နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့်နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား တာဝန်ယူ ဆောင်ရွက်မှုသည် ၄ လကျော်ကာလအထိ ရောက်ရှိလာပြီဖြစ်ပြီး တိုးတက်ပြောင်းလဲ မှုများရှိသကဲ့သို့ စိန်ခေါ်မှုအချို့လည်းရှိနေသေးကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ရောက်ရှိခဲ့ပြီး ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းစွာဖြင့် သွားလာလှုပ်ရှားနေကြသည်ကို တွေ့ရှိရကြောင်း၊ ခရီးစဉ်အတွင်း သံလွင်တံတား(ချောင်းဆုံ)အား ဒေသခံများလိုလားသည့် တံတားစတင်ဆောက်လုပ် စဉ်က အမည်အတိုင်း ပြန်လည်သတ်မှတ်ဆောင်ရွက်ပေးခဲ့ချိန်တွင် ဒေသခံပြည်သူများ အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင်ဒေသ အတွင်း ဝမ်းစာဖူလုံရေးကိုသာမက သီးနှံများပိုမိုထွက်ရှိပြီး ဒေသခံတောင်သူများ ဝင်ငွေ တိုးတက်စေရန် သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး သိပ္ပံနည်းကျ စနစ်တကျ စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်များမှတာဝန်ရှိသူများက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း၊ နိုင်ငံသားများအနေဖြင့် ဘဝတိုးတက်ရေး အတွက် ရောင့်ရဲတင်းတိမ်မနေကြဘဲ မိမိတို့ကျင်လည်နေရသည့် အခြေအနေတွင် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ရည်မှန်းချက်ထား၍ သမာအာဇီဝနည်းဖြင့် ခေတ်နှင့် အညီ ဆောင်ရွက်နိုင်ပါက လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ဘဏ္ဍာရေးနှစ်ကို ယခင်အစိုးရက အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလသတ်မှတ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သဖြင့် မိုး၊ ဆောင်း စိုက်ပျိုးသီးနှံထွက်ရှိမှုနှင့် ရရှိမည့်အခွန်အခများ အပေါ်မူတည်၍ ယခင်ကဘဏ္ဍာရေးနှစ်အား သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဘဏ္ဍာနှစ်အား ပြောင်းလဲသတ်မှတ်ခဲ့သည့်အတွက် နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတောင်သူများအနေဖြင့် အဆင်မပြေမှုများ များစွာဖြစ်ပေါ်ခဲ့ရကြောင်း၊ ထို့ကြောင့် ဘဏ္ဍာနှစ် သတ်မှတ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်သတ်မှတ်နိုင်ရေး စဉ်စားချိန်ဆ၍ ဆောင်ရွက်သွားရန်နှင့် ကောင်စီဝင်များအနေဖြင့်လည်း ဆွေးနွေးအကြံပြုကြ စေလိုကြောင်း။

COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ယခုကာလအတွင်း ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ အများအားဖြင့် အိန္ဒိယနိုင်ငံနှင့်ထိစပ် လျက်ရှိသည့် ချင်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနောက်ပိုင်းနှင့် ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့အား Stay at home သတ်မှတ်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် COVID-19 စည်းကမ်းချက်များကို လိုက်နာ ရန်လိုအပ်ကြောင်း၊ ကျောင်းများတွင် COVID-19 ရောဂါကူးစက်မှုမရှိစေရေး COVID-19 စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရေး အထူးအလေးထားကြပ်မတ်ဆောင်ရွက်ရန် အရေးကြီးကြောင်း။

ပညာရေးနှင့်ပတ်သက်၍ အချို့ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှု မရှိသေး ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ကြောင်း၊ ကျောင်းသားများ ပညာသင်ကြားရေးသည် တိုင်းပြည်နှင့် ကျောင်းသားတစ်ဦးချင်းစီ၏ အကျိုးအတွက် ရည်ရွယ်ပြီးပြန်လည်ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိက ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ယခုအခါဆူပူဆန္ဒပြမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် အနည်းငယ်ရှိနေသည်ကိုတွေ့ရကြောင်း၊ အကြမ်းဖက်မှုများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ စာသင်ကျောင်းများ၊ အုပ်ချုပ်မှုဆိုင်ရာ ရုံးအဆောက်အဦများနှင့် ပုဂ္ဂိုလ် ရေးအရ ရန်ငြိုးရှိသူများအား အကြမ်းဖက်ဆောင်ရွက်နေသည်ကို တွေ့ရှိရ ကြောင်း။

ယခုအခါ မိုးရာသီသို့ရောက်ရှိလာပြီး ယခင်နှစ်များက မိုးနည်းခဲ့သည့် ဒေသများ တွင် မိုးကောင်းစွာရွာသွန်းသဖြင့် စိုက်ပျိုးရေးတောင်သူများ အဆင်ပြေလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အလားတူ မိုးတွင်းကာလဖြစ်သဖြင့် ရေကြီးရေလျှံခြင်းနှင့် လေပြင်း တိုက်မှုများကြောင့်ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင် ကာကွယ်နိုင်ရေးအတွက် ချောင်း၊မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ အန္တရာယ်ရှိသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးစသည်တို့ကို ဆောင်ရွက်ရန်အတွက် တာဝန်ရှိ သူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတိပေးနှိုးဆော်နေရန် လိုကြောင်း၊ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုကို တတ်နိုင်သမျှ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါကကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများက ချက်ချင်း အရေးယူ ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ဇွန် ၄ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ ၍ COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မတရားအသင်း ကြေညာ ထားသည့် CRPH၊ NUG တို့နှင့် ပတ်သက်သည့် အသင်းအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့ များက မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်ခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်းများအပေါ် အာဆီယံဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှုရှောင်ရှား‌ရေး နှင့်ပတ်သက်၍ အာဆီယံနိုင်ငံများအပါအဝင် အခြားမည်သည့်နိုင်ငံကမျှ ထောက်ပြ ပြောဆိုခြင်း၊ ဟန့်တားသည့်ကြေညာချက်ထုတ်ပြန်ခြင်းများ မပြုလုပ်သည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းသွားချိန်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပြုလုပ်သွားမည့် အခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာအကူအညီပေးရေး ကိစ္စရပ်များတွင် မိမိတို့နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် Phoenix Media နှင့်တွေ့ဆုံမေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကောင်စီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်း တို့က အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဘဲ လုပ်ပိုင်ခွင့်ကျော်လွန်ဆောင်ရွက်ခဲ့သည့် အဂတိလိုက်စားမှုများကို စိစစ်ဖော်ထုတ်အရေးယူရေး၊ အကြမ်းဖက်သမားများအား ခိုအောင်းနေထိုင်ခွင့်ပေးသူများနှင့် ၎င်းတို့အား ထောက်ပံ့ကူညီနေသူများကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထိထိရောက်ရောက် အရေးယူရေး၊ ပြည်သူများ၏ ဘဝ လုံခြုံမှုရှိစေရန် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် လုံခြုံရေးစနစ် အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ တိုင်းပြည်၏ စားသုံးဆီဖူလုံမှုရှိစေရန်စီမံ ဆောင်ရွက်သွားရေး၊ ထီးခီးဒေသစက်မှုဇုန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လူမှုကွန်ရက် များတွင် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေမှုအပေါ် လျင်မြန်ထိရောက်စွာ တုံ့ပြန် ဆောင်ရွက်ရေး မီဒီယာတုံ့ပြန်မှု လျင်မြန်အားကောင်းစေရန် မီဒီယာဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ အများပြည်သူ ရုံးပိတ်ရက်များနှင့် ဘဏ္ဍာရေးနှစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ၏လျှပ်စစ် ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်နှင့် ပြည်ပဝင်ငွေရရှိရန် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးသည့် ရပ်ဆိုင်းနေသော ရေအားလျှပ်စစ် စီမံကိန်းများ ဆက်လက်အကောင်အထည် ဖော်ရေးအတွက် ပြန်လည်သုံးသပ်ရေး၊ စာရင်းကိုင်နှင့် ရှေ့နေ ဒီပလိုမာသင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး၊ ဒေသတွင်းလူမှုကယ်ဆယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ ငွေများ အချိန်မီရရှိရေး၊ အားကစားသမားများ နိုင်ငံတော်အပေါ် သစ္စာ စောင့်သိရေးနှင့် နိုင်ငံ့သားကောင်း တစ်ယောက်တွင်ရှိရမည့် ကျင့်ဝတ်များရှိစေရန် လေ့ကျင့်ပျိုးထောင် ပေးရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက နှစ်အလိုက် ပြက္ခဒိန်နှစ်တွင် အများပြည်သူ ရုံးပိတ်ရက်များ သတ်မှတ်ခဲ့မှု အခြေအနေ နှင့် ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ ကောင်စီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒေါ်အေးနုစိန်တို့က ဘဏ္ဍရေးနှစ်ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပတ်သက်၍ ထည့်သွင်း စဉ်းစား ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအကြံပြု တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အများ ပြည်သူရုံးပိတ်ရက်များနှင့် ပတ်သက်ပြီး နိုင်ငံတော်အတွက် မျှော်မှန်းကာ အလုပ်ရှင်၊ အလုပ်သမား၊ ဝန်ထမ်းများ ထိခိုက်နစ်နာမှုမရှိအောင် ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်ကြောင်း၊ ဘဏ္ဍာရေးနှစ်ကိုလည်း မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် လိုက်လျောညီထွေသည့် အချိန်ကာလကိုသာ ပြောင်းလဲသတ်မှတ်သင့်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် ဖြစ်သင့်သည်ကို ဝိုင်းဝန်းစဉ်းစား ဆောင်ရွက်ကြရန်ဖြစ် ကြောင်း။

အဂတိလိုက်စားမှုများနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်ကျော်လွန် ဆောင်ရွက်ခဲ့သည့် အဂတိမှုများကို ပြန်လည်စိစစ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရား ဥပဒေ စိုးမိုးရေးနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုကိစ္စများကို ဥပဒေနှင့်အညီ ထိရောက် သည့် ပြစ်ဒဏ်များချမှတ်ရန် ဆောင်ရွက်နေကြောင်း၊ ဌာနဆိုင်ရာများတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသူများအား CDM လုပ်သူများက ခြိမ်းခြောက်နှောက်ယှက် နေမှုကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး ခြိမ်းခြောက်ခံရသော ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုင်ကြားကြရန်လိုကြောင်း။

စားသုံးဆီဖူလုံရေးနှင့်ပတ်သက်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ဆီကောင်း ဆီသန့်များ စားသုံးနိုင်ရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုတ်တို့ကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ ကုန်ကြမ်းများ ကြိတ်ခွဲရာတွင်လည်း အဆင့်မြင့်နည်းပညာ အသုံးပြုကြိတ်ခွဲနိုင်ရေး စီမံဆောင်ရွက် ပေးရန်လိုကြောင်း၊ စနစ်တကျဆီကြိတ်ထုတ်လုပ်ထားသော ပဲ၊ နှမ်း ကြိတ်ဖက်များမှ တရိစ္ဆာန်အစာ အနစ်တကျသုံးစွဲနိုင်ရန်လိုအပ်ကြောင်း။

လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လျှပ်စစ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လောင်စာစနစ်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို အားမပေးလိုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုများကိုသာ အကောင်အထည်ဖော်ရန်လိုအပ်ပြီး ထုတ်ယူရာ သက်ဆိုင်သည့် ပြည်နယ်များကို ရာခိုင်နှုန်းပြည့်သုံးစွဲနိုင်ရေး ဦးစားပေးစီမံပေးရန် လိုကြောင်း၊ သတင်းအချက်အလက် စီးဆင်းမှုနှင့်ပတ်သက်၍ မီဒီယာတုံ့ပြန်မှု လျင်မြန် အားကောင်းစေရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၁၂/၂၀၂၁)သို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္ ဇြန္ ၇

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၁၂/၂၀၂၁)ကို ယေန႔နံနက္ပိုင္း တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကား ေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္၊ ေဒါက္တာဗညားေအာင္မိုး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဦးေ႐ႊႀကိမ္း၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးတို႔ တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတို႔အေနျဖင့္ႏိုင္ငံေတာ္၏ တာဝန္အရပ္ရပ္အား တာဝန္ယူ ေဆာင္႐ြက္မႈသည္ ၄ လေက်ာ္ကာလအထိ ေရာက္ရွိလာၿပီျဖစ္ၿပီး တိုးတက္ေျပာင္းလဲ မႈမ်ားရွိသကဲ့သို႔ စိန္ေခၚမႈအခ်ိဳ႕လည္းရွိေနေသးေၾကာင္း၊ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္သို႔ေရာက္ရွိခဲ့ၿပီး ျပည္သူမ်ားအေနျဖင့္ တည္ၿငိမ္ ေအးခ်မ္းစြာျဖင့္ သြားလာလႈပ္ရွားေနၾကသည္ကို ေတြ႕ရွိရေၾကာင္း၊ ခရီးစဥ္အတြင္း သံလြင္တံတား(ေခ်ာင္းဆုံ)အား ေဒသခံမ်ားလိုလားသည့္ တံတားစတင္ေဆာက္လုပ္ စဥ္က အမည္အတိုင္း ျပန္လည္သတ္မွတ္ေဆာင္႐ြက္ေပးခဲ့ခ်ိန္တြင္ ေဒသခံျပည္သူမ်ား အေနျဖင့္ ဝမ္းေျမာက္ဝမ္းသာျဖစ္ေနၾကသည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔အျပင္ေဒသ အတြင္း ဝမ္းစာဖူလုံေရးကိုသာမက သီးႏွံမ်ားပိုမိုထြက္ရွိၿပီး ေဒသခံေတာင္သူမ်ား ဝင္ေငြ တိုးတက္ေစရန္ သီးႏွံအလိုက္ တစ္ဧကအထြက္ႏႈန္းတိုးတက္ေရး သိပၸံနည္းက် စနစ္တက် စိုက္ပ်ိဳးေဆာင္႐ြက္ႏိုင္ရန္အတြက္ ျပည္နယ္မ်ားမွတာဝန္ရွိသူမ်ားက ဝိုင္းဝန္း ကူညီ ေဆာင္႐ြက္ေပးရန္မွာၾကားခဲ့ေၾကာင္း၊ ႏိုင္ငံသားမ်ားအေနျဖင့္ ဘဝတိုးတက္ေရး အတြက္ ေရာင့္ရဲတင္းတိမ္မေနၾကဘဲ မိမိတို႔က်င္လည္ေနရသည့္ အေျခအေနတြင္ ျဖစ္သင့္ျဖစ္ထိုက္သည္မ်ားကို ရည္မွန္းခ်က္ထား၍ သမာအာဇီဝနည္းျဖင့္ ေခတ္ႏွင့္ အညီ ေဆာင္႐ြက္ႏိုင္ပါက လူမႈဘဝမ်ား ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း။

ႏိုင္ငံေတာ္၏ဘ႑ာေရးႏွစ္ကို ယခင္အစိုးရက ေအာက္တိုဘာ ၁ ရက္မွ စက္တင္ဘာ ၃၀ ရက္အထိ ကာလသတ္မွတ္ခဲ့ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေရး ႏိုင္ငံျဖစ္သျဖင့္ မိုး၊ ေဆာင္း စိုက္ပ်ိဳးသီးႏွံထြက္ရွိမႈႏွင့္ ရရွိမည့္အခြန္အခမ်ား အေပၚမူတည္၍ ယခင္ကဘ႑ာေရးႏွစ္အား သတ္မွတ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ သို႔ေသာ္ ဘ႑ာႏွစ္အား ေျပာင္းလဲသတ္မွတ္ခဲ့သည့္အတြက္ ႏိုင္ငံေတာ္ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ စိုက္ပ်ိဳးေရးေတာင္သူမ်ားအေနျဖင့္ အဆင္မေျပမႈမ်ား မ်ားစြာျဖစ္ေပၚခဲ့ရေၾကာင္း၊ ထို႔ေၾကာင့္ ဘ႑ာႏွစ္ သတ္မွတ္မႈႏွင့္ ပတ္သက္၍ မိမိတို႔ႏိုင္ငံႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစရန္ ျပင္ဆင္သတ္မွတ္ႏိုင္ေရး စဥ္စားခ်ိန္ဆ၍ ေဆာင္႐ြက္သြားရန္ႏွင့္ ေကာင္စီဝင္မ်ားအေနျဖင့္လည္း ေဆြးေႏြးအႀကံျပဳၾက ေစလိုေၾကာင္း။

COVID-19 ေရာဂါျဖစ္ပြားမႈႏွင့္ပတ္သက္၍ ယခုကာလအတြင္း ကူးစက္မႈႏႈန္း ျပန္လည္ျမင့္တက္လာသည္ကို ေတြ႕ရွိရေၾကာင္း၊ အမ်ားအားျဖင့္ အိႏၵိယႏိုင္ငံႏွင့္ထိစပ္ လ်က္ရွိသည့္ ခ်င္းျပည္နယ္ ေျမာက္ပိုင္း၊ စစ္ကိုင္းတိုင္းေဒသႀကီးအေနာက္ပိုင္းႏွင့္ ထိုင္းႏိုင္ငံႏွင့္ ထိစပ္လ်က္ရွိသည့္ တနသၤာရီတိုင္းေဒသႀကီးတို႔တြင္ ကူးစက္မႈမ်ား ျဖစ္ေပၚလ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ ခ်င္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕အား Stay at home သတ္မွတ္ခဲ့ေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ COVID-19 စည္းကမ္းခ်က္မ်ားကို လိုက္နာ ရန္လိုအပ္ေၾကာင္း၊ ေက်ာင္းမ်ားတြင္ COVID-19 ေရာဂါကူးစက္မႈမရွိေစေရး COVID-19 စည္းကမ္းခ်က္မ်ားအတိုင္း လိုက္နာ ေဆာင္႐ြက္ေရး အထူးအေလးထားၾကပ္မတ္ေဆာင္႐ြက္ရန္ အေရးႀကီးေၾကာင္း။

ပညာေရးႏွင့္ပတ္သက္၍ အခ်ိဳ႕ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္မႈ မရွိေသး ေၾကာင္း၊ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း အမ်ားဆုံးျဖစ္ေၾကာင္း၊ ေက်ာင္းသားမ်ား ပညာသင္ၾကားေရးသည္ တိုင္းျပည္ႏွင့္ ေက်ာင္းသားတစ္ဦးခ်င္းစီ၏ အက်ိဳးအတြက္ ရည္႐ြယ္ၿပီးျပန္လည္ဖြင့္လွစ္ သင္ၾကားေပးျခင္းျဖစ္ေၾကာင္း၊ ပုဂၢလိက ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ သင္ၾကားႏိုင္ေရးအတြက္လည္း စီစဥ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း။

ယခုအခါဆူပူဆႏၵျပမႈမ်ားႏွင့္ ပတ္သက္၍ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ အလိုက္ အနည္းငယ္ရွိေနသည္ကိုေတြ႕ရေၾကာင္း၊ အၾကမ္းဖက္မႈမ်ား ေဆာင္႐ြက္ေနမႈႏွင့္ ပတ္သက္၍ စာသင္ေက်ာင္းမ်ား၊ အုပ္ခ်ဳပ္မႈဆိုင္ရာ ႐ုံးအေဆာက္အဦမ်ားႏွင့္ ပုဂၢိဳလ္ ေရးအရ ရန္ၿငိဳးရွိသူမ်ားအား အၾကမ္းဖက္ေဆာင္႐ြက္ေနသည္ကို ေတြ႕ရွိရ ေၾကာင္း။

ယခုအခါ မိုးရာသီသို႔ေရာက္ရွိလာၿပီး ယခင္ႏွစ္မ်ားက မိုးနည္းခဲ့သည့္ ေဒသမ်ား တြင္ မိုးေကာင္းစြာ႐ြာသြန္းသျဖင့္ စိုက္ပ်ိဳးေရးေတာင္သူမ်ား အဆင္ေျပလ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ အလားတူ မိုးတြင္းကာလျဖစ္သျဖင့္ ေရႀကီးေရလွ်ံျခင္းႏွင့္ ေလျပင္း တိုက္မႈမ်ားေၾကာင့္ျဖစ္ေပၚတတ္သည့္ သဘာဝေဘးအႏၲရာယ္မ်ားအား ႀကိဳတင္ ကာကြယ္ႏိုင္ေရးအတြက္ ေခ်ာင္း၊ေျမာင္းမ်ား ပိတ္ဆို႔မႈမရွိေစေရး၊ အႏၲရာယ္ရွိသည့္ သစ္ကိုင္းမ်ား ခုတ္ထြင္ရွင္းလင္းေရးစသည္တို႔ကို ေဆာင္႐ြက္ရန္အတြက္ တာဝန္ရွိ သူမ်ားအေနျဖင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ သတိေပးႏႈိးေဆာ္ေနရန္ လိုေၾကာင္း၊ ႀကိဳတင္ျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္ျခင္းျဖင့္ သဘာဝေဘးအႏၲရာယ္ က်ေရာက္မႈကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ သဘာဝေဘးအႏၲရာယ္မ်ား က်ေရာက္လာပါကကူညီ ကယ္ဆယ္ေရးလုပ္ငန္းမ်ားအား အခ်ိန္ႏွင့္တေျပးညီ ေဆာင္႐ြက္ႏိုင္ရန္အတြက္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အလိုက္ ဖြဲ႕စည္းထားသည့္ အမ်ိဳးသားသဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီမ်ားက ခ်က္ခ်င္း အေရးယူ ေဆာင္႐ြက္ရန္လိုေၾကာင္း မွာၾကားသည္။

ထို႔ေနာက္ ဇြန္ ၄ ရက္တြင္ အာဆီယံအလွည့္က်ဥကၠ႒၏ အထူးကိုယ္စားလွယ္ ဘ႐ူႏိုင္းႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ အာဆီယံအတြင္းေရးမႉးခ်ဳပ္တို႔အား လက္ခံေတြ႕ဆုံ ၍ COVID-19 ေရာဂါကာကြယ္ေရးဆိုင္ရာကိစၥရပ္မ်ား၊ မတရားအသင္း ေၾကညာ ထားသည့္ CRPH၊ NUG တို႔ႏွင့္ ပတ္သက္သည့္ အသင္းအဖြဲ႕မ်ားႏွင့္ အၾကမ္းဖက္အဖြဲ႕ မ်ားက ျမန္မာႏိုင္ငံအတြင္း လတ္တေလာျဖစ္ပြားေနသည့္ အၾကမ္းဖက္ျခင္း၊ ေဖာက္ခြဲ ဖ်က္ဆီးျခင္းမ်ားအေပၚ အာဆီယံဘုံသေဘာတူညီခ်က္ပါ အၾကမ္းဖက္မႈေရွာင္ရွား‌ေရး ႏွင့္ပတ္သက္၍ အာဆီယံႏိုင္ငံမ်ားအပါအဝင္ အျခားမည္သည့္ႏိုင္ငံကမွ် ေထာက္ျပ ေျပာဆိုျခင္း၊ ဟန႔္တားသည့္ေၾကညာခ်က္ထုတ္ျပန္ျခင္းမ်ား မျပဳလုပ္သည့္ အေျခအေနမ်ား၊ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမွားယြင္းမႈမ်ား ျဖစ္ေပၚခဲ့မႈႏွင့္ စစ္ေဆးေတြ႕ရွိမႈ အေျခအေနမ်ား၊ ႏိုင္ငံအတြင္း တည္ၿငိမ္ေအးခ်မ္းသြားခ်ိန္တြင္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းျပဳလုပ္သြားမည့္ အေျခအေနမ်ားႏွင့္ လူသားခ်င္းစာနာ ေထာက္ထားမႈ ဆိုင္ရာအကူအညီေပးေရး ကိစၥရပ္မ်ားတြင္ မိမိတို႔ႏိုင္ငံမွ ပူးေပါင္း ေဆာင္႐ြက္ေပးမည့္ အေျခအေနမ်ားႏွင့္ Phoenix Media ႏွင့္ေတြ႕ဆုံေမးျမန္းစဥ္ ျပန္လည္ေျဖၾကားခဲ့မႈ အေျခအေနမ်ားကို ရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ ေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ ဦးခင္ေမာင္ေဆြ၊ Jeng Phang ေနာ္ေတာင္၊ ေဒၚေအးႏုစိန္၊ ဦးေမာင္းဟာ၊ ဦးေ႐ႊႀကိမ္း တို႔က အေျခခံဥပေဒႏွင့္ ညီၫြတ္မႈမရွိဘဲ လုပ္ပိုင္ခြင့္ေက်ာ္လြန္ေဆာင္႐ြက္ခဲ့သည့္ အဂတိလိုက္စားမႈမ်ားကို စိစစ္ေဖာ္ထုတ္အေရးယူေရး၊ အၾကမ္းဖက္သမားမ်ားအား ခိုေအာင္းေနထိုင္ခြင့္ေပးသူမ်ားႏွင့္ ၎တို႔အား ေထာက္ပံ့ကူညီေနသူမ်ားကို ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ထိထိေရာက္ေရာက္ အေရးယူေရး၊ ျပည္သူမ်ား၏ ဘဝ လုံၿခဳံမႈရွိေစရန္ ျပည္သူလူထု ပူးေပါင္းပါဝင္သည့္ လုံၿခဳံေရးစနစ္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေရး၊ တိုင္းျပည္၏ စားသုံးဆီဖူလုံမႈရွိေစရန္စီမံ ေဆာင္႐ြက္သြားေရး၊ ထီးခီးေဒသစက္မႈဇုန္ ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရး၊ လူမႈကြန္ရက္ မ်ားတြင္ မဟုတ္မမွန္သတင္းမ်ား ထုတ္လႊင့္ေနမႈအေပၚ လ်င္ျမန္ထိေရာက္စြာ တုံ႔ျပန္ ေဆာင္႐ြက္ေရး မီဒီယာတုံ႔ျပန္မႈ လ်င္ျမန္အားေကာင္းေစရန္ မီဒီယာဖြံ႕ၿဖိဳးတိုးတက္ ေရးအဖြဲ႕ ဖြဲ႕စည္းေဆာင္႐ြက္ေရး၊ အမ်ားျပည္သူ ႐ုံးပိတ္ရက္မ်ားႏွင့္ ဘ႑ာေရးႏွစ္ ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ႏိုင္ငံ၏လွ်ပ္စစ္ ဓာတ္အားလိုအပ္ခ်က္ ျဖည့္ဆည္းႏိုင္ရန္ႏွင့္ ျပည္ပဝင္ေငြရရွိရန္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈနည္းပါးသည့္ ရပ္ဆိုင္းေနေသာ ေရအားလွ်ပ္စစ္ စီမံကိန္းမ်ား ဆက္လက္အေကာင္အထည္ ေဖာ္ေရးအတြက္ ျပန္လည္သုံးသပ္ေရး၊ စာရင္းကိုင္ႏွင့္ ေရွ႕ေန ဒီပလိုမာသင္တန္းမ်ား ျပန္လည္ဖြင့္လွစ္ေရး၊ ေဒသတြင္းလူမႈကယ္ဆယ္ေရး လုပ္ငန္းမ်ားအတြက္ ေထာက္ပံ့ ေငြမ်ား အခ်ိန္မီရရွိေရး၊ အားကစားသမားမ်ား ႏိုင္ငံေတာ္အေပၚ သစၥာ ေစာင့္သိေရးႏွင့္ ႏိုင္ငံ့သားေကာင္း တစ္ေယာက္တြင္ရွိရမည့္ က်င့္ဝတ္မ်ားရွိေစရန္ ေလ့က်င့္ပ်ိဳးေထာင္ ေပးေရးတို႔ႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးတင္ျပၾကသည္။

ထို႔ေနာက္ ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးက ႏွစ္အလိုက္ ျပကၡဒိန္ႏွစ္တြင္ အမ်ားျပည္သူ ႐ုံးပိတ္ရက္မ်ား သတ္မွတ္ခဲ့မႈ အေျခအေန ႏွင့္ ဘ႑ာေရးႏွစ္ ေျပာင္းလဲသတ္မွတ္ျခင္းဆိုင္ရာ ကိစၥရပ္မ်ားကို ရွင္းလင္းတင္ျပ သည္။

ဆက္လက္၍ ေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ ေဒါက္တာ ဗညားေအာင္မိုး၊ ေဒၚေအးႏုစိန္တို႔က ဘ႑ေရးႏွစ္ေျပာင္းလဲသတ္မွတ္ျခင္းႏွင့္ ပတ္သက္၍ ထည့္သြင္း စဥ္းစား ေဆာင္႐ြက္သင့္သည္မ်ားကို ေဆြးေႏြးအႀကံျပဳ တင္ျပၾကသည္။

တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒က အမ်ား ျပည္သူ႐ုံးပိတ္ရက္မ်ားႏွင့္ ပတ္သက္ၿပီး ႏိုင္ငံေတာ္အတြက္ ေမွ်ာ္မွန္းကာ အလုပ္ရွင္၊ အလုပ္သမား၊ ဝန္ထမ္းမ်ား ထိခိုက္နစ္နာမႈမရွိေအာင္ ထည့္သြင္းစဥ္းစား ေဆာင္႐ြက္သင့္ေၾကာင္း၊ ဘ႑ာေရးႏွစ္ကိုလည္း မိမိတို႔ႏိုင္ငံ၏ ပကတိအေျခအေနႏွင့္ လိုက္ေလ်ာညီေထြသည့္ အခ်ိန္ကာလကိုသာ ေျပာင္းလဲသတ္မွတ္သင့္ေၾကာင္း၊ ေကာင္စီဝင္မ်ားအေနျဖင့္ ျဖစ္သင့္သည္ကို ဝိုင္းဝန္းစဥ္းစား ေဆာင္႐ြက္ၾကရန္ျဖစ္ ေၾကာင္း။

အဂတိလိုက္စားမႈမ်ားႏွင့္ပတ္သက္ၿပီး လုပ္ပိုင္ခြင့္ေက်ာ္လြန္ ေဆာင္႐ြက္ခဲ့သည့္ အဂတိမႈမ်ားကို ျပန္လည္စိစစ္ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ တရား ဥပေဒ စိုးမိုးေရးႏွင့္ပတ္သက္ၿပီး အၾကမ္းဖက္မႈကိစၥမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္ သည့္ ျပစ္ဒဏ္မ်ားခ်မွတ္ရန္ ေဆာင္႐ြက္ေနေၾကာင္း၊ ဌာနဆိုင္ရာမ်ားတြင္ လက္ရွိ တာဝန္ ထမ္းေဆာင္ေနသူမ်ားအား CDM လုပ္သူမ်ားက ၿခိမ္းေျခာက္ေႏွာက္ယွက္ ေနမႈကို စုံစမ္းစစ္ေဆးေဖာ္ထုတ္ အေရးယူသြားမည္ျဖစ္ၿပီး ၿခိမ္းေျခာက္ခံရေသာ ဝန္ထမ္းမ်ားအေနျဖင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားထံ တိုင္ၾကားၾကရန္လိုေၾကာင္း။

စားသုံးဆီဖူလုံေရးႏွင့္ပတ္သက္ၿပီး ျပည္တြင္းစားသုံးမႈဖူလုံေရးႏွင့္ ဆီေကာင္း ဆီသန႔္မ်ား စားသုံးႏိုင္ေရးအတြက္ ဆီထြက္သီးႏွံမ်ားျဖစ္သည့္ ပဲ၊ ႏွမ္း၊ ပန္းႏွမ္း၊ ေနၾကာ၊ ပဲပုတ္တို႔ကို တိုးခ်ဲ႕စိုက္ပ်ိဳးရန္ လိုအပ္ေၾကာင္း၊ ဆီထြက္သီးႏွံ ကုန္ၾကမ္းမ်ား ႀကိတ္ခြဲရာတြင္လည္း အဆင့္ျမင့္နည္းပညာ အသုံးျပဳႀကိတ္ခြဲႏိုင္ေရး စီမံေဆာင္႐ြက္ ေပးရန္လိုေၾကာင္း၊ စနစ္တက်ဆီႀကိတ္ထုတ္လုပ္ထားေသာ ပဲ၊ ႏွမ္း ႀကိတ္ဖက္မ်ားမွ တရိစာၦန္အစာ အနစ္တက်သုံးစြဲႏိုင္ရန္လိုအပ္ေၾကာင္း။

လွ်ပ္စစ္က႑ႏွင့္ပတ္သက္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၏ လွ်ပ္စစ္ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္ ေလာင္စာစနစ္သုံး လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈကို အားမေပးလိုေၾကာင္း၊ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္မွ လွ်ပ္စစ္ဓာတ္ အား ထုတ္လုပ္မႈမ်ားကိုသာ အေကာင္အထည္ေဖာ္ရန္လိုအပ္ၿပီး ထုတ္ယူရာ သက္ဆိုင္သည့္ ျပည္နယ္မ်ားကို ရာခိုင္ႏႈန္းျပည့္သုံးစြဲႏိုင္ေရး ဦးစားေပးစီမံေပးရန္ လိုေၾကာင္း၊ သတင္းအခ်က္အလက္ စီးဆင္းမႈႏွင့္ပတ္သက္၍ မီဒီယာတုံ႔ျပန္မႈ လ်င္ျမန္ အားေကာင္းေစရန္အတြက္ ပုဂၢလိကက႑ႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။