နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မေ ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဘားအံမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြား သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးက ပြည်နယ်အတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေများ၊ COVID -19 ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နယ်စပ် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များနှင့် အထွေထွေအချက်အလက်များကို ရှင်းလင်း တင်ပြသည်။

တင်ပြချက်နှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လမ်းများတိုးချဲ့ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လမ်းအကျယ်အဝန်းများရှိရန်လိုကြောင်း၊ မော်တော်ဆိုင်ကယ် စီးနင်းမှု များပြားသည့်အတွက် မော်တော်ဆိုင်ကယ်စီးနင်းသူများ အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက်လည်း ဆိုင်ကယ်မောင်းနှင်းနိုင်သောလမ်းများ ထည့်သွင်း စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများရေရှည်ကောင်းမွန်စေရေးအတွက် ရေစီရေလာကောင်းမွန်ရေးနှင့် လမ်းတစ်လျှောက်အရိပ်ရ လေကာပင်များစိုက်ပျိုးရန် လိုကြောင်း၊ အရေးပေါ်ကာလ အတွင်းဆူပူဆန္ဒပြမှုများအားအရေးယူဆောင်ရွက် နေမှုနှင့်ပတ်သက်၍ ဒီမိုကရေစီစနစ်တွင် ဆန္ဒပြမှုများရှိမည်ဖြစ်ကြောင်း၊ သို့သော် ပြဿနာအားပိုမိုကြီးထွားစေရန် သတင်းမှားများဖြင့် လှုံ့ဆော်မှုများ ဆောင်ရွက် နေသူများနှင့် အန္တရာယ်ရှိအောင် ဆောင်ရွက်နေသူများကိုသာ အရေးယူ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲစာရင်းများမှားယွင်းမှုများဖြစ်ပေါ်မှုကြောင့် စိစစ်ခဲ့ချိန်၌ ကရင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ ဆန္ဒမဲပေးခဲ့သူ ၂၃၉၀၀၀ ကျော် ပါဝင်ခဲ့သည့်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားများမှတ်ပုံတင်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ရခွင့်ရှိသည့် တိုင်းရင်းသားအားလုံးနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ နှင့်အကျုံးဝင်သူများအားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူချိန်ကာလအတွင်း ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ ဆောင်ရွက်လျက်ရှိပြီး လွတ်လပ်၍မျှတမှုရှိသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင်ရေး ကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲများပေးသည့်အချိန်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရှိရန်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍသည် ရှေးယခင်က ထိပ်တန်းအဆင့်တွင်ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အာဆီယံ အဆင့်၌ပင် နိမ့်ကျလျက်ရှိကြောင်း၊ အားကစားသည် ချက်ချင်းဆောင်ရွက်၍မရဘဲ အချိန်ယူ၍ ဆောင်ရွက်ရကြောင်း၊ အားကစားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အားကစားသမားများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ကစားနည်းစနစ်များသာမက အားကစားကွင်းများ၊ အားကစားရုံများသည်လည်း အဆင့်အတန်းမီစွာရှိရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားကစား ကွင်းများ၊ မိုးလုံလေလုံအားကစားရုံများနှင့် အဆင့်မီရေကူးကန်များအား ဖြည့်ဆည်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားကွင်းများနှင့် အားကစားရုံများ တည်ဆောက်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြင့်တည်ဆောက် ရန်လိုကြောင်း၊ အားကစားသည် ကျန်းမာရေးကိုသာမက နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်ကို ပါမြှင့်တင်ပေးနိုင်ကြောင်း၊ ထို့ကြောင့် အားကစားကဏ္ဍမြှင့်တင်ပြီး နိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်ရန်လိုကြောင်း။

ကရင်ပြည်နယ်သည် သာယာလှပသည့်ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်လျက်ရှိကြောင်း၊ ကရင်ပြည်နယ်၏ မျှော်မှန်း သက်တမ်းသည် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းထက် ၂ ဒသမ ၅ နှစ်ခန့် လျော့ နည်းလျက်ရှိသဖြင့် ပြည်နယ်အတွင်းနေထိုင်ကြသသည့် တိုင်းရင်းသားပြည်သူများ အနေဖြင့် အဟာရပြည့်ဝသည့်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များပြည့်ဝစွာရရှိရန်လိုအပ်ကြောင်း၊ ထို့အပြင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အချိုမှုန့်စားသုံးမှုများ၊ မူးယစ်ဆေးဝါးနှင့် အရက်၊ ဆေးလိပ်၊ ကွမ်းများ သုံးစွဲမှုကို တတ်နိုင်သမျှရှောင်ကျဉ်ရန်လိုအပ်ကြောင်း။

 

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်သည် ဆန်ဖူလုံမှုရှိပြီးအခြားသီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်းနှင့် အခြားနှစ်တို၊ နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးလျက်ရှိ သဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးအားကောင်းသည်ကိုတွေ့ရှိရကြောင်း၊ ဒေသအ တွင်း ဝမ်းစာဖူလုံရေးအတွက် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရန်လို ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ လူအများစားသုံးသည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်နှင့် ငါးမွေးမြူရေးလုပ်ငန်းများအား တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လို ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား ဒေသတွင်းအရည်အသွေးပြည့်မီသည့် ကုန်ချောများအဖြစ်ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ပါက ဒေသတွင်း စီးပွားရေး ကောင်းမွန်လာမည်ဖြစ်သည့်အပြင် ပြင်ပမှဝယ်ယူစားသုံး မှုများကို လျှော့ချ ပေးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ သုံးစွဲငွေလျှော့နည်းပြီး ဒေသတွင်း လူမှုစီးပွား ဘဝကို တိုးတက်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ တိုးတက်မှုသည် နိုင်ငံ၏ GDPနှင့် နိုင်ငံခြားကုန်သွယ်မှုများအပေါ်တွင်မူတည်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဘတ်ဂျက်လိုငွေ များပြားမှုကြောင့် ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းပြည်စာရင်းတွင် ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသတွင်းလူမှုစီးပွားဘဝတိုးတက် အောင်ဆောင်ရွက်ပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှု၊ ပို့ဆောင်ရေး စနစ်ကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ်ကောင်းမွန်မှုနှင့် လူသားအရင်းအမြစ်ပေါကြွယ် ဝမှုများသည် အဓိကအရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့်ပတ်သက် ၍ ပြည်နယ်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအရင်းမြစ်များရှိပြီးဖြစ်ကြောင်း၊ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီးရေးအားလျှပ်စစ်စက်ရုံမျိုးသည် ကရင်ပြည်နယ်ကို အထောက်အကူပြုမည်ဖြစ်သဖြင့် ဆောင်ရွက်သင့်ကြောင်း၊ အကြောင်းအမျိုးမျိုး ပြ၍ ကန့်ကွက်နေသူများကို နားလည်စေလိုကြောင်း၊ အဆိုပါရေအရင်းအမြစ်များမှ အသုံးချ၍ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိအောင်ဆောင်ရွက်နိုင်ခြင်း ဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုဆောင်ရွက်ရသည့် စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက် လည်ပတ်ဆောင်ရွက်နိုင်မည့်အပြင် ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်း လည်း မြင့်မားလာမည်ဖြစ်ကြောင်း။

ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အရ ကရင်ပြည်နယ်အတွင်း ၅ နှစ်နှင့်အထက် ကျောင်းမနေဘူးသူ ဦးရေသည် ပြည်နယ်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းရှိသဖြင့် ပြည်နယ်အတွင်း ပညာရေးတိုးတက် အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံရှိလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်း ကြောင်း ပြုလုပ်နေသူများဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အဓိက အထောက်အကူပြုနိုင်သည့် စိုက်ပျိုးမွေးမြူရေးပညာရပ်များသင်ကြားနိုင်ရေး စိုက်ပျိုး ရေးနှင့် မွေးမြူရေးသိပ္ပံများ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ လည်း အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ဖြစ်ပွားစဉ် ကာလအတွင်း တစ်နှစ်တာကာလ ကျောင်းများပိတ်ထားခဲ့ရသဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု တစ်နှစ်နောက်ကျခဲ့ရသဖြင့် ကျောင်းသား၊ မိဘများ နှင့် နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်တွင် မိမိတို့ နိုင်ငံ၌ COVID-19 ရောဂါကူးစက်မှု အတိုင်းအတာတစ်ခုအထိ လျော့ကျလာပြီ ဖြစ်သဖြင့် ကျောင်းများပြန် လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် မသမာသူများ အနေဖြင့် ပညာရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေရေး ကျောင်းများမဖွင့်လှစ်ဖြစ် အောင် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရေးနှင့်ပတ်သက်၍ နည်းမျိုးစုံဖြင့် နှောင့်ယှက်နေမှုများ အပေါ် တာဝန်ရှိသူများအနေဖြင့် နားလည်အောင်ရှင်းလင်းပြောကြား၍ ပညာရေးကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံနှင့်ပြည်သူလူထုမှ လိုလားသည့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်သင့်လုပ်ထိုက် သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ဘားအံမြို့ပေါ်ရှိ ထေကြီး ဝါကြီး ဆရာတော်ကြီးများဖြစ်သည့် ဇွဲကပင်ကျောင်းဆရာတော် ဘဒ္ဒန္တ ကဝိဓဇ၊ လမင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ကေသရိန္ဒ၊ မဲဘောင်ကျောင်းဆရာ တော် ဘဒ္ဒန္တ ဝိမလတို့အား မဲဘောင်ကျောင်းတိုက်တွင်လည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်ဆရာတော် ဘားအံမြို့၊ မိုးကယ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ တေဇိန္ဒ အားလည်းကောင်း၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ ၊ တောင်ကလေးကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပညာသာမိအားလည်းကောင်း အသီးသီးသွား ရောက် ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြ၍ နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ပစ္စည်းများ၊ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော်နှင့် ဆီများအား အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇွဲကပင်အဆင့်မြင့်အားကစားကွင်းအား ပြည်နယ် အားကစားကွင်းအဆင့် မြှင့်တင်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အားကစားကွင်းများ အဆင့်မြှင့် တင် တည်ဆောက်ရာတွင် အဆင့်အတန်း မီစွာတည်ဆောက်ရန်၊ ကစားကွင်းအတွင်း ပရိတ်သတ်များဝင်၊ထွက်မှု အဆင်ပြေစေရေးစဉ်းစားတည်ဆောက်ရန်၊ ပြည်နယ် အဆင့်အားကစားကွင်းဖြစ်သဖြင့် ပြည်နယ်အားကစား တိုးတက်ရေးကို အထောက် အပံ့ ပေးနိုင်သည့် အားကစားကွင်းဖြစ်အောင် ဆောင်ရွက်ရန်၊ ရေကူးကန် အား ပြို်ငပွဲ များကျင်းပနိုင်သည်အထိ စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ရန်တို့အား မှာကြား ခဲ့သည်။ထို့နောက် အောင်သံလွင် ပြည်နယ်အားကစားကွင်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပွဲစဉ် ယှဉ်ပြိုင် နေမှုအား ကြည့်ရှုအားပေးပြီး ကွင်းတိုးချဲ့ ပြုပြင်နိုင်ရေးအတွက်မှာကြားခဲ့သည်။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ကရင္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ေမ ၃၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ ကရင္ျပည္နယ္ စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ဘားအံၿမိဳ႕ရွိ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၌ သြားေရာက္ေတြ႕ဆုံ အမွာစကားေျပာၾကား သည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ေဒါက္တာ ဗညားေအာင္မိုး၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ေဒါက္တာ ၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ကရင္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးေစာျမင့္ဦး၊ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုေမာင္၊ ျပည္နယ္တရားသူႀကီးခ်ဳပ္၊ တိုင္းေဒသႀကီးစီမံ အုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ အစည္းအေဝးခန္းမတြင္ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးေစာျမင့္ဦးက ျပည္နယ္အတြင္း လူမႈေရး၊ စီးပြားေရး၊ က်န္းမာေရးႏွင့္ ေဒသဖြံၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ေနမႈ အေျခအေနမ်ား၊ COVID -19 ေရာဂါကာကြယ္ေဆး ထိုးႏွံေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ား၊ နယ္စပ္ ကုန္သြယ္မႈဆိုင္ရာကိစၥရပ္မ်ားႏွင့္ အေထြေထြအခ်က္အလက္မ်ားကို ရွင္းလင္း တင္ျပသည္။

တင္ျပခ်က္ႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လမ္းမ်ားတိုးခ်ဲ႕ေဆာင္႐ြက္ရာတြင္ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီသည့္ လမ္းအက်ယ္အဝန္းမ်ားရွိရန္လိုေၾကာင္း၊ ေမာ္ေတာ္ဆိုင္ကယ္ စီးနင္းမႈ မ်ားျပားသည့္အတြက္ ေမာ္ေတာ္ဆိုင္ကယ္စီးနင္းသူမ်ား အႏၲရာယ္ ကင္းရွင္းစြာ ေမာင္းႏွင္ႏိုင္ေရးအတြက္လည္း ဆိုင္ကယ္ေမာင္းႏွင္းႏိုင္ေသာလမ္းမ်ား ထည့္သြင္း စဥ္းစား ေဆာင္႐ြက္ရန္လိုေၾကာင္း၊ လမ္းမ်ားေရရွည္ေကာင္းမြန္ေစေရးအတြက္ ေရစီေရလာေကာင္းမြန္ေရးႏွင့္ လမ္းတစ္ေလွ်ာက္အရိပ္ရ ေလကာပင္မ်ားစိုက္ပ်ိဳးရန္ လိုေၾကာင္း၊ အေရးေပၚကာလ အတြင္းဆူပူဆႏၵျပမႈမ်ားအားအေရးယူေဆာင္႐ြက္ ေနမႈႏွင့္ပတ္သက္၍ ဒီမိုကေရစီစနစ္တြင္ ဆႏၵျပမႈမ်ားရွိမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္ ျပႆနာအားပိုမိုႀကီးထြားေစရန္ သတင္းမွားမ်ားျဖင့္ လႈံ႕ေဆာ္မႈမ်ား ေဆာင္႐ြက္ ေနသူမ်ားႏွင့္ အႏၲရာယ္ရွိေအာင္ ေဆာင္႐ြက္ေနသူမ်ားကိုသာ အေရးယူ ေဆာင္႐ြက္ ေနျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား မရရွိေသးသည့္ ႏိုင္ငံသားမ်ားအား ပန္းခင္းစီမံခ်က္ျဖင့္ ေဆာင္႐ြက္ေနမႈႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ မဲစာရင္းမ်ားမွားယြင္းမႈမ်ားျဖစ္ေပၚမႈေၾကာင့္ စိစစ္ခဲ့ခ်ိန္၌ ကရင္ျပည္နယ္တြင္ ႏိုင္ငံသားစိစစ္ေရးကတ္မရွိဘဲ ဆႏၵမဲေပးခဲ့သူ ၂၃၉၀၀၀ ေက်ာ္ ပါဝင္ခဲ့သည့္ကို စိစစ္ေတြ႕ရွိခဲ့ရေၾကာင္း၊ ထို႔ေၾကာင့္ သတ္မွတ္ကာလအတြင္း ႏိုင္ငံသားမ်ားမွတ္ပုံတင္ရရွိေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံသား စိစစ္ေရးကတ္ရခြင့္ရွိသည့္ တိုင္းရင္းသားအားလုံးႏွင့္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒ ႏွင့္အက်ဳံးဝင္သူမ်ားအားလုံး ႏိုင္ငံသားစိစစ္ေရးကတ္ရရွိေအာင္ ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း၊ မိမိတို႔တာဝန္ယူခ်ိန္ကာလအတြင္း ေရွ႕လုပ္ငန္းစဥ္ (၅) ရပ္ခ်မွတ္၍ ေဆာင္႐ြက္လ်က္ရွိၿပီး လြတ္လပ္၍မွ်တမႈရွိသည့္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပ ႏိုင္ေရး ႀကိဳပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဆႏၵမဲမ်ားေပးသည့္အခ်ိန္တြင္ ႏိုင္ငံသားတိုင္း ႏိုင္ငံသားစိစစ္ေရးကတ္မ်ား ရွိရန္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ မိမိတို႔ႏိုင္ငံ၏ အားကစားက႑သည္ ေရွးယခင္က ထိပ္တန္းအဆင့္တြင္ရွိခဲ့ေသာ္လည္း ယခုေနာက္ပိုင္းတြင္ အာဆီယံ အဆင့္၌ပင္ နိမ့္က်လ်က္ရွိေၾကာင္း၊ အားကစားသည္ ခ်က္ခ်င္းေဆာင္႐ြက္၍မရဘဲ အခ်ိန္ယူ၍ ေဆာင္႐ြက္ရေၾကာင္း၊ အားကစားျမႇင့္တင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ရာတြင္ အားကစားသမားမ်ား၏ က်န္းမာႀကံ့ခိုင္ေရးႏွင့္ ကစားနည္းစနစ္မ်ားသာမက အားကစားကြင္းမ်ား၊ အားကစား႐ုံမ်ားသည္လည္း အဆင့္အတန္းမီစြာရွိရမည္ျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေတာ္မွ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ အားကစား ကြင္းမ်ား၊ မိုးလုံေလလုံအားကစား႐ုံမ်ားႏွင့္ အဆင့္မီေရကူးကန္မ်ားအား ျဖည့္ဆည္း တည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္း၊ အားကစားကြင္းမ်ားႏွင့္ အားကစား႐ုံမ်ား တည္ေဆာက္ရာတြင္လည္း သတ္မွတ္ခ်က္မ်ားႏွင့္အညီ စနစ္တက်ျဖင့္တည္ေဆာက္ ရန္လိုေၾကာင္း၊ အားကစားသည္ က်န္းမာေရးကိုသာမက ႏိုင္ငံခ်စ္စိတ္ႏွင့္ မ်ိဳးခ်စ္စိတ္ကို ပါျမႇင့္တင္ေပးႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ အားကစားက႑ျမႇင့္တင္ၿပီး ႏိုင္ငံ၏ ဂုဏ္ကိုျမႇင့္တင္ရန္လိုေၾကာင္း။

ကရင္ျပည္နယ္သည္ သာယာလွပသည့္ျပည္နယ္တစ္ခုျဖစ္ၿပီး ျပည္နယ္အတြင္း တိုင္းရင္းသားလူမ်ိဳးေပါင္းစုံေနထိုင္လ်က္ရွိေၾကာင္း၊ ကရင္ျပည္နယ္၏ ေမွ်ာ္မွန္း သက္တမ္းသည္ ျမန္မာႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းထက္ ၂ ဒသမ ၅ ႏွစ္ခန႔္ ေလ်ာ့ နည္းလ်က္ရွိသျဖင့္ ျပည္နယ္အတြင္းေနထိုင္ၾကသသည့္ တိုင္းရင္းသားျပည္သူမ်ား အေနျဖင့္ အဟာရျပည့္ဝသည့္စားေသာက္မႈႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္း မ်ားျပည့္ဝစြာရရွိရန္လိုအပ္ေၾကာင္း၊ ထို႔အျပင္ က်န္းမာေရးကို ထိခိုက္ေစႏိုင္သည့္ အခ်ိဳမႈန႔္စားသုံးမႈမ်ား၊ မူးယစ္ေဆးဝါးႏွင့္ အရက္၊ ေဆးလိပ္၊ ကြမ္းမ်ား သုံးစြဲမႈကို တတ္ႏိုင္သမွ်ေရွာင္က်ဥ္ရန္လိုအပ္ေၾကာင္း။

စိုက္ပ်ိဳးေရးႏွင့္ပတ္သက္၍ ကရင္ျပည္နယ္သည္ ဆန္ဖူလုံမႈရွိၿပီးအျခားသီးႏွံမ်ား ျဖစ္သည့္ ေျမပဲ၊ ႏွမ္း၊ ပဲတီစိမ္းႏွင့္ အျခားႏွစ္တို၊ ႏွစ္ရွည္သီးႏွံပင္မ်ား စိုက္ပ်ိဳးလ်က္ရွိ သျဖင့္ ျပည္နယ္အတြင္း စိုက္ပ်ိဳးေရးအားေကာင္းသည္ကိုေတြ႕ရွိရေၾကာင္း၊ ေဒသအ တြင္း ဝမ္းစာဖူလုံေရးအတြက္ စပါးအထြက္ႏႈန္းတိုးတက္ေရး ေဆာင္႐ြက္ရန္လို ေၾကာင္း၊ ေမြးျမဴေရးႏွင့္ပတ္သက္၍ လူအမ်ားစားသုံးသည့္ ၾကက္၊ ဝက္၊ ႏြား၊ ဆိတ္ႏွင့္ ငါးေမြးျမဴေရးလုပ္ငန္းမ်ားအား တိုးတက္ျဖစ္ထြန္းေအာင္ ေဆာင္႐ြက္ၾကရန္လို ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရး ထုတ္ကုန္မ်ားအား ေဒသတြင္းအရည္အေသြးျပည့္မီသည့္ ကုန္ေခ်ာမ်ားအျဖစ္ထုတ္လုပ္၍ ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ႏိုင္ပါက ေဒသတြင္း စီးပြားေရး ေကာင္းမြန္လာမည္ျဖစ္သည့္အျပင္ ျပင္ပမွဝယ္ယူစားသုံး မႈမ်ားကို ေလွ်ာ့ခ် ေပးႏိုင္မည္ျဖစ္ေၾကာင္း၊ သို႔မွသာ သုံးစြဲေငြေလွ်ာ့နည္းၿပီး ေဒသတြင္း လူမႈစီးပြား ဘဝကို တိုးတက္ေစမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံတစ္ခု၏ တိုးတက္မႈသည္ ႏိုင္ငံ၏ GDPႏွင့္ ႏိုင္ငံျခားကုန္သြယ္မႈမ်ားအေပၚတြင္မူတည္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ဘတ္ဂ်က္လိုေငြ မ်ားျပားမႈေၾကာင့္ ဖြံ႕ၿဖိဳးမႈနည္းပါးသည့္ တိုင္းျပည္စာရင္းတြင္ ပါဝင္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ ေဒသတြင္းလူမႈစီးပြားဘဝတိုးတက္ ေအာင္ေဆာင္႐ြက္ၿပီး ႏိုင္ငံ၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ စဥ္းစားေဆာင္႐ြက္ၾကေစလိုေၾကာင္း။

ႏိုင္ငံတစ္ခု ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လွ်ပ္စစ္ဓာတ္အားရရွိမႈ၊ ပို႔ေဆာင္ေရး စနစ္ေကာင္းမြန္မႈ၊ ဆက္သြယ္ေရးစနစ္ေကာင္းမြန္မႈႏွင့္ လူသားအရင္းအျမစ္ေပါႂကြယ္ ဝမႈမ်ားသည္ အဓိကအေရးႀကီးေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးႏွင့္ပတ္သက္ ၍ ျပည္နယ္၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည့္ ျပည့္ၿဖိဳးၿမဲ စြမ္းအင္ျဖစ္သည့္ ေရအရင္းျမစ္မ်ားရွိၿပီးျဖစ္ေၾကာင္း၊ သံလြင္ျမစ္ေပၚတြင္ တည္ေဆာက္မည့္ ဟတ္ႀကီးေရးအားလွ်ပ္စစ္စက္႐ုံမ်ိဳးသည္ ကရင္ျပည္နယ္ကို အေထာက္အကူျပဳမည္ျဖစ္သျဖင့္ ေဆာင္႐ြက္သင့္ေၾကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳး ျပ၍ ကန႔္ကြက္ေနသူမ်ားကို နားလည္ေစလိုေၾကာင္း၊ အဆိုပါေရအရင္းအျမစ္မ်ားမွ အသုံးခ်၍ ျပည္နယ္အတြင္း လွ်ပ္စစ္ဓာတ္အား ဖူလုံစြာရရွိေအာင္ေဆာင္႐ြက္ႏိုင္ျခင္း ျဖင့္ လွ်ပ္စစ္ဓာတ္အားအသုံးျပဳေဆာင္႐ြက္ရသည့္ စက္႐ုံအလုပ္႐ုံမ်ား ပိုမိုတိုးတက္ လည္ပတ္ေဆာင္႐ြက္ႏိုင္မည့္အျပင္ ေဒသခံျပည္သူမ်ား၏ လူေနမႈအဆင့္အတန္း လည္း ျမင့္မားလာမည္ျဖစ္ေၾကာင္း။

ပညာရည္ျမင့္မားေရးႏွင့္ပတ္သက္၍ ၂၀၁၉ ခုႏွစ္ ၾကားျဖတ္သန္းေခါင္စာရင္း အရ ကရင္ျပည္နယ္အတြင္း ၅ ႏွစ္ႏွင့္အထက္ ေက်ာင္းမေနဘူးသူ ဦးေရသည္ ျပည္နယ္လူဦးေရ၏ ၂၀ ရာခိုင္ႏႈန္းရွိသျဖင့္ ျပည္နယ္အတြင္း ပညာေရးတိုးတက္ ေအာင္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံရွိလူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္တြင္ေနထိုင္ၾကၿပီး စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားျဖင့္ အသက္ေမြးဝမ္း ေၾကာင္း ျပဳလုပ္ေနသူမ်ားျဖစ္သျဖင့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားအတြက္ အဓိက အေထာက္အကူျပဳႏိုင္သည့္ စိုက္ပ်ိဳးေမြးျမဴေရးပညာရပ္မ်ားသင္ၾကားႏိုင္ေရး စိုက္ပ်ိဳး ေရးႏွင့္ ေမြးျမဴေရးသိပၸံမ်ား ဖြင့္လွစ္သင္ၾကားႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိၿပီး ဆက္လက္၍ လည္း အဆင့္ျမႇင့္တင္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ COVID-19 ျဖစ္ပြားစဥ္ ကာလအတြင္း တစ္ႏွစ္တာကာလ ေက်ာင္းမ်ားပိတ္ထားခဲ့ရသျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာသင္ၾကားမႈ တစ္ႏွစ္ေနာက္က်ခဲ့ရသျဖင့္ ေက်ာင္းသား၊ မိဘမ်ား ႏွင့္ ႏိုင္ငံေတာ္အတြက္ ထိခိုက္နစ္နာမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း၊ ယခုအခ်ိန္တြင္ မိမိတို႔ ႏိုင္ငံ၌ COVID-19 ေရာဂါကူးစက္မႈ အတိုင္းအတာတစ္ခုအထိ ေလ်ာ့က်လာၿပီ ျဖစ္သျဖင့္ ေက်ာင္းမ်ားျပန္ လည္ဖြင့္လွစ္၍ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာ သင္ၾကားႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ခ်ိန္တြင္ မသမာသူမ်ား အေနျဖင့္ ပညာေရးစနစ္ကို အေႏွာင့္အယွက္ျဖစ္ေစေရး ေက်ာင္းမ်ားမဖြင့္လွစ္ျဖစ္ ေအာင္ အဖ်က္အေမွာင့္လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္ကိုေတြ႕ရေၾကာင္း၊ ထို႔ေၾကာင့္ ပညာသင္ၾကားေရးႏွင့္ပတ္သက္၍ နည္းမ်ိဳးစုံျဖင့္ ေႏွာင့္ယွက္ေနမႈမ်ား အေပၚ တာဝန္ရွိသူမ်ားအေနျဖင့္ နားလည္ေအာင္ရွင္းလင္းေျပာၾကား၍ ပညာေရးကို အားေပးေဆာင္႐ြက္ရန္လိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံႏွင့္ျပည္သူလူထုမွ လိုလားသည့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ဒီမိုကေရစီစနစ္ကို ခိုင္ခိုင္မာမာ ေလွ်ာက္လွမ္းႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ လုပ္သင့္လုပ္ထိုက္ သည္မ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ဇနီးေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါ၍ ဘားအံၿမိဳ႕ေပၚရွိ ေထႀကီး ဝါႀကီး ဆရာေတာ္ႀကီးမ်ားျဖစ္သည့္ ဇြဲကပင္ေက်ာင္းဆရာေတာ္ ဘဒၵႏၲ ကဝိဓဇ၊ လမင္းပရိယတၱိစာသင္တိုက္ဆရာေတာ္ ဘဒၵႏၲ ေကသရိႏၵ၊ မဲေဘာင္ေက်ာင္းဆရာ ေတာ္ ဘဒၵႏၲ ဝိမလတို႔အား မဲေဘာင္ေက်ာင္းတိုက္တြင္လည္းေကာင္း၊ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ အဖြဲ႕ဝင္ဆရာေတာ္ ဘားအံၿမိဳ႕၊ မိုးကယ္ေက်ာင္းတိုက္ ဆရာေတာ္ အဂၢမဟာဂႏၴဝါစက ပ႑ိတ ဘဒၵႏၲ ေတဇိႏၵ အားလည္းေကာင္း၊ ေကာ့ေထာ္ေက်း႐ြာအုပ္စု၊ ေတာင္ကေလးေက်း႐ြာ ၊ ေတာင္ကေလးေက်ာင္းတိုက္ ပဓာန နာယကဆရာေတာ္ ဘဒၵႏၲ ပညာသာမိအားလည္းေကာင္း အသီးသီးသြား ေရာက္ ဖူးေျမာ္ၾကည္ညိဳၾကၿပီး သာသနာေရးဆိုင္ရာမ်ားေလွ်ာက္ထားတင္ျပ၍ နဝကမၼအလႉေတာ္ေငြမ်ားႏွင့္ လႉဖြယ္ပစၥည္းမ်ား၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက လႉဒါန္းသည့္ ဆြမ္းဆန္ေတာ္ႏွင့္ ဆီမ်ားအား အသီးသီးဆက္ကပ္ လႉဒါန္းခဲ့ၾကသည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဇြဲကပင္အဆင့္ျမင့္အားကစားကြင္းအား ျပည္နယ္ အားကစားကြင္းအဆင့္ ျမႇင့္တင္ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈ စစ္ေဆးၿပီး တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ အားကစားကြင္းမ်ား အဆင့္ျမႇင့္ တင္ တည္ေဆာက္ရာတြင္ အဆင့္အတန္း မီစြာတည္ေဆာက္ရန္၊ ကစားကြင္းအတြင္း ပရိတ္သတ္မ်ားဝင္၊ထြက္မႈ အဆင္ေျပေစေရးစဥ္းစားတည္ေဆာက္ရန္၊ ျပည္နယ္ အဆင့္အားကစားကြင္းျဖစ္သျဖင့္ ျပည္နယ္အားကစား တိုးတက္ေရးကို အေထာက္ အပံ့ ေပးႏိုင္သည့္ အားကစားကြင္းျဖစ္ေအာင္ ေဆာင္႐ြက္ရန္၊ ေရကူးကန္ အား ၿပိဳ္ငပြဲ မ်ားက်င္းပႏိုင္သည္အထိ စနစ္တက်ျဖင့္ ထည့္သြင္းတည္ေဆာက္ရန္တို႔အား မွာၾကား ခဲ့သည္။ထို႔ေနာက္ ေအာင္သံလြင္ ျပည္နယ္အားကစားကြင္းသို႔ သြားေရာက္ ၾကည့္ရႈ စစ္ေဆးၿပီး ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ဖလား ေဘာလုံးပြဲစဥ္ ယွဥ္ၿပိဳင္ ေနမႈအား ၾကည့္ရႈအားေပးၿပီး ကြင္းတိုးခ်ဲ႕ ျပဳျပင္ႏိုင္ေရးအတြက္မွာၾကား ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။