နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေါင်မြို့နယ်ရှိ ပဒုမ္မာဆပ်ပြာစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေါင်မြို့နယ်ရှိ ပဒုမ္မာဆပ်ပြာစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ ညနေပိုင်းတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ ပဒုမ္မာဆပ်ပြာစက်ရုံ(ပေါင်မြို့နယ်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး နှင့် စက်ရုံမှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး စက်ရုံအစည်းအဝေးခန်းမတွင် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး က စက်ရုံမှ ကိုယ်တိုက်ဆပ်ပြာနှင့် အဝတ်လျှော်ဆပ်ပြာခဲများ ထုတ်လုပ်နေမှုအခြေ အနေများနှင့် လုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် အင်းတကော် မော်တော်ယဉ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှ SKD စနစ်နှင့် CKD စနစ်များဖြင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်းဆပ်ပြာလိုအပ်ချက်များအား အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး ပြည်ပသွင်းကုန်အစားထိုး ဆောင်ရွက်ရန်လိုကြောင်း၊ ပစ္စည်း ချင်းတူပါက ဈေးသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းအရည်အသွေး ကောင်းမွန်ရမည်ဆိုသည့်အတိုင်း ပြည်သူများ ပစ္စည်းအရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့စက်ရုံမှ ထုတ်လုပ်သည့် ဆပ်ပြာများ၏ အရည်အသွေးကောင်းမွန်စေရေး အမြဲ မပြတ်ဆောင်ရွက်နေရန်လိုကြောင်းနှင့် ပြည်တွင်းလိုအပ်ချက်ကို ရာခိုင်နှုန်းတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ရေးထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံမှ ထုတ်လုပ်သည့် ဆပ်ပြာများနှင့် ဈေးကွက် အတွင်း အသုံးပြုလျက်ရှိသည့် ဆပ်ပြာခဲများအား ကြည့်ရှုကြပြီး စက်ရုံအတွင်း ဆပ်ပြာ ထုတ်လုပ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာ ကြားခဲ့ကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။

အဆိုပါ ပဒုမ္မာဆပ်ပြာစက်ရုံကို စစ်မှုထမ်းဟောင်းမိသားစုများနှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ပြည်သူများ ဈေးနှုန်း ချိုသာ စွာအသုံးပြုနိုင်ရန်နှင့် ပြည်တွင်းသုံးကုန်ပစ္စည်းလိုအပ်ချက်ကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၀၂ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဒုမ္မာ ဆပ်ပြာ စက်ရုံ (ပေါင်မြို့နယ်)မှ PADONMAR အမှတ်တံဆိပ်ဖြင့် အဝတ်လျှော်ဆပ်ပြာများအပြင် ကိုယ်တိုက်ဆပ်ပြာများကိုလည်း ဂရမ်မျိုးစုံ၊ အရောင်အနံ့စုံလင်စွာဖြင့် ထုတ်လုပ်လျက် ရှိပြီး သက်သာသောဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေပါင္ၿမိဳ႕နယ္ရွိ ပဒုမၼာဆပ္ျပာစက္႐ုံသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္ ဇြန္ ၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ေဒါက္တာ ဗညားေအာင္မိုး၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ေဒါက္တာ ၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ မြန္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေဇာ္လင္းထြန္း၊ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုေမာင္ ႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါ၍ ယေန႔ ညေနပိုင္းတြင္ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာရွိ ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီလီမိတက္၊ ပဒုမၼာဆပ္ျပာစက္႐ုံ(ေပါင္ၿမိဳ႕နယ္)သို႔ သြားေရာက္ ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ျမန္မာ့စီးပြားေရးဦးပိုင္အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီ လီမိတက္ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦး ႏွင့္ စက္႐ုံမွ တာဝန္ရွိသူမ်ားက ႀကိဳဆို ႏႈတ္ဆက္ၾကၿပီး စက္႐ုံအစည္းအေဝးခန္းမတြင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦး က စက္႐ုံမွ ကိုယ္တိုက္ဆပ္ျပာႏွင့္ အဝတ္ေလွ်ာ္ဆပ္ျပာခဲမ်ား ထုတ္လုပ္ေနမႈအေျခ အေနမ်ားႏွင့္ လုပ္ငန္းလည္ပတ္ေနမႈအေျခအေနမ်ားႏွင့္ အင္းတေကာ္ ေမာ္ေတာ္ယဥ္ တပ္ဆင္ထုတ္လုပ္ေရးစက္႐ုံမွ SKD စနစ္ႏွင့္ CKD စနစ္မ်ားျဖင့္ ေမာ္ေတာ္ယာဥ္မ်ား တပ္ဆင္ထုတ္လုပ္ ေဆာင္႐ြက္ေနမႈအေျခအေနမ်ားအားရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္တြင္းဆပ္ျပာလိုအပ္ခ်က္မ်ားအား အတတ္ႏိုင္ဆုံး ျဖည့္ဆည္းေဆာင္႐ြက္ၿပီး ျပည္ပသြင္းကုန္အစားထိုး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပစၥည္း ခ်င္းတူပါက ေဈးသက္သာရမည္၊ ေဈးႏႈန္းခ်င္းတူပါက ပစၥည္းအရည္အေသြး ေကာင္းမြန္ရမည္ဆိုသည့္အတိုင္း ျပည္သူမ်ား ပစၥည္းအရည္အေသြး ေကာင္းမြန္ၿပီး ေဈးႏႈန္းသက္သာစြာျဖင့္ ဝယ္ယူအသုံးျပဳႏိုင္ေရး ေဆာင္႐ြက္ေပးႏိုင္ရန္လိုအပ္ေၾကာင္း၊ မိမိတို႔စက္႐ုံမွ ထုတ္လုပ္သည့္ ဆပ္ျပာမ်ား၏ အရည္အေသြးေကာင္းမြန္ေစေရး အၿမဲ မျပတ္ေဆာင္႐ြက္ေနရန္လိုေၾကာင္းႏွင့္ ျပည္တြင္းလိုအပ္ခ်က္ကို ရာခိုင္ႏႈန္းတစ္ခုအထိ ျဖည့္ဆည္းေပးႏိုင္ေရးထုတ္လုပ္ႏိုင္ရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စက္႐ုံမွ ထုတ္လုပ္သည့္ ဆပ္ျပာမ်ားႏွင့္ ေဈးကြက္ အတြင္း အသုံးျပဳလ်က္ရွိသည့္ ဆပ္ျပာခဲမ်ားအား ၾကည့္ရႈၾကၿပီး စက္႐ုံအတြင္း ဆပ္ျပာ ထုတ္လုပ္ေနမႈအေျခအေနမ်ားအား လွည့္လည္ၾကည့္ရႈစစ္ေဆးၿပီး လိုအပ္သည္မ်ားမွာ ၾကားခဲ့ကာ စက္႐ုံဝန္ထမ္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္သည္။

အဆိုပါ ပဒုမၼာဆပ္ျပာစက္႐ုံကို စစ္မႈထမ္းေဟာင္းမိသားစုမ်ားႏွင့္ ေဒသခံ ျပည္သူမ်ား အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရရွိေစရန္၊ ျပည္သူမ်ား ေဈးႏႈန္း ခ်ိဳသာ စြာအသုံးျပဳႏိုင္ရန္ႏွင့္ ျပည္တြင္းသုံးကုန္ပစၥည္းလိုအပ္ခ်က္ကို အေထာက္အကူျပဳေစရန္ ရည္႐ြယ္၍ ၂၀၀၂ ခုႏွစ္တြင္ စတင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ပဒုမၼာ ဆပ္ျပာ စက္႐ုံ (ေပါင္ၿမိဳ႕နယ္)မွ PADONMAR အမွတ္တံဆိပ္ျဖင့္ အဝတ္ေလွ်ာ္ဆပ္ျပာမ်ားအျပင္ ကိုယ္တိုက္ဆပ္ျပာမ်ားကိုလည္း ဂရမ္မ်ိဳးစုံ၊ အေရာင္အနံ႔စုံလင္စြာျဖင့္ ထုတ္လုပ္လ်က္ ရွိၿပီး သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေဈးကြက္အတြင္း ထုတ္လုပ္ျဖန႔္ျဖဴးလ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။