နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ၁၃၈၃ ခုနှစ် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား

 

နှစ်ဟောင်းမှ နှစ်သစ်ကိုကူးပြောင်းတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန် ကာလဟာ မြန်မာနိုင်ငံသားတို့ရဲ့ ရိုးရာဓလေ့ပွဲတော်များအနက် ထူးခြား လေးနက်မှုရှိတဲ့ ပွဲတော်တစ်ရပ်ပဲဖြစ်ပါတယ်။

နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးတဲ့ ဒီလိုအချိန်ခါမှာ ပြည်ထောင်စု အတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ၊ မင်္ဂလာရှိတဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ၊ ကောင်းကျိုးလိုအင် ဆန္ဒများပြည့်ဝကြပါစေ၊ COVID-19 ကပ်ရောဂါဘေးကြီးကလည်း ကျော်လွှားနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ပြန်ကြည့်မယ်ဆိုရင် COVID-19 ကပ်ရောဂါဖြစ်ပွားလာခဲ့တဲ့ စိန်ခေါ်မှုနဲ့အခက်အခဲတွေ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တဲ့ ကြီးမားတဲ့ မဲစာရင်း မှားယွင်းမှုများကြောင့် နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်အာဏာကို အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ တာဝန်ပေးအပ်လာတဲ့အတွက် တပ်မတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ရပြီး ပုံမှန်ကာလမဟုတ်တဲ့အခြေအနေကို ရင်ဆိုင် ခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ရဲ့ တာဝန်ကို ထမ်းဆောင်နေစဉ်ကာလအတွင်း ပြည်သူတွေရဲ့ ဆန္ဒနှစ်ခုဖြစ်တဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း မိဘပြည်သူ များရဲ့ဆန္ဒများ ပြည့်ဝစေရေးအတွက် အစွမ်းကုန်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ အစိုးရအဖွဲ့ တစ်ခုတည်းသာ မဟုတ်ဘဲ မဏ္ဍိုင် များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများအားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားဖို့လိုပါမယ်။ အရေးကြီးဆုံးကတော့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပြီး ညင်သာတဲ့ အသွင်ကူးပြောင်းမှုကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ အားလုံးက အမြင်ကျယ်ကျယ်၊ ဉာဏ်ပညာ ရှိရှိဖြင့် ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း တိုက်တွန်းလိုပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နဲ့ ပြည်သူ လူထုရဲ့ လူမှုစီးပွားဘဝတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးနဲ့ အတူတကွလက်တွဲပြီး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးကို ပြန်လည် တည်ဆောက်တဲ့ နေရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှမ်းခြုံစဉ်းစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ စီးပွားရေးအခြေခံ အဆောက်အအုံတွေ ခိုင်မာရေးအတွက် အရေးကြီးတဲ့စီးပွားရေး အင်စတီကျူးရှင်းတွေကို အားပေး တာတွေ၊ သေချာတဲ့ ကုန်ထုတ်လုပ်မှုတွေကို အားပေးတာတွေ လုပ်ဆောင် ရမှာဖြစ်ပါတယ်။

ယခုလို COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး တိုင်းရင်းသား ပြည်သူ လူထုအတွက်ကာကွယ်ရေး၊ ကုသရေးတို့တွင်မျက်ခြည်မပြတ် စောင့်ကြည့် ဆောင်ရွက်ပေးလျက်ရှိရာမှာ ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် အိန္ဒိယ နိုင်ငံထုတ်၊ တရုတ်နိုင်ငံထုတ်၊ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးများကိုလူဦးရေ ၁၅ သန်းကျော်အား ဦးစားပေးအဆင့် ၃ ဆင့်၊ အုပ်စု ၅ စုခွဲ၍ ထိုးနှံ ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိတွင်ကာကွယ်ဆေး ၃ သန်းခွဲရောက်ရှိနေပြီး ထပ်မံ၍ ၂၈ သန်း ရောက်ရှိမှာဖြစ်ပြီး ပြည်သူလူထုအတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အလေးထားဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ ကျန်းမာမှ အလုပ်လုပ် နိုင်မယ်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ကျန်းမာမှသာ မိမိတို့ရဲ့ အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေနိုင်ဖို့ အတွက် ငြိမ်းချမ်းရေးကို အနှောင့်အယှက် အဟန့်အတားဖြစ်စေသည့် မည်သည့်ကိစ္စမျိုးကိုမဆို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင် အထည်ဖော်နိုင်ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေကြတဲ့အဖွဲ့အစည်း တွေ၊ လူပုဂ္ဂိုလ်တွေအနေဖြင့် ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာရေး၊ လူမှု စီးပွား ဘဝဖွံ့ဖြိုး တိုးတက်စေရေးနဲ့ ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန် လျှောက်လှမ်းနိုင်စေဖို့အတွက် ပူးပေါင်းဆောင်ရွက် စေလိုပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်ရဲ့တိုးတက်မှုဟာ ဖြစ်ထွန်းစေမှာဖြစ်ပါ တယ်။

ယခုလို ၁၃၈၃ ခုနှစ် ကျက်သရေမင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန် ကာလအခါသမယမှာ ကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ဟောင်းတွေမှ အားနည်းချက်တွေကိုပြုပြင်၊ အားသာချက်တွေကို ဆင်ခြင်သုံးသပ် မြှင့်တင် ပြီး နိုင်ငံတော်နဲ့နိုင်ငံသားတို့အတွက် ပေးဆပ်သယ်ပိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဖွားတိုင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာ ရွှင်လန်းစွာဖြင့် ကျွန်တော်တို့နှင့်အတူ ပြည်ထောင်စုအကျိုးကို လက်တွဲ ဆောင်ရွက်ကြပါစို့လို့ ဆန္ဒမွန်ပြုနှစ်သစ်ဦး အမှာစကားပါး လိုက်ပါတယ်၊ အားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ ခင်ဗျာ။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာၾကားသည့္

၁၃၈၃ ခုႏွစ္ ျမန္မာႏွစ္သစ္ကူးႏႈတ္ခြန္းဆက္ မဂၤလာစကား

ႏွစ္ေဟာင္းမွ ႏွစ္သစ္ကိုကူးေျပာင္းတဲ့ ျမန္မာ့႐ိုးရာအတာသၾကၤန္ ကာလဟာ ျမန္မာႏိုင္ငံသားတို႔ရဲ႕ ႐ိုးရာဓေလ့ပြဲေတာ္မ်ားအနက္ ထူးျခား ေလးနက္မႈရွိတဲ့ ပြဲေတာ္တစ္ရပ္ပဲျဖစ္ပါတယ္။

ႏွစ္ေဟာင္းကေန ႏွစ္သစ္ကိုကူးတဲ့ ဒီလိုအခ်ိန္ခါမွာ ျပည္ေထာင္စု အတြင္းမွာရွိတဲ့ တိုင္းရင္းသားျပည္သူ ညီအစ္ကိုေမာင္ႏွမမ်ားအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာပါေစ၊ မဂၤလာရွိတဲ့ေန႔ရက္မ်ားကို ပိုင္ဆိုင္ႏိုင္ၾကပါေစ၊ ေကာင္းက်ိဳးလိုအင္ ဆႏၵမ်ားျပည့္ဝၾကပါေစ၊ COVID-19 ကပ္ေရာဂါေဘးႀကီးကလည္း ေက်ာ္လႊားႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းအပ္ပါတယ္။

ျဖတ္သန္းခဲ့တဲ့ တစ္ႏွစ္တာကာလအတြင္း ျပန္ၾကည့္မယ္ဆိုရင္ COVID-19 ကပ္ေရာဂါျဖစ္ပြားလာခဲ့တဲ့ စိန္ေခၚမႈနဲ႔အခက္အခဲေတြ၊ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပခဲ့တဲ့ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲမွာ ရည္႐ြယ္ခ်က္ရွိရွိ ေဆာင္႐ြက္ခဲ့တဲ့ ႀကီးမားတဲ့ မဲစာရင္း မွားယြင္းမႈမ်ားေၾကာင့္ ႏိုင္ငံေတာ္ရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)အရ ႏိုင္ငံေတာ္အာဏာကို အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္မ်ားနဲ႔အညီ တာဝန္ေပးအပ္လာတဲ့အတြက္ တပ္မေတာ္က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကို ဖြဲ႕စည္းခဲ့ရၿပီး ပုံမွန္ကာလမဟုတ္တဲ့အေျခအေနကို ရင္ဆိုင္ ခဲ့ရတာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္ရဲ႕ တာဝန္ကို ထမ္းေဆာင္ေနစဥ္ကာလအတြင္း ျပည္သူေတြရဲ႕ ဆႏၵႏွစ္ခုျဖစ္တဲ့ တည္ၿငိမ္ ေအးခ်မ္းေရးနဲ႔ လူမႈစီးပြားဘဝဖြံ႕ၿဖိဳး တိုးတက္ေရးကို အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး ဆက္လက္၍လည္း မိဘျပည္သူ မ်ားရဲ႕ဆႏၵမ်ား ျပည့္ဝေစေရးအတြက္ အစြမ္းကုန္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။

ဒီလိုလုပ္ေဆာင္ရာမွာ အစိုးရအဖြဲ႕ တစ္ခုတည္းသာ မဟုတ္ဘဲ မ႑ိဳင္ မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ျပည္သူမ်ားအားလုံးက ဝိုင္းဝန္း ပူးေပါင္းေဆာင္႐ြက္ သြားဖို႔လိုပါမယ္။ အေရးႀကီးဆုံးကေတာ့ ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္ၿပီး ညင္သာတဲ့ အသြင္ကူးေျပာင္းမႈကို ဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔ အားလုံးက အျမင္က်ယ္က်ယ္၊ ဉာဏ္ပညာ ရွိရွိျဖင့္ ေဆာင္႐ြက္သြားဖို႔လိုအပ္ေၾကာင္း တိုက္တြန္းလိုပါတယ္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္နဲ႔ ျပည္သူ လူထုရဲ႕ လူမႈစီးပြားဘဝတည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ျပည္ေထာင္စု တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ားအားလုံးနဲ႔ အတူတကြလက္တြဲၿပီး အားသြန္ခြန္စိုက္ႀကိဳးပမ္း ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

တိုင္းျပည္တစ္ျပည္ရဲ႕ စီးပြားေရးကို ျပန္လည္ တည္ေဆာက္တဲ့ ေနရာမွာ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ လႊမ္းၿခဳံစဥ္းစားေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ အဓိကကေတာ့ စီးပြားေရးအေျခခံ အေဆာက္အအုံေတြ ခိုင္မာေရးအတြက္ အေရးႀကီးတဲ့စီးပြားေရး အင္စတီက်ဴးရွင္းေတြကို အားေပး တာေတြ၊ ေသခ်ာတဲ့ ကုန္ထုတ္လုပ္မႈေတြကို အားေပးတာေတြ လုပ္ေဆာင္ ရမွာျဖစ္ပါတယ္။

ယခုလို COVID-19 ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး တိုင္းရင္းသား ျပည္သူ လူထုအတြက္ကာကြယ္ေရး၊ ကုသေရးတို႔တြင္မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ ေဆာင္႐ြက္ေပးလ်က္ရွိရာမွာ ကာကြယ္ေဆးထိုးေပးႏိုင္ေရးအတြက္ အိႏၵိယ ႏိုင္ငံထုတ္၊ တ႐ုတ္ႏိုင္ငံထုတ္၊ ႐ုရွားႏိုင္ငံထုတ္ ကာကြယ္ေဆးမ်ားကိုလူဦးေရ ၁၅ သန္းေက်ာ္အား ဦးစားေပးအဆင့္ ၃ ဆင့္၊ အုပ္စု ၅ စုခြဲ၍ ထိုးႏွံ ေပးသြားမွာျဖစ္ပါတယ္။

လက္ရွိတြင္ကာကြယ္ေဆး ၃ သန္းခြဲေရာက္ရွိေနၿပီး ထပ္မံ၍ ၂၈ သန္း ေရာက္ရွိမွာျဖစ္ၿပီး ျပည္သူလူထုအတြက္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး အေလးထားေဆာင္႐ြက္ ေပးသြားမွာျဖစ္ပါတယ္။ က်န္းမာမွ အလုပ္လုပ္ ႏိုင္မယ္၊ က်န္းမာမွ ပညာသင္ၾကားႏိုင္မွာျဖစ္ပါတယ္။ က်န္းမာမွသာ မိမိတို႔ရဲ႕ အနာဂတ္ကို ေကာင္းမြန္စြာ ဖန္တီးႏိုင္မွာပဲ ျဖစ္ပါတယ္။

တပ္မေတာ္အေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေအာင္ျမင္ေစႏိုင္ဖို႔ အတြက္ ၿငိမ္းခ်မ္းေရးကို အေႏွာင့္အယွက္ အဟန္႔အတားျဖစ္ေစသည့္ မည္သည့္ကိစၥမ်ိဳးကိုမဆို ေရွာင္ရွားၿပီး ထာဝရၿငိမ္းခ်မ္းေရးကို အေကာင္ အထည္ေဖာ္ႏိုင္ရန္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ပါဝင္ေနၾကတဲ့အဖြဲ႕အစည္း ေတြ၊ လူပုဂၢိဳလ္ေတြအေနျဖင့္ ျပည္ေထာင္စုႀကီးၿငိမ္းခ်မ္းသာယာေရး၊ လူမႈ စီးပြား ဘဝဖြံ႕ၿဖိဳး တိုးတက္ေစေရးနဲ႔ ဒီမိုကေရစီလမ္းစဥ္ကို နည္းမွန္လမ္းမွန္ ေလွ်ာက္လွမ္းႏိုင္ေစဖို႔အတြက္ ပူးေပါင္းေဆာင္႐ြက္ ေစလိုပါတယ္။ ထာဝရ ၿငိမ္းခ်မ္းေရးရရွိမွသာ တိုင္းျပည္ရဲ႕တိုးတက္မႈဟာ ျဖစ္ထြန္းေစမွာျဖစ္ပါ တယ္။

ယခုလို ၁၃၈၃ ခုႏွစ္ က်က္သေရမဂၤလာရွိတဲ့ ႏွစ္သစ္ဦးအခ်ိန္ ကာလအခါသမယမွာ ကြၽန္ေတာ္တို႔ျဖတ္သန္းလာခဲ့ရတဲ့ ႏွစ္ေဟာင္းေတြမွ အားနည္းခ်က္ေတြကိုျပဳျပင္၊ အားသာခ်က္ေတြကို ဆင္ျခင္သုံးသပ္ ျမႇင့္တင္ ၿပီး ႏိုင္ငံေတာ္နဲ႔ႏိုင္ငံသားတို႔အတြက္ ေပးဆပ္သယ္ပိုး ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

ျပည္ေထာင္စုဖြားတိုင္းသား ညီအစ္ကိုေမာင္ႏွမမ်ားအားလုံး က်န္းမာ ႐ႊင္လန္းစြာျဖင့္ ကြၽန္ေတာ္တို႔ႏွင့္အတူ ျပည္ေထာင္စုအက်ိဳးကို လက္တြဲ ေဆာင္႐ြက္ၾကပါစို႔လို႔ ဆႏၵမြန္ျပဳႏွစ္သစ္ဦး အမွာစကားပါး လိုက္ပါတယ္၊ အားလုံး က်န္းမာ ႐ႊင္လန္း ၾကပါေစ ခင္ဗ်ာ။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။