နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၉/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဇွန် ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၉/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတိုင်းရှိ အစိုးရတိုင်းသည် နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုဆောင်ရွက်ရန်တာဝန်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုနှင့်ပတ်သက်၍ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင် ဆောင်ရွက်ခြင်းသည် အရေးကြီးဆုံးပင်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ကောင်စီအစည်းအဝေးတွင် ဘဏ္ဍာနှစ်ပြောင်းလဲရေးအတွက် စီမံဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရပြီး နိုင်ငံတော်၏‌ ငွေလုံးငွေရင်းအသုံးစရိတ်များတွင် ပုဂ္ဂလိကကဏ္ဍများ ပါဝင်သကဲ့သို့ နိုင်ငံတော်အစိုးရ၏ ကဏ္ဍသည်လည်း အထိုက်အလျောက် ပါဝင်လျှက်ရှိသည်ကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ အလားတူ ပညာသင်နှစ်သည် ပုံမှန်အားဖြင့် ဇွန်လ ၁ ရက်နေ့တွင်စတင်ပြီး မတ်လကုန်အတွင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိချိန်ကာလကတည်းက ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီကျောင်းပိတ်ရက်၊ အဖြေလွှာစစ်ဆေးချိန်နှင့် ဆရာ/ဆရာမများ အနားယူရမည့်အချိန်များ တွက်ချက်ပြီးဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကျင်းပရာတွင်လည်း မတ်လဆန်းတွင် အစိုးရဖွဲ့ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး မိုးရာသီတွင် သီးနှံများ အဓိကထားစိုက်ပျိုးကြကြောင်း၊ နိုင်ငံ၏အဓိကစီးပွားရေးသည် စိုက်ပျိုးရေးအပေါ်တွင် အခြေခံပြီး အဓိကသီးနှံဖြစ်သည့်စပါးမှာ မိုးရာသီ ကုန်တွင်သာအများဆုံး ထွက်ရှိသဖြင့် ပွင့်လင်းရာသီရောက်ရှိချိန်မှသာ စိုက်ပျိုးရေးထုတ်ကုန်များ ရောင်းချနိုင်သောကြောင့် နိုင်ငံတော်ဘတ်ဂျက်များကို မှန်ကန်စွာတွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်က ဘဏ္ဍာနှစ်ပြောင်းလဲခဲ့ချိန်တွင် စီးပွားရေးဆိုင်ရာ လုပ်ငန်းများတွင် အခက်အခဲများစွာ ပေါ်ပေါက်ခဲ့ကြောင်း၊ ထို့ကြောင့် ဘဏ္ဍာနှစ်အား ရှေးယခင်က အတိုင်း ဧပြီတစ်ရက်နေ့မှစတင်ရန် ပြန်လည်သတ်မှတ်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

အစိုးရရုံးပိတ်ရက်များ သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ၏ခံစားခွင့် အနားယူမှု၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများ ဆောင်ရွက်မှုများကို ထည့်သွင်း စဉ်းစား ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် အခြားနိုင်ငံများထက် အစိုးရရုံးပိတ်ရက်များ ပိုမိုများပြားခြင်းကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို များစွာထိခိုက်မှုရှိကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများလည်ပတ်ရာ၌ ရုံးပိတ်ရက်များတွင် လုပ်ခတိုးမြှင့်ပေးရမှု ကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရရုံးပိတ်ရက်များ ပြန်လည်ပြင်ဆင်သတ်မှတ်ရေး ဆောင်ရွက်ရာတွင် အစားထိုးရုံးပိတ်ရက်များအား လျှော့ချရန်အတွက် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာတို့၏နှစ်သစ်ကူးမဟာသင်္ကြန် ကာလအတွင်း ပြည်သူများ အနားယူ ဆောင်ရွက်နိုင်ရေး ထည့်သွင်းသတ်မှတ်ပေးထားကြောင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများ ဆောင်ရွက်မှုတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်သည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုး ရေးကဏ္ဍသည် အခြားကဏ္ဍများထက် လျှော့နည်းနေသည်ကိုတွေ့ရှိရကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မှုနည်းပါးနေခြင်းကြောင့်ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တွင် လယ်ယာကဏ္ဍ ပါဝင်မှုသည် ၂၁ ရာခိုင်နှုန်း ခန့်သာပါဝင်သဖြင့် လယ်ယာကဏ္ဍအား မြှင့်တင်ပေးရန်လိုအပ်ပြီး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါးများကိုလည်း ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ စိုက်ပျိုးရေး ထုတ်ကုန်များတင်ပို့နိုင်ပါကပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း၊ စက်မှုကဏ္ဍနှင့်ပတ်သက်၍ တိုးတက်မှုများရှိသော်လည်း ပြည်တွင်း စက်ရုံအလုပ်ရုံများ လည်ပတ်ထုတ်လုပ်မှုများ အားနည်းလျက်ရှိနေသေးကြောင်း၊ နိုင်ငံပိုင်စက်ရုံများသာမက ပုဂ္ဂလိကစက်ရုံအချို့လည်း ပုံမှန်အတိုင်းထုတ်လုပ် နိုင်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ စက်ရုံအလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များကိုအားပေးပြီး ပြည်ပမှတင်သွင်းမှုများကို လျှော့ချဆောင်ရွက် ရန်လိုကြောင်း၊ ပြည်တွင်း၌ကုန်ထုတ်လုပ်မှုများ လျော့နည်းလာခြင်းကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု အားကောင်းလာစေရေး အားပေးရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု ကုန်ကျ စရိတ်များ သက်သာစေရေးအတွက် လျှပ်စစ်ဓာတ်အားခ နှုန်းထားများလျော့နည်းအောင်ဆောင်ရွက်ပေးခြင်း၊ ထိုက်သင့်သည့် လုပ်သားခများ ဖြစ်စေရေး ဆောင်ရွက်ပေးခြင်းနှင့် သယ်ယူပို့ဆောင်ရေးအတွက် ရထားလမ်းနှင့် ကားလမ်းများကောင်းမွန် အောင်ဆောင်ရွက်ပြီး တတ်နိုင်သမျှကူညီဖြည့်ဆည်း ပေးနိုင်ပါက ကုန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရန်အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတစ်ခု တိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အရေးကြီးသည့် လိုအပ်ချက် ဖြစ်သဖြင့်လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မိမိမကြာခဏ ပြောကြားထားကြောင်း၊ မိမိတို့နိုင်ငံမှ ပြည်သူတချို့သည် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိကြ ကြောင်း၊ စက်ရုံအလုပ်ရုံများ လည်ပတ်ခြင်းဖြင့် ပြည်တွင်း၌ပင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ဘဝတိုးတက်စေရေး ကျေးလက်ကိုအခြေခံသည့် စီးပွားရေး လုပ်ငန်း များကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း။

နိုင်ငံ၏ကျေးလက်စီးပွားရေးကို အထောက်အကူပြုနေသည့် လုပ်ငန်းများတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် အဓိကအရေးကြီးကြောင်း၊ မိမိတို့နိုင်ငံမှ ပြည်ပသို့ နွားများတင်ပို့လျက်ရှိသဖြင့် ပြည်တွင်းမှလယ်ယာကဏ္ဍစိုက်ပျိုးရေးအတွက် အသုံးဝင်သည့် ခိုင်းနွားများလျှော့နည်းမသွားရန်လိုသကဲ့သို့ စက်မှုလယ်ယာကဏ္ဍ ကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပသို့နွားများတင်ပို့ရာတွင်ထုတ်ကုန် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်လိုသကဲ့သို့ ဈေးနှုန်းများ ပြည့်ဝစွာရရှိရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံ၏မွေးမြူရေးအဓိက ထုတ်ကုန်များဖြစ်သည့် အမဲ၊ ဝက်၊ ကြက်နှင့် ရေထွက်ကုန်ပစ္စည်းများအား အဆင့်မြင့်မွေးမြူရေး ထုတ်ကုန်များ ဖြစ်အောင် ဆောင်ရွက်ပြီးပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ အလားတူ သဘာဝနွားနို့ ပြည်ပသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် ရှိပြီးဖြစ်သော မြေနေရာနှင့်စားကျက် မြေတို့ကို အကျိုးရှိစွာအသုံးချ၍ နို့စားနွားများမွေးမြူနိုင်ရေး အားပေးဆောင်ရွက်ရန်လို ကြောင်း။

လမ်းပန်းဆက်သွယ်မှုအဆင်ပြေစေရေးနှင့် ပတ်သက်၍ရထားလမ်းနှင့် ကားလမ်း များ အဆင်ပြေချောမွေ့ ကောင်းမွန်စွာသွားလာနိုင်ရန်လိုကြောင်း၊ ရထားပို့ဆောင်ရေး သည် ပို့ဆောင်ရေးစနစ်၌ အကောင်းဆုံးပို့ဆောင်ရေးစနစ်တွင်ပါဝင်ကြောင်း၊ မိမိတို့ နိုင်ငံရှိရထားလမ်းများ အဆင့်မြှင့်တင်ရန်အတွက် များစွာလိုအပ်နေသဖြင့် ရထား လမ်းများအား ဦးစားပေးဖြင့် ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရထား လမ်းကောင်းမွန်ပါက နိုင်ငံ၏စီးပွားရေးအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်း များ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကသမဝါယမလုပ်ငန်းများ တိုးတက် စေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများကို တစ်ဖက်မှမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီး လိုအပ်ချက်ပင်ဖြစ်ကြောင်း၊ ပညာတတ်များ ပေါများစေရေး ပညာရေး မြှင့်တင်မှု လုပ်ငန်းများကို မလွဲမသွေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအခါကျောင်း များ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး CDM ဝန်ထမ်းများနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်း များ၏ နှောင့်ယှက်မှုများကြောင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း အခက်အခဲများ ကြားမှ တက်ရောက်သင်ကြားပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ကိုပုံဖော်ပေးနိုင်မည့် ကျောင်းသား၊ ကျောင်းသူများ လူတစ်လုံး သူတစ်လုံး ဖြင့် ပညာတက်မြောက်ရေးအတွက် စာပေပညာများ သင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ ပညာရည်မြင့်မားရေးအတွက် မိမိတို့အနေဖြင့် နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်များ၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် စာပေသင်ကြားရာ၌ ကျောင်းသားနှင့် ဆရာအချိုး မျှတအောင် ဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည့် ဆရာ၊ ဆရာမများ ခန့်အပ်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ကျောင်းများ အတွက်လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးကဏ္ဍအဆင့် မြှင့်တင်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုအချိန်တွင် ဆောင်ရွက်ရမည့်ကိစ္စသည် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ တရားမဝင် ဝင်ရောက်မှုများကို ထိထိရောက်ရောက် ဟန့်တားရန်လိုကြောင်း၊ ပြီးခဲ့သည့် လအနည်းအငယ်က တရားမဝင် မော်တော်ယဉ်များနှင့်ဆိုင်ကယ်များစွာ ဖမ်းဆီး ရမိခဲ့ကြောင်း၊ အဆိုပါ လိုင်စင်မဲ့ယာဉ်များကြောင့် လုံခြုံရေးကျိုးပေါက်ခဲ့သည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရကြောင်း၊ အဆိုပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ CCTV မှတ်တမ်းများတွင် နံပါတ်မပါသည့် မော်တော်ဆိုင်ကယ်များဖြစ်ပြီး နံပါတ်ပါရှိသည့် မော်တော်ဆိုင်ကယ် အချို့သည်လည်း နံပါတ်အတုများဖြစ် နေသည် ကိုတွေ့ရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် စည်ပင်သာယာရေးနယ်နိမိတ် အတွင်း ၌ မော်တော်ဆိုင်ကယ် စီးနင်းခွင့်မပြုဘဲ စည်ပင်သာယာရေးနယ်နိမိတ် ပြင်ပတွင်သာ စီးနင်းခွင့်ပြုထားကြောင်း။

ယာဉ်စည်းကမ်းထိန်းသိမ်းရေးအပိုင်းနှင့်စပ်လျဉ်း၍ မော်တော်ယာဉ်လိုင်စင် နှင့် မော်တော်ဆိုင်ကယ်လိုင်စင်အတုများ ပြုလုပ်စီးနင်းနေသည်ကို တွေ့ရကြောင်း၊ ပြည်ပ နိုင်ငံအချို့မှ မော်တော်ယာဉ်နံပါတ်ပြားများတွင် မော်တော်ယာဉ်အမျိုးအစား၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် မြို့နယ်အလိုက် အက္ခရာများ သတ်မှတ်ထား သည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍မိမိတို့နိုင်ငံတွင်လည်း ထိုသို့ဆောင်ရွက်ရန် စီစဉ်ခဲ့ကြောင်း၊ ထိုသို့ စီစဉ်ဆောင်ရွက်ခြင်းဖြင့် တရားမဝင်လိုင်စင်မဲ့ မော်တော် ယာဉ်များ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်လိုင်စင်အသစ် လျှောက် ထားခြင်းနှင့် လိုင်စင်သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပါက နံပါတ်ပြားအသစ် ပြောင်းလဲ ရမည်ဖြစ်ကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ တရားမဝင် ဝင်ရောက်နေမှုကြောင့် တိုင်းပြည် အတွက် အခွန်ငွေများစွာနစ်နာပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် တရားမဝင်တင်သွင်းမှုနှင့် တင်ပို့မှုများကို ထိထိ ရောက်ရောက်ဟန့်တား သွားရမည်ဖြစ်ကြောင်း။

တရားမဝင် လမ်းကြောင်းများမှ အခွန်ရှောင်ပြီး ပစ္စည်းများ တရားမဝင် တင်သွင်းနေမှုများကြောင့် အိမ်နီးချင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရရှိသည့် အခွန်နှုန်းထားသည် များစွာလျော့နည်းနေသည်ကို တွေ့ရှိရကြောင်း၊ တရားမဝင် တင်သွင်းမှုများကို အုပ်ချုပ်ရေးပိုင်းက ထိထိရောက်ရောက် တားဆီးသွား ရန်လိုအပ်ပြီး ရသင့်ရထိုက်သည့် အခွန်အခများကိုရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီတာခများနှင့်စပ်လျဉ်း၍ ငွေကျပ်ဘီလီယံများစွာရရှိရန် ကျန်ရှိနေသည့် အတွက် အပြည့်အဝရရှိရေး ကောက်ခံသွားရမည်ဖြစ်ကြောင်း၊ အစိုးရသည် ရရှိသည့် အခွန်အခများပေါ်တွင် ရပ်တည်ပြီးပြည်သူလူထု၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို စီမံဆောင်ရွက်ရကြောင်း၊ သို့ဖြစ်၍ အခွန်အခများအပြည့်အဝရရှိရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

စားသောက်ကုန်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် တစ်သျှူးနည်းဖြင့် ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောများ ထုတ်လုပ်လျက်ရှိကြောင်း၊ ငှက်ပျောသီး သည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာရရှိကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများတွင် စိုက်ပျိုးလိုပါက ပျိုးပင်များကို သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ပါက တိုင်းပြည်အတွက် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူလူထု၏ စားရေ ရိက္ခာ ဖူလုံရေးနှင့် ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် သက်ဆိုင်ရာဌာနများအား ဖြစ်၊ ချောင်းများ၌ ငါးမျိုးများစိုက်ထည့်ပေးရန် လမ်းညွှန်ထားကြောင်း။

နိုင်ငံတကာမှပေးအပ်ခဲ့သော အကူအညီများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် နိုင်ငံအတွက်အကျိုးရှိမည့် လုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင် ရာနိုင်ငံများမှ တာဝန်ရှိသူများနှင့် ကဏ္ဍအလိုက် ထိတွေ့ဆက်ဆံပြီး ဆက်လက် အကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း။

အခွန်ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွက် အခွန်အခရရှိပြီး ပုဂ္ဂလိကကဏ္ဍများ ငွေကြေးလည်ပတ်နိုင်ရန်အတွက် ထိုက်သင့်သည့် အခွန်နှုန်းထားများလျှော့ချနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်ပြီး လျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ နောင် လာမည့် အောက်တိုဘာ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဆောင်ရွက်ရမည့် ဘဏ္ဍာရေးကာလတွင် အခွန်နှုန်းထားကို ထပ်မံစဉ်းစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခွန်နှုန်းထားများ ကောက်ခံရာတွင် နိုင်ငံတကာစံနှုန်းများနှင့် အခြားအကျိုးဆက်မျာကို လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရကြောင်း၊ သို့သော်လည်း ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်သူများနှင့် နိုင်ငံတော်အစိုးရတို့ အဆင်ပြေမည့်နည်းလမ်းများကို စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

(Zawgyi Version)

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီအစည္းအေဝး (၉/၂၀၂၁)သို႔ တက္ေရာက္ အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဇြန္ ၁၇

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝး (၉/၂၀၂၁)ကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္အမွာစကား ေျပာၾကားခဲ့သည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၊ ဦးဝဏၰေမာင္လြင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္၊ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ဦးကိုကိုလႈိင္၊ ဦးခ်စ္ႏိုင္၊ ဦးတင္ထြဋ္ဦး၊ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ဦးခင္ေမာင္ရီ၊ ဦးေအာင္သန္းဦး၊ ဦးျမင့္ႀကိဳင္၊ ေဒါက္တာခ်ာလီသန္း၊ ေဒါက္တာပြင့္ဆန္း၊ ေဒါက္တာၫြန႔္ေဖ၊ ေဒါက္တာသက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ေဒါက္တာသက္သက္ခိုင္၊ ဦးေမာင္ေမာင္အုန္း၊ ဦးေစာထြန္းေအာင္ျမင့္ႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာေဒၚသီတာဦးတို႔ တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဖြင့္အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံတိုင္းရွိ အစိုးရတိုင္းသည္ ႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ားကိုေဆာင္႐ြက္ရန္တာဝန္ရွိေၾကာင္း၊ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ တရားဥပေဒစိုးမိုးေရးရွိေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္မႈႏွင့္ပတ္သက္၍ ႏိုင္ငံသားမ်ား၏ လူမႈစီးပြားဘဝ ျမင့္မားတိုးတက္ေအာင္ ေဆာင္႐ြက္ျခင္းသည္ အေရးႀကီးဆုံးပင္ျဖစ္ေၾကာင္း၊ ၿပီးခဲ့သည့္ ေကာင္စီအစည္းအေဝးတြင္ ဘ႑ာႏွစ္ေျပာင္းလဲေရးအတြက္ စီမံေဆာင္႐ြက္ခဲ့ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းလ်က္ရၿပီး ႏိုင္ငံေတာ္၏‌ ေငြလုံးေငြရင္းအသုံးစရိတ္မ်ားတြင္ ပုဂၢလိကက႑မ်ား ပါဝင္သကဲ့သို႔ ႏိုင္ငံေတာ္အစိုးရ၏ က႑သည္လည္း အထိုက္အေလ်ာက္ ပါဝင္လွ်က္ရွိသည္ကို ထည့္သြင္းစဥ္းစားရန္လိုေၾကာင္း၊ အလားတူ ပညာသင္ႏွစ္သည္ ပုံမွန္အားျဖင့္ ဇြန္လ ၁ ရက္ေန႔တြင္စတင္ၿပီး မတ္လကုန္အတြင္း ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ လြတ္လပ္ေရးရရွိခ်ိန္ကာလကတည္းက ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ေႏြရာသီေက်ာင္းပိတ္ရက္၊ အေျဖလႊာစစ္ေဆးခ်ိန္ႏွင့္ ဆရာ/ဆရာမမ်ား အနားယူရမည့္အခ်ိန္မ်ား တြက္ခ်က္ၿပီးေဆာင္႐ြက္ထားျခင္းျဖစ္ေၾကာင္း၊ လႊတ္ေတာ္က်င္းပရာတြင္လည္း မတ္လဆန္းတြင္ အစိုးရဖြဲ႕ျခင္းမ်ား ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္ၿပီး မိုးရာသီတြင္ သီးႏွံမ်ား အဓိကထားစိုက္ပ်ိဳးၾကေၾကာင္း၊ ႏိုင္ငံ၏အဓိကစီးပြားေရးသည္ စိုက္ပ်ိဳးေရးအေပၚတြင္ အေျခခံၿပီး အဓိကသီးႏွံျဖစ္သည့္စပါးမွာ မိုးရာသီ ကုန္တြင္သာအမ်ားဆုံး ထြက္ရွိသျဖင့္ ပြင့္လင္းရာသီေရာက္ရွိခ်ိန္မွသာ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ား ေရာင္းခ်ႏိုင္ေသာေၾကာင့္ ႏိုင္ငံေတာ္ဘတ္ဂ်က္မ်ားကို မွန္ကန္စြာတြက္ခ်က္ႏိုင္မည္ျဖစ္ေၾကာင္း၊ ယခင္အစိုးရလက္ထက္က ဘ႑ာႏွစ္ေျပာင္းလဲခဲ့ခ်ိန္တြင္ စီးပြားေရးဆိုင္ရာ လုပ္ငန္းမ်ားတြင္ အခက္အခဲမ်ားစြာ ေပၚေပါက္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ဘ႑ာႏွစ္အား ေရွးယခင္က အတိုင္း ဧၿပီတစ္ရက္ေန႔မွစတင္ရန္ ျပန္လည္သတ္မွတ္ရန္ ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ေၾကာင္း။

အစိုးရ႐ုံးပိတ္ရက္မ်ား သတ္မွတ္ျခင္းႏွင့္ပတ္သက္၍ ျပည္သူမ်ား၏ခံစားခြင့္ အနားယူမႈ၊ အစိုးရႏွင့္ ပုဂၢလိကလုပ္ငန္းမ်ား ေဆာင္႐ြက္မႈမ်ားကို ထည့္သြင္း စဥ္းစား ရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ အျခားႏိုင္ငံမ်ားထက္ အစိုးရ႐ုံးပိတ္ရက္မ်ား ပိုမိုမ်ားျပားျခင္းေၾကာင့္ ပုဂၢလိကစီးပြားေရးလုပ္ငန္းမ်ားကို မ်ားစြာထိခိုက္မႈရွိေၾကာင္း၊ ပုဂၢလိက လုပ္ငန္းမ်ားလည္ပတ္ရာ၌ ႐ုံးပိတ္ရက္မ်ားတြင္ လုပ္ခတိုးျမႇင့္ေပးရမႈ ေၾကာင့္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အစိုးရ႐ုံးပိတ္ရက္မ်ား ျပန္လည္ျပင္ဆင္သတ္မွတ္ေရး ေဆာင္႐ြက္ရာတြင္ အစားထိုး႐ုံးပိတ္ရက္မ်ားအား ေလွ်ာ့ခ်ရန္အတြက္ ေဆာင္႐ြက္ ခဲ့ျခင္းျဖစ္ေၾကာင္း၊ ျမန္မာတို႔၏ႏွစ္သစ္ကူးမဟာသၾကၤန္ ကာလအတြင္း ျပည္သူမ်ား အနားယူ ေဆာင္႐ြက္ႏိုင္ေရး ထည့္သြင္းသတ္မွတ္ေပးထားေၾကာင္း။

စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ေဆာင္႐ြက္ရာတြင္ စိုက္ပ်ိဳးေရးက႑၊ စက္မႈက႑၊ ဝန္ေဆာင္မႈက႑မ်ား ေဆာင္႐ြက္မႈတြင္ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ားကို အဓိကထားေဆာင္႐ြက္သည့္ ႏိုင္ငံျဖစ္ေသာ္လည္း စိုက္ပ်ိဳး ေရးက႑သည္ အျခားက႑မ်ားထက္ ေလွ်ာ့နည္းေနသည္ကိုေတြ႕ရွိရေၾကာင္း၊ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ားမွ ကုန္ထုတ္လုပ္မႈမ်ား တိုးတက္မႈနည္းပါးေနျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ ႏိုင္ငံ၏ GDP တြင္ လယ္ယာက႑ ပါဝင္မႈသည္ ၂၁ ရာခိုင္ႏႈန္း ခန႔္သာပါဝင္သျဖင့္ လယ္ယာက႑အား ျမႇင့္တင္ေပးရန္လိုအပ္ၿပီး ေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိသည့္ အသား၊ ငါးမ်ားကိုလည္း ျပည္တြင္း၌ တန္ဖိုးျမႇင့္ထုတ္ကုန္မ်ားထုတ္လုပ္၍ ျပည္ပသို႔ တင္ပို႔ႏိုင္သည္အထိ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ျပည္ပႏိုင္ငံမ်ားသို႔ စိုက္ပ်ိဳးေရး ထုတ္ကုန္မ်ားတင္ပို႔ႏိုင္ပါကျပည္သူလူထု၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳး တိုးတက္လာမည္ ျဖစ္ေၾကာင္း၊ စက္မႈက႑ႏွင့္ပတ္သက္၍ တိုးတက္မႈမ်ားရွိေသာ္လည္း ျပည္တြင္း စက္႐ုံအလုပ္႐ုံမ်ား လည္ပတ္ထုတ္လုပ္မႈမ်ား အားနည္းလ်က္ရွိေနေသးေၾကာင္း၊ ႏိုင္ငံပိုင္စက္႐ုံမ်ားသာမက ပုဂၢလိကစက္႐ုံအခ်ိဳ႕လည္း ပုံမွန္အတိုင္းထုတ္လုပ္ ႏိုင္မႈမရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ စက္႐ုံအလုပ္႐ုံမ်ား ပုံမွန္လည္ပတ္ႏိုင္ေရးအတြက္ ျပည္တြင္းထုတ္ကုန္မ်ားကိုအားေပးၿပီး ျပည္ပမွတင္သြင္းမႈမ်ားကို ေလွ်ာ့ခ်ေဆာင္႐ြက္ ရန္လိုေၾကာင္း၊ ျပည္တြင္း၌ကုန္ထုတ္လုပ္မႈမ်ား ေလ်ာ့နည္းလာျခင္းေၾကာင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈ အားေကာင္းလာေစေရး အားေပးရန္လိုေၾကာင္း၊ ကုန္ထုတ္လုပ္မႈ ကုန္က် စရိတ္မ်ား သက္သာေစေရးအတြက္ လွ်ပ္စစ္ဓာတ္အားခ ႏႈန္းထားမ်ားေလ်ာ့နည္းေအာင္ေဆာင္႐ြက္ေပးျခင္း၊ ထိုက္သင့္သည့္ လုပ္သားခမ်ား ျဖစ္ေစေရး ေဆာင္႐ြက္ေပးျခင္းႏွင့္ သယ္ယူပို႔ေဆာင္ေရးအတြက္ ရထားလမ္းႏွင့္ ကားလမ္းမ်ားေကာင္းမြန္ ေအာင္ေဆာင္႐ြက္ၿပီး တတ္ႏိုင္သမွ်ကူညီျဖည့္ဆည္း ေပးႏိုင္ပါက ကုန္ေဈးႏႈန္းမ်ား က်ဆင္းလာမည္ျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ ႏိုင္ရန္အတြက္ အားလုံးဝိုင္းဝန္း ပူးေပါင္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ႏိုင္ငံတစ္ခု တိုးတက္ေရးအတြက္ လွ်ပ္စစ္ဓာတ္အားရရွိေရးသည္ အေရးႀကီးသည့္ လိုအပ္ခ်က္ ျဖစ္သျဖင့္လွ်ပ္စစ္ဓာတ္အားရရွိေစေရးအတြက္ ျပန္လည္ ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ား ျဖစ္သည့္ ေရအားလွ်ပ္စစ္ႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္ မိမိမၾကာခဏ ေျပာၾကားထားေၾကာင္း၊ မိမိတို႔ႏိုင္ငံမွ ျပည္သူတခ်ိဳ႕သည္ အလုပ္အကိုင္ အခြင့္အလမ္း နည္းပါးမႈေၾကာင့္ ျပည္ပႏိုင္ငံမ်ားတြင္ သြားေရာက္ အလုပ္လုပ္ကိုင္လ်က္ရွိၾက ေၾကာင္း၊ စက္႐ုံအလုပ္႐ုံမ်ား လည္ပတ္ျခင္းျဖင့္ ျပည္တြင္း၌ပင္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ေက်းလက္ေန ျပည္သူမ်ား၏ ဘဝတိုးတက္ေစေရး ေက်းလက္ကိုအေျခခံသည့္ စီးပြားေရး လုပ္ငန္း မ်ားကိုလည္း အားေပးေဆာင္႐ြက္ရန္လိုေၾကာင္း။

ႏိုင္ငံ၏ေက်းလက္စီးပြားေရးကို အေထာက္အကူျပဳေနသည့္ လုပ္ငန္းမ်ားတြင္ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားသည္ အဓိကအေရးႀကီးေၾကာင္း၊ မိမိတို႔ႏိုင္ငံမွ ျပည္ပသို႔ ႏြားမ်ားတင္ပို႔လ်က္ရွိသျဖင့္ ျပည္တြင္းမွလယ္ယာက႑စိုက္ပ်ိဳးေရးအတြက္ အသုံးဝင္သည့္ ခိုင္းႏြားမ်ားေလွ်ာ့နည္းမသြားရန္လိုသကဲ့သို႔ စက္မႈလယ္ယာက႑ ကိုလည္း အားေပးေဆာင္႐ြက္ရန္လိုေၾကာင္း၊ ျပည္ပသို႔ႏြားမ်ားတင္ပို႔ရာတြင္ထုတ္ကုန္ အရည္အေသြးျပည့္မီေအာင္ ေဆာင္႐ြက္ရန္လိုသကဲ့သို႔ ေဈးႏႈန္းမ်ား ျပည့္ဝစြာရရွိေရး ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ႏိုင္ငံ၏ေမြးျမဴေရးအဓိက ထုတ္ကုန္မ်ားျဖစ္သည့္ အမဲ၊ ဝက္၊ ၾကက္ႏွင့္ ေရထြက္ကုန္ပစၥည္းမ်ားအား အဆင့္ျမင့္ေမြးျမဴေရး ထုတ္ကုန္မ်ား ျဖစ္ေအာင္ ေဆာင္႐ြက္ၿပီးျပည္ပသို႔တင္ပို႔ႏိုင္ရန္လိုေၾကာင္း၊ အလားတူ သဘာဝႏြားႏို႔ ျပည္ပသို႔ ပိုမိုတင္ပို႔ေရာင္းခ်ႏိုင္ေရးအတြက္ ရွိၿပီးျဖစ္ေသာ ေျမေနရာႏွင့္စားက်က္ ေျမတို႔ကို အက်ိဳးရွိစြာအသုံးခ်၍ ႏို႔စားႏြားမ်ားေမြးျမဴႏိုင္ေရး အားေပးေဆာင္႐ြက္ရန္လို ေၾကာင္း။

လမ္းပန္းဆက္သြယ္မႈအဆင္ေျပေစေရးႏွင့္ ပတ္သက္၍ရထားလမ္းႏွင့္ ကားလမ္း မ်ား အဆင္ေျပေခ်ာေမြ႕ ေကာင္းမြန္စြာသြားလာႏိုင္ရန္လိုေၾကာင္း၊ ရထားပို႔ေဆာင္ေရး သည္ ပို႔ေဆာင္ေရးစနစ္၌ အေကာင္းဆုံးပို႔ေဆာင္ေရးစနစ္တြင္ပါဝင္ေၾကာင္း၊ မိမိတို႔ ႏိုင္ငံရွိရထားလမ္းမ်ား အဆင့္ျမႇင့္တင္ရန္အတြက္ မ်ားစြာလိုအပ္ေနသျဖင့္ ရထား လမ္းမ်ားအား ဦးစားေပးျဖင့္ ျပင္ဆင္ႏိုင္ေရးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ရထား လမ္းေကာင္းမြန္ပါက ႏိုင္ငံ၏စီးပြားေရးအတြက္ မ်ားစြာအက်ိဳးရွိမည္ျဖစ္ေၾကာင္း၊ ေက်းလက္ေဒသမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ လမ္းပန္းဆက္သြယ္ေရး လုပ္ငန္း မ်ား ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ေရးစီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ေက်းလက္စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ပုဂၢလိကသမဝါယမလုပ္ငန္းမ်ား တိုးတက္ ေစေရး ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အေသးစားစက္မႈလက္မႈလုပ္ငန္းမ်ားကို တစ္ဖက္မွျမႇင့္တင္ေပးသြားမည္ျဖစ္ေၾကာင္း။

ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးသည္ အေရးႀကီး လိုအပ္ခ်က္ပင္ျဖစ္ေၾကာင္း၊ ပညာတတ္မ်ား ေပါမ်ားေစေရး ပညာေရး ျမႇင့္တင္မႈ လုပ္ငန္းမ်ားကို မလြဲမေသြေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ယခုအခါေက်ာင္း မ်ား ျပန္လည္ဖြင့္လွစ္လ်က္ရွိၿပီး CDM ဝန္ထမ္းမ်ားႏွင့္ ဆန႔္က်င္ဘက္အဖြဲ႕အစည္း မ်ား၏ ေႏွာင့္ယွက္မႈမ်ားေၾကာင့္ ဆရာ၊ ဆရာမမ်ားအေနျဖင့္လည္း အခက္အခဲမ်ား ၾကားမွ တက္ေရာက္သင္ၾကားေပးလ်က္ရွိေၾကာင္း၊ က်န္ရွိသည့္ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္လည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ အနာဂတ္ကိုပုံေဖာ္ေပးႏိုင္မည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား လူတစ္လုံး သူတစ္လုံး ျဖင့္ ပညာတက္ေျမာက္ေရးအတြက္ စာေပပညာမ်ား သင္ၾကားေပးလ်က္ရွိသည့္ ဆရာ၊ ဆရာမမ်ားကိုလည္း ေက်းဇူးတင္ဂုဏ္ျပဳပါေၾကာင္း၊ ပညာရည္ျမင့္မားေရးအတြက္ မိမိတို႔အေနျဖင့္ နည္းလမ္း ေပါင္းစုံျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တကၠသိုလ္မ်ား၊ ေကာလိပ္မ်ားႏွင့္ အေျခခံပညာေက်ာင္းမ်ားတြင္ စာေပသင္ၾကားရာ၌ ေက်ာင္းသားႏွင့္ ဆရာအခ်ိဳး မွ်တေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ လိုအပ္သည့္ ဆရာ၊ ဆရာမမ်ား ခန႔္အပ္ႏိုင္ေရးအတြက္လည္း စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ စာသင္ေက်ာင္းမ်ား အတြက္လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားကိုလည္း ႀကိဳးပမ္းေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း၊ ဆရာ၊ ဆရာမမ်ားအတြက္ ဂုဏ္ျပဳေထာက္ပံ့ေငြမ်ား ေပးအပ္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ပညာေရးက႑အဆင့္ ျမႇင့္တင္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

ထို႔ေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စုဝန္ႀကီး မ်ားက သက္ဆိုင္ရာက႑အလိုက္ ရွင္းလင္းတင္ျပေဆြးေႏြး၍ အတည္ျပဳခ်က္ ရယူၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ယခုအခ်ိန္တြင္ ေဆာင္႐ြက္ရမည့္ကိစၥသည္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ား တရားမဝင္ ဝင္ေရာက္မႈမ်ားကို ထိထိေရာက္ေရာက္ ဟန႔္တားရန္လိုေၾကာင္း၊ ၿပီးခဲ့သည့္ လအနည္းအငယ္က တရားမဝင္ ေမာ္ေတာ္ယဥ္မ်ားႏွင့္ဆိုင္ကယ္မ်ားစြာ ဖမ္းဆီး ရမိခဲ့ေၾကာင္း၊ အဆိုပါ လိုင္စင္မဲ့ယာဥ္မ်ားေၾကာင့္ လုံၿခဳံေရးက်ိဳးေပါက္ခဲ့သည့္ ျဖစ္စဥ္မ်ား မၾကာခဏျဖစ္ေပၚခဲ့သည္ကိုေတြ႕ရေၾကာင္း၊ အဆိုပါ ျဖစ္စဥ္မ်ားႏွင့္ စပ္လ်ဥ္း၍ CCTV မွတ္တမ္းမ်ားတြင္ နံပါတ္မပါသည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားျဖစ္ၿပီး နံပါတ္ပါရွိသည့္ ေမာ္ေတာ္ဆိုင္ကယ္ အခ်ိဳ႕သည္လည္း နံပါတ္အတုမ်ားျဖစ္ ေနသည္ ကိုေတြ႕ရေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ စည္ပင္သာယာေရးနယ္နိမိတ္ အတြင္း ၌ ေမာ္ေတာ္ဆိုင္ကယ္ စီးနင္းခြင့္မျပဳဘဲ စည္ပင္သာယာေရးနယ္နိမိတ္ ျပင္ပတြင္သာ စီးနင္းခြင့္ျပဳထားေၾကာင္း။

ယာဥ္စည္းကမ္းထိန္းသိမ္းေရးအပိုင္းႏွင့္စပ္လ်ဥ္း၍ ေမာ္ေတာ္ယာဥ္လိုင္စင္ ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္လိုင္စင္အတုမ်ား ျပဳလုပ္စီးနင္းေနသည္ကို ေတြ႕ရေၾကာင္း၊ ျပည္ပ ႏိုင္ငံအခ်ိဳ႕မွ ေမာ္ေတာ္ယာဥ္နံပါတ္ျပားမ်ားတြင္ ေမာ္ေတာ္ယာဥ္အမ်ိဳးအစား၊ သက္ဆိုင္ရာတိုင္းေဒသႀကီး၊ ျပည္နယ္ ၿမိဳ႕နယ္အလိုက္ အကၡရာမ်ား သတ္မွတ္ထား သည္ကို ေတြ႕ရေၾကာင္း၊ သို႔ျဖစ္၍မိမိတို႔ႏိုင္ငံတြင္လည္း ထိုသို႔ေဆာင္႐ြက္ရန္ စီစဥ္ခဲ့ေၾကာင္း၊ ထိုသို႔ စီစဥ္ေဆာင္႐ြက္ျခင္းျဖင့္ တရားမဝင္လိုင္စင္မဲ့ ေမာ္ေတာ္ ယာဥ္မ်ား ထိန္းသိမ္းႏိုင္မည္ျဖစ္ေၾကာင္း၊ ေမာ္ေတာ္ယာဥ္လိုင္စင္အသစ္ ေလွ်ာက္ ထားျခင္းႏွင့္ လိုင္စင္သက္တမ္းတိုးျခင္းမ်ား ေဆာင္႐ြက္ပါက နံပါတ္ျပားအသစ္ ေျပာင္းလဲ ရမည္ျဖစ္ေၾကာင္း၊ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္မ်ား တရားမဝင္ ဝင္ေရာက္ေနမႈေၾကာင့္ တိုင္းျပည္ အတြက္ အခြန္ေငြမ်ားစြာနစ္နာၿပီး တရားဥပေဒစိုးမိုးေရးကို ထိခိုက္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ တရားမဝင္တင္သြင္းမႈႏွင့္ တင္ပို႔မႈမ်ားကို ထိထိ ေရာက္ေရာက္ဟန႔္တား သြားရမည္ျဖစ္ေၾကာင္း။

တရားမဝင္ လမ္းေၾကာင္းမ်ားမွ အခြန္ေရွာင္ၿပီး ပစၥည္းမ်ား တရားမဝင္ တင္သြင္းေနမႈမ်ားေၾကာင့္ အိမ္နီးခ်င္း နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွ ရရွိသည့္ အခြန္ႏႈန္းထားသည္ မ်ားစြာေလ်ာ့နည္းေနသည္ကို ေတြ႕ရွိရေၾကာင္း၊ တရားမဝင္ တင္သြင္းမႈမ်ားကို အုပ္ခ်ဳပ္ေရးပိုင္းက ထိထိေရာက္ေရာက္ တားဆီးသြား ရန္လိုအပ္ၿပီး ရသင့္ရထိုက္သည့္ အခြန္အခမ်ားကိုရရွိေအာင္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ လွ်ပ္စစ္မီတာခမ်ားႏွင့္စပ္လ်ဥ္း၍ ေငြက်ပ္ဘီလီယံမ်ားစြာရရွိရန္ က်န္ရွိေနသည့္ အတြက္ အျပည့္အဝရရွိေရး ေကာက္ခံသြားရမည္ျဖစ္ေၾကာင္း၊ အစိုးရသည္ ရရွိသည့္ အခြန္အခမ်ားေပၚတြင္ ရပ္တည္ၿပီးျပည္သူလူထု၏ လူမႈစီးပြားဘ၀ ဖြံ႕ၿဖိဳးတိုးတက္ေရးကို စီမံေဆာင္႐ြက္ရေၾကာင္း၊ သို႔ျဖစ္၍ အခြန္အခမ်ားအျပည့္အဝရရွိေရး ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း။

စားေသာက္ကုန္ႏွင့္ပတ္သက္၍ တပ္မေတာ္အေနျဖင့္ တစ္သွ်ဴးနည္းျဖင့္ ဖီးၾကမ္းႏွင့္ သီးေမႊးငွက္ေပ်ာမ်ား ထုတ္လုပ္လ်က္ရွိေၾကာင္း၊ ငွက္ေပ်ာသီး သည္ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ၿပီး အာဟာရျပည့္ဝစြာရရွိေၾကာင္း၊ သို႔ျဖစ္၍ ဝန္ႀကီးဌာနမ်ားအေနျဖင့္ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ဌာန ဆိုင္ရာမ်ားတြင္ စိုက္ပ်ိဳးလိုပါက ပ်ိဳးပင္မ်ားကို သင့္ေလ်ာ္သည့္ႏႈန္းထားျဖင့္ ျဖန႔္ျဖဴးေပးသြားမည္ျဖစ္ေၾကာင္း၊ ယင္းသို႔ေဆာင္႐ြက္ပါက တိုင္းျပည္အတြက္ အက်ိဳးမ်ားစြာရရွိမည္ျဖစ္ေၾကာင္း၊ အစိုးရအေနျဖင့္ ျပည္သူလူထု၏ စားေရ ရိကၡာ ဖူလုံေရးႏွင့္ ေဈးႏႈန္းသက္သက္သာသာျဖင့္ ဝယ္ယူစားသုံးႏိုင္ေရးအတြက္ စီစဥ္ ေဆာင္႐ြက္ေပးရမည္ ျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ မိမိအေနျဖင့္ သက္ဆိုင္ရာဌာနမ်ားအား ျဖစ္၊ ေခ်ာင္းမ်ား၌ ငါးမ်ိဳးမ်ားစိုက္ထည့္ေပးရန္ လမ္းၫႊန္ထားေၾကာင္း။

ႏိုင္ငံတကာမွေပးအပ္ခဲ့ေသာ အကူအညီမ်ားႏွင့္ စပ္လ်ဥ္း၍ သက္ဆိုင္ရာဝန္ႀကီး ဌာနမ်ားအေနျဖင့္ ႏိုင္ငံအတြက္အက်ိဳးရွိမည့္ လုပ္ငန္းမ်ားကို ဆက္လက္အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း၊ တာဝန္ရွိသူမ်ားအေနျဖင့္ သက္ဆိုင္ ရာႏိုင္ငံမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ က႑အလိုက္ ထိေတြ႕ဆက္ဆံၿပီး ဆက္လက္ အေကာင္အထည္ေဖာ္သြားရန္ လိုအပ္ေၾကာင္း။

အခြန္ကိစၥႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္အတြက္ အခြန္အခရရွိၿပီး ပုဂၢလိကက႑မ်ား ေငြေၾကးလည္ပတ္ႏိုင္ရန္အတြက္ ထိုက္သင့္သည့္ အခြန္ႏႈန္းထားမ်ားေလွ်ာ့ခ်ႏိုင္ေရး သက္ဆိုင္ရာဌာနမ်ားႏွင့္ ေဆြးေႏြးညႇိႏႈိင္ၿပီး ေလွ်ာ့ခ်ေပးသြားမည္ျဖစ္ေၾကာင္း၊ ေနာင္ လာမည့္ ေအာက္တိုဘာ ၁ ရက္မွ မတ္ ၃၁ ရက္အထိ ေဆာင္႐ြက္ရမည့္ ဘ႑ာေရးကာလတြင္ အခြန္ႏႈန္းထားကို ထပ္မံစဥ္းစား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ အခြန္ႏႈန္းထားမ်ား ေကာက္ခံရာတြင္ ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္ အျခားအက်ိဳးဆက္မ်ာကို လည္း ထည့္သြင္းစဥ္းစား ေဆာင္႐ြက္ရေၾကာင္း၊ သို႔ေသာ္လည္း ျပည္တြင္းလုပ္ငန္းရွင္မ်ား၊ ျပည္သူမ်ားႏွင့္ ႏိုင္ငံေတာ္အစိုးရတို႔ အဆင္ေျပမည့္နည္းလမ္းမ်ားကို စဥ္းစားေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။