တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေအတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၊ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအထောက်အကူပြုပစ္စည်းများပေးအပ်

နေပြည်တော်၊ စက်တင်ဘာ – ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးနှင့်ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် (COVID-19) ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများပေးအပ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးနှင့်ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်း၊(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ပြောကြားရာတွင် မိမိအနေဖြင့် ရှမ်းပြည်နယ်အတွင်း အရာရှိငယ်ဘ၀တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါး ကျေးရွာအုပ်စု၊ လွယ်ခန် ကျေးရွာအနီးတစ်ဝိုက်၌ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်စဉ် မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည့်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကိုယ် တိုင်ကိုယ်ကျ ချီးကျူးရန်နှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များအတွက် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများပေးအပ်ရန် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ၉၃၁ ကြိမ်၊ ကာလ တန်ဖိုးငွေကျပ် ၄၉၅ ဒသမ ၅၀ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၃၀ ဒသမ ၃၃ သန်းခန့်) ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိမှုအနေဖြင့် ၁၂၇၀ ကြိမ်၊ ကာလတန်ဖိုးငွေကျပ် ၈၈ ဒသမ ၁၆ ဘီလီယံခန့်(အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၈ ဒသမ ၇၆ သန်းခန့်) ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ဖမ်းဆီးရမိသည့်အတွက် ဂုဏ်ယူသော်လည်း မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး မကင်းစင်သေးကြောင်း ဖော်ပြသကဲ့သို့ဖြစ်နေကြောင်း၊ မိမိတို့နိုင်ငံ၌ မူးယစ်ဆေးဝါးကို ပပျောက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အတိတ်ကိုလက်ညှိုးထိုးနေ၍မရဘဲ ပစ္စုပ္ပန်တွင် ရောက်ရှိနေသည့်သူများက အတိတ်ကိုသင်ခန်းစာယူ၍ အနာဂတ်ကိုကောင်းအောင် ဖန်တီးကြရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို နိုင်ငံ့အရေး၊ အမျိုးသားရေးအဖြစ်ဆောင် ရွက်ကြရမည်ဖြစ်ပြီး အမျိုးသားရေးကို လူမျိုးစွဲဟု အဓိပ္ပာယ်ဖွင့်ဆိုမှုမလွဲကြစေလိုဘဲ နိုင်ငံကိုကောင်းအောင် ဆောင်ရွက် ခြင်းသည် အမျိုးသားရေးပင်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် မည်သည့်လူမျိုးပင်ဖြစ်စေ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသည့် မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် နိုင်ငံ့ကောင်းရာကောင်းကျိုးကို ဝိုင်းဝန်းသယ်ပိုးကြစေလိုကြောင်း။

(COVID-19) ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၌ ယနေ့နံနက်ပိုင်းအထိ ရောဂါပိုးအတည်ပြုလူနာ ၃၈၉၄ ဦး၊ သေဆုံးသူ ၄၆ ဦးရှိပြီဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင် ဖြစ်ပွားမှု ပမာဏနည်းပါးသည်ဆိုသော်လည်း သတိထား၍ နေထိုင်သွားလာကြစေလိုကြောင်း၊ မိမိတို့နိုင်ငံ၌ အစောပိုင်းကာလများတွင် ရောဂါဖြစ်ပွားမှုနှုန်းနည်းပါးခဲ့ပြီး ဩဂုတ်လနောက်ပိုင်းမှစ၍ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့ကြောင်း၊ ယခုထက်ပိုမို၍လည်း တိုးပွားလာနိုင်သည်ကို သုံးသပ်တွေ့ရှိရသဖြင့် တစ်ဦးချင်းအသိတရားဖြင့် ဆင်ခြင်နေထိုင်ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးတွင် အသိပညာပေးမှုအပိုင်း၊ ကြိုတင်ကာကွယ်ခြင်းအပိုင်းနှင့် ကုသခြင်းအပိုင်းဟူ၍ရှိပြီး ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် တိုက်တွန်းချက်၊ တားမြစ်ချက်၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လိုက်နာကြရန်လိုကြောင်း၊ ယခုလာရောက်ချိန်တွင် ဒေသခံပြည်သူလူထုနှင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များအတွက် (COVID-19) ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်ရန်ယူလာခဲ့ပါကြောင်း၊ ပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း အတိုင်းအတာတစ်ခုထိ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် (COVID-19) ရောဂါစတင်ဖြစ်ပွားသည့် အချိန်မတိုင်မီကပင် တပ်မတော်သားများ၊ မိသားစုဝင်များအပြင် ပြည်သူလူထု၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းများ၊ မိသားစုဝင်များအတွက် ဆေးအကာအကွယ်ပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အခြားလိုအပ်သည်များကို လုပ်ဆောင်နိုင်သည်မှန်သမျှ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ပြင် အခြေခံလူတန်းစားများ၊ သဘင်၊ ဂီတ၊ ပန်းချီ စသည့် အနုပညာရှင်များ၊ မီဒီယာအဖွဲ့အစည်းများ၊ အားကစားသမားများနှင့်အခြားပုံမှန်ဝင်ငွေ မရှိနိုင်သူများကို ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်အမယ် ၄ မျိုးကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တစ်စိုက်မတ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ပြည်စုံနေ၍ဆောင်ရွက်ပေးနေခြင်းမဟုတ်ဘဲ ပြည်သူများနှင့်အတူ အခက်အခဲမှန်သမျှကိုမျှဝေခံစားပြီး ကူညီဆောင်ရွက်ပေးနေခြင်းသာဖြစ်ကြောင်း။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် ရေခံမြေခံကောင်းနှင့် သယံဇာတများစွာရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် ဈေးကွက်ရှိပြီးသားဖြစ်သဖြင့် သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့်အညီထုတ်လုပ်နိုင်ပါက ပြည်တွင်းဈေးကွက်အပြင် ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ပြီး အကျိုးမရှိမဖြစ်စေလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံ၏လိုအပ်ချက်ဖြစ်သည့် ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ အသားစားကြက်၊ အသားစားနွားတို့ကို မွေးမြူဖြန့်ဖြူးနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် စိုက်ပျိုး မွေးမြူ ရေးဇုန်များ သတ်မှတ်၍တွင်ကျယ်စွာဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ဆောင်ရွက်မည်ဆိုပါက တပ်မတော်မှလိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဈေးကွက်ဝင်သည့် ဒေသထုတ်ကုန်များကို ထုတ်လုပ်ပြီးဒေသဖွံ့ဖြိုး တိုးတက်ရေးကို အကျိုးပြုနိုင်ကြရမည်ဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အရည်အသွေးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များလိုအပ်သည်ဖြစ်၍ ပညာရေးကို အားပေးကြရန်လိုအပ်ပြီး လူသားအရင်းအမြစ်များကို မွေးထုတ်ကြရမည်ဖြစ်ကြောင်း၊ ဒေသခံပညာတတ်များက ဦးဆောင်ပြီး ဒေသ၏အကျိုးဖြစ်ထွန်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ စားသုံးကုန်များကို ပြင်ပမှဝယ်ယူစားသုံးပါက ငွေကြေးကုန်ကျမည်ဖြစ်ပြီး မိမိဒေသတွင်းမှ ထုတ်လုပ်ရောင်းချနိုင်ပါက ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်၀မှုကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ဒေသနှင့်တိုင်းပြည်တိုးတက်စေရေးအတွက် ဖြစ်စေလိုသည့်စိတ်ဖြင့်သာ အကြံပြုပြောကြားခြင်းဖြစ်ကြောင်း။

ငြိမ်းချမ်းမှုရှိမှသာလျင် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလျင်မြန်စေမည်ဖြစ်သောကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရရှိရန် တပ်မတော်က အလိုလားဆုံးပင်ဖြစ်ကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားများသည်လည်း မြန်မာနိုင်ငံသားများ ပင်ဖြစ်သည့်အတွက် မည်သို့ပင်ဖြစ်စေ တိုင်းပြည်အတွက် အရှုံးများနှင့်သာကြုံတွေ့ရမည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးကို ရရှိအောင်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ၊ အစိုးရ၊ တပ်မတော်တို့ ဝိုင်းဝန်းပူးပေါင်း၍ လက်တွဲညီညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြား သည်။

ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက် ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ရာ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးက လက်ခံရယူခဲ့သည်။

ယင်းနောက် (COVID-19) ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀ ခု၊ N95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride(25L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူး၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ စုံနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကိုပေးအပ်ရာ ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ တင်မောင်ညွန့်နှင့် မြို့မိမြို့ဖများဖြစ်သည့် ဒေါက်တာ ဒီပနှင့် ဦးစိုင်းကြူနှင့် ပြည်နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်တို့က အသီးသီး လက်ခံရယူ ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နယ္ေျမအတြင္း မူးယစ္ေဆးဝါးကို ထိေရာက္စြာ တားဆီးႏွိမ္နင္းႏိုင္ခဲ့သည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခ်ီးျမႇင့္၊ (COVID-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးအေထာက္အကူျပဳပစၥည္းမ်ားေပးအပ္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပိုင္းတြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္ပညာေရးႏွင့္က်န္းမာေရးဌာနတို႔မွ တာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားအား အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ခန္းမ၌ ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၍ မူးယစ္ေဆးဝါးဖမ္းဆီးရာတြင္ လုပ္ငန္းေအာင္ျမင္ေအာင္ေဆာင္႐ြက္ခဲ့ၾကသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားႏွင့္ (COVID-19) ေရာဂါကာကြယ္ ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္း အေထာက္အကူျပဳပစၥည္းမ်ားေပးအပ္သည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအး၊ ျပည္နယ္ဒုတိယအေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူေဇာ္၊ ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ႕မႉး႐ုံး(လားရႈိး)မွ ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ဗညားဦးႏွင့္ဌာနဆိုင္ရာမ်ား၊ နယ္ေျမခံ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားအား ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မူးယစ္ေဆးဝါးဖမ္းဆီးရာတြင္ လုပ္ငန္းေအာင္ျမင္ေအာင္ ေဆာင္႐ြက္ခဲ့သည့္အတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္ျခင္း၊(COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းအေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္ျခင္းႏွင့္ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ေျပာၾကားရာတြင္ မိမိအေနျဖင့္ ရွမ္းျပည္နယ္အတြင္း အရာရွိငယ္ဘ၀တြင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေၾကာင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းခါး ေက်း႐ြာအုပ္စု၊ လြယ္ခန္ ေက်း႐ြာအနီးတစ္ဝိုက္၌ နယ္ေျမစိုးမိုးေရးႏွင့္ တရားဥပေဒစိုးမိုးေရး ေဆာင္႐ြက္စဥ္ မူးယစ္ေဆးဝါး၊ ဓာတုပစၥည္းမ်ားႏွင့္ လက္နက္ခဲယမ္းဆက္စပ္ပစၥည္းမ်ား သိမ္းဆည္း ရမိခဲ့သည့္အတြက္ စြမ္းစြမ္းတမံေဆာင္႐ြက္ခဲ့သည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအား ကိုယ္ တိုင္ကိုယ္က် ခ်ီးက်ဴးရန္ႏွင့္ ေဒသခံျပည္သူမ်ား၊ ဌာနဆိုင္ရာအဖြဲ႕ဝင္မ်ားအတြက္ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းအေထာက္အကူျပဳပစၥည္းမ်ားေပးအပ္ရန္ လာေရာက္ခဲ့ျခင္းျဖစ္ပါေၾကာင္း။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နယ္ေျမအတြင္း ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွ စက္တင္ဘာလ ၁၅ ရက္အထိ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈအေနျဖင့္ ၉၃၁ ႀကိမ္၊ ကာလ တန္ဖိုးေငြက်ပ္ ၄၉၅ ဒသမ ၅၀ ဘီလီယံခန႔္ (အေမရိကန္ေဒၚလာ သန္းေပါင္း ၃၃၀ ဒသမ ၃၃ သန္းခန႔္) ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ၂၀၁၉ ခုႏွစ္အတြင္း ဖမ္းဆီးရမိမႈအေနျဖင့္ ၁၂၇၀ ႀကိမ္၊ ကာလတန္ဖိုးေငြက်ပ္ ၈၈ ဒသမ ၁၆ ဘီလီယံခန႔္(အေမရိကန္ေဒၚလာ သန္းေပါင္း ၅၈ ဒသမ ၇၆ သန္းခန႔္) ကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ ထိုသို႔ ဖမ္းဆီးရမိသည့္အတြက္ ဂုဏ္ယူေသာ္လည္း ျမန္မာႏိုင္ငံ၌ မူးယစ္ေဆးဝါး မကင္းစင္ေသးေၾကာင္း ေဖာ္ျပသကဲ့သို႔ျဖစ္ေနေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ မူးယစ္ေဆးဝါးကို ပေပ်ာက္ေအာင္ ဝိုင္းဝန္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ အတိတ္ကိုလက္ညႇိဳးထိုးေန၍မရဘဲ ပစၥဳပၸန္တြင္ ေရာက္ရွိေနသည့္သူမ်ားက အတိတ္ကိုသင္ခန္းစာယူ၍ အနာဂတ္ကိုေကာင္းေအာင္ ဖန္တီးၾကရမည္ျဖစ္ေၾကာင္း၊ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးကို ႏိုင္ငံ့အေရး၊ အမ်ိဳးသားေရးအျဖစ္ေဆာင္ ႐ြက္ၾကရမည္ျဖစ္ၿပီး အမ်ိဳးသားေရးကို လူမ်ိဳးစြဲဟု အဓိပၸာယ္ဖြင့္ဆိုမႈမလြဲၾကေစလိုဘဲ ႏိုင္ငံကိုေကာင္းေအာင္ ေဆာင္႐ြက္ ျခင္းသည္ အမ်ိဳးသားေရးပင္ျဖစ္ေၾကာင္း၊ ႏိုင္ငံအတြင္း မွီတင္းေနထိုင္သည့္ မည္သည့္လူမ်ိဳးပင္ျဖစ္ေစ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္ၾကသည့္ ျမန္မာႏိုင္ငံသားမ်ားျဖစ္သည့္အတြက္ ႏိုင္ငံ့ေကာင္းရာေကာင္းက်ိဳးကို ဝိုင္းဝန္းသယ္ပိုးၾကေစလိုေၾကာင္း။

(COVID-19) ေရာဂါျဖစ္ပြားမႈႏွင့္ ပတ္သက္၍ မိမိတို႔ႏိုင္ငံ၌ ယေန႔နံနက္ပိုင္းအထိ ေရာဂါပိုးအတည္ျပဳလူနာ ၃၈၉၄ ဦး၊ ေသဆုံးသူ ၄၆ ဦးရွိၿပီျဖစ္ၿပီး ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေဒသတြင္ ျဖစ္ပြားမႈ ပမာဏနည္းပါးသည္ဆိုေသာ္လည္း သတိထား၍ ေနထိုင္သြားလာၾကေစလိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ အေစာပိုင္းကာလမ်ားတြင္ ေရာဂါျဖစ္ပြားမႈႏႈန္းနည္းပါးခဲ့ၿပီး ဩဂုတ္လေနာက္ပိုင္းမွစ၍ ေရာဂါကူးစက္ျဖစ္ပြားမႈႏႈန္း ျမင့္တက္လာခဲ့ေၾကာင္း၊ ယခုထက္ပိုမို၍လည္း တိုးပြားလာႏိုင္သည္ကို သုံးသပ္ေတြ႕ရွိရသျဖင့္ တစ္ဦးခ်င္းအသိတရားျဖင့္ ဆင္ျခင္ေနထိုင္ၾကရမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးတြင္ အသိပညာေပးမႈအပိုင္း၊ ႀကိဳတင္ကာကြယ္ျခင္းအပိုင္းႏွင့္ ကုသျခင္းအပိုင္းဟူ၍ရွိၿပီး ေရာဂါျဖစ္ပြားမႈႏွင့္ ပတ္သက္သည့္ တိုက္တြန္းခ်က္၊ တားျမစ္ခ်က္၊ ေဆာင္ရန္၊ ေရွာင္ရန္အခ်က္မ်ားကို လိုက္နာၾကရန္လိုေၾကာင္း၊ ယခုလာေရာက္ခ်ိန္တြင္ ေဒသခံျပည္သူလူထုႏွင့္ ဌာနဆိုင္ရာ အဖြဲ႕ဝင္မ်ားအတြက္ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားကို ေပးအပ္ရန္ယူလာခဲ့ပါေၾကာင္း၊ ျပည့္စုံသည္ဟု မဆိုႏိုင္ေသာ္လည္း အတိုင္းအတာတစ္ခုထိ အေထာက္အကူျဖစ္ေစမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ (COVID-19) ေရာဂါစတင္ျဖစ္ပြားသည့္ အခ်ိန္မတိုင္မီကပင္ တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားအျပင္ ျပည္သူလူထု၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ စစ္မႈထမ္းေဟာင္း၊ ရဲမႈထမ္းေဟာင္းမ်ား၊ မိသားစုဝင္မ်ားအတြက္ ေဆးအကာအကြယ္ပစၥည္းမ်ား၊ အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားႏွင့္ အျခားလိုအပ္သည္မ်ားကို လုပ္ေဆာင္ႏိုင္သည္မွန္သမွ် ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ထို႔ျပင္ အေျခခံလူတန္းစားမ်ား၊ သဘင္၊ ဂီတ၊ ပန္းခ်ီ စသည့္ အႏုပညာရွင္မ်ား၊ မီဒီယာအဖြဲ႕အစည္းမ်ား၊ အားကစားသမားမ်ားႏွင့္အျခားပုံမွန္ဝင္ေငြ မရွိႏိုင္သူမ်ားကို ဆန္၊ ဆီ၊ ဆား၊ ပဲ စသည့္အမယ္ ၄ မ်ိဳးကို ေထာက္ပံ့ေပးလ်က္ရွိေၾကာင္း၊ က်န္းမာမွအလုပ္လုပ္ႏိုင္မည္၊ က်န္းမာမွ ပညာသင္ၾကားႏိုင္မည္ျဖစ္သျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို တစ္စိုက္မတ္မတ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျပည္စုံေန၍ေဆာင္႐ြက္ေပးေနျခင္းမဟုတ္ဘဲ ျပည္သူမ်ားႏွင့္အတူ အခက္အခဲမွန္သမွ်ကိုမွ်ေဝခံစားၿပီး ကူညီေဆာင္႐ြက္ေပးေနျခင္းသာျဖစ္ေၾကာင္း။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသသည္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ေရခံေျမခံေကာင္းႏွင့္ သယံဇာတမ်ားစြာရွိေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားသည္ ေဈးကြက္ရွိၿပီးသားျဖစ္သျဖင့္ သတ္မွတ္ထားသည့္စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီထုတ္လုပ္ႏိုင္ပါက ျပည္တြင္းေဈးကြက္အျပင္ ျပည္ပႏိုင္ငံမ်ားသို႔ပါ တင္ပို႔ေရာင္းခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းေဆာင္႐ြက္ၿပီး အက်ိဳးမရွိမျဖစ္ေစလိုေၾကာင္း၊ အိမ္နီးခ်င္းႏိုင္ငံ၏လိုအပ္ခ်က္ျဖစ္သည့္ ဆန္စပါး၊ အေစ့ထုတ္ေျပာင္း၊ အသားစားၾကက္၊ အသားစားႏြားတို႔ကို ေမြးျမဴျဖန႔္ျဖဴးႏိုင္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္တြင္ စိုက္ပ်ိဳး ေမြးျမဴ ေရးဇုန္မ်ား သတ္မွတ္၍တြင္က်ယ္စြာေဆာင္႐ြက္လ်က္ရွိၿပီး ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသအတြင္း ေဆာင္႐ြက္မည္ဆိုပါက တပ္မေတာ္မွလိုအပ္သည္မ်ား ကူညီေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ ေဈးကြက္ဝင္သည့္ ေဒသထုတ္ကုန္မ်ားကို ထုတ္လုပ္ၿပီးေဒသဖြံ႕ၿဖိဳး တိုးတက္ေရးကို အက်ိဳးျပဳႏိုင္ၾကရမည္ျဖစ္ေၾကာင္း။

ထိုသို႔ေဆာင္႐ြက္ႏိုင္ေရးအတြက္ အရည္အေသြးျမင့္ထုတ္ကုန္မ်ားကို ထုတ္လုပ္ႏိုင္မည့္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားလိုအပ္သည္ျဖစ္၍ ပညာေရးကို အားေပးၾကရန္လိုအပ္ၿပီး လူသားအရင္းအျမစ္မ်ားကို ေမြးထုတ္ၾကရမည္ျဖစ္ေၾကာင္း၊ ေဒသခံပညာတတ္မ်ားက ဦးေဆာင္ၿပီး ေဒသ၏အက်ိဳးျဖစ္ထြန္းေအာင္ ဝိုင္းဝန္းေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ စားသုံးကုန္မ်ားကို ျပင္ပမွဝယ္ယူစားသုံးပါက ေငြေၾကးကုန္က်မည္ျဖစ္ၿပီး မိမိေဒသတြင္းမွ ထုတ္လုပ္ေရာင္းခ်ႏိုင္ပါက ေဒသ၏ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ႂကြယ္၀မႈကိုျဖစ္ေပၚေစမည္ျဖစ္ေၾကာင္း၊ ေဒသႏွင့္တိုင္းျပည္တိုးတက္ေစေရးအတြက္ ျဖစ္ေစလိုသည့္စိတ္ျဖင့္သာ အႀကံျပဳေျပာၾကားျခင္းျဖစ္ေၾကာင္း။

ၿငိမ္းခ်မ္းမႈရွိမွသာလ်င္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ပိုမိုလ်င္ျမန္ေစမည္ျဖစ္ေသာေၾကာင့္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ၿငိမ္းခ်မ္းမႈရရွိရန္ တပ္မေတာ္က အလိုလားဆုံးပင္ျဖစ္ေၾကာင္း၊ လက္နက္ကိုင္တိုင္းရင္းသားမ်ားသည္လည္း ျမန္မာႏိုင္ငံသားမ်ား ပင္ျဖစ္သည့္အတြက္ မည္သို႔ပင္ျဖစ္ေစ တိုင္းျပည္အတြက္ အရႈံးမ်ားႏွင့္သာႀကဳံေတြ႕ရမည္ျဖစ္ေသာေၾကာင့္ ၿငိမ္းခ်မ္းေရးကို ရရွိေအာင္ႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပည္သူ၊ အစိုးရ၊ တပ္မေတာ္တို႔ ဝိုင္းဝန္းပူးေပါင္း၍ လက္တြဲညီညီေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကား သည္။

ထို႔ေနာက္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နယ္ေျမအတြင္း မူးယစ္ေဆးဝါး တိုက္ဖ်က္ ေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ခဲ့သည့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕အား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္ခ်ီးျမႇင့္ရာ ရွမ္းျပည္နယ္ဒုတိယရဲတပ္ဖြဲ႕မႉး႐ုံး(လားရႈိး)မွ ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ဗညားဦးက လက္ခံရယူခဲ့သည္။

ယင္းေနာက္ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ ကုသေရး အေထာက္အကူျပဳ ပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၂၀၀၀၀ ခု၊ N95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride(25L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူး၊ Personal Protective Equipment (PPE) ဝတ္စုံ ၃၀၀ စုံႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကိုေပးအပ္ရာ ျပည္နယ္က်န္းမာေရးမႉး ေဒါက္တာ တင္ေမာင္ၫြန႔္ႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားျဖစ္သည့္ ေဒါက္တာ ဒီပႏွင့္ ဦးစိုင္းၾကဴႏွင့္ ျပည္နယ္ ဒုတိယအေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူေဇာ္တို႔က အသီးသီး လက္ခံရယူ ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္ လာၾကသည့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။