ပြည်ထောင်စုနယ်မြေနေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်ပြီး အစိုးရရုံး စိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ သန့်ရှင်းသာယာသပ်ရပ်မှုတွင် စံပြဖြစ်နေရမည်ဖြစ်

နေပြည်တော် မေ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဉီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နေပြည်တော်ကောင်စီဉက္ကဌ ဒေါက်တာ မောင်မောင်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော်ကန်တော်မင်္ဂလာ ပတ်လမ်းတိုးချဲ့တည်ဆောက် မည့်အခြေအနေနှင့် ရာဇဌာနီလမ်း ကုက္ကိုတန်းရှေ့ အလှမြက်ခင်းစိုက်မည့် မြေ နေရာပြုပြင်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီးရှိ မင်္ဂလာကန်တော် ပန်းခြံအတွင်း ကန်တော်ပတ်လမ်း တိုးချဲ့တည်ဆောက်မည့် နေရာသို့ရောက်ရှိကြ ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။

ထို့နောက် မင်္ဂလာကန်တော်ပတ်လမ်းရှိ အများပြည်သူအပန်းဖြေရန်နေရာ၊ အမှတ်တရသော့ချိတ်ဆွဲရန်နေရာ၊ မင်္ဂလာကန်တော်ရှိရေပေါ်ရှုရပ်စင်နှင့် အားကစား လေ့ကျင့်လုပ်ဆောင်နိုင်သည့် နေရာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်ပြီး အစိုးရရုံး စိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ သန့်ရှင်းသာယာသပ်ရပ်မှုတွင် စံပြဖြစ်နေရမည် ဖြစ်ကြောင်း၊ အများပြည်သူအပန်းဖြေသည့်နေရာဖြစ်သည့်အတွက် ပြည်သူများ စိတ်လက်အေးချမ်းသာယာစွာဖြင့် အနားယူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်ပေး လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် မကြာမီအချိန်အတွင်း မိုးရာသီကာလသို့ ရောက်ရှိ တော့မည်ဖြစ်သဖြင့် မြို့တော်အတွင်း လမ်းများ၊ လူနေရပ်ကွက်များအတွင်း ရေစီး ရေလာကောင်းမွန်စေရေးနှင့် အမှိုက်များကင်းစင်ကာ သန့်ရှင်းသာယာမှုရှိစေရေး ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ဖြင့် ပြောကြားပြီး အခြားလိုအပ်သည့် အခြေအနေများကို တာဝန်ရှိသူများအား မှာကြား ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌနှင့် အဖွဲ့ဝင်များ သည် ရာဇဌာနီလမ်း၊ ကုက္ကိုတန်းရှေ့ အလှမြက်ခင်းစိုက်ပျိုးရန် မြေနေရာပြုပြင် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ကောင်စီဉက္ကဌက မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီမှုရှိရန်၊ အချိန်မီပြီးစီးရန်နှင့် အခြားလိုအပ်သည်များကို ပြန်လည်မှာကြားခဲ့သည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး မြို့နယ်ပေါင်း ၈ မြို့နယ်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားကာ မြို့ပြ၊ ကျေးလက် လူဦးရေ စုစုပေါင်း ၁ ဒသမ ၁ သန်း ခန့် နေထိုင်ကြောင်း၊ ယခုတိုးချဲ့တည်ဆောက်မည့် မင်္ဂလာကန်တော်အမှတ်(၁)ပတ် လမ်းသည် အရှည် ပေ ၄၉၆၀ ရှိပြီး အကျယ် ၈ ပေနှင့် ကန်တော်ပတ်လမ်း အမှတ် (၂) သည် အရှည် ၁၁၆၆၀ ရှိကြောင်း၊ ယခုအခါ အဆိုပါကန်ပတ်လမ်းကို ဝဲ၊ယာ ၂ ပေစီ ထပ်မံတိုးချဲ့တည်ဆောက်သွားမည်ဖြစ်ပြီး ၁၂ ပေအကျယ် ကွန်ကရစ်လမ်း သစ်များ ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ရာဇဌာနီလမ်း ကက္ကို တန်းရှေ့ အလှမြက်ခင်း စိုက်ရန် ပြုပြင်မည့် မြေနေရာသည် အရှည်ပေ ၄၆၀၀ ခန့် ရှိသည်။

 

(Zawgyi Version)

ျပည္ေထာင္စုနယ္ေျမေနျပည္ေတာ္သည္ ႏိုင္ငံေတာ္၏ၿမိဳ႕ေတာ္ျဖစ္ၿပီး အစိုးရ႐ုံး စိုက္ရာ ၿမိဳ႕ေတာ္ျဖစ္သည္ႏွင့္အညီ သန႔္ရွင္းသာယာသပ္ရပ္မႈတြင္ စံျပျဖစ္ေနရမည္ျဖစ္

ေနျပည္ေတာ္ ေမ ၂၈

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဉကၠဌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဉီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီအတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေနျပည္ေတာ္ေကာင္စီဉကၠဌ ေဒါက္တာ ေမာင္ေမာင္ႏိုင္၊ တာဝန္ရွိသူမ်ားႏွင့္အတူ ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ကန္ေတာ္မဂၤလာ ပတ္လမ္းတိုးခ်ဲ႕တည္ေဆာက္ မည့္အေျခအေနႏွင့္ ရာဇဌာနီလမ္း ကုကၠိဳတန္းေရွ႕ အလွျမက္ခင္းစိုက္မည့္ ေျမ ေနရာျပဳျပင္ေနမႈအေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဉကၠဌ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္၊ သေျပကုန္းအဝိုင္းအနီးရွိ မဂၤလာကန္ေတာ္ ပန္းၿခံအတြင္း ကန္ေတာ္ပတ္လမ္း တိုးခ်ဲ႕တည္ေဆာက္မည့္ ေနရာသို႔ေရာက္ရွိၾက ရာ ေနျပည္ေတာ္ေကာင္စီဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ားကရွင္းလင္းတင္ျပၾကသည္။

ထို႔ေနာက္ မဂၤလာကန္ေတာ္ပတ္လမ္းရွိ အမ်ားျပည္သူအပန္းေျဖရန္ေနရာ၊ အမွတ္တရေသာ့ခ်ိတ္ဆြဲရန္ေနရာ၊ မဂၤလာကန္ေတာ္ရွိေရေပၚရႈရပ္စင္ႏွင့္ အားကစား ေလ့က်င့္လုပ္ေဆာင္ႏိုင္သည့္ ေနရာတို႔အား လွည့္လည္ၾကည့္ရႈစစ္ေဆးၿပီး ျပည္ေထာင္စုနယ္ေျမေနျပည္ေတာ္သည္ ႏိုင္ငံေတာ္၏ ၿမိဳ႕ေတာ္ျဖစ္ၿပီး အစိုးရ႐ုံး စိုက္ရာ ၿမိဳ႕ေတာ္ျဖစ္သည္ႏွင့္အညီ သန႔္ရွင္းသာယာသပ္ရပ္မႈတြင္ စံျပျဖစ္ေနရမည္ ျဖစ္ေၾကာင္း၊ အမ်ားျပည္သူအပန္းေျဖသည့္ေနရာျဖစ္သည့္အတြက္ ျပည္သူမ်ား စိတ္လက္ေအးခ်မ္းသာယာစြာျဖင့္ အနားယူအပန္းေျဖႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပး လိုအပ္မည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ မၾကာမီအခ်ိန္အတြင္း မိုးရာသီကာလသို႔ ေရာက္ရွိ ေတာ့မည္ျဖစ္သျဖင့္ ၿမိဳ႕ေတာ္အတြင္း လမ္းမ်ား၊ လူေနရပ္ကြက္မ်ားအတြင္း ေရစီး ေရလာေကာင္းမြန္ေစေရးႏွင့္ အမႈိက္မ်ားကင္းစင္ကာ သန႔္ရွင္းသာယာမႈရွိေစေရး ယခုကတည္းက ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ၾကရန္ လိုအပ္မည္ျဖစ္ေၾကာင္း ျဖင့္ ေျပာၾကားၿပီး အျခားလိုအပ္သည့္ အေျခအေနမ်ားကို တာဝန္ရွိသူမ်ားအား မွာၾကား ကာ လိုအပ္သည္မ်ား ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

ဆက္လက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဉကၠဌႏွင့္ အဖြဲ႕ဝင္မ်ား သည္ ရာဇဌာနီလမ္း၊ ကုကၠိဳတန္းေရွ႕ အလွျမက္ခင္းစိုက္ပ်ိဳးရန္ ေျမေနရာျပဳျပင္ ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးရာ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္၊ ဒုတိယၿမိဳ႕ေတာ္ဝန္ႏွင့္ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။ ရွင္းလင္း တင္ျပမႈမ်ားအေပၚ ေကာင္စီဉကၠဌက ၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္ ကိုက္ညီမႈရွိရန္၊ အခ်ိန္မီၿပီးစီးရန္ႏွင့္ အျခားလိုအပ္သည္မ်ားကို ျပန္လည္မွာၾကားခဲ့သည္။

ျပည္ေထာင္စုနယ္ေျမေနျပည္ေတာ္သည္ ျပည္ေထာင္စုသမၼတ ျမန္မာ ႏိုင္ငံေတာ္၏ အစိုးရ႐ုံးစိုက္ရာ ၿမိဳ႕ေတာ္ျဖစ္ၿပီး ၿမိဳ႕နယ္ေပါင္း ၈ ၿမိဳ႕နယ္ျဖင့္ ဖြဲ႕စည္း တည္ေဆာက္ထားကာ ၿမိဳ႕ျပ၊ ေက်းလက္ လူဦးေရ စုစုေပါင္း ၁ ဒသမ ၁ သန္း ခန႔္ ေနထိုင္ေၾကာင္း၊ ယခုတိုးခ်ဲ႕တည္ေဆာက္မည့္ မဂၤလာကန္ေတာ္အမွတ္(၁)ပတ္ လမ္းသည္ အရွည္ ေပ ၄၉၆၀ ရွိၿပီး အက်ယ္ ၈ ေပႏွင့္ ကန္ေတာ္ပတ္လမ္း အမွတ္ (၂) သည္ အရွည္ ၁၁၆၆၀ ရွိေၾကာင္း၊ ယခုအခါ အဆိုပါကန္ပတ္လမ္းကို ဝဲ၊ယာ ၂ ေပစီ ထပ္မံတိုးခ်ဲ႕တည္ေဆာက္သြားမည္ျဖစ္ၿပီး ၁၂ ေပအက်ယ္ ကြန္ကရစ္လမ္း သစ္မ်ား ဆက္လက္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ရာဇဌာနီလမ္း ကကၠိဳ တန္းေရွ႕ အလွျမက္ခင္း စိုက္ရန္ ျပဳျပင္မည့္ ေျမေနရာသည္ အရွည္ေပ ၄၆၀၀ ခန႔္ ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။