နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် Rosoboronexport ကုမ္ပဏီ၊ ညွှန်ကြားရေးမှူးချုပ်တို့အား သီးခြားစီတွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူးနှင့် Rosoboronexport ကုမ္ပဏီ၊ ညွှန်ကြားရေးမှူးချုပ်တို့အား သီးခြားစီတွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် – ၂၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr.Nikolai Plato-novich Patrushev နှင့် ယနေ့နံနက်ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်တွင် လုံခြုံရေး ကောင်စီအတွင်းရေးမှူးရုံး၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာ စစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး တို့ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ကဏ္ဍပေါင်းစုံတွင်ပူးပေါင်း ဆောင် ရွက်နိုင်မည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

တွေ့ဆုံပွဲ အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဒေသစံတော်ချိန် နံနက် ၉ နာရီတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် Rosoboronexport ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် Mr.Alexander A.Mikheev နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများအား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် Rosoboronexport ကုမ္ပဏီညွှန်ကြားရေးမှူးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ လုံၿခဳံေရးေကာင္စီ အတြင္းေရးမႉးႏွင့္ Rosoboronexport ကုမၸဏီ၊ ၫႊန္ၾကားေရးမႉးခ်ဳပ္တို႔အား သီးျခားစီေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္ ဇြန္ – ၂၁

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ လုံၿခဳံေရးေကာင္စီအတြင္းေရးမႉး Mr.Nikolai Plato-novich Patrushev ႏွင့္ ယေန႔နံနက္ေဒသစံေတာ္ခ်ိန္ ၁၀ နာရီခြဲခန႔္တြင္ လုံၿခဳံေရး ေကာင္စီအတြင္းေရးမႉး႐ုံး၌ ေတြ႕ဆုံေဆြးေႏြးသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျမန္မာ စစ္သံ(ၾကည္း၊ ေရ၊ ေလ) ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုး တို႔ တက္ေရာက္ၾကၿပီး ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံ၊ လုံၿခဳံေရးေကာင္စီအတြင္းေရးမႉးႏွင့္အတူ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံအစိုးရႏွစ္ရပ္အၾကား လုံၿခဳံေရးဆိုင္ရာလုပ္ငန္းစဥ္မ်ား တြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚ ေျပာင္းလဲမႈ အေျခအေနမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈ အခန္းက႑တြင္ တပ္မေတာ္ပါဝင္ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေန မ်ား၊ ႏွစ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈကို တိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ားႏွင့္ က႑ေပါင္းစုံတြင္ပူးေပါင္း ေဆာင္ ႐ြက္ႏိုင္မည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾက သည္။

ေတြ႕ဆုံပြဲ အၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ လုံၿခဳံေရးေကာင္စီအတြင္းေရးမႉး တို႔သည္ အထိမ္းအမွတ္တံဆိပ္ႏွင့္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

ေဒသစံေတာ္ခ်ိန္ နံနက္ ၉ နာရီတြင္လည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ Rosoboronexport ကုမၸဏီ ၫႊန္ၾကားေရးမႉးခ်ဳပ္ Mr.Alexander A.Mikheev ႏွင့္ ကုမၸဏီမွ တာဝန္ရွိသူမ်ားအား ေခတၱတည္းခိုလ်က္ရွိသည့္ Metropol Hotel ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံၿပီး စစ္ဘက္နည္းပညာဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ားႏွင့္ ႏိုင္ငံေရး ျဖစ္ေပၚေျပာင္းလဲမႈ အေျခအေနမ်ား အား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ Rosoboronexport ကုမၸဏီၫႊန္ၾကားေရးမႉးခ်ဳပ္ တို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။