမ်းများ CDM ပြုလုပ်မှုမရှိကြောင်း၊ ဝန်ထမ်းများတာဝန်ထမ်းဆောင်မှုသည် နိုင်ငံရေးနှင့် ရောနှောမှုမရှိကြကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများအနေဖြင့် နိုင်ငံရေးကင်းရှင်းကြရန်လိုကြောင်း။

တပ်မတော်သည် အမျိုးသားရေးတာဝန်အဖြစ် တို့တာဝန်အရေးသုံးပါးကို ဦးထိပ် ထားပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် မဖြစ်မနေတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ရွေးကောက်ပွဲအရ ဖြစ်ပေါ်ခဲ့သည့် ပြဿနာများကိုလည်း ဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ဥပဒေနှင့်အညီသာဆောင်ရွက်ရ မည်ဖြစ်ပြီး ရိုးသားသည့် နိုင်ငံရေး၊ တရားမျှတသည့် နိုင်ငံရေးကို ဆောင်ရွက်ရန်လို ကြောင်း၊ ယခုအခါ စာသင်ကျောင်းများပိတ်ထား ရမှုကြောင့် ကျောင်းသား၊ ကျောင်းသူ များ၊ မိဘများအနေဖြင့် နစ်နာမှုများရှိသကဲ့သို့ နိုင်ငံအတွက်လည်း နစ်နာရမှုများရှိ ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ထုတ်ပြန် ထားသည့် COVID-19 စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်းနှင့် အခမ်းအနားတက်ရောက်လာကြသူများက တက္ကသိုလ်ဇုန်(၂၄)ခုတွင် (၁၄)ဇုန်၌ဥပဒေပညာရပ် လက်ရှိသင်ကြားပေးနေမှုနှင့် ကျန်တက္ကသိုလ်ဇုန် (၁၀)ခုတွင် ဥဒေပညာရပ်များ ဆက်လက်သင်ကြားပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ COVID-19 ထိန်းချုပ်နိုင်မှုအခြေအနေများ၊ စီးပွားရေးနှင့် ဥပဒေဘာသာရပ်များ သင်ကြား ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တကၠသိုလ္မ်ားတြင္ စီးပြားေရးဘြဲ႕သင္တန္းႏွင့္ ဥပေဒဘြဲ႕သင္တန္းမ်ား တိုးခ်ဲ႕ဖြင့္လွစ္ေရးလုပ္ငန္းညႇိႏႈိင္းအစည္းအေဝးသို႔ တက္ေရာက္အမွာစကားေျပာၾကား

ဧၿပီ ၂၆ ေနျပည္ေတာ္

တကၠသိုလ္မ်ားတြင္ စီးပြားေရးဘြဲ႕သင္တန္းႏွင့္ ဥပေဒဘြဲ႕သင္တန္းမ်ား တိုးခ်ဲ႕ဖြင့္လွစ္ေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ပညာေရးဝန္ႀကီး ဌာန အစည္းအေဝးခန္းမ၌က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေဒၚေအးႏုစိန္ႏွင့္ ဦးေမာင္းဟာ၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ေဒါက္တာ ၫြန႔္ေဖ ႏွင့္ေဒါက္တာသက္ခိုင္ဝင္း၊ ဒုတိယဝန္ႀကီးမ်ား၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ပါေမာကၡခ်ဳပ္မ်ားႏွင့္ ပါေမာကၡမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ေဆြးေႏြးပြဲတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္တာဝန္မ်ားအား စတင္တာဝန္ထမ္းေဆာင္ခ်ိန္မွစ၍ ပညာေရးဆိုင္ရာျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေဆြးေႏြးခဲ့ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္း ေနျခင္းျဖစ္၍ ဥပေဒကို ႏိုင္ငံသားတိုင္းသိရွိနားလည္ရန္လိုအပ္သျဖင့္ ဥပေဒပညာ ရပ္မ်ားအား က်ယ္ျပန႔္စြာသင္ၾကားႏိုင္ေရးေဆာင္႐ြက္ရန္လိုေၾကာင္း၊ အလားတူ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စီးပြားေရးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ရန္လိုအပ္သျဖင့္ စီးပြားေရးက႑တြင္ စီးပြားေရးအသိအျမင္ရွိသည့္ ပညာတတ္မ်ားေပါမ်ားရန္လိုအပ္ ေၾကာင္း၊ ႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္ အဓိကလိုအပ္ခ်က္ျဖစ္သည့္ အဆိုပါ စီးပြားေရးပညာ ရပ္ႏွင့္ ဥပေဒပညာရပ္မ်ားအား တကၠသိုလ္မ်ားအားလုံးတြင္ သင္ၾကားႏိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္ ျခင္းပင္ျဖစ္ေၾကာင္း။

တကၠသိုလ္မ်ားသည္ ဘာသာရပ္ဆိုင္ရာကြၽမ္းက်င္သူမ်ားကို ေမြးထုတ္ေပးသည့္ ေနရာဌာနတစ္ခုျဖစ္ၿပီး လက္ေတြ႕လုပ္ငန္းမ်ား ေဆာင္႐ြက္ခ်ိန္တြင္ တကၠသိုလ္မွ သင္ၾကားေပးခဲ့သည့္ပညာရပ္မ်ားကို အေျခခံ၍ လူမႈဘဝျမႇင့္တင္မႈအက်ိဳးမ်ားကို ခံစားရႏိုင္ေၾကာင္း၊ လူတိုင္းဥပေဒပညာရွင္မျဖစ္ႏိုင္ေသာ္လည္း ဥပေဒပညာနားလည္ သိရွိမႈေၾကာင့္ ဥပေဒပညာကို အသုံးခ်၍ လူမႈဘဝျမႇင့္တင္မႈမ်ားကို ခံစားရႏိုင္ေၾကာင္း၊ အလားတူ စီးပြားေရးပညာရပ္မ်ားကို တတ္ကြၽမ္းျခင္းျဖင့္ လက္ေတြ႕လုပ္ငန္းနယ္ပယ္ တြင္ အက်ိဳးရွိေအာင္ အသုံးခ်ႏိုင္ေၾကာင္း၊ လက္ေတြ႕လုပ္ငန္း ခြင္မ်ားတြင္ တကၠသိုလ္မွ သင္ၾကားေပးလိုက္သည့္ ပညာရပ္မ်ားကို အသုံးခ်ျခင္းအားျဖင့္ မ်ားစြာအက်ိဳးရွိႏိုင္မည္ ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံ၌ ၁၉၂၀ ခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္ တစ္ခုသာရွိၿပီး အဆိုပါ အခ်ိန္ကာလက တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူမ်ားကို အမ်ားကအထင္ႀကီး ေလးစားၾကေၾကာင္း၊ ဆက္လက္ၿပီး မႏၲေလးတကၠသိုလ္၊ ေတာင္ႀကီးေကာလိပ္၊ ေမာ္လၿမိဳင္ေကာလိပ္၊ ပုသိမ္ေကာလိပ္၊ ျမစ္ႀကီးနားေကာလိပ္၊ စစ္ေတြေကာလိပ္မ်ား ဖြင့္လွစ္၍ ထိုမွတစ္ဆင့္ တကၠသိုလ္မ်ားအဆင့္အထိ တိုးခ်ဲ႕ဖြင့္လွစ္လာခဲ့ရာ ယခုအခါ ေဒသ ၂၄ ခုတြင္ တကၠသိုလ္မ်ားဖြင့္လွစ္ႏိုင္ၿပီျဖစ္ပါေၾကာင္း၊ ယခင္က စီးပြားေရး ပညာေရးပညာႏွင့္ ဥပေဒပညာရပ္သင္ၾကားလိုသူမ်ားအေနျဖင့္ ရန္ကုန္သို႔ လာေရာက္ သင္ၾကားၾကရေၾကာင္း၊ တစ္ႏိုင္ငံလုံးမွ ေက်ာင္းသားမ်ားလာေရာက္သင္ၾကားၾကသျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ပတ္ဝန္းက်င္အသစ္တြင္က်င္လည္ ၾကရၿပီး ႀကိဳးစားအားထုတ္သူမ်ားအေနျဖင့္ ထူးခြၽန္ေအာင္ျမင္မႈမ်ားရွိသည္ကို ေတြ႕ရွိရ ေၾကာင္း၊ တကၠသိုလ္ပညာၿပီးဆုံးခ်ိန္တြင္ အခ်ိဳ႕ကဌာနဆိုင္ရာမ်ားတြင္ အရာရွိမ်ား ျဖစ္လာသကဲ့သို႔ အခ်ိဳ႕မွာလည္း မိမိတို႔သက္ဆိုင္ရာလုပ္ငန္းမ်ားအလိုက္ ေဆာင္႐ြက္ၾက သျဖင့္ တကၠသိုလ္ပညာ ၿပီးဆုံးသူတိုင္း အစိုးရဝန္ထမ္းမျဖစ္ၾကေၾကာင္း။

ပညာသင္ၾကားေရးတြင္ အေျခခံပညာအဆင့္ႏွင့္ တကၠသိုလ္အဆင့္သည္ ကြာျခားမႈ မ်ား ရွိေၾကာင္း၊ အေျခခံပညာအဆင့္သင္ၾကားသည့္ ေက်ာင္းသားေက်ာင္းသူမ်ားကို မိဘ၊ ဆရာမ်ားက အနီးကပ္ထိန္းသိမ္းၾကပ္မတ္ေပးရၿပီး တကၠသိုလ္တြင္ ပညာသင္ၾကားသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔ကိုယ္တိုင္ထိန္းသိမ္း ေနထိုင္ၾကရေၾကာင္း၊ အေျခ ခံပညာသင္ၾကားေရးသည္ သင္ၾကားေရးစနစ္ (Teaching)ျဖစ္ၿပီး တကၠသိုလ္ပညာ သင္ၾကားေရးသည္ ေလ့လာျခင္းစနစ္ (Learning) ျဖစ္ေၾကာင္း၊ အေျခခံပညာမူလတန္း သင္ၾကားသည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ သင္ၾကားသည့္ပညာရပ္မ်ားႏွင့္ ပတ္ဝန္းက်င္အားျဖင့္ ေယဘူယ်တူညီေၾကာင္း၊ အလားတူအလယ္တန္းအဆင့္ ပညာသင္ ၾကားသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္လည္း တူညီသည့္အသက္အ႐ြယ္၊ တူညီသည့္ပညာရပ္၊ တူညီသည့္ပတ္ဝန္းက်င္တြင္ ပညာသင္ၾကားၾကရေၾကာင္း၊ အေျခခံ ပညာ အထက္တန္းအဆင့္တြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲတြင္ က်ရႈံးသူမ်ားရွိသျဖင့္ အသက္အ႐ြယ္အရအနည္းငယ္ကြာျခားမႈရွိလာေၾကာင္း၊ တကၠသိုလ္တက္ေရာက္ခ်ိန္တြင္ လည္း ေန႔သင္တန္း(Day)ႏွင့္ အေဝးသင္(Distance) တို႔သည့္ပညာသင္ၾကားရမႈႏွင့္ ပတ္ဝန္းက်င္ကြာျခားမႈရွိေၾကာင္း၊ တကၠသိုလ္မ်ားတြင္ ပညာသင္ၾကားေရးကိုသာမက လက္ေတြ႕ ေဆာင္႐ြက္ျခင္းႏွင့္ ေလ့လာျခင္းပညာရပ္မ်ားကို ေဆာင္႐ြက္ၾကရေၾကာင္း၊ တကၠသိုလ္မ်ားတြင္ စာၾကည့္တိုက္မ်ား အဆင့္မီစြာရွိေစေရးအတြက္လည္း အေလးထား ေဆာင္႐ြက္ေစလိုေၾကာင္း၊ တကၠသိုလ္ တက္ေရာက္သည့္ လူငယ္မ်ား စစ္မွန္သည့္ ပညာရပ္မ်ားႏွင့္ စစ္မွန္သည့္ အသိပညာ၊ အတတ္ပညာမ်ားရရွိေအာင္ ေဆာင္႐ြက္ၾက ေစလိုေၾကာင္း။

တကၠသိုလ္မ်ားတြင္ ဥပေဒပညာသင္ၾကားေရးႏွင့္ပတ္သက္၍ ဒီမိုကေရစီစနစ္ တြင္ ႏိုင္ငံသားတိုင္းဥပေဒစည္းကမ္းမ်ားႏွင့္ ေနထိုင္ႏိုင္ရန္အတြက္ ဥပေဒပညာသည္ အေရး ႀကီးေၾကာင္း၊ လူမႈေရးဆိုင္ရာမ်ား၊ စီးပြားေရးဆိုင္ရာမ်ားႏွင့္ အျခားကိစၥရပ္မ်ား ေဆာင္႐ြက္ရာတြင္ ဥပေဒႏွင့္ပတ္သက္၍ ေဆာင္႐ြက္ရသည္မ်ား မ်ားစြာရွိေၾကာင္း၊ အလားတူ အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာမ်ားေဆာင္႐ြက္ရာတြင္လည္း ႏိုင္ငံသားတစ္ေယာက္ အေနျဖင့္ ဥပေဒသိရန္လိုအပ္သကဲ့သို႔ စီမံခန႔္ခြဲမႈေဆာင္႐ြက္သူမ်ားအေနျဖင့္လည္း ဥပေဒ ကိုနားလည္တတ္ကြၽမ္းရန္လိုအပ္ေၾကာင္း၊ ဥပေဒကို နားလည္တတ္ကြၽမ္းထားျခင္း အားျဖင့္ လက္ေတြ႕နယ္ပယ္တြင္ တိုက္႐ိုက္အသုံးခ်ခြင့္ရသည့္ ပညာရပ္ျဖစ္ေၾကာင္း၊ တပ္မေတာ္တြင္လည္း တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အရာရွိငယ္မ်ား၊ ျမန္မာႏိုင္ငံ ရဲ႕တပ္ဖြဲ႕ဝင္အား ဥပေဒသင္တန္းမ်ားဖြင့္လွစ္၍ အေလးထားသင္ၾကားေပးလ်က္ရွိ ေၾကာင္း။

စီးပြားေရးပညာ သင္ၾကားမႈႏွင့္ပတ္သက္၍ တိုင္းျပည္စီးပြားေရးေကာင္းမြန္ရန္ အတြက္ စီးပြားေရးအေျခခံမ်ား၊ စီးပြားေရးကိုနားလည္တတ္ကြၽမ္းသူမ်ားရွိမွသာ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ပိုမိုတိုးတက္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ ေရွးယခင္က စီးပြားေရးဆိုင္ရာစီမံခန႔္ခြဲမႈ အမွားမ်ားေၾကာင့္ ႏိုင္ငံစီးပြားေရးက်ဆင္းခဲ့ရသည္မ်ား ရွိခဲ့ေၾကာင္း၊ ထို႔ေၾကာင့္စီးပြားေရးႏွင့္ပတ္သက္၍ ႏိုင္ငံသားမ်ားစီးပြားေရးဆိုင္ရာအျမင္ မ်ားရွိရန္လိုအပ္သျဖင့္ စီးပြားေရးပညာကို သင္ၾကားေစလိုျခင္းျဖစ္ေၾကာင္း၊ စီးပြားေရး ဆိုင္ရာပညာရပ္သည္ လက္ေတြ႕လုပ္ငန္းခြင္တြင္ အသုံးခ်ေဆာင္႐ြက္ႏိုင္ေၾကာင္း၊ အလားတူ အျခားဘာသာရပ္မ်ားသည္လည္း သက္ဆိုင္ရာပညာရပ္ နယ္ပယ္အလိုက္ အသုံးခ်ႏိုင္သည္မ်ားလည္းရွိေၾကာင္း၊ ဝိဇၨာပညာရပ္သည္လည္း လူမ်ား၏ အေတြးအေခၚ တိုးတက္ေရးအတြက္ မ်ားစြာအေထာက္အကူျပဳေၾကာင္း၊ ထို႔ေၾကာင့္ ပညာေရးဆိုင္ရာ ဘာသာရပ္မ်ားသင္ၾကားခ်ိန္တြင္ မွ်တစြာသင္ၾကားျခင္းျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ား၏ ဘဝတိုးတက္ေရးအတြက္ မ်ားစြာအေထာက္အကူျပဳမည္ျဖစ္ေၾကာင္း၊ တကၠသိုလ္ ပညာသင္ၾကားေရးႏွင့္ပတ္သက္၍ အနာဂတ္ကိုေမွ်ာ္ေတြးၿပီး စဥ္းစားေဆာင္႐ြက္ၾက ရန္လိုေၾကာင္း။

မိမိတို႔အေနျဖင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအလိုက္ကြာျခားမႈမ်ား၊ ေက်းလက္၊ ၿမိဳ႕ျပကြာျခားမႈမ်ားကို ေလွ်ာ့ခ်ႏိုင္ေရးေဆာင္႐ြက္၍ တစ္ႏိုင္ငံလုံးအခ်ိဳးညီစြာ ဖြံ႕ၿဖိဳး တိုးတက္ေစေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ ဖြံၿဖိဳးတိုးတက္မႈရွိေစရန္အတြက္ ႏိုင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းမႈရွိရန္၊ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္ ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း၊ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းမႈရွိရန္အတြက္ တိုင္းရင္းသား လက္နက္ကိုင္မ်ား ခ်ဳပ္ၿငိမ္းေအာင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အခ်ိဳ႕လက္နက္ကိုင္ ပဋိပကၡျဖစ္ပြားလ်က္ရွိသည့္ အခ်ိဳ႕ေနရာမ်ားတြင္ ပညာသင္ၾကားေရးအတြက္ အခက္အခဲ မ်ားျဖစ္ေပၚလ်က္ရွိၿပီး အခ်ိဳ႕ေနရာမ်ားတြင္ တပ္မေတာ္မွ ကူညီျဖည့္ဆည္းေဆာင္႐ြက္ ေပးေနမႈမ်ားရွိေၾကာင္း၊ ပညာတတ္မ်ားေပါမ်ားမွသာ ေဒသတိုးတက္မည္၊ ေဒသတိုးတက္ မွသာ အသိပညာမ်ားတိုးတက္ေကာင္းမြန္လာမည္၊ အသိပညာမ်ားေကာင္းမြန္မွသာ ေတြးေခၚေမွ်ာ္ျမင္မႈမ်ားေကာင္းမြန္လာၿပီး ၿငိမ္းခ်မ္းေရးအရသာ၊ ဒီမိုကေရစီ၏ အရသာ ကိုသိရွိၿပီး လုပ္ငန္းမ်ားေဆာင္႐ြက္လာႏိုင္မည္ျဖစ္ေၾကာင္း၊ သို႔မွသာ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ လာမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံမွ ျပည္သူမ်ားအားလုံး အျခားတိုင္းျပည္ မ်ားတြင္ ေအာက္ေျခအလုပ္သမားအျဖစ္ ေဆာင္႐ြက္ျခင္းကို မျပဳလုပ္ၾကေစလိုဘဲ မိမိတို႔ႏိုင္ငံတြင္းမွာသာ ေနထိုင္လုပ္ကိုင္ေဆာင္႐ြက္၍ ႀကီးပြားခ်မ္းသာေစလိုေၾကာင္း၊ ထို႔ေၾကာင့္ ျပည္သူမ်ား ပညာတတ္ေအာင္ ေအာင္ေဆာင္႐ြက္ၾကရာတြင္ ဆရာ၊ဆရာမ မ်ားမွ ပညာမ်ားသင္ၾကား ေပးသကဲ့သို႔ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ား အေနျဖင့္လည္း တြန္းအားေပး ေဆာင္႐ြက္ၾကေစလိုေၾကာင္း။

ဝန္ထမ္းမ်ား CDM ျပဳလုပ္မႈႏွင့္ပတ္သက္၍ ဒီမိုကေရစီႏိုင္ငံျဖစ္သျဖင့္ ႏိုင္ငံေရး အရလြတ္လပ္စြာ သေဘာထားကြဲလြဲမႈရွိႏိုင္ေသာ္လည္း ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ မည္သည့္အစိုးရတာဝန္ယူသည္ျဖစ္ေစ ႏိုင္ငံ့တာဝန္ကိုထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ အစိုးရဝန္ထမ္းသည္ကြာျခားမႈရွိေၾကာင္း၊ တပ္မေတာ္သားမ်ား၊ ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားသည္ ႏိုင္ငံေတာ္ကိုကာကြယ္ေပးသည့္ တရားဥပေဒစိုးမိုးေရး ေဆာင္႐ြက္ေပးသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္ၿပီး ပညာေရးဝန္ထမ္းမ်ားသည္ ႏိုင္ငံသားမ်ား ကို ပညာသင္ၾကားေပးမႈႏွင့္ ပတ္သက္၍ ႏိုင္ငံ့ဝန္ထမ္းျဖစ္ၿပီး၊ အုပ္ခ်ဳပ္မႈပိုင္းႏွင့္ ပတ္သက္၍ အစိုးရဝန္ထမ္းမ်ားျဖစ္ေၾကာင္း၊ အလားတူ က်န္းမာေရးဝန္ထမ္းမ်ား အေနျဖင့္လည္း ကုသေရးႏွင့္ပတ္သက္၍ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္ၾကေၾကာင္း၊ အျခားႏိုင္ငံ မ်ားတြင္လည္း ဒီမိုကေရစီစနစ္အရ ေ႐ြးေကာက္ပြဲမ်ားက်င္းပေဆာင္႐ြက္ၾကခ်ိန္၌ မေက်လည္မႈမ်ားရွိေသာ္လည္း မိမိတို႔ႏိုင္ငံကဲ့သို႔ ဝန္ထမ္းမ်ား CDM ျပဳလုပ္မႈမရွိေၾကာင္း၊ ဝန္ထမ္းမ်ားတာဝန္ထမ္းေဆာင္မႈသည္ ႏိုင္ငံေရးႏွင့္ ေရာေႏွာမႈမရွိၾကေၾကာင္း၊ ႏိုင္ငံ့ ဝန္ထမ္းမ်ားႏွင့္ အစိုးရဝန္ထမ္းမ်ားအေနျဖင့္ ႏိုင္ငံေရးကင္းရွင္းၾကရန္လိုေၾကာင္း။

တပ္မေတာ္သည္ အမ်ိဳးသားေရးတာဝန္အျဖစ္ တို႔တာဝန္အေရးသုံးပါးကို ဦးထိပ္ ထားၿပီး ဒီမိုကေရစီႏွင့္ဖက္ဒရယ္ကို အေျခခံသည့္ ျပည္ေထာင္စုကို အမ်ိဳးသားေရး ရည္မွန္းခ်က္အျဖစ္ မျဖစ္မေနတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း၊ေ႐ြးေကာက္ပြဲအရ ျဖစ္ေပၚခဲ့သည့္ ျပႆနာမ်ားကိုလည္း ဥပေဒႏွင့္အညီသာ ေျဖရွင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္ကို ေလွ်ာက္လွမ္းရာတြင္ ဥပေဒႏွင့္အညီသာေဆာင္႐ြက္ရ မည္ျဖစ္ၿပီး ႐ိုးသားသည့္ ႏိုင္ငံေရး၊ တရားမွ်တသည့္ ႏိုင္ငံေရးကို ေဆာင္႐ြက္ရန္လို ေၾကာင္း၊ ယခုအခါ စာသင္ေက်ာင္းမ်ားပိတ္ထား ရမႈေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ား၊ မိဘမ်ားအေနျဖင့္ နစ္နာမႈမ်ားရွိသကဲ့သို႔ ႏိုင္ငံအတြက္လည္း နစ္နာရမႈမ်ားရွိ ေၾကာင္း၊ ထို႔ေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာသင္ၾကားႏိုင္ေရးအတြက္ အေျခခံပညာေက်ာင္းမ်ားႏွင့္ တကၠသိုလ္မ်ား ျပန္လည္ ဖြင့္လွစ္ႏိုင္ေရးအတြက္ ထုတ္ျပန္ ထားသည့္ COVID-19 စည္းကမ္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ၾကေစလိုေၾကာင္း မွာၾကားသည္။

ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ေဒါက္တာၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္းႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက တကၠသိုလ္ဇုန္(၂၄)ခုတြင္ (၁၄)ဇုန္၌ဥပေဒပညာရပ္ လက္ရွိသင္ၾကားေပးေနမႈႏွင့္ က်န္တကၠသိုလ္ဇုန္ (၁၀)ခုတြင္ ဥေဒပညာရပ္မ်ား ဆက္လက္သင္ၾကားေပးႏိုင္ေရး ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ COVID-19 ထိန္းခ်ဳပ္ႏိုင္မႈအေျခအေနမ်ား၊ စီးပြားေရးႏွင့္ ဥပေဒဘာသာရပ္မ်ား သင္ၾကား ေရးဆိုင္ရာကိစၥရပ္မ်ားအား ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ားညႇိႏႈိင္းျဖည့္ဆည္း ေဆာင္႐ြက္ေပးၿပီး အစည္းအေဝးကို ႐ုပ္သိမ္းလိုက္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။