နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မေ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမောင်မောင်အုန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးစည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြ သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမ တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို က မန္တလေး တိုင်းဒေသကြီးအတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုး တိုးတက်ရေးဆောင်ရွက်မှု အခြေအနေများ၊ COVID -19 ရောဂါကာကွယ်ဆေး ထိုးနှံဆောင် ရွက်ထားရှိမှုအခြေအနေများနှင့် အထွေထွေ အချက်အလက်များကို ရှင်းလင်း တင်ပြပြီး မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း က စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ လျှပ်စစ်မီးဖူလုံရေး၊ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် လုပ်ဆောင်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မန္တလေးမြို့တော် သည် လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက စတင်ပြောင်းလဲလာခဲ့ပြီး အဘက် ဘက်မှ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ကိုတွေ့ရှိရကြောင်း၊ မြို့တော်သန့်ရှင်း သာယာလှပ ရေး အတွက် စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ၏ ပါဝင်မှုသည် အဓိက အရေးကြီးပြီး ပြည်သူများက တစ်ဦးချင်း ကိုယ်စီအသိဖြင့် ပါဝင်ပါက မြို့တော်သည် သန့်ရှင်းသာယာနေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ရေထုတ်စနစ် အလွန်အားနည်းခဲ့သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီး အမြန်ဆုံးအဖြေရှာပြုပြင်ရန်လိုအပ်မည်ဖြစ် ကြောင်း၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် ရေ၏ ထုထည်၊ စီးဝင်မှုနှင့် ရေစီးကြောင်းတစ်လျှောက် ရေမြောင်း အကျယ်ပမာဏတို့ကို စနစ်တကျတွက်ချက်ရန်လိုကြောင်း၊ ရေ၏ ထုထည်ကြီး မားသည်နှင့်အမျှ ၎င်းရေထုကို လွယ်ကူစွာ စီးဆင်းစေနိုင်ရေးအတွက် ရေမြောင်းများ ဖောက်လုပ် ရာတွင် အကျဉ်းမှ အကျယ်သို့ တဖြည်းဖြည်းချင်း ကူးပြောင်းဖောက်လုပ်နိုင်ရေး တွက်ချက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

ရေပေးဝေရေးအတွက် မြေအောက်ရေ ‌ပေးဝေရေးနှင့် ပတ်သက်၍ မြေ အောက်ရေကို အတတ်နိုင်ဆုံး ထုတ်ယူမသုံးစွဲစေလိုဘဲ ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် တို့မှ မြစ်ရေကို တင်ယူကာ သုံးစွဲနိုင်ရေး လုပ်ဆောင်ကြစေလို ကြောင်း၊ မြစ်ရေတင်စီမံကိန်းများလုပ်ဆောင်ရာတွင် လိုအပ်မည့် လျှပ်စစ်ဓာတ် အားများကို ဆိုလာစနစ်ဖြင့် သုံးစွဲနိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီး၏ ဆန်ဖူလုံမှုသည် ၆၈ ရာခိုင်နှုန်း ခန့်သာရှိသည့် အတွက် ပြင်ပမှ ဆန်များကို ဝယ်ယူစားသုံးနေရသည်ဟု သိရှိရကြောင်း၊ ဝယ်ယူ စားသုံးနေရသည့် ဆန် ၄၀ ရာခိုင်နှုန်းခန့်ကို ဖူလုံမှုရှိစေရေးအတွက် ၁ ဧက အထွက်နှုန်းတိုးစေရေးနှင့် နွေစပါး ရရှိအောင် စိုက်ပျိုးရမည်ဖြစ်ပြီး မြစ်ရေတင် စီမံကိန်းများမှတစ်ဆင့် ဒေသ၏ လိုအပ်သည့် သုံးရေနှင့် စိုက်ပျိုးရေများကို ပေးဝေနိုင်ပါက ဒေသတိုးတက်မှုနှင့် လူနေမှုဘဝကို ပိုမိုအထောက်အကူ ဖြစ်လာစေမည်ဖြစ်ကြောင်း၊

ထို့ပြင် လက်ရှိ မြို့တွင်းလမ်းများ ချဲ့ထွင်ရာ၌ ဆိုင်ကယ်မောင်းနှင်ရန် လမ်းကြောင်းကို ထည့်သွင်းစဉ်းစားပြီး ပလက်ဖောင်းနှင့် မျဉ်းဝါအကြားတွင် ဆိုင်ကယ်လမ်းကြောင်းသတ်မှတ်ထည့်သွင်းရန်လိုကြောင်း၊ အထွက်နှုန်း တိုးပွား အောင် စိုက်ပျိုးမြေဧက တိုးချဲ့စိုက်ပျိုးပါက မြေဧကအတွက် အကုန်အကျ များ မည်ဖြစ်သဖြင့် အထွက်နှုန်းကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် စိုက်ပျိုး ရေး အသိပညာ ဗဟုသုတများ တိုးပွားအောင် လုပ်ဆောင်ပေးကြရမည်ဖြစ် ကြောင်း၊ ဒေသတွင်းထုတ်ကုန်များကို ထုတ်လုပ်နိုင်မှသာလျင် ဒေသတွင်း ငွေကြေး ကြွယ်ဝမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ထိုမှတစ်ဆင့် တိုင်းပြည်ကို ကြွယ်ဝ ချမ်းသာလာစေ နိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးဖူလုံရန်၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရန်၊ ဆက်သွယ်မှုစနစ်ကောင်းမွန်ရန်နှင့် ကျန်းမာရေးနှင့် ပညာရေးစနစ်ကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းတို့ရှိရန် လိုအပ် ကြောင်း၊ လူသားအရင်းအမြစ်ကောင်းရရှိရန်အတွက် ကျန်းမာရေး၊ ပညာရေး တို့ကို အားပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူသားအရင်းအမြစ်များ ထွက်ပေါ်လာစေရန် အလွန်အရေးကြီးသည့် ပညာတတ်မျိုးဆက်သစ်များ ပေါ် ထွက်လာစေရေး ပညာရေးကို အားပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ်အထက် လုံးဝ ကျောင်းမနေဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ထို့ကြောင့် လုံးဝ စာသင်ကြားဖူးခြင်းမရှိသူများကို အ သုံးလုံး ပညာသင်ကြားပေးနိုင်ရေး၊ စာမတတ် မြောက်သူ ပပျောက်ရေး စီမံချက်များရေးဆွဲ၍ ပညာရေးပြဿနာကို အဖြေရှာ ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး မသမာသူလူအုပ်စု အချို့ကို ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်မှု မရှိအောင် နည်းမျိုးစုံဖြင့်နှောင့်ယှက် နေကြသည်ကို တွေ့မြင်ကြရ မည်ဖြစ် ကြောင်း၊ မိမိတို့တိုင်းပြည်သည် သဘာဝ ဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ အသိဉာဏ်ခေါင်းပါးသည့် လူတချို့က နိုင်ငံတော်၏ မျက်နှာကို မကြည့်ဘဲ လုပ်ဆောင်မှုများကြောင့် နစ်နာပျက်စီး နေရသည်ကို ဝိုင်းဝန်းဖြေရှင်းကြရ မည်ဖြစ်ကြောင်း၊ ပညာသင်ကြားရေးတွင် ပညာရေးဝန်ထမ်းများဖြင့်သာမက အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်း ပါဝင်မှသာလျင် စိတ်အေးချမ်းသာ စွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးတွင် နောက်ကျကျန်နေခဲ့ ပါက ရေရှည်တွင် တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုများစွာရှိနိုင်ကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို စာပေပညာ သင်ကြားပေးရန် တာဝန်ရှိကြောင်း၊ ဒီမိုကရေစီ စနစ်တွင် မိမိဆန္ဒနှင့် မကိုက်ညီ သည်များရှိနိုင်သော်လည်း နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ အလုပ်တာဝန် နှင့် မိမိတို့၏ ခံစားချက်များကို ခွဲခြားသိမြင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံတိုင်းတွင် အစိုးရကို ဆန့်ကျင်သည် များရှိသော်လည်း နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး တို့ကို ထိခိုက်အောင် မလုပ်ဆောင်ကြကြောင်းနှင့် မိမိတို့နိုင်ငံ၌ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများကို မီးရှို့ခြင်း၊ နိုင်ငံတော်၏ အုပ်ချုပ်မှု အဆောက်အဦ များကို ဗုံးခွဲဖျက်ဆီးခြင်းများ၊ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများကို နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ခြင်းများ လုပ်ဆောင်နေကြသည်ကို တွေ့မြင် နေကြရပြီး နိုင်ငံတော်၏ မျက်နှာကို မကြည့်ဘဲ လုပ်ဆောင်နေခြင်းများဖြစ်သဖြင့် စိုးရိမ်ပူပန်နေကြရကြောင်း။

မိမိတို့နိုင်ငံ၏ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ဆောင်ကြသဖြင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ် တို့ကို ရေရှည်စီမံကိန်းဖြင့် တိုးချဲ့လုပ်ဆောင်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးတွင် အောင်မြင်စေရန် မြေ၊ ရေ၊ နည်း၊ မျိုး တို့ကို ကောင်းမွန်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုး ရေးနည်းစနစ်များကို တောင်သူများသို့ ဝေမျှပေးနိုင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေး တွင် အထွက်ကောင်းမွန်သည့် ကျန်းမာသန့်ရှင်းသည့် မွေးမြူရေးစနစ်ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေရှင်း ဆောင်ရွက်ပေးမှုမရှိခြင်းနှင့် နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းလာမှုအခြေအနေများကြောင့် ယာယီသမ္မတ၏ တာဝန်လွှဲအပ်မှုအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်း တာဝန်ယူခဲ့ရကြောင်း၊ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း ဆောင်ရွက်ကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ကိုချမှတ်၍ နိုင်ငံ တော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ခေတ္တတာဝန်ယူထိန်းသိမ်းနေခြင်းသာ ဖြစ်ပြီး တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အားကစား ကဏ္ဍအဆင့်မြှင့်တင်ရေးအတွက်လည်း ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ် ပြီး အားကစားအောင်မြင်မှုများမှ တဆင့် အမျိုးသားရေးစိတ်ဓာတ် ခိုင်မာ မြင့် မာရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး ၊ပြည်နယ် နှင့် မြို့နယ် အလိုက် မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းများ တည်ဆောက် သွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတွေ့ဆုံပွဲအပြီး၌ လည်း မန္တလေးမြို့ရှိ အားကစားရုံ၊ ကွင်း များအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ လုပ်ကိုင် ဆောင်ရွက်ကြရန်နှင့် အားလုံး ပါဝင်ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိဒေသကို၊ မိမိ တိုင်းပြည်ကို တိုးတက်ကောင်းမွန် စေလိုသည့် စိတ်ထား၍ နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ချမ်းအေးသာစံမြို့နယ်ရှိ ဗထူး အားကစားပြိုင်ဝင်းအတွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကွင်းအဆင့်မြှင့် တင်ရေးဆိုင်ရာများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ မႏၲေလးတိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ေမ ၁၇

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ယေန႔မြန္းလြဲပိုင္းတြင္ မႏၲေလးတိုင္း ေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၌ သြားေရာက္ေတြ႕ဆုံ အမွာစကား ေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးေအာင္ႏိုင္ဦး၊ ေဒါက္တာ ၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ဦးေမာင္ေမာင္အုန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ မႏၲေလးတိုင္းေဒသႀကီးစီမံ အုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးေမာင္ကို၊ အလယ္ ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုဦး၊ တိုင္းေဒသႀကီးစည္ပင္ သာယာေရးေကာ္မတီဥကၠ႒ ၿမိဳ႕ေတာ္ဝန္ ဦးေက်ာ္ဆန္း၊ တိုင္းေဒသႀကီးစီမံ အုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား တက္ေရာက္ၾက သည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒ ႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ အစည္းအေဝးခန္းမ တြင္ တိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးေမာင္ကို က မႏၲေလး တိုင္းေဒသႀကီးအတြင္း လူမႈေရး၊ စီးပြားေရး၊ က်န္းမာေရး၊ ေဒသဖြံၿဖိဳး တိုးတက္ေရးေဆာင္႐ြက္မႈ အေျခအေနမ်ား၊ COVID -19 ေရာဂါကာကြယ္ေဆး ထိုးႏွံေဆာင္ ႐ြက္ထားရွိမႈအေျခအေနမ်ားႏွင့္ အေထြေထြ အခ်က္အလက္မ်ားကို ရွင္းလင္း တင္ျပၿပီး ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ၿမိဳ႕ေတာ္ဝန္ ဦးေက်ာ္ဆန္း က စည္ပင္သာယာေရးလုပ္ငန္းေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ လွ်ပ္စစ္မီးဖူလုံေရး၊ ေရေပးေဝေရးလုပ္ငန္းေဆာင္႐ြက္ေနမႈႏွင့္ ဆက္လက္ လုပ္ေဆာင္သြားမည့္ အေျခအေနမ်ားကို ရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ မႏၲေလးၿမိဳ႕ေတာ္ သည္ လြန္ခဲ့သည့္ ဆယ္စုႏွစ္ကတည္းက စတင္ေျပာင္းလဲလာခဲ့ၿပီး အဘက္ ဘက္မွ ဖြံ႕ၿဖိဳးတိုးတက္လာခဲ့သည္ကိုေတြ႕ရွိရေၾကာင္း၊ ၿမိဳ႕ေတာ္သန႔္ရွင္း သာယာလွပ ေရး အတြက္ စည္ပင္သာယာေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ျပည္သူမ်ား၏ ပါဝင္မႈသည္ အဓိက အေရးႀကီးၿပီး ျပည္သူမ်ားက တစ္ဦးခ်င္း ကိုယ္စီအသိျဖင့္ ပါဝင္ပါက ၿမိဳ႕ေတာ္သည္ သန႔္ရွင္းသာယာေနမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ ေရထုတ္စနစ္ အလြန္အားနည္းခဲ့သျဖင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနသည္ကို ေတြ႕ရွိရၿပီး အျမန္ဆုံးအေျဖရွာျပဳျပင္ရန္လိုအပ္မည္ျဖစ္ ေၾကာင္း၊ ေရစီးေရလာ ေကာင္းမြန္ေရး၊ ေရေျမာင္းမ်ား ပိတ္ဆို႔မႈမရွိေစေရးအတြက္ ေရ၏ ထုထည္၊ စီးဝင္မႈႏွင့္ ေရစီးေၾကာင္းတစ္ေလွ်ာက္ ေရေျမာင္း အက်ယ္ပမာဏတို႔ကို စနစ္တက်တြက္ခ်က္ရန္လိုေၾကာင္း၊ ေရ၏ ထုထည္ႀကီး မားသည္ႏွင့္အမွ် ၎ေရထုကို လြယ္ကူစြာ စီးဆင္းေစႏိုင္ေရးအတြက္ ေရေျမာင္းမ်ား ေဖာက္လုပ္ ရာတြင္ အက်ဥ္းမွ အက်ယ္သို႔ တျဖည္းျဖည္းခ်င္း ကူးေျပာင္းေဖာက္လုပ္ႏိုင္ေရး တြက္ခ်က္လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း။

ေရေပးေဝေရးအတြက္ ေျမေအာက္ေရ ‌ေပးေဝေရးႏွင့္ ပတ္သက္၍ ေျမ ေအာက္ေရကို အတတ္ႏိုင္ဆုံး ထုတ္ယူမသုံးစြဲေစလိုဘဲ ဧရာဝတီျမစ္ႏွင့္ ျမစ္ငယ္ျမစ္ တို႔မွ ျမစ္ေရကို တင္ယူကာ သုံးစြဲႏိုင္ေရး လုပ္ေဆာင္ၾကေစလို ေၾကာင္း၊ ျမစ္ေရတင္စီမံကိန္းမ်ားလုပ္ေဆာင္ရာတြင္ လိုအပ္မည့္ လွ်ပ္စစ္ဓာတ္ အားမ်ားကို ဆိုလာစနစ္ျဖင့္ သုံးစြဲႏိုင္ေရး လုပ္ေဆာင္ရန္လိုေၾကာင္း၊ မႏၲေလးတိုင္းေဒသႀကီး၏ ဆန္ဖူလုံမႈသည္ ၆၈ ရာခိုင္ႏႈန္း ခန႔္သာရွိသည့္ အတြက္ ျပင္ပမွ ဆန္မ်ားကို ဝယ္ယူစားသုံးေနရသည္ဟု သိရွိရေၾကာင္း၊ ဝယ္ယူ စားသုံးေနရသည့္ ဆန္ ၄၀ ရာခိုင္ႏႈန္းခန႔္ကို ဖူလုံမႈရွိေစေရးအတြက္ ၁ ဧက အထြက္ႏႈန္းတိုးေစေရးႏွင့္ ေႏြစပါး ရရွိေအာင္ စိုက္ပ်ိဳးရမည္ျဖစ္ၿပီး ျမစ္ေရတင္ စီမံကိန္းမ်ားမွတစ္ဆင့္ ေဒသ၏ လိုအပ္သည့္ သုံးေရႏွင့္ စိုက္ပ်ိဳးေရမ်ားကို ေပးေဝႏိုင္ပါက ေဒသတိုးတက္မႈႏွင့္ လူေနမႈဘဝကို ပိုမိုအေထာက္အကူ ျဖစ္လာေစမည္ျဖစ္ေၾကာင္း၊

ထို႔ျပင္ လက္ရွိ ၿမိဳ႕တြင္းလမ္းမ်ား ခ်ဲ႕ထြင္ရာ၌ ဆိုင္ကယ္ေမာင္းႏွင္ရန္ လမ္းေၾကာင္းကို ထည့္သြင္းစဥ္းစားၿပီး ပလက္ေဖာင္းႏွင့္ မ်ဥ္းဝါအၾကားတြင္ ဆိုင္ကယ္လမ္းေၾကာင္းသတ္မွတ္ထည့္သြင္းရန္လိုေၾကာင္း၊ အထြက္ႏႈန္း တိုးပြား ေအာင္ စိုက္ပ်ိဳးေျမဧက တိုးခ်ဲ႕စိုက္ပ်ိဳးပါက ေျမဧကအတြက္ အကုန္အက် မ်ား မည္ျဖစ္သျဖင့္ အထြက္ႏႈန္းေကာင္းမြန္ေအာင္ လုပ္ေဆာင္ႏိုင္မည့္ စိုက္ပ်ိဳး ေရး အသိပညာ ဗဟုသုတမ်ား တိုးပြားေအာင္ လုပ္ေဆာင္ေပးၾကရမည္ျဖစ္ ေၾကာင္း၊ ေဒသတြင္းထုတ္ကုန္မ်ားကို ထုတ္လုပ္ႏိုင္မွသာလ်င္ ေဒသတြင္း ေငြေၾကး ႂကြယ္ဝမည္ျဖစ္ၿပီး တိုင္းေဒသႀကီး၊ ျပည္နယ္ ထိုမွတစ္ဆင့္ တိုင္းျပည္ကို ႂကြယ္ဝ ခ်မ္းသာလာေစ ႏိုင္မည္ျဖစ္ေၾကာင္း။

ႏိုင္ငံတစ္ခုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လွ်ပ္စစ္မီးဖူလုံရန္၊ လမ္းပန္း ဆက္သြယ္မႈေကာင္းမြန္ရန္၊ ဆက္သြယ္မႈစနစ္ေကာင္းမြန္ရန္ႏွင့္ က်န္းမာေရးႏွင့္ ပညာေရးစနစ္ေကာင္းမြန္သည့္ လူသားအရင္းအျမစ္ေကာင္းတို႔ရွိရန္ လိုအပ္ ေၾကာင္း၊ လူသားအရင္းအျမစ္ေကာင္းရရွိရန္အတြက္ က်န္းမာေရး၊ ပညာေရး တို႔ကို အားေပးရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ လူသားအရင္းအျမစ္မ်ား ထြက္ေပၚလာေစရန္ အလြန္အေရးႀကီးသည့္ ပညာတတ္မ်ိဳးဆက္သစ္မ်ား ေပၚ ထြက္လာေစေရး ပညာေရးကို အားေပးၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္ ၾကားျဖတ္သန္းေခါင္စာရင္းအရ အသက္ ၅ ႏွစ္အထက္ လုံးဝ ေက်ာင္းမေနဖူးသူ ၈ ဒသမ ၁ ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္း၊ ထို႔ေၾကာင့္ လုံးဝ စာသင္ၾကားဖူးျခင္းမရွိသူမ်ားကို အ သုံးလုံး ပညာသင္ၾကားေပးႏိုင္ေရး၊ စာမတတ္ ေျမာက္သူ ပေပ်ာက္ေရး စီမံခ်က္မ်ားေရးဆြဲ၍ ပညာေရးျပႆနာကို အေျဖရွာ ၾကရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ လက္ရွိ အခ်ိန္တြင္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ လ်က္ရွိၿပီး မသမာသူလူအုပ္စု အခ်ိဳ႕ကို ေက်ာင္းမ်ားျပန္လည္ ဖြင့္လွစ္ႏိုင္မႈ မရွိေအာင္ နည္းမ်ိဳးစုံျဖင့္ေႏွာင့္ယွက္ ေနၾကသည္ကို ေတြ႕ျမင္ၾကရ မည္ျဖစ္ ေၾကာင္း၊ မိမိတို႔တိုင္းျပည္သည္ သဘာဝ ေဘးအႏၲရာယ္ေၾကာင့္မဟုတ္ဘဲ အသိဉာဏ္ေခါင္းပါးသည့္ လူတခ်ိဳ႕က ႏိုင္ငံေတာ္၏ မ်က္ႏွာကို မၾကည့္ဘဲ လုပ္ေဆာင္မႈမ်ားေၾကာင့္ နစ္နာပ်က္စီး ေနရသည္ကို ဝိုင္းဝန္းေျဖရွင္းၾကရ မည္ျဖစ္ေၾကာင္း၊ ပညာသင္ၾကားေရးတြင္ ပညာေရးဝန္ထမ္းမ်ားျဖင့္သာမက အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားအားလုံး ဝိုင္းဝန္း ပါဝင္မွသာလ်င္ စိတ္ေအးခ်မ္းသာ စြာျဖင့္ ပညာသင္ၾကားႏိုင္မည္ျဖစ္ေၾကာင္း၊ ပညာေရးတြင္ ေနာက္က်က်န္ေနခဲ့ ပါက ေရရွည္တြင္ တိုင္းျပည္အတြက္ ထိခိုက္နစ္နာမႈမ်ားစြာရွိႏိုင္ေၾကာင္း၊ ပညာေရးဝန္ထမ္းမ်ားအေနျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို စာေပပညာ သင္ၾကားေပးရန္ တာဝန္ရွိေၾကာင္း၊ ဒီမိုကေရစီ စနစ္တြင္ မိမိဆႏၵႏွင့္ မကိုက္ညီ သည္မ်ားရွိႏိုင္ေသာ္လည္း ႏိုင္ငံ့ဝန္ထမ္းမ်ား အေနျဖင့္ မိမိတို႔၏ အလုပ္တာဝန္ ႏွင့္ မိမိတို႔၏ ခံစားခ်က္မ်ားကို ခြဲျခားသိျမင္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ ကမာၻေပၚရွိ ဒီမိုကေရစီက်င့္သုံးသည့္ ႏိုင္ငံတိုင္းတြင္ အစိုးရကို ဆန႔္က်င္သည္ မ်ားရွိေသာ္လည္း ႏိုင္ငံ၏ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ ေရး တို႔ကို ထိခိုက္ေအာင္ မလုပ္ေဆာင္ၾကေၾကာင္းႏွင့္ မိမိတို႔ႏိုင္ငံ၌ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ ေဈးမ်ားကို မီးရႈိ႕ျခင္း၊ ႏိုင္ငံေတာ္၏ အုပ္ခ်ဳပ္မႈ အေဆာက္အဦ မ်ားကို ဗုံးခြဲဖ်က္ဆီးျခင္းမ်ား၊ လမ္းပန္းဆက္သြယ္ေရး လမ္းေၾကာင္းမ်ားကို နည္းမ်ိဳးစုံျဖင့္ ျဖတ္ေတာက္ပိတ္ဆို႔ျခင္းမ်ား လုပ္ေဆာင္ေနၾကသည္ကို ေတြ႕ျမင္ ေနၾကရၿပီး ႏိုင္ငံေတာ္၏ မ်က္ႏွာကို မၾကည့္ဘဲ လုပ္ေဆာင္ေနျခင္းမ်ားျဖစ္သျဖင့္ စိုးရိမ္ပူပန္ေနၾကရေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနသူမ်ားျဖစ္ၿပီး စိုက္ပ်ိဳးေမြးျမဴေရးကို အဓိက လုပ္ေဆာင္ၾကသျဖင့္ စိုက္ပ်ိဳးေမြးျမဴေရးသိပၸံ၊ ေကာလိပ္၊ တကၠသိုလ္ တို႔ကို ေရရွည္စီမံကိန္းျဖင့္ တိုးခ်ဲ႕လုပ္ေဆာင္ၾကရန္လိုအပ္ မည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳး ေရးတြင္ ေအာင္ျမင္ေစရန္ ေျမ၊ ေရ၊ နည္း၊ မ်ိဳး တို႔ကို ေကာင္းမြန္ေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ၿပီး ေခတ္ႏွင့္ေလ်ာ္ညီသည့္ စိုက္ပ်ိဳး ေရးနည္းစနစ္မ်ားကို ေတာင္သူမ်ားသို႔ ေဝမွ်ေပးႏိုင္ရမည္ျဖစ္ေၾကာင္း၊ ေမြးျမဴေရး တြင္ အထြက္ေကာင္းမြန္သည့္ က်န္းမာသန႔္ရွင္းသည့္ ေမြးျမဴေရးစနစ္ျဖစ္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း။

တပ္မေတာ္အေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲတြင္ ျဖစ္ေပၚခဲ့သည့္ မဲမသမာမႈမ်ားအား သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ေျဖရွင္း ေဆာင္႐ြက္ေပးမႈမရွိျခင္းႏွင့္ ႏိုင္ငံေတာ္၏ အာဏာကို အတင္းအဓမၼရယူရန္ ႀကိဳးပမ္းလာမႈအေျခအေနမ်ားေၾကာင့္ ယာယီသမၼတ၏ တာဝန္လႊဲအပ္မႈအရ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ႏွင့္အညီ ႏိုင္ငံေတာ္၏ တာဝန္ကို လႊဲေျပာင္း တာဝန္ယူခဲ့ရေၾကာင္း၊ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္း ေဆာင္႐ြက္ကာ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၊ ဦးတည္ခ်က္ ၉ ရပ္တို႔ကိုခ်မွတ္၍ ႏိုင္ငံ ေတာ္ကို ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေအာင္ ႀကိဳးပမ္းစီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္ကို ေခတၱတာဝန္ယူထိန္းသိမ္းေနျခင္းသာ ျဖစ္ၿပီး တာဝန္ယူေဆာင္႐ြက္ေနသည့္ ကာလအတြင္း အတတ္ႏိုင္ဆုံး အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ အားကစား က႑အဆင့္ျမႇင့္တင္ေရးအတြက္လည္း ႀကိဳးပမ္းလုပ္ေဆာင္သြားမည္ျဖစ္ ၿပီး အားကစားေအာင္ျမင္မႈမ်ားမွ တဆင့္ အမ်ိဳးသားေရးစိတ္ဓာတ္ ခိုင္မာ ျမင့္ မာေရးကို ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းေဒသႀကီး ၊ျပည္နယ္ ႏွင့္ ၿမိဳ႕နယ္ အလိုက္ မီတာ ၄၀၀ ေျပးလမ္းပါ အားကစားကြင္းမ်ား တည္ေဆာက္ သြားႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခုေတြ႕ဆုံပြဲအၿပီး၌ လည္း မႏၲေလးၿမိဳ႕ရွိ အားကစား႐ုံ၊ ကြင္း မ်ားအား သြားေရာက္ၾကည့္ရႈ၍ လိုအပ္သည္မ်ားကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း။

ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ ႏိုင္ငံ့ဝန္ထမ္းေကာင္းပီသစြာ လုပ္ကိုင္ ေဆာင္႐ြက္ၾကရန္ႏွင့္ အားလုံး ပါဝင္ထိန္းသိမ္းေဆာင္႐ြက္ၾကရန္ လိုအပ္မည္ ျဖစ္ေၾကာင္း၊ ေဒသတြင္းအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားအေနျဖင့္ မိမိေဒသကို၊ မိမိ တိုင္းျပည္ကို တိုးတက္ေကာင္းမြန္ ေစလိုသည့္ စိတ္ထား၍ ႏိုင္ငံ့ဝန္ထမ္းေကာင္း ပီသစြာျဖင့္ လုပ္ကိုင္ေဆာင္႐ြက္သြားၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ တိုင္း ေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား အား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ ဗထူး အားကစားၿပိဳင္ဝင္းအတြင္းသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးၿပီး ကြင္းအဆင့္ျမႇင့္ တင္ေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ တာဝန္ရွိသူမ်ားအား လိုအပ္သည္မ်ားကို မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။