နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန် – ၁၄

ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာ ရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာ သဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ ၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက်၌ကျင်းပပြုလုပ်သည်။

အဆိုပါအန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒါယကာ၊ ဒါယိကာမများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချု်ပမှူးကြီး စိုးဝင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဥပါသကာများက ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ပူဇော်သည်။


ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မိုးကုတ်မြို့၊ ညောင်သုံးပင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ တေဇောသာရာ ဘိဝံသကလည်းကောင်း၊ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့နှင့် ပခုက္ကူမဟာ ဝိသုတာရာမကျောင်းတိုက်တို့မှ ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သံဝေဂတရား ဖြစ်ပွားရပါကြောင်း သဝဏ်လွှာကို မန္တလေးမြို့၊ မိုးကုတ်ရိပ်သာ ရွှေဓူဝံ ဆရာတော် အရှင်ဇဝန ကလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း အသီးသီး ဖတ်ကြားပူဇော်ကြ သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ ၊ တွဲဖက်ရွှေကျင်သာသနာပိုင် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရထံမှ ဓမ္မသံဝေဂကထာ တရားနာကြား၍ ရေစက်သွန်းချ အမျှ ပေးဝေကြသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များက သိင်္ဂါသံတေးထပ်ဖြင့် သီကျူးပူဇော်ကြသည်။ ထို့နောက် တပည့်ဒါယကာ၊ ဒါယိကာမများက အပြစ်ရှိကခွင့်လွှတ်တော်မူရန် တောင်းပန် ကန်တော့၍ ဆရာတော်ဘုရားကြီးအား နောက်ဆုံးတောင်းပန်ကန်တော့ကြသည်။

ယင်းနောက် အခမ်းအနားမှူးက ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်ပေါ်သို့ ကြွချီတော်မူပါရန် အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန် လျှောက်ထားပြီး ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်ပေါ်သို့ အစီအစဉ်အတိုင်းပင့်ဆောင်ကြပြီး လောင်တိုက်တော်တည်ရှိရာ ဥပ္ပါတသန္တိ စေတီတော် ဘုရားပွဲတော်ကွင်းသို့ ပင့်ဆောင်ကြသည်။

 
ဆက်လက်ပြီး ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ကြွချီတော်မူ ပါမည့်အကြောင်း အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား လောင်တိုက်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ အနိစ္စာ ဝတ သင်္ခါရာ အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများပြီး သာဓုသုံးကြိမ်ခေါ်ဆို၍ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အဂ္ဂိဈာပန တေဇောဓာတ်ဖြင့် ပူဇော်ခဲ့သည်။

ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရသည် နိုင်ငံတော် ဩဝါဒါစရိယ တာဝန်ကို ထမ်းဆောင်တော်မူခဲ့ပြီး ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ကြီးကို ပရိယတ္တိစာသင်တိုက်အဖြစ် ဖွင့်လှစ်တော်မူကာ စာသင်သားသံဃာအပါး ၃၀၀ ခန့်အား ပရိယတ္တိစာပေများကို စံလွန်တော်မူသည်အထိ သင်ကြားပြသပို့ချတော်မူပြီး ဦးဗုဒ္ဓေါတောရရိပ်သာကြီးကို တည်ထောင်၍ ကမ္မဋ္ဌာန်း ကျင့်စဉ်များကို ကိုယ်တိုင်လည်းကျင့်ကြံတော်မူပြီး တပည့် သံဃာ၊ ဒါယကာ၊ ဒါယိကာမ၊ ယောဂီအပေါင်းတို့အားလည်း ကျင့်ကြံစေတော်မူကာ ပရိယတ်ပဋိပတ် ဓုရနှစ်ဖြာ သာသနာတော်ကို သက်ဆုံးတိုင် အားသွန်ကြိုးပမ်း ထမ်းဆောင်တော်မူလျက် ကျောင်းတိုက်ခွဲပေါင်းများစွာကိုလည်း ဖွင့်လှစ်တည်ထောင် ဆောင်ရွက်တော်မူခဲ့သည့် သာသနာ့အာဇာနည် မဟာထေရ်မြတ်ကြီးဖြစ်ပြီး သက်တော်(၉၅)နှစ် သိက္ခာတော် (၇၅) ဝါတွင် ဘဝနတ်ထံစံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဈေးကုန်းဆရာတော်ဘုရားကြီး၏ သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များရေမျှော ပူဇော်ခြင်းအခမ်းအနားအား ပေါင်းလောင်းမြစ်အနီး၊ ကျည်တောင်ရွာ၌ ဇွန်လ ၁၅ ရက် တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Zawgyi Version

ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ မဟာဝိသုတာရာမေဈးကုန္းပရိယတၱိစာသင္တိုက္ ဦးစီးပဓာနနာယက ႏိုင္ငံေတာ္ဩဝါဒါစရိယ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ အဂၢမဟာဂႏၴဝါစကပ႑ိတ ေဒါက္တာ ဘဒၵႏၲ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမၼာစရိယ) ၏ အႏၲိမ အဂၢိဈာပန သာဓုကီဠန ပူဇာသဘင္အခမ္းအနား က်င္းပျပဳလုပ္

ေနျပည္ေတာ္၊ ဇြန္ – ၁၄

ဘဝနတ္ထံစံလြန္ေတာ္မူခဲ့သည့္ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ မဟာဝိသုတာ ရာမ ေဈးကုန္းပရိယတၱိစာသင္တိုက္ ဦးစီးပဓာနနာယက ႏိုင္ငံေတာ္ဩဝါဒါစရိယ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ အဂၢမဟာဂႏၴဝါစကပ႑ိတ၊ ေဒါက္တာ ဘဒၵႏၲ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမၼာစရိယ) ၏ အႏၲိမအဂၢိဈာပနသာဓုကီဠန ပူဇာ သဘင္အခမ္းအနားကို ယေန႔ မြန္းလြဲပိုင္းတြင္ ပ်ဥ္းမနားၿမိဳ႕ ၊ မဟာဝိသုတာရာမ ေဈးကုန္းပရိယတၱိစာသင္တိုက္၌က်င္းပျပဳလုပ္သည္။

အဆိုပါအႏၲိမအဂၢိဈာပနသာဓုကီဠန ပူဇာသဘင္အခမ္းအနားသို႔ ႏိုင္ငံေတာ္သံဃ မဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္၊ သန္လ်င္မင္းေက်ာင္းဆရာေတာ္ အဂၢမဟာ ပ႑ိတ၊ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ေဒါက္တာ ဘဒၵႏၲ စႏၵိမာ ဘိဝံသ၊ သီတဂူကမာၻ႔ ဗုဒၶတကၠသိုလ္မ်ား၏ အဓိပတိ အဘိဓဇ မဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼ ေဇာတိက၊ မဟာဓမၼ ကထိက ဗဟုဇနဟိတဓရ၊ ေ႐ႊက်င္နိကာယ ဥပဥကၠ႒ တြဲဖက္ ေ႐ႊက်င္သာသနာပိုင္ ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရ အမႉးျပဳေသာ ဆရာေတာ္ႀကီးမ်ား ႂကြေရာက္ေတာ္မူၾကၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယ ဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ား၊ ေကာင္စီအတြင္းေရးမႉးႏွင့္ တြဲဖက္ အတြင္းေရးမႉး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ ဒါယကာ၊ ဒါယိကာမမ်ား၊ ဝတ္အသင္းအဖြဲ႕မ်ား တက္ေရာက္ပူေဇာ္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္၊ သန္လ်င္မင္းေက်ာင္း ဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ေဒါက္တာ ဘဒၵႏၲ စႏၵိမာ ဘိဝံသထံမွ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အခမ္းအနား တက္ေရာက္လာၾကသည့္ ဧည့္ပရိသတ္မ်ားက ငါးပါးသီလ ခံယူ ေဆာက္တည္ၾကၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳ္ပမႉးႀကီး စိုးဝင္း၊ သာသနာေရးႏွင့္ယဥ္ေက်းမႈ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုႏွင့္ ဥပါသကာမ်ားက ဆရာေတာ္ႀကီး၏ ဥတုဇ ႐ုပ္ကလာပ္ေတာ္အား စိန္ကတၱီပါလႊမ္း၍ပူေဇာ္သည္။
ထို႔ေနာက္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၏ သံေဝဂပြားေတာ္မူေၾကာင္း သဝဏ္လႊာကို ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ တြဲဖက္အက်ိဳးေတာ္ေဆာင္ မိုးကုတ္ၿမိဳ႕၊ ေညာင္သုံးပင္ဆရာေတာ္ အဂၢမဟာ သဒၶမၼ ေဇာတိကဓဇ၊ အဂၢမဟာ ဂႏၴဝါစကပ႑ိတ၊ ဓမၼကထိက ဗဟုဇနဟိတဓရ ေဒါက္တာ ဘဒၵႏၲ ေတေဇာသာရာ ဘိဝံသကလည္းေကာင္း၊ ေနျပည္ေတာ္တိုင္းသံဃနာယကအဖြဲ႕ႏွင့္ ပခုကၠဴမဟာ ဝိသုတာရာမေက်ာင္းတိုက္တို႔မွ ေပးပို႔သည့္ ဝမ္းနည္းေၾကာင္းသဝဏ္လႊာႏွင့္ သံေဝဂတရား ျဖစ္ပြားရပါေၾကာင္း သဝဏ္လႊာကို မႏၲေလးၿမိဳ႕၊ မိုးကုတ္ရိပ္သာ ေ႐ႊဓူဝံ ဆရာေတာ္ အရွင္ဇဝန ကလည္းေကာင္း၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၏ ဝမ္းနည္းေၾကာင္း သဝဏ္လႊာကို ျပည္ေထာင္စုဝန္ႀကီးကလည္းေကာင္း အသီးသီး ဖတ္ၾကားပူေဇာ္ၾက သည္။
၎ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ဒုတိယဥကၠ႒ႏွင့္ အခမ္းအနား တက္ေရာက္လာၾကသူမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအား လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းၾကၿပီး သီတဂူကမာၻ႔ ဗုဒၶတကၠသိုလ္မ်ား၏ အဓိပတိ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ မဟာဓမၼကထိက ဗဟုဇနဟိတဓရ ေ႐ႊက်င္နိကာယ ဥပဥကၠ႒ ၊ တြဲဖက္ေ႐ႊက်င္သာသနာပိုင္ ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရထံမွ ဓမၼသံေဝဂကထာ တရားနာၾကား၍ ေရစက္သြန္းခ် အမွ် ေပးေဝၾကသည္။
ယင္းေနာက္ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ အႏုပညာဦးစီးဌာနမွ ယဥ္ေက်းမႈအဖြဲ႕မ်ားက သိဂၤါသံေတးထပ္ျဖင့္ သီက်ဴးပူေဇာ္ၾကသည္။ ထို႔ေနာက္ တပည့္ဒါယကာ၊ ဒါယိကာမမ်ားက အျပစ္ရွိကခြင့္လႊတ္ေတာ္မူရန္ ေတာင္းပန္ ကန္ေတာ့၍ ဆရာေတာ္ဘုရားႀကီးအား ေနာက္ဆုံးေတာင္းပန္ကန္ေတာ့ၾကသည္။

ယင္းေနာက္ အခမ္းအနားမႉးက ဆရာေတာ္ႀကီး၏႐ုပ္ကလာပ္ေတာ္အား ကရဝိက္ယာဥ္ေပၚသို႔ ႂကြခ်ီေတာ္မူပါရန္ အဘိယာစန နိမႏၲနဂါထာျဖင့္ ေတာင္းပန္ ေလွ်ာက္ထားၿပီး ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ကရဝိက္ယာဥ္ေပၚသို႔ အစီအစဥ္အတိုင္းပင့္ေဆာင္ၾကၿပီး ေလာင္တိုက္ေတာ္တည္ရွိရာ ဥပၸါတသႏၲိ ေစတီေတာ္ ဘုရားပြဲေတာ္ကြင္းသို႔ ပင့္ေဆာင္ၾကသည္။

ဆက္လက္ၿပီး ႐ုပ္ကလာပ္ေတာ္အား ေလာင္တိုက္ေတာ္ေပၚသို႔ ႂကြခ်ီေတာ္မူ ပါမည့္အေၾကာင္း အဘိယာစန နိမႏၲနဂါထာျဖင့္ ေတာင္းပန္ေလွ်ာက္ထားၿပီး ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ေလာင္တိုက္ေပၚသို႔ အစီအစဥ္အတိုင္း ပင့္ေဆာင္ၾကသည္။ ထို႔ေနာက္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ဒုတိယ ဥကၠ႒ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ ေတာ္အား ဖူးေျမာ္ၾကည္ညိဳၾကသည္။ ယင္းေနာက္ သံဃာေတာ္အရွင္သူျမတ္မ်ား ဦးေဆာင္၍ အနိစၥာ ဝတ သခၤါရာ အစခ်ီေသာ သံေဝဂသုံးဂါထာကို ႐ြတ္ဆိုပြားမ်ားၿပီး သာဓုသုံးႀကိမ္ေခၚဆို၍ ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား အဂၢိဈာပန ေတေဇာဓာတ္ျဖင့္ ပူေဇာ္ခဲ့သည္။

ပ်ဥ္းမနားၿမိဳ႕၊ မဟာဝိသုတာရာမေဈးကုန္း ပရိယတၱိ စာသင္တိုက္ ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရ႒ဂု႐ု ေဒါက္တာ ဘဒၵႏၲ ကဝိသာရသည္ ႏိုင္ငံေတာ္ ဩဝါဒါစရိယ တာဝန္ကို ထမ္းေဆာင္ေတာ္မူခဲ့ၿပီး ပ်ဥ္းမနားၿမိဳ႕ မဟာဝိသုတာရာမ ေဈးကုန္းေက်ာင္းတိုက္ႀကီးကို ပရိယတၱိစာသင္တိုက္အျဖစ္ ဖြင့္လွစ္ေတာ္မူကာ စာသင္သားသံဃာအပါး ၃၀၀ ခန႔္အား ပရိယတၱိစာေပမ်ားကို စံလြန္ေတာ္မူသည္အထိ သင္ၾကားျပသပို႔ခ်ေတာ္မူၿပီး ဦးဗုေဒၶါေတာရရိပ္သာႀကီးကို တည္ေထာင္၍ ကမၼ႒ာန္း က်င့္စဥ္မ်ားကို ကိုယ္တိုင္လည္းက်င့္ႀကံေတာ္မူၿပီး တပည့္ သံဃာ၊ ဒါယကာ၊ ဒါယိကာမ၊ ေယာဂီအေပါင္းတို႔အားလည္း က်င့္ႀကံေစေတာ္မူကာ ပရိယတ္ပဋိပတ္ ဓုရႏွစ္ျဖာ သာသနာေတာ္ကို သက္ဆုံးတိုင္ အားသြန္ႀကိဳးပမ္း ထမ္းေဆာင္ေတာ္မူလ်က္ ေက်ာင္းတိုက္ခြဲေပါင္းမ်ားစြာကိုလည္း ဖြင့္လွစ္တည္ေထာင္ ေဆာင္႐ြက္ေတာ္မူခဲ့သည့္ သာသနာ့အာဇာနည္ မဟာေထရ္ျမတ္ႀကီးျဖစ္ၿပီး သက္ေတာ္(၉၅)ႏွစ္ သိကၡာေတာ္ (၇၅) ဝါတြင္ ဘဝနတ္ထံစံလြန္ေတာ္မူခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕၊ မဟာဝိသုတာရာမ ေဈးကုန္းပရိယတၱိ စာသင္တိုက္ ဦးစီးပဓာနနာယက ႏိုင္ငံေတာ္ဩဝါဒါစရိယ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ အဂၢမဟာဂႏၴဝါစကပ႑ိတ ေဒါက္တာ ဘဒၵႏၲ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမၼာစရိယ) ေဈးကုန္းဆရာေတာ္ဘုရားႀကီး၏ သရီရဓာတုပဝါဟနပူဇာ ဓာတ္ျပာေတာ္မ်ားေရေမွ်ာ ပူေဇာ္ျခင္းအခမ္းအနားအား ေပါင္းေလာင္းျမစ္အနီး၊ က်ည္ေတာင္႐ြာ၌ ဇြန္လ ၁၅ ရက္ တြင္ က်င္းပျပဳလုပ္ သြားမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။