“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားနှင့် ဆင်းတုတော်အပိုင်း(၂)နှင့် (၃)တို့ကို ကြိုဆို ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာအုတ်မြစ် တော်စီ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်၊ ဝတ္ထုကံတော် အတွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရနှင့် ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ တို့အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး‌ ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြည်ညိုကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး‌ ဒေါ်ကြူကြူလှ တို့သည် မဟာမင်္ဂလာ မဏ္ဍပ်တော်အတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်ကြသည်။

ထို့နောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဈေးကုန်းဆရာတော်ကြီးထံမှ ကိုးပါး သီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များကို သံဃာတော်များထံ ဆက်ကပ်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့က ဈေးကုန်း ဆရာ တော်ကြီးထံလည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီးတို့က ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးထံလည်းကောင်း ရတနာရွှေကြုတ်တော်၊ ဗုဒ္ဓဓာတ်တော်ရွှေကြုတ် တော်၊ ရဟန္တာဓာတ်တော်ရွှေကြုတ်တော်၊ အောင်မြေရွှေကြုတ်တော်၊ ပိဋကတ်သုံးပုံ ကျမ်းဦး၊ ဇယမင်္ဂလာဂါထာနှင့် မင်္ဂလာမော်ကွန်းရွှေပေလွှာများ၊ ပရိဘောဂစေတီ ရွှေသပိတ်တော်၊ မော်ကွန်းကျောက်စာတော်၊ ရတနာအုတ်မြစ်တော်နှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တက်ရောက်လာကြသည့် ဘုရားဒါယကာများက ဆရာတော်ကြီး များထံ သက်ဆိုင်ရာ ရတနာအုတ်မြစ်တော်များနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော် များထံ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် မေတ္တသုတ်တော်၊ ရတနာသုံးပါး ဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ် ကျောက်များကို ယူဆောင်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဝတ္တုကံတွင် ပက်ဖြန်းကြဲဖြန့် ချည်နှောင် တားဆီးကာရံကြသည်။

ယင်းနောက် ပါဠိဆရာတော်ကြီးထံမှ အနုမောဒနာ တရားကို နာယူကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် ဥပါသကာများက ဗုဒ္ဓဓာတ်တော် ရွှေကြုတ်တော်၊ ရဟန္တာ ဓာတ်တော် ရွှေကြုတ်တော်၊ ပိဋကတ်သုံးပုံကျမ်းဦးရွှေပေလွှာ၊ ဇယမင်္ဂလာဂါထာတော် ရွှေပေလွှာ၊ မော်ကွန်းကမ္ပည်းရွှေပေလွှာ၊ ပရိဘောဂစေတီ(ရွှေသပိတ်)တော်၊ ပတ္တမြား ရတနာစီခြယ်ထားသည့် ရွှေအုတ်မြစ်တော်နှင့် မော်ကွန်းကျောက်စာတော်တို့ကို အသီးသီးပင့်ဆောင်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဝတ္ထုကံနေရာအား လက်ယာရစ် လှည့်လည်ပူဇော်ကာ အုတ်မြစ်တော်ဗဟိုဌာနရှိ သတ်မှတ်နေရာသို့ ပင့်ဆောင် ပူဇော်ကြသည်။

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗုဒ္ဓဂါယာ သတ္တဌာန အောင်မြေတော်များနှင့် မြန်မာနိုင်ငံတစ်ဝန်း တန်ခိုးကြီးဘုရားစေတီများမှ အောင်မြေတော်များကို ခင်းကျင်းပူဇော်ပြီး မင်္ဂလာအချိန်တွင် ရတနာရွှေကြုတ်တော်၊ ဗုဒ္ဓဓာတ်တော် ရွှေကြုတ်တော်၊ ရဟန္တာဓာတ်တော် ရွှေကြုတ်တော်၊ ပိဋကတ်သုံးပုံကျမ်းဦးရွှေပေလွှာ၊ ဇယမင်္ဂလာဂါထာတော် ရွှေပေလွှာ၊ မော်ကွန်းကမ္ပည်းရွှေပေလွှာ၊ ပရိဘောဂစေတီ (ရွှေသပိတ်)တော်၊ ပတ္တမြားရတနာစီခြယ်ထားသည့် ရွှေအုတ်မြစ်တော်နှင့် မော်ကွန်း ကျောက်စာတော်တို့ကို စီသွင်းပူဇော်ပြီး ပရိတ်နံ့သာရည် ပက်ဖြန်းပူဇော်သည်။

ဆက်လက်၍ ရတနာအုတ်မြစ်တော်စီသွင်းပူဇော်ရန်အတွက် ရှေးထုံးစဉ်လာ ကျမ်းဂန်တော်လာ အစဉ်အလာမြတ်များနှင့်အညီ နေရာယူကြပြီး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ပုလဲရတနာ အုတ်မြစ်တော်ကိုလည်းကောင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးက နီလာရတနာ အုတ်မြစ်တော် ကိုလည်းကောင်း၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဂေါ်မုတ်ရတနာ အုတ်မြစ်တော် ကိုလည်းကောင်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က မြရတနာ အုတ်မြစ်တော် ကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက သန္တာ ရတနာအုတ်မြစ်တော်ကို လည်းကောင်း၊ ဦးဝင်းရှိန်က ကြောင်မျက်ရတနာ အုတ်မြစ် တော်ကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဥဿဖရား ရတနာ အုတ်မြစ်တော်ကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက စိန်ရတနာ အုတ်မြစ်တော်ကိုလည်းကောင်း အသီးသီးစီသွင်းပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်ကာ အုတ်မြစ်တော်ဗဟိုဌာနတွင် ကျောက်မျက်ရတနာမျိုးစုံကို ကြဲဖြန့်ပူဇော်ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစ ချီသည့် ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကိုရုပ်သိမ်းကာ ရတနာ ရွှေမိုး ငွေမိုး များ ရွာသွန်းဖြိုးခဲ့ကြသည်။

အလားတူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၂)နှင့် (၃)ကို ကြိုဆို ပင့်ဆောင်ခြင်းအခမ်းအနားအား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ဈေးကုန်းဆရာတော်ကြီးနှင့် ပါဠိဆရာတော်ကြီးတို့ ဦးဆောင်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တာဝန်ရှိသူများက “မာရဝိဇယ” ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများကို ပရိတ် နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြကာ ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆို ပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၂)နှင့် အပိုင်း(၃)ကို အပူဇော်ခံမည့်နေရာသို့ ဆက်လက် ပင့်ဆောင် တော်မူကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကိုရုပ်သိမ်းခဲ့ရာ ဝတ်အသင်းအဖွဲ့များက အရပ်ဆယ်မျက်နှာ မေတ္တာပို့လင်္ကာများဖြင့် မေတ္တာဘာဝနာပွားများ ပူဇော်ခဲ့ကြသည်။

အဆိုပါ “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟူသည့် အမည်နာမသည် “မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ်အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော် မူသောမြတ်စွာဘုရား” ဟု အဓိပ္ပါယ်ဖော်ဆောင်ပါကြောင်း၊ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိ စေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ် စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးကို မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ် တို့နှင့် သင့်လျော်ညီညွတ် သည့် ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိ မည်ဖြစ်ကြောင်း၊ ယခုတည်ထား ကိုးကွယ်မည့် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” အား တည်ထားကိုးကွယ်ပြီးစီး ပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည်ဖြစ်သည်။

 

(Zawgyi Version)

“မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ရတနာအုတ္ျမစ္ေတာ္စီ မဟာမဂၤလာအခမ္းအနားႏွင့္ ဆင္းတုေတာ္အပိုင္း(၂)ႏွင့္ (၃)တို႔ကို ႀကိဳဆို ပူေဇာ္ျခင္း မဟာမဂၤလာ အခမ္းအနားက်င္းပ

ေနျပည္ေတာ္ ဧၿပီ ၂၅

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ဗုဒၶဥယ်ာဥ္ေတာ္ တြင္ တည္ထားပူေဇာ္မည့္ “မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ရတနာအုတ္ျမစ္ ေတာ္စီ အခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ ဗုဒၶဥယ်ာဥ္ေတာ္၊ ဝတၳဳကံေတာ္ အတြင္း၌ က်င္းပျပဳလုပ္သည္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္ဩဝါဒါစရိယ ပ်ဥ္းမနားၿမိဳ႕၊ မဟာဝိသုတာရာမ ေဈးကုန္းေက်ာင္းတိုက္ ပဓာနနာယက ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ေဒါက္တာ ဘဒၵႏၲ ကဝိသာရႏွင့္ ပါဠိတကၠသိုလ္မဂၤလာေဇယ်ဳံေက်ာင္းတိုက္ဆရာေတာ္ အဂၢမဟာ ပ႑ိတ၊ အဂၢမဟာသဒၶမေဇာတိကဓဇ ဘဒၵႏၲ ဝိမလဗုဒၶိ တို႔အမႉးျပဳသည့္ ဆရာေတာ္ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ဇနီး‌ ေဒၚၾကဴၾကဴလွ၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ေကာင္စီဝင္မ်ားႏွင့္ ဇနီးမ်ား၊ ေကာင္စီအတြင္းေရးမႉးႏွင့္ဇနီး၊ ေကာင္စီတြဲဖက္အတြင္းေရးမႉးႏွင့္ဇနီး၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္၊ ျပည္ေထာင္စု ဝန္ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ေနျပည္ေတာ္ ေကာင္စီဥကၠ႒ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ ၾကည္ညိဳၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ဇနီး‌ ေဒၚၾကဴၾကဴလွ တို႔သည္ မဟာမဂၤလာ မ႑ပ္ေတာ္အတြင္းရွိ ဗုဒၶ ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္၊ သစ္သီးပန္းမန္၊ ေသာက္ေတာ္ေရခ်မ္းႏွင့္ ဆီမီးတို႔ကို ကပ္လႉပူေဇာ္ၾကသည္။

ထို႔ေနာက္ အခမ္းအနားကို နေမာတႆသုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့ ဖြင့္လွစ္ၿပီး ေဈးကုန္းဆရာေတာ္ႀကီးထံမွ ကိုးပါး သီလခံယူ ေဆာက္တည္ၾကသည္။ ထို႔ေနာက္ ဥပါသကာမ်ားက ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲ၊ ပရိတ္ေက်ာက္မ်ားကို သံဃာေတာ္မ်ားထံ ဆက္ကပ္ၾကၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး တို႔က ေဈးကုန္း ဆရာ ေတာ္ႀကီးထံလည္းေကာင္း၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ႏွင့္ဇနီးတို႔က ပါဠိတကၠသိုလ္ေက်ာင္းတိုက္ ဆရာေတာ္ႀကီးထံလည္းေကာင္း ရတနာေ႐ႊၾကဳတ္ေတာ္၊ ဗုဒၶဓာတ္ေတာ္ေ႐ႊၾကဳတ္ ေတာ္၊ ရဟႏၲာဓာတ္ေတာ္ေ႐ႊၾကဳတ္ေတာ္၊ ေအာင္ေျမေ႐ႊၾကဳတ္ေတာ္၊ ပိဋကတ္သုံးပုံ က်မ္းဦး၊ ဇယမဂၤလာဂါထာႏွင့္ မဂၤလာေမာ္ကြန္းေ႐ႊေပလႊာမ်ား၊ ပရိေဘာဂေစတီ ေ႐ႊသပိတ္ေတာ္၊ ေမာ္ကြန္းေက်ာက္စာေတာ္၊ ရတနာအုတ္ျမစ္ေတာ္ႏွင့္ လႉဖြယ္ ပစၥည္းမ်ားကို ဆက္ကပ္လႉဒါန္းသည္။

ထို႔ေနာက္ တက္ေရာက္လာၾကသည့္ ဘုရားဒါယကာမ်ားက ဆရာေတာ္ႀကီး မ်ားထံ သက္ဆိုင္ရာ ရတနာအုတ္ျမစ္ေတာ္မ်ားႏွင့္ လႉဖြယ္ပစၥည္းမ်ားကို သံဃာေတာ္ မ်ားထံ အသီးသီးဆက္ကပ္လႉဒါန္းၾကသည္။

ယင္းေနာက္ သံဃာေတာ္အရွင္သူျမတ္တို႔ ႐ြတ္ပြားသရဇၩာယ္ေတာ္မူသည့္ ေမတၱသုတ္ေတာ္၊ ရတနာသုံးပါး ဂုဏ္ေတာ္ႏွင့္ ပုဗၺဏွသုတ္ ပရိတ္တရားေတာ္မ်ားကို နာယူ ၾကည္ညိဳၾကၿပီး ဥပါသကာမ်ားက ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲ၊ ပရိတ္ ေက်ာက္မ်ားကို ယူေဆာင္၍ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဝတၱဳကံတြင္ ပက္ျဖန္းႀကဲျဖန႔္ ခ်ည္ေႏွာင္ တားဆီးကာရံၾကသည္။

ယင္းေနာက္ ပါဠိဆရာေတာ္ႀကီးထံမွ အႏုေမာဒနာ တရားကို နာယူၾကၿပီး ေရစက္သြန္းေလာင္း အမွ်ေပးေဝၾကသည္။

ထို႔ေနာက္ ဥပါသကာမ်ားက ဗုဒၶဓာတ္ေတာ္ ေ႐ႊၾကဳတ္ေတာ္၊ ရဟႏၲာ ဓာတ္ေတာ္ ေ႐ႊၾကဳတ္ေတာ္၊ ပိဋကတ္သုံးပုံက်မ္းဦးေ႐ႊေပလႊာ၊ ဇယမဂၤလာဂါထာေတာ္ ေ႐ႊေပလႊာ၊ ေမာ္ကြန္းကမၸည္းေ႐ႊေပလႊာ၊ ပရိေဘာဂေစတီ(ေ႐ႊသပိတ္)ေတာ္၊ ပတၱျမား ရတနာစီျခယ္ထားသည့္ ေ႐ႊအုတ္ျမစ္ေတာ္ႏွင့္ ေမာ္ကြန္းေက်ာက္စာေတာ္တို႔ကို အသီးသီးပင့္ေဆာင္၍ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဝတၳဳကံေနရာအား လက္ယာရစ္ လွည့္လည္ပူေဇာ္ကာ အုတ္ျမစ္ေတာ္ဗဟိုဌာနရွိ သတ္မွတ္ေနရာသို႔ ပင့္ေဆာင္ ပူေဇာ္ၾကသည္။

ထို႔ေနာက္ ဦးေဆာင္ဘုရားဒါယကာ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဗုဒၶဂါယာ သတၱဌာန ေအာင္ေျမေတာ္မ်ားႏွင့္ ျမန္မာႏိုင္ငံတစ္ဝန္း တန္ခိုးႀကီးဘုရားေစတီမ်ားမွ ေအာင္ေျမေတာ္မ်ားကို ခင္းက်င္းပူေဇာ္ၿပီး မဂၤလာအခ်ိန္တြင္ ရတနာေ႐ႊၾကဳတ္ေတာ္၊ ဗုဒၶဓာတ္ေတာ္ ေ႐ႊၾကဳတ္ေတာ္၊ ရဟႏၲာဓာတ္ေတာ္ ေ႐ႊၾကဳတ္ေတာ္၊ ပိဋကတ္သုံးပုံက်မ္းဦးေ႐ႊေပလႊာ၊ ဇယမဂၤလာဂါထာေတာ္ ေ႐ႊေပလႊာ၊ ေမာ္ကြန္းကမၸည္းေ႐ႊေပလႊာ၊ ပရိေဘာဂေစတီ (ေ႐ႊသပိတ္)ေတာ္၊ ပတၱျမားရတနာစီျခယ္ထားသည့္ ေ႐ႊအုတ္ျမစ္ေတာ္ႏွင့္ ေမာ္ကြန္း ေက်ာက္စာေတာ္တို႔ကို စီသြင္းပူေဇာ္ၿပီး ပရိတ္နံ႔သာရည္ ပက္ျဖန္းပူေဇာ္သည္။

ဆက္လက္၍ ရတနာအုတ္ျမစ္ေတာ္စီသြင္းပူေဇာ္ရန္အတြက္ ေရွးထုံးစဥ္လာ က်မ္းဂန္ေတာ္လာ အစဥ္အလာျမတ္မ်ားႏွင့္အညီ ေနရာယူၾကၿပီး ေကာင္စီဒုတိယ ဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)က ပုလဲရတနာ အုတ္ျမစ္ေတာ္ကိုလည္းေကာင္း၊ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက နီလာရတနာ အုတ္ျမစ္ေတာ္ ကိုလည္းေကာင္း၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက ေဂၚမုတ္ရတနာ အုတ္ျမစ္ေတာ္ ကိုလည္းေကာင္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က ျမရတနာ အုတ္ျမစ္ေတာ္ ကိုလည္းေကာင္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးက သႏၲာ ရတနာအုတ္ျမစ္ေတာ္ကို လည္းေကာင္း၊ ဦးဝင္းရွိန္က ေၾကာင္မ်က္ရတနာ အုတ္ျမစ္ ေတာ္ကို လည္းေကာင္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္းက ဥႆဖရား ရတနာ အုတ္ျမစ္ေတာ္ကိုလည္းေကာင္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကံျမင့္သန္းက စိန္ရတနာ အုတ္ျမစ္ေတာ္ကိုလည္းေကာင္း အသီးသီးစီသြင္းပူေဇာ္၍ ပရိတ္နံ႔သာရည္မ်ား ပက္ဖ်န္းပူေဇာ္ကာ အုတ္ျမစ္ေတာ္ဗဟိုဌာနတြင္ ေက်ာက္မ်က္ရတနာမ်ိဳးစုံကို ႀကဲျဖန႔္ပူေဇာ္ၾကသည္။

ထို႔ေနာက္ သံဃာေတာ္အရွင္သူျမတ္မ်ား ဦးေဆာင္၍ “ဇယေႏၲာ ေဗာဓိယာ မူေလ” အစ ခ်ီသည့္ ဇယမဂၤလာေအာင္ဂါထာေတာ္မ်ားကို ႐ြတ္ဆိုပူေဇာ္ၾကသည္။ ယင္းေနာက္ ဗုဒၶသာသနံစိရံတိ႒တု သုံးႀကိမ္႐ြတ္ဆိုဆုေတာင္း၍ အခမ္းအနား ကို႐ုပ္သိမ္းကာ ရတနာ ေ႐ႊမိုး ေငြမိုး မ်ား ႐ြာသြန္းၿဖိဳးခဲ့ၾကသည္။

အလားတူ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္အပိုင္း(၂)ႏွင့္ (၃)ကို ႀကိဳဆို ပင့္ေဆာင္ျခင္းအခမ္းအနားအား အစီအစဥ္အတိုင္း ဆက္လက္က်င္းပျပဳလုပ္ခဲ့ၿပီး ေဈးကုန္းဆရာေတာ္ႀကီးႏွင့္ ပါဠိဆရာေတာ္ႀကီးတို႔ ဦးေဆာင္၍ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ေကာင္စီဒုတိယ ဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ တာဝန္ရွိသူမ်ားက “မာရဝိဇယ” ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္အပိုင္းမ်ားကို ပရိတ္ နံ႔သာရည္မ်ားျဖင့္ ပက္ဖ်န္းပူေဇာ္ၾကကာ ဇယမဂၤလာေအာင္ဂါထာေတာ္မ်ားကို ႐ြတ္ဆို ပူေဇာ္ၾကသည္။ ထို႔ေနာက္ မဂၤလာအခ်ိန္တြင္ “မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ အပိုင္း(၂)ႏွင့္ အပိုင္း(၃)ကို အပူေဇာ္ခံမည့္ေနရာသို႔ ဆက္လက္ ပင့္ေဆာင္ ေတာ္မူၾကသည္။

ယင္းေနာက္ ဗုဒၶသာသနံစိရံတိ႒တု သုံးႀကိမ္႐ြတ္ဆိုဆုေတာင္း၍ အခမ္းအနား ကို႐ုပ္သိမ္းခဲ့ရာ ဝတ္အသင္းအဖြဲ႕မ်ားက အရပ္ဆယ္မ်က္ႏွာ ေမတၱာပို႔လကၤာမ်ားျဖင့္ ေမတၱာဘာဝနာပြားမ်ား ပူေဇာ္ခဲ့ၾကသည္။

အဆိုပါ “မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး” ဟူသည့္ အမည္နာမသည္ “မာရ္နတ္မင္း၏ အေႏွာင့္အယွက္ရန္စြယ္အႏၲရာယ္အေပါင္းကို အထူးေအာင္ျမင္ေတာ္ မူေသာျမတ္စြာဘုရား” ဟု အဓိပၸါယ္ေဖာ္ေဆာင္ပါေၾကာင္း၊ “မာရဝိဇယ” ဗုဒၶ႐ုပ္ပြား ေတာ္ျမတ္ႀကီးကို ျမန္မာႏိုင္ငံတြင္ ေထရဝါဒဗုဒၶ သာသနာေတာ္ႀကီး ခိုင္မာစြာ ထြန္းလင္း ေတာက္ပလ်က္ရွိမႈအား ကမာၻကိုျပသရန္၊ တိုင္းျပည္ေအးခ်မ္း သာယာမႈရွိ ေစရန္၊ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ျပည္တြင္းျပည္ပ ဘုရားဖူးမ်ား လာေရာက္ျခင္းျဖင့္ ေဒသ တိုးတက္စည္ကားမႈျဖစ္ေစရန္၊ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး တိုးတက္မႈ အေထာက္အကူျဖစ္ ေစရန္ စသည့္ ရည္႐ြယ္ခ်က္ ၄ ရပ္ျဖင့္ တည္ထားကိုးကြယ္ရန္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ျမတ္စြာဘုရားရွင္၏ သုံးဆယ့္ႏွစ္ပါးေသာ လကၡဏာေတာ္ႀကီး၊ ရွစ္ဆယ္ေသာ လကၡဏာေတာ္ငယ္ တို႔ႏွင့္ သင့္ေလ်ာ္ညီၫြတ္ သည့္ ဘူမိဖႆမုျဒာဟန္ျဖင့္ ထုဆစ္ပူေဇာ္သြားမည္ျဖစ္ၿပီး ပလႅင္ေတာ္အျမင့္ ၁၈ ေပ၊ ဉာဏ္ေတာ္အျမင့္ ၆၃ ေပ၊ စုစုေပါင္း ၈၁ ေပအျမင့္ရွိ မည္ျဖစ္ေၾကာင္း၊ ယခုတည္ထား ကိုးကြယ္မည့္ “မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး” အား တည္ထားကိုးကြယ္ၿပီးစီး ပါက ျမန္မာတြင္သာမက ကမာၻ႔ႏိုင္ငံမ်ားတြင္ပါ စက်င္ေက်ာက္ေတာ္ႀကီးျဖင့္ ထုဆစ္သည့္ ဆင္းတုေတာ္ႀကီးမ်ားအနက္ အႀကီးဆုံးႏွင့္ ဉာဏ္ေတာ္အျမင့္မားဆုံး ဆင္းတုေတာ္ႀကီးျဖစ္လာမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။