တိုင်းပြည်အပေါ်သစ္စာရှိစွာဖြင့် မိမိတို့တစ်ဦးချင်း၏ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်နှင့်ကျေပွန်စွာထမ်းဆောင်နေခြင်းသည်လည်း နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေခြင်းပင်ဖြစ်

နေပြည်တော် မေ ၃၁

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်သည်ဟု ဆိုရာတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများသာမက နိုင်ငံတော်၏ နိုင်ငံ ရေးအရ တည်ငြိမ်အေးချမ်းရေးအတွက်ထိန်းသိမ်းဆောင်ရွက်ခြင်းသည်လည်း နိုင်ငံ တော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာမှုများကို ကာကွယ်ပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း၊ ကပ်ရော ဂါကြုံတွေ့နေရမှုများကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးခြင်းနှင့် မိမိလုပ်ငန်း တာဝန်များကို ကောင်းမွန်ကျေပွန်စွာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေခြင်းသည်လည်း နိုင်ငံတော်ကို ကာကွယ်နေခြင်းပင်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ဘားအံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် ဘားအံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အခြေ အနေများအရ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်စေရေး၊ ခိုင်မာသည့် ဒီမိုကရေစီစနစ် ဖြစ်စေရေးအတွက် နိုင်ငံတော်၏တာဝန်ကို ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်ခဲ့သည်မှာ ၄ လတာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယာယီသမ္မတ က နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာ တို့ကို လွှဲအပ်တာဝန် ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း မိမိတို့အနေဖြင့် ပြည်သူလူထု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း အတည်ပြုမဲပေးပြီး ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် အတိုင်းသာ လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အခြားသော နိုင်ငံများ၏ အခြေခံဥပဒေများနှင့် တူညီမှုမရှိဘဲ ကွဲပြားမှုများရှိကြောင်း၊ အခြေခံဥပဒေပါ တပ်မတော်၏ အခန်းကဏ္ဍကို လေ့လာကြည့်လျင် သိရှိရမည် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံတော်၏ သမ္မတကို ရွေးခြယ်ရာတွင် ပြည်သူများက တိုက်ရိုက်ရွေးခြယ်ရခြင်းမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်များကတဆင့် ရွေးခြယ်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူက စစ်မှန်စွာ ရွေးခြယ်ပေးလိုက်သည့် ကိုယ်စားလှယ်များ ဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုရွေးကောက်ပွဲတွင် မဲစာရင်း များကြီးမားစွာ ကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်သူက စစ်မှန်စွာ ရွေးခြယ်ပေး လိုက်သည့် ကိုယ်စားလှယ်များဟု အပြည့်အဝ မှတ်ယူရန် ခဲယဉ်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် မဲစာရင်းများကိုစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက် များထုတ်ပြန်ကာ မဲစာရင်းကွဲလွဲချက်များကို စစ်ဆေးပေးနိုင်ရေး တာဝန်ရှိသူများထံ အဆင့်ဆင့်တင်ပြခြင်း၊ ညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်က စစ်မှန်ပြီး တရားမျှတသည့် ရွေးကောက်ပွဲရလဒ်ဖြစ်စေရေး မည်သို့ပင် ပြောဆိုခဲ့သော် လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏ အာဏာကို အတင်း အဓမ္မရယူရန်အထိ ကြိုးပမ်းလာမှုများကြောင့် ယခုအခြေအနေအထိ ရောက်ရှိခဲ့ရ ခြင်းဖြစ်သည့် အခြေအနေမှန်များကို အရာရှိ၊ စစ်သည်များအနေဖြင့် သိရှိရမည် ဖြစ် ကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူ ဆောင်ရွက် နေရသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဦးစားပေး အနေဖြင့် မဲစာရင်းကွဲလွဲနေမှုများကို အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန် ကြေညာလျက်ရှိကာ အလုံးစုံပြီးစီးပါက ပေါင်းချုပ်စာရင်းများကို ဆက်လက် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း၊ ထို့နောက် COVID-19 ရောဂါကာကွယ်ရေးနှင့် ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့်စီးပွားရေးလုပ်ငန်းများကို အမြန်ဆုံးကုစားပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

ထို့ပြင် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တနေကြသည့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားအားလုံးပေါင်းစည်းနေထိုင်ကြသည့် ပြည် ထောင်စုနိုင်ငံတော်ဖြစ်ပြီး တိုင်းရင်းသားအားလုံးတွင် တူညီသည့် အခွင့်အရေးများ ရှိ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း တိုင်းရင်းသားအားလုံး အခွင့်အရေး တန်း တူရှိသည်ကို အတိအလင်းပြဌာန်ထားကြောင်း၊ ဒီမိုကရေစီစနစ်တွင် တူညီသည့် အခွင့် အရေးများ ရရှိကြသည်ဖြစ်သော်လည်း တူညီသည့် အရည်အချင်းရှိအောင် တစ်ဦးချင်း အလိုက် ကြိုးပမ်းအားထုတ်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိဒေသနှင့် တိုင်းပြည်ကို တိုးတက်စေလိုသည့် စိတ်ဖြင့် မိမိသင်ခဲ့ရသည့် အတန်းပညာ၊ လေ့လာ ဆည်းပူးထားသည့် အသိပညာတို့ကို ပေါင်းစပ်ပြီး အကျိုးရှိအောင် အသုံးချနိုင်ရမည် ဖြစ်ကြောင်း။

အရာရှိ၊ စစ်သည်များအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက် မျှမပါဘဲ တပ်မတော်တွင်းသို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည်နှင့် အညီ မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိတာဝန်ထမ်းဆောင်နေသည့်တပ်ကို သစ္စာရှိရမည်၊ တပ်မတော်အပေါ်သစ္စာရှိရမည်၊ မိမိတိုင်းပြည်အပေါ်သစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများတွင် စစ်စည်းကမ်းကောင်းမွန်ရန် သင်ကြားပေးလိုက်ပြီးဖြစ်ပြီး မိမိတို့တပ်မတော်သားများအနေဖြင့် အရပ်ဘက်စည်းကမ်း၊ တပ်မတော်စည်းကမ်း နှစ်မျိုးလုံးကို လိုက်နာရသူများဖြစ်သဖြင့် စည်းကမ်းတကျလိုက်နာဆောင်ရွက် တက် သည့် အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ မိမိ တို့တစ်ဦးချင်းထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်မှုရှိရမည်ဖြစ်ပြီး စစ်သားတိုင်း စစ်မတိုက်ရသော်လည်း လိုအပ်ပါက တိုက်ပွဲဝင်နိုင်စွမ်းရှိအောင် လေ့ ကျင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

တပ်မတော်သားများအနေဖြင့် ပြည်သူကြားကပေါက်ဖွားလာပြီး နိုင်ငံတစ်ဝန်း ရှိ အနယ်နယ်အရပ်ရပ်မှ မိမိကျရာတာဝန်များကို လာရောက်တာဝန်ထမ်းဆောင်နေကြ သူများဖြစ်သကဲ့သို့ မိမိတို့၏ မိသားစုဝင်များသည်လည်း မိမိတို့နှင့်အတူတကွ တပ် တွင်း၌ လိုက်ပါနေထိုင်ကြသူများဖြစ်သည့်အတွက် အရာရှိ၊ စစ်သည်များ၊ မိသားစုများ အနေဖြင့် မိသားစုစိတ်ဓာတ်၊ ညီအစ်ကို မောင်နှမစိတ်ဓာတ်၊ ညီအမစိတ်ဓာတ်များဖြင့် တစ်ဦးနှင့် တစ်ဦး ဖေးမကူညီစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင် ရာတွင် သတိတရား၊ အသိတရား လက်ကိုင်ထားပြီး ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် တိုင်းပြည်အပေါ် အမြဲ သစ္စာစောင့်သိပြီး တိုင်းပြည်လမ်းမှားမရောက်စေရေးအတွက် တစ်ဦးချင်း အသိစိတ် ဓာတ်ရှိစွာဖြင့် မှန်မှန်ကန်ကန်တာဝန်ထမ်းဆောင်ကြစေလိုကြောင်းဖြင့် မှာကြား သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူ က တစ်ဦးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့်ကလေးထောက်ပံ့ငွေများကို ပေး အပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

တိုင္းျပည္အေပၚသစၥာရွိစြာျဖင့္ မိမိတို႔တစ္ဦးခ်င္း၏ လုပ္ငန္းတာဝန္မ်ားကို မွန္မွန္ကန္ကန္ႏွင့္ေက်ပြန္စြာထမ္းေဆာင္ေနျခင္းသည္လည္း ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္ထမ္းေဆာင္ေနျခင္းပင္ျဖစ္

ေနျပည္ေတာ္ ေမ ၃၁

ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ထမ္းေဆာင္သည္ဟု ဆိုရာတြင္ ႏိုင္ငံေတာ္ ကာကြယ္ေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းမ်ားသာမက ႏိုင္ငံေတာ္၏ ႏိုင္ငံ ေရးအရ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ထိန္းသိမ္းေဆာင္႐ြက္ျခင္းသည္လည္း ႏိုင္ငံ ေတာ္ကာကြယ္ေရးတာဝန္ထမ္းေဆာင္ျခင္းပင္ျဖစ္ေၾကာင္း၊ ထို႔ျပင္ သဘာဝေဘး အႏၲရာယ္ျဖစ္ေပၚလာမႈမ်ားကို ကာကြယ္ေပးျခင္း၊ ကူညီေဆာင္႐ြက္ေပးျခင္း၊ ကပ္ေရာ ဂါႀကဳံေတြ႕ေနရမႈမ်ားကို တတ္စြမ္းသေ႐ြ႕ ကူညီေဆာင္႐ြက္ေပးျခင္းႏွင့္ မိမိလုပ္ငန္း တာဝန္မ်ားကို ေကာင္းမြန္ေက်ပြန္စြာ သစၥာရွိရွိ တာဝန္ထမ္းေဆာင္ေနျခင္းသည္လည္း ႏိုင္ငံေတာ္ကို ကာကြယ္ေနျခင္းပင္ျဖစ္ေၾကာင္းျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔မြန္းလြဲပိုင္းတြင္ ဘားအံတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံ အမွာစကား ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီးေဒၚၾကဴၾကဴလွ ၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္ စီဝင္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ဇနီး ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုေမာင္ ႏွင့္ ဘားအံတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံတြင္ျဖစ္ေပၚခဲ့သည့္ အေျခ အေနမ်ားအရ စစ္မွန္ၿပီးစည္းကမ္းျပည့္ဝသည့္ ဒီမိုကေရစီ ျဖစ္ေစေရး၊ ခိုင္မာသည့္ ဒီမိုကေရစီစနစ္ ျဖစ္ေစေရးအတြက္ ႏိုင္ငံေတာ္၏တာဝန္ကို ေခတၱတာဝန္ယူထိန္းသိမ္း ေဆာင္႐ြက္ခဲ့သည္မွာ ၄ လတာကာလသို႔ ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း၊ ယာယီသမၼတ က ႏိုင္ငံေတာ္၏ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရး အာဏာ တို႔ကို လႊဲအပ္တာဝန္ ေပးအပ္ခဲ့ၿပီးျဖစ္ေသာ္လည္း မိမိတို႔အေနျဖင့္ ျပည္သူလူထု ၉၂ ဒသမ ၄၈ ရာခိုင္ႏႈန္း အတည္ျပဳမဲေပးၿပီး ေရးဆြဲထားသည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ အတိုင္းသာ လိုက္နာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မိမိတို႔ ႏိုင္ငံ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ အျခားေသာ ႏိုင္ငံမ်ား၏ အေျခခံဥပေဒမ်ားႏွင့္ တူညီမႈမရွိဘဲ ကြဲျပားမႈမ်ားရွိေၾကာင္း၊ အေျခခံဥပေဒပါ တပ္မေတာ္၏ အခန္းက႑ကို ေလ့လာၾကည့္လ်င္ သိရွိရမည္ ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံသည္ ပါတီစုံဒီမိုကေရစီစနစ္ကို က်င့္သုံးလ်က္ရွိၿပီး ႏိုင္ငံေတာ္၏ သမၼတကို ေ႐ြးျခယ္ရာတြင္ ျပည္သူမ်ားက တိုက္႐ိုက္ေ႐ြးျခယ္ရျခင္းမဟုတ္ဘဲ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကတဆင့္ ေ႐ြးျခယ္ရျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ျပည္သူက စစ္မွန္စြာ ေ႐ြးျခယ္ေပးလိုက္သည့္ ကိုယ္စားလွယ္မ်ား ျဖစ္ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ယခုေ႐ြးေကာက္ပြဲတြင္ မဲစာရင္း မ်ားႀကီးမားစြာ ကြဲလြဲမႈမ်ားျဖစ္ေပၚခဲ့သည့္အတြက္ ျပည္သူက စစ္မွန္စြာ ေ႐ြးျခယ္ေပး လိုက္သည့္ ကိုယ္စားလွယ္မ်ားဟု အျပည့္အဝ မွတ္ယူရန္ ခဲယဥ္းမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ မဲစာရင္းမ်ားကိုစစ္ေဆးခဲ့ၿပီး စစ္ေဆးေတြ႕ရွိခ်က္ မ်ားထုတ္ျပန္ကာ မဲစာရင္းကြဲလြဲခ်က္မ်ားကို စစ္ေဆးေပးႏိုင္ေရး တာဝန္ရွိသူမ်ားထံ အဆင့္ဆင့္တင္ျပျခင္း၊ ညႇိႏႈိင္းျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း၊ တပ္မေတာ္က စစ္မွန္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲရလဒ္ျဖစ္ေစေရး မည္သို႔ပင္ ေျပာဆိုခဲ့ေသာ္ လည္း ေျဖရွင္းေဆာင္႐ြက္ေပးျခင္းမရွိသည့္အျပင္ ႏိုင္ငံေတာ္၏ အာဏာကို အတင္း အဓမၼရယူရန္အထိ ႀကိဳးပမ္းလာမႈမ်ားေၾကာင့္ ယခုအေျခအေနအထိ ေရာက္ရွိခဲ့ရ ျခင္းျဖစ္သည့္ အေျခအေနမွန္မ်ားကို အရာရွိ၊ စစ္သည္မ်ားအေနျဖင့္ သိရွိရမည္ ျဖစ္ ေၾကာင္း။

တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏တာဝန္မ်ားကို ေခတၱတာဝန္ယူ ေဆာင္႐ြက္ ေနရသည့္အခ်ိန္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္း၍ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၊ ဦးတည္ခ်က္ ၉ ရပ္ကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ပထမဦးစားေပး အေနျဖင့္ မဲစာရင္းကြဲလြဲေနမႈမ်ားကို အသစ္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ျဖင့္ စစ္ေဆးေဆာင္႐ြက္လ်က္ရွိၿပီး ေတြ႕ရွိခ်က္မ်ားကို ထုတ္ျပန္ ေၾကညာလ်က္ရွိကာ အလုံးစုံၿပီးစီးပါက ေပါင္းခ်ဳပ္စာရင္းမ်ားကို ဆက္လက္ ထုတ္ျပန္ ေၾကညာသြားမည္ ျဖစ္ေၾကာင္း၊ ထို႔ေနာက္ COVID-19 ေရာဂါကာကြယ္ေရးႏွင့္ ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ထိခိုက္ခဲ့ရသည့္စီးပြားေရးလုပ္ငန္းမ်ားကို အျမန္ဆုံးကုစားေပးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း။

ထို႔ျပင္ တိုင္းရင္းသားျပည္သူလူထု တစ္ရပ္လုံး လိုလားေတာင့္တေနၾကသည့္ တစ္ႏိုင္ငံလုံးထာဝရၿငိမ္းခ်မ္းေရးရရွိေရးအတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ တိုင္းရင္းသားအားလုံးေပါင္းစည္းေနထိုင္ၾကသည့္ ျပည္ ေထာင္စုႏိုင္ငံေတာ္ျဖစ္ၿပီး တိုင္းရင္းသားအားလုံးတြင္ တူညီသည့္ အခြင့္အေရးမ်ား ရွိ ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္လည္း တိုင္းရင္းသားအားလုံး အခြင့္အေရး တန္း တူရွိသည္ကို အတိအလင္းျပဌာန္ထားေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ တူညီသည့္ အခြင့္ အေရးမ်ား ရရွိၾကသည္ျဖစ္ေသာ္လည္း တူညီသည့္ အရည္အခ်င္းရွိေအာင္ တစ္ဦးခ်င္း အလိုက္ ႀကိဳးပမ္းအားထုတ္ၾကရန္လည္း လိုအပ္မည္ျဖစ္ေၾကာင္း၊ မိမိေဒသႏွင့္ တိုင္းျပည္ကို တိုးတက္ေစလိုသည့္ စိတ္ျဖင့္ မိမိသင္ခဲ့ရသည့္ အတန္းပညာ၊ ေလ့လာ ဆည္းပူးထားသည့္ အသိပညာတို႔ကို ေပါင္းစပ္ၿပီး အက်ိဳးရွိေအာင္ အသုံးခ်ႏိုင္ရမည္ ျဖစ္ေၾကာင္း။

အရာရွိ၊ စစ္သည္မ်ားအေနျဖင့္ မည္သူတစ္ဦးတစ္ေယာက္၏ တိုက္တြန္းခ်က္ မွ်မပါဘဲ တပ္မေတာ္တြင္းသို႔ ဝင္ေရာက္တာဝန္ထမ္းေဆာင္ခဲ့သူမ်ားျဖစ္သည္ႏွင့္ အညီ မိမိကိုယ္ကို သစၥာရွိရမည္၊ မိမိတာဝန္ထမ္းေဆာင္ေနသည့္တပ္ကို သစၥာရွိရမည္၊ တပ္မေတာ္အေပၚသစၥာရွိရမည္၊ မိမိတိုင္းျပည္အေပၚသစၥာေစာင့္သိရမည္ျဖစ္ေၾကာင္း၊ သင္တန္းေက်ာင္းမ်ားတြင္ စစ္စည္းကမ္းေကာင္းမြန္ရန္ သင္ၾကားေပးလိုက္ၿပီးျဖစ္ၿပီး မိမိတို႔တပ္မေတာ္သားမ်ားအေနျဖင့္ အရပ္ဘက္စည္းကမ္း၊ တပ္မေတာ္စည္းကမ္း ႏွစ္မ်ိဳးလုံးကို လိုက္နာရသူမ်ားျဖစ္သျဖင့္ စည္းကမ္းတက်လိုက္နာေဆာင္႐ြက္ တက္ သည့္ အေလ့အက်င့္ေကာင္းမ်ားကို ဆက္လက္ထိန္းသိမ္းသြားၾကရန္လိုေၾကာင္း၊ မိမိ တို႔တစ္ဦးခ်င္းထမ္းေဆာင္ရသည့္ လုပ္ငန္းတာဝန္မ်ားကို ကြၽမ္းက်င္မႈရွိရမည္ျဖစ္ၿပီး စစ္သားတိုင္း စစ္မတိုက္ရေသာ္လည္း လိုအပ္ပါက တိုက္ပြဲဝင္ႏိုင္စြမ္းရွိေအာင္ ေလ့ က်င့္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္သားမ်ားအေနျဖင့္ ျပည္သူၾကားကေပါက္ဖြားလာၿပီး ႏိုင္ငံတစ္ဝန္း ရွိ အနယ္နယ္အရပ္ရပ္မွ မိမိက်ရာတာဝန္မ်ားကို လာေရာက္တာဝန္ထမ္းေဆာင္ေနၾက သူမ်ားျဖစ္သကဲ့သို႔ မိမိတို႔၏ မိသားစုဝင္မ်ားသည္လည္း မိမိတို႔ႏွင့္အတူတကြ တပ္ တြင္း၌ လိုက္ပါေနထိုင္ၾကသူမ်ားျဖစ္သည့္အတြက္ အရာရွိ၊ စစ္သည္မ်ား၊ မိသားစုမ်ား အေနျဖင့္ မိသားစုစိတ္ဓာတ္၊ ညီအစ္ကို ေမာင္ႏွမစိတ္ဓာတ္၊ ညီအမစိတ္ဓာတ္မ်ားျဖင့္ တစ္ဦးႏွင့္ တစ္ဦး ေဖးမကူညီေစာင့္ေရွာက္ၾကရမည္ျဖစ္ေၾကာင္း၊ တာဝန္ထမ္းေဆာင္ ရာတြင္ သတိတရား၊ အသိတရား လက္ကိုင္ထားၿပီး ေပးအပ္လာသည့္တာဝန္မ်ားကို ေက်ပြန္စြာ ထမ္းေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ႏွင့္ တိုင္းျပည္အေပၚ အၿမဲ သစၥာေစာင့္သိၿပီး တိုင္းျပည္လမ္းမွားမေရာက္ေစေရးအတြက္ တစ္ဦးခ်င္း အသိစိတ္ ဓာတ္ရွိစြာျဖင့္ မွန္မွန္ကန္ကန္တာဝန္ထမ္းေဆာင္ၾကေစလိုေၾကာင္းျဖင့္ မွာၾကား သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာပစၥည္းမ်ားကို ေပးအပ္ရာ တာဝန္ရွိသူ က တစ္ဦးကလည္းေကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးက တပ္နယ္ မိခင္ႏွင့္ကေလးေထာက္ပံ့ေငြမ်ားကို ေပး အပ္ရာ တပ္နယ္မႉး၏ ဇနီးကလည္းေကာင္း အသီးသီးလက္ခံရယူခဲ့ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။