နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၈/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇွန် ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၈/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်း အောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက် ကြသည်။

ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၁)မှတ်တမ်းကို အတည်ပြု သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံစီးပွားရေးတိုးတက်စေရန်နှင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးရန်အတွက် အစိုးရတွင်တာဝန်ရှိကြောင်း၊ မိမိတို့တာဝန်ယူသည့် အချိန် ကာလအတွင်း လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိစေရန်အတွက် သက်ဆိုင်ရာ တပ်မတော်၊ အုပ်ချုပ်ရေး၊ ဥပဒေရေးရာနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ့ရဲတပ်ဖွဲ့တို့သည် အဓိက ကျကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ တွင် တာဝန်ရှိကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း အဆိုပါပြည်နယ်များတွင် ဝမ်းစာဖူလုံမှုရှိသည်ကို သိရှိရကြောင်း၊ သို့သော်အချို့မြို့နယ်များသည် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများပေါ် တွင် မှီခိုနေသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပြည့်ဝစွာဖြင့် မဆောင်ရွက်နိုင် သဖြင့် ဝမ်းစာဖူလုံမှုမရှိသော်လည်း ပြည်နယ်တစ်ခုလုံးထွက်ရှိမှုအရ ဖူလုံမှုရှိသည်ကို တွေ့ရှိရကြောင်း။

မိမိတို့နိုင်ငံတွင် နွေစပါးစိုက်ပျိုးဧက ၂ ဒသမ ၆၇ သန်းခန့်၊ မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိပြီး နိုင်ငံအတွင်းဆန်ဖူလုံမှုရှိကာ ပြည်ပသို့ ဆန်တင်ပို့မှုများရှိကြောင်း၊ စိုက်ဧကတိုးချဲ့ ခြင်းမပြုဘဲ ရှိပြီးသားစိုက်ပျိုးမြေများပေါ်တွင် တစ်ဧကချင်းအလိုက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်နိုင်ပါက ယခုထက်အထွက်နှုန်းပိုမိုတိုးတက်ပြီး ပိုလျှံလာမည်ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးတက်စေရန်အတွက် မျိုးကောင်းမျိုးသန့် ဖြစ်စေရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် သွင်းအားစုများအား ပြည့်ဝစွာ ထည့်သွင်းရေးတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထွက်နှုန်းတိုးအောင် ဆောင်ရွက်ခြင်းဖြင့် တောင်သူများစီးပွားရေးတိုးတက် လာမည်ဖြစ်သောကြောင့် နိုင်ငံ၏အကျိုးစီးပွားလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အခြားဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ ရောက်ရှိရာဒေသအလိုက် မြေကိုအကျိုးရှိစွာအသုံးချနိုင်ရေးအတွက် စိုက်ပျိုးရေး တောင်သူများတစ်ဧကချင်းအလိုက် အထွက်နှုန်းတိုးစေရေးကြိုးစား ဆောင်ရွက်စေရန် အတွက် တိုက်တွန်းအားပေးကူညီကြစေလိုကြောင်း၊ မည်သည့်သီးနှံအပင်များကို စိုက်ပျိုးသည်ဖြစ်စေ စိုက်ပျိုးမြေအား အကျိုးရှိရှိ ပြည့်ပြည့်ဝဝဖြင့် တန်ဖိုးရှိစွာ အသုံးချစေလိုကြောင်း၊ ထို့အတူ မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် မွေးမြူကြရန်လိုအပ်ကြောင်း။

မြေအသုံးချမှုများနှင့်ပတ်သက်၍ မြို့ပြစီမံကိန်းများနှင့် အိုးအိမ်စီမံကိန်းများ တည်ဆောက်မှုများတွင် လက်တွေ့ဖော်ဆောင်ရာ၌ အပြည့်အဝဆောင်ရွက်နိုင်ခြင်း မရှိဘဲ စိုက်ပျိုးမြေများပျက်ဆီးဆုံးရှုံးမှုများတွေ့ရှိရကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် မြို့ပြစီမံကိန်းများဖော်ဆောင်ရာတွင် မြေကိုအကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ကွက်သစ်များဖော်ဆောင်ရာတွင် ပါဝင်ရမည့်အင်္ဂါရပ် များဖြစ်သည့် အားကစားကွင်းများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဥယျာဉ်များ၊ ဈေးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်နေရာများအား ပြည့်ပြည့်ဝဝထည့်သွင်း၍ အနာဂတ်အတွက် မျှော်မှန်းတည်ဆောက်ရန်လိုအပ်သကဲ့သို့ ထည့်သွင်း စဉ်းစားရမည့် အချက်များအား စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့သစ် တည်ဆောက်ရန် မြေနေရာရွေးချယ်ရာတွင်လည်း စိုက်ပျိုးမြေများ ဆုံးရှုံးမှုမရှိစေရေး စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ရွှေ့ပြောင်းတောင်ယာများ ထပ်မံ မပေါ်ပေါက်စေရေး လိုအပ်သည့် စိုက်ပျိုးရေများရရှိစေရေးအတွက် မြစ်ရေတင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ရေရှားပါးသည့် ဒေသများအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေများ ပြည့်ဝစွာရရှိရေး အလေးထား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

“ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သစ်တောသစ်ပင်များပြုန်းတီးမှု မရှိစေရေးဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာမရရှိသေးသည့် အတွက် ထင်းနှင့်မီးသွေးသုံးစွဲမှုများရှိနေသေးသဖြင့် ဒေသအလိုက် ထင်းစိုက်ခင်းများ စိုက်ပျိုး၍ သစ်တောပြုန်းတီးမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ သစ်ပင်သစ်တောများပြန်လည်ထိန်းသိမ်းရန်နှင့် သစ်တောပြန်လည် ထူထောင်ရေး လုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ သစ်ပင်သစ်တောများကို ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးဒဏ်ထိခိုက်မှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။

စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများလည်ပတ်နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးရန်နှင့် မိမိတို့နိုင်ငံရှိတိုင်းရင်းသားများ ကြီးပွားချမ်းသာ ရေးအပေါ်ဂုဏ်ယူပြီး အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ တည်ငြိမ် အေးချမ်းရေးအတွက် တည်ဆဲဥပဒေများကို ပြည်သူများအားလုံးလေးစား လိုက်နာရန် လိုကြောင်း၊ ဥပဒေများနှင့်အညီဆောင်ရွက်၍ရသည်များကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများအားလုံးစိတ်ချမ်းသာပြီး ဥပဒေအားလေးစား လိုက်နာလာမည်ဖြစ် ကြောင်း၊ ဥပဒေအားလေးစားလိုက်နာမှုအားကောင်းလာပါက တည်ငြိမ်အေးချမ်းမှု ရှိလာမည်ဖြစ်ကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်မှု လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင်အခြေခံ၍ ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းအောင် မြင်အောင်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကိုအခြေခံသည့် စက်မှု လုပ်ငန်းများကိုဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင်ပါဝင်သည့် ဘဏ်လုပ်ငန်းများအရှိန်အဟုန်မပြတ်လည်ပတ်နိုင်ရေး တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ပညာရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအခါကျောင်းများပြန်လည်ဖွင့်လှစ်ထားပြီး ကျောင်း တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများ ရာခိုင်နှုန်းအားဖြင့် တိုးတက်လာ ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် တက်ရောက်နေသောကျောင်းသား၊ ကျောင်းသူများ ကျောင်းတက် မပျက်စေရေး အတွက်လည်း အားပေးကူညီဆောင်ရွက်ရန်လိုကြောင်း၊ ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံမှုရှိစေရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် တာဝန်သိပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွင်း စီးပွားရေးကောင်းအောင် ဆောင်ရွက်နိုင်ပြီး ပညာတတ်များပေါများအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့ လူမှုအသိုင်းအဝိုင်း တိုးတက်လာမည်ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကျန်းမာရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေပြီး အခြေခံအားဖြင့် ကျန်းမာ၍ကိုယ်ခံစွမ်းအား ကောင်းမွန်စေရေးအတွက် စားသောက်မှု ပုံစံသည် အရေးကြီးကြောင်း၊ စားသောက်မှုပုံစံပေါ်မူတည်၍ ရှေးယခင်က မိမိတို့နိုင်ငံသား များသည် အခြားနိုင်ငံသားများနည်းတူ ကျန်းမာကြံ့ခိုင်ခဲ့ကြကြောင်း၊ ယခုနောက်ပိုင်းတွင် ကျန်းမာကြံ့ခိုင်မှုနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုများ လျော့ကျလာသည်ကို တွေ့ရ ကြောင်း။

ထို့ကြောင့် မိမိတို့အနေဖြင့် အနာဂတ်ကာလ၌ နောက်မျိုးဆက်များ ကျန်းမာ ကြံ့ခိုင်မှုနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု တိုးတက်စေရေး ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ ဆန်စားသုံးမှုအပြင် ဂျုံကိုပါ စားသုံးနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန်အတွက် အစာအာဟာရကို ပြည့်ဝစွာစားသုံးနိုင်ရေး နှင့် အသားနှင့်ငါးများကို ပြည့်စုံကောင်းမွန်စွာ စားသုံးနိုင်ရေး လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံအတွင်း လူတန်းစားမရွေး အစားအသောက် ဖူလုံစွာ စားသုံးနိုင်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးရမည့်အပြင် စားသောက်မှုပုံစံ ကိုလည်း ကျန်းမာရေးနှင့်အညီ ပြုပြင်ပြောင်းလဲပေးရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် ဆီ၊ အချိုမှုန့် စားသုံးမှုလျှော့ချရန်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာစားသုံးမှုများ လျှော့ချနိုင်ရေး အသိပညာပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ ကျန်းမာသန်စွမ်းပြီး သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် တာဝန်ရှိ သူများအနေဖြင့် ဝိုင်းဝန်းစဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

 

(Zawgyi One)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီအစည္းအေဝး (၈/၂၀၂၁)သို႔ တက္ေရာက္ အမွာစကားေျပာၾကား

ေနျပည္ေတာ္ ဇြန္ ၃

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝး (၈/၂၀၂၁) ကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၊ ဒုတိယဗိုလ္ခ်ဳပ္ မႉးႀကီးစိုးဝင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၊ ဦးဝဏၰေမာင္လြင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္၊ ဒုတိယဗိုလ္ခ်ဳပ္ ႀကီးထြန္းထြန္းေနာင္၊ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ဦးကိုကိုလႈိင္၊ ဦးခ်စ္ႏိုင္၊ ဦးကိုကို၊ ဦးတင္ထြဋ္ဦး၊ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ဦးခင္ေမာင္ရီ၊ ဦးေအာင္သန္းဦး၊ ဦးျမင့္ႀကိဳင္၊ ေဒါက္တာခ်ာလီသန္း၊ ေဒါက္တာပြင့္ဆန္း၊ ေဒါက္တာၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ေဒါက္တာသက္သက္ခိုင္၊ ဦးေမာင္ေမာင္အုန္း၊ ဦးေစာထြန္း ေအာင္ျမင့္ႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာေဒၚသီတာဦးတို႔ တက္ေရာက္ ၾကသည္။

ဦးစြာျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝးအမွတ္စဥ္ (၇/၂၀၂၁)မွတ္တမ္းကို အတည္ျပဳ သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အဖြင့္အမွာစကား ေျပာၾကားရာတြင္ ႏိုင္ငံစီးပြားေရးတိုးတက္ေစရန္ႏွင့္ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေအာင္ ေဆာင္႐ြက္ေပးရန္အတြက္ အစိုးရတြင္တာဝန္ရွိေၾကာင္း၊ မိမိတို႔တာဝန္ယူသည့္ အခ်ိန္ ကာလအတြင္း လုပ္သင့္လုပ္ထိုက္သည္မ်ားကို ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ တည္ၿငိမ္ ေအးခ်မ္းမႈရွိေစရန္အတြက္ သက္ဆိုင္ရာ တပ္မေတာ္၊ အုပ္ခ်ဳပ္ေရး၊ ဥပေဒေရးရာႏွင့္သက္ဆိုင္သည့္ ဌာနဆိုင္ရာမ်ား၊ ျမန္မာႏိုင္ငံ့ရဲတပ္ဖြဲ႕တို႔သည္ အဓိက က်ေၾကာင္း၊ စီးပြားေရးႏွင့္ပတ္သက္၍ စီမံခန႔္ခြဲေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသူမ်ား တြင္ တာဝန္ရွိေၾကာင္း၊ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္သို႔ သြားေရာက္ခဲ့သည့္ ခရီးစဥ္အတြင္း အဆိုပါျပည္နယ္မ်ားတြင္ ဝမ္းစာဖူလုံမႈရွိသည္ကို သိရွိရေၾကာင္း၊ သို႔ေသာ္အခ်ိဳ႕ၿမိဳ႕နယ္မ်ားသည္ နယ္စပ္ကုန္သြယ္မႈ လုပ္ငန္းမ်ားေပၚ တြင္ မွီခိုေနသည့္အတြက္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ျပည့္ဝစြာျဖင့္ မေဆာင္႐ြက္ႏိုင္ သျဖင့္ ဝမ္းစာဖူလုံမႈမရွိေသာ္လည္း ျပည္နယ္တစ္ခုလုံးထြက္ရွိမႈအရ ဖူလုံမႈရွိသည္ကို ေတြ႕ရွိရေၾကာင္း။

မိမိတို႔ႏိုင္ငံတြင္ ေႏြစပါးစိုက္ပ်ိဳးဧက ၂ ဒသမ ၆၇ သန္းခန႔္၊ မိုးစပါးစိုက္ဧက ၁၅ သန္းခန႔္ရွိၿပီး ႏိုင္ငံအတြင္းဆန္ဖူလုံမႈရွိကာ ျပည္ပသို႔ ဆန္တင္ပို႔မႈမ်ားရွိေၾကာင္း၊ စိုက္ဧကတိုးခ်ဲ႕ ျခင္းမျပဳဘဲ ရွိၿပီးသားစိုက္ပ်ိဳးေျမမ်ားေပၚတြင္ တစ္ဧကခ်င္းအလိုက္ အထြက္ႏႈန္းတိုးေအာင္ ေဆာင္႐ြက္ႏိုင္ပါက ယခုထက္အထြက္ႏႈန္းပိုမိုတိုးတက္ၿပီး ပိုလွ်ံလာမည္ျဖစ္ေၾကာင္း၊ အထြက္ႏႈန္းတိုးတက္ေစရန္အတြက္ မ်ိဳးေကာင္းမ်ိဳးသန႔္ ျဖစ္ေစေရး၊ စိုက္ပ်ိဳးေရလုံေလာက္စြာရရွိေရးႏွင့္ သြင္းအားစုမ်ားအား ျပည့္ဝစြာ ထည့္သြင္းေရးတို႔ကို ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ အထြက္ႏႈန္းတိုးေအာင္ ေဆာင္႐ြက္ျခင္းျဖင့္ ေတာင္သူမ်ားစီးပြားေရးတိုးတက္ လာမည္ျဖစ္ေသာေၾကာင့္ ႏိုင္ငံ၏အက်ိဳးစီးပြားလည္း တိုးတက္လာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားႏွင့္ အျခားဝန္ႀကီးဌာနမ်ားမွ တာဝန္ရွိသူမ်ားအေနျဖင့္လည္း မိမိတို႔ ေရာက္ရွိရာေဒသအလိုက္ ေျမကိုအက်ိဳးရွိစြာအသုံးခ်ႏိုင္ေရးအတြက္ စိုက္ပ်ိဳးေရး ေတာင္သူမ်ားတစ္ဧကခ်င္းအလိုက္ အထြက္ႏႈန္းတိုးေစေရးႀကိဳးစား ေဆာင္႐ြက္ေစရန္ အတြက္ တိုက္တြန္းအားေပးကူညီၾကေစလိုေၾကာင္း၊ မည္သည့္သီးႏွံအပင္မ်ားကို စိုက္ပ်ိဳးသည္ျဖစ္ေစ စိုက္ပ်ိဳးေျမအား အက်ိဳးရွိရွိ ျပည့္ျပည့္ဝဝျဖင့္ တန္ဖိုးရွိစြာ အသုံးခ်ေစလိုေၾကာင္း၊ ထို႔အတူ ေမြးျမဴေရးလုပ္ငန္းမ်ားကိုေဆာင္႐ြက္ရာတြင္လည္း စနစ္တက်ျဖင့္ ေမြးျမဴၾကရန္လိုအပ္ေၾကာင္း။

ေျမအသုံးခ်မႈမ်ားႏွင့္ပတ္သက္၍ ၿမိဳ႕ျပစီမံကိန္းမ်ားႏွင့္ အိုးအိမ္စီမံကိန္းမ်ား တည္ေဆာက္မႈမ်ားတြင္ လက္ေတြ႕ေဖာ္ေဆာင္ရာ၌ အျပည့္အဝေဆာင္႐ြက္ႏိုင္ျခင္း မရွိဘဲ စိုက္ပ်ိဳးေျမမ်ားပ်က္ဆီးဆုံးရႈံးမႈမ်ားေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ တာဝန္ရွိသူမ်ား အေနျဖင့္ ၿမိဳ႕ျပစီမံကိန္းမ်ားေဖာ္ေဆာင္ရာတြင္ ေျမကိုအက်ိဳးရွိစြာျဖင့္ အသုံးခ်ႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ၿမိဳ႕ကြက္သစ္မ်ားေဖာ္ေဆာင္ရာတြင္ ပါဝင္ရမည့္အဂၤါရပ္ မ်ားျဖစ္သည့္ အားကစားကြင္းမ်ား၊ ေက်ာင္းမ်ား၊ ေဆး႐ုံမ်ား၊ ဥယ်ာဥ္မ်ား၊ ေဈးမ်ား၊ လူမႈေရးအဖြဲ႕အစည္းမ်ားႏွင့္ သက္ဆိုင္သည့္ေနရာမ်ားအား ျပည့္ျပည့္ဝဝထည့္သြင္း၍ အနာဂတ္အတြက္ ေမွ်ာ္မွန္းတည္ေဆာက္ရန္လိုအပ္သကဲ့သို႔ ထည့္သြင္း စဥ္းစားရမည့္ အခ်က္မ်ားအား စနစ္တက်တြက္ခ်က္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ ၿမိဳ႕သစ္ တည္ေဆာက္ရန္ ေျမေနရာေ႐ြးခ်ယ္ရာတြင္လည္း စိုက္ပ်ိဳးေျမမ်ား ဆုံးရႈံးမႈမရွိေစေရး စဥ္းစား ေဆာင္႐ြက္ရန္လိုေၾကာင္း၊ အလားတူ ေ႐ႊ႕ေျပာင္းေတာင္ယာမ်ား ထပ္မံ မေပၚေပါက္ေစေရး လိုအပ္သည့္ စိုက္ပ်ိဳးေရမ်ားရရွိေစေရးအတြက္ ျမစ္ေရတင္ စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေရရွားပါးသည့္ ေဒသမ်ားအတြက္ စိုက္ပ်ိဳးေရႏွင့္ ေသာက္သုံးေရမ်ား ျပည့္ဝစြာရရွိေရး အေလးထား ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း။

“ဥတုရာသီ ေတာကိုမွီ” ဆိုသည့္အတိုင္း သစ္ေတာသစ္ပင္မ်ားျပဳန္းတီးမႈ မရွိေစေရးေဆာင္႐ြက္ရန္လိုေၾကာင္း၊ လွ်ပ္စစ္ဓာတ္အား ျပည့္ဝစြာမရရွိေသးသည့္ အတြက္ ထင္းႏွင့္မီးေသြးသုံးစြဲမႈမ်ားရွိေနေသးသျဖင့္ ေဒသအလိုက္ ထင္းစိုက္ခင္းမ်ား စိုက္ပ်ိဳး၍ သစ္ေတာျပဳန္းတီးမႈမရွိေအာင္ ထိန္းသိမ္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ သစ္ပင္သစ္ေတာမ်ားျပန္လည္ထိန္းသိမ္းရန္ႏွင့္ သစ္ေတာျပန္လည္ ထူေထာင္ေရး လုပ္ငန္းမ်ားအား အမ်ိဳးသားေရးတာဝန္တစ္ရပ္အေနျဖင့္ ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ သစ္ပင္သစ္ေတာမ်ားကို ထိန္းသိမ္းျခင္းျဖင့္ ရာသီဥတုေၾကာင့္ ျဖစ္ေပၚလာမည့္ သဘာဝေဘးဒဏ္ထိခိုက္မႈမ်ားကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း။

စီးပြားေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအား အားေပးေဆာင္႐ြက္ရန္လိုေၾကာင္း၊ စီးပြားေရးဆိုင္ရာလုပ္ငန္းမ်ားလည္ပတ္ႏိုင္ေရး အတြက္ ကူညီေဆာင္႐ြက္ေပးရန္ႏွင့္ မိမိတို႔ႏိုင္ငံရွိတိုင္းရင္းသားမ်ား ႀကီးပြားခ်မ္းသာ ေရးအေပၚဂုဏ္ယူၿပီး အတတ္ႏိုင္ဆုံးကူညီေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ တည္ၿငိမ္ ေအးခ်မ္းေရးအတြက္ တည္ဆဲဥပေဒမ်ားကို ျပည္သူမ်ားအားလုံးေလးစား လိုက္နာရန္ လိုေၾကာင္း၊ ဥပေဒမ်ားႏွင့္အညီေဆာင္႐ြက္၍ရသည္မ်ားကို ေဆာင္႐ြက္ေပးျခင္းျဖင့္ ျပည္သူမ်ားအားလုံးစိတ္ခ်မ္းသာၿပီး ဥပေဒအားေလးစား လိုက္နာလာမည္ျဖစ္ ေၾကာင္း၊ ဥပေဒအားေလးစားလိုက္နာမႈအားေကာင္းလာပါက တည္ၿငိမ္ေအးခ်မ္းမႈ ရွိလာမည္ျဖစ္ေၾကာင္း။

စီးပြားေရးႏွင့္ပတ္သက္၍ ကမာၻေပၚတြင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း၊ စက္မႈ လုပ္ငန္းႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအေပၚတြင္အေျခခံ၍ ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္သျဖင့္ စိုက္ပ်ိဳးေရးလုပ္ငန္းေအာင္ ျမင္ေအာင္ေဆာင္႐ြက္ရန္ႏွင့္ စိုက္ပ်ိဳးေရးထုတ္ကုန္ပစၥည္းမ်ားကိုအေျခခံသည့္ စက္မႈ လုပ္ငန္းမ်ားကိုေဆာင္႐ြက္ရန္လိုေၾကာင္း၊ ဝန္ေဆာင္မႈလုပ္ငန္းမ်ားတြင္ပါဝင္သည့္ ဘဏ္လုပ္ငန္းမ်ားအရွိန္အဟုန္မျပတ္လည္ပတ္ႏိုင္ေရး တာဝန္ရွိသူမ်ားက ၾကပ္မတ္ ေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ ပညာရည္ျမႇင့္တင္ေရးႏွင့္ပတ္သက္၍ မျဖစ္မေန ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ယခုအခါေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ထားၿပီး ေက်ာင္း တက္ေရာက္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ရာခိုင္ႏႈန္းအားျဖင့္ တိုးတက္လာ ၿပီျဖစ္ေၾကာင္း၊ သက္ဆိုင္ရာဝန္ႀကီးဌာနအလိုက္ အေျခခံပညာႏွင့္ တကၠသိုလ္၊ ေကာလိပ္မ်ားတြင္ တက္ေရာက္ေနေသာေက်ာင္းသား၊ ေက်ာင္းသူမ်ား ေက်ာင္းတက္ မပ်က္ေစေရး အတြက္လည္း အားေပးကူညီေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပညာသင္ၾကား လ်က္ရွိသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား လုံၿခဳံမႈရွိေစေရးအတြက္ သက္ဆိုင္ရာ လုံၿခဳံေရးအဖြဲ႕အစည္းမ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားႏွင့္ တာဝန္သိျပည္သူမ်ား ပူးေပါင္း၍ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံအတြင္း စီးပြားေရးေကာင္းေအာင္ ေဆာင္႐ြက္ႏိုင္ၿပီး ပညာတတ္မ်ားေပါမ်ားေအာင္ ေဆာင္႐ြက္ႏိုင္မည္ဆိုပါက မိမိတို႔ လူမႈအသိုင္းအဝိုင္း တိုးတက္လာမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ထို႔ေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စုဝန္ႀကီး မ်ားက သက္ဆိုင္ရာက႑အလိုက္ ရွင္းလင္းတင္ျပေဆြးေႏြး၍ အတည္ျပဳခ်က္ ရယူၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က က်န္းမာေရးႏွင့္ ပတ္သက္၍ မိမိတို႔ႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ႏႈိင္းယွဥ္ပါက နိမ့္က်လ်က္ရွိ ေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္ က်န္းမာေရးႏွင့္ပတ္သက္၍ လိုအပ္ခ်က္မ်ားရွိေနၿပီး အေျခခံအားျဖင့္ က်န္းမာ၍ကိုယ္ခံစြမ္းအား ေကာင္းမြန္ေစေရးအတြက္ စားေသာက္မႈ ပုံစံသည္ အေရးႀကီးေၾကာင္း၊ စားေသာက္မႈပုံစံေပၚမူတည္၍ ေရွးယခင္က မိမိတို႔ႏိုင္ငံသား မ်ားသည္ အျခားႏိုင္ငံသားမ်ားနည္းတူ က်န္းမာႀကံ့ခိုင္ခဲ့ၾကေၾကာင္း၊ ယခုေနာက္ပိုင္းတြင္ က်န္းမာႀကံ့ခိုင္မႈႏွင့္ ကိုယ္ခႏၶာဖြံ႕ၿဖိဳးမႈမ်ား ေလ်ာ့က်လာသည္ကို ေတြ႕ရ ေၾကာင္း။

ထို႔ေၾကာင့္ မိမိတို႔အေနျဖင့္ အနာဂတ္ကာလ၌ ေနာက္မ်ိဳးဆက္မ်ား က်န္းမာ ႀကံ့ခိုင္မႈႏွင့္ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈ တိုးတက္ေစေရး ျပဳစုပ်ိဳးေထာင္ေပးရန္ လိုအပ္ေၾကာင္း၊ သို႔ျဖစ္၍ ဆန္စားသုံးမႈအျပင္ ဂ်ဳံကိုပါ စားသုံးႏိုင္ေရး ေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း၊ က်န္းမာႀကံ့ခိုင္ၿပီး ခႏၶာကိုယ္ဖြံ႕ၿဖိဳးေစရန္အတြက္ အစာအာဟာရကို ျပည့္ဝစြာစားသုံးႏိုင္ေရး ႏွင့္ အသားႏွင့္ငါးမ်ားကို ျပည့္စုံေကာင္းမြန္စြာ စားသုံးႏိုင္ေရး လုပ္ေဆာင္ေပးရန္ လိုအပ္ေၾကာင္း၊ ႏိုင္ငံအတြင္း လူတန္းစားမေ႐ြး အစားအေသာက္ ဖူလုံစြာ စားသုံးႏိုင္ေရးကို နည္းလမ္းေပါင္းစုံျဖင့္ ေဆာင္႐ြက္ေပးရမည့္အျပင္ စားေသာက္မႈပုံစံ ကိုလည္း က်န္းမာေရးႏွင့္အညီ ျပဳျပင္ေျပာင္းလဲေပးရန္လိုအပ္ေၾကာင္း၊ အဓိကအားျဖင့္ ဆီ၊ အခ်ိဳမႈန႔္ စားသုံးမႈေလွ်ာ့ခ်ရန္ႏွင့္ က်န္းမာေရးကို ထိခိုက္ေစႏိုင္သည့္ အရက္၊ ေဆးလိပ္၊ ကြမ္းယာစားသုံးမႈမ်ား ေလွ်ာ့ခ်ႏိုင္ေရး အသိပညာေပး ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း၊ ႏိုင္ငံသူ ႏိုင္ငံသားမ်ား က်န္းမာသန္စြမ္းၿပီး သက္တမ္းေစ့ေနထိုင္ႏိုင္ေရးအတြက္ တာဝန္ရွိ သူမ်ားအေနျဖင့္ ဝိုင္းဝန္းစဥ္းစား ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့ပါသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။