မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကာ အနေကဇာတင် မဟာမင်္ဂလာ နှင့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများ ကျင်းပ

မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကာ အနေကဇာတင် မဟာမင်္ဂလာ နှင့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများ ကျင်းပ

နေပြည်တော် ဇွန် – ၂၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီး တော်တင်လှူပူဇော်ခြင်းနှင့် သဒ္ဓမ္မ ဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများကို ဒေသစံတော်ချိန် ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ် ရာ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ၊ ဗုဒ္ဓဘာသာဝင် ရုရှား နိုင်ငံသားများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မင်္ဂလာအချိန်တွင် ကျောင်းထိုင်ဆရာတော်အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူး တော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်တို့အား ရွှေတိဂုံစေတီတော်ပုံတူတော်မြတ် အထွတ်သို့ပင့်ဆောင်တင်လှူပူဇော်ကြသည်။ ထို့နောက် အမွှေးနံ့သာရည်များ ပက်ဖျန်း ပူဇော်ကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်မှု အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ဗုဒ္ဓါဘိသေကာ အနေက ဇာတင်မင်္ဂလာအား ဆက်လက်ပြုလုပ်ပြီး တပ်မတော်အကြီးအကဲများ၊ ရုရှားနိုင်ငံ ရောက် မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပူဇော်ပြီးစီးခဲ့သည့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ် အား ရေစက်သွန်းချလှူဒါန်းခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အခမ်းအနား တက်ရောက်လာကြသူများက ကျောင်းထိုင်ဆရာတော်ထံမှငါးပါးသီလ ခံယူဆောက် တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဒ္ဓမ္မဇောတိက သိမ်တော်မြတ် တည်ဆောက်ခြင်းနှင့် သာသနာပြု လုပ်ငန်းများအတွက် အလှူငွေများ၊ သာသနာပြုမော်တော်ယာဉ်နှင့် လှူဖွယ်ပစ္စည်း များအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များက သံဃာတော်အရှင် သူမြတ်များထံသို့ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းသည်။ယင်းနောက် ကျောင်းထိုင်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သည် မော်စကိုမြို့လယ်၏ အရှေ့ ဘက် ၁၄ ကီလိုမီတာအကွာတွင် တည်ရှိပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ၏ မတည်မှု၊ မော်စကိုရောက် ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများ၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော်ဘုရားကြီး နှင့်အတူ ဥရောပ၊ အာရှနှင့် အမေရိကနိုင်ငံများမှ ဆရာတော်များလည်း တက်ရောက် ခဲ့ကြကြောင်း၊ မြန်မာ ထေရဝါဒ ဗုဒ္ဓဝိဟာရ(မော်စကို) သို့မဟုတ် မြန်မာဘုန်းတော်ကြီး ကျောင်းသည် ရုရှားနိုင်ငံရှိ ဗုဒ္ဓသာသနာပြုအဖွဲ့အတွက် အခြေပြုရာ၊ ဘုရားဝတ်ပြု ရာနေရာ၊ ဘာသာသာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ်ရာ နေရာ တစ်ခုဖြစ်ကြောင်းနှင့် ကျောင်းထိုင်ဆရာတော်အနေဖြင့်လည်း ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းစေရေးအတွက် သာသနာရေးဆိုင်ရာလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက် ရှိသည်။

(Zawgyi Version)

ျမန္မာေထရဝါဒဗုဒၶဝိဟာရ(ေမာ္စကို)ရွိ ေ႐ႊတိဂုံေစတီေတာ္ပုံတူေတာ္ျမတ္အား ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္၊ ေ႐ႊထီးေတာ္တင္လႉပူေဇာ္ျခင္း၊ ဗုဒၶါဘိေသကာ အေနကဇာတင္ မဟာမဂၤလာ ႏွင့္ သဒၶမၼေဇာတိက သိမ္ေတာ္ျမတ္အား ေရစက္သြန္းခ်လႉဒါန္းျခင္း မဂၤလာအခမ္းအနားမ်ား က်င္းပ

ေနျပည္ေတာ္ ဇြန္ – ၂၁

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ရွိ ျမန္မာေထရဝါဒဗုဒၶဝိဟာရ(ေမာ္စကို)ရွိ ေ႐ႊတိဂုံေစတီေတာ္ပုံတူေတာ္ျမတ္အား ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္၊ ေ႐ႊထီး ေတာ္တင္လႉပူေဇာ္ျခင္းႏွင့္ သဒၶမၼ ေဇာတိက သိမ္ေတာ္ျမတ္အား ေရစက္သြန္းခ် လႉဒါန္းျခင္း မဂၤလာအခမ္းအနားမ်ားကို ေဒသစံေတာ္ခ်ိန္ ယေန႔ေန႔လည္ပိုင္းတြင္ က်င္းပျပဳလုပ္ ရာ ေက်ာင္းထိုင္ဆရာေတာ္ မဟာသဒၶမၼေဇာတိကဓဇ ေဒါက္တာ ဘဒၵႏၲ အစၦရိယ အမႉးျပဳသည့္ ဆရာေတာ္၊သံဃာေတာ္မ်ားႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ား၊ ျမန္မာ့တပ္မေတာ္မွ ပညာေတာ္သင္ သင္တန္းသားအရာရွိမ်ား၊ ဗုဒၶဘာသာဝင္ ႐ုရွား ႏိုင္ငံသားမ်ား တက္ေရာက္ၾကည္ညိဳၾကသည္။

ဦးစြာ အခမ္းအနားကို နေမာတႆ သုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး မဂၤလာအခ်ိန္တြင္ ေက်ာင္းထိုင္ဆရာေတာ္အမႉးျပဳ၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက ရတနာစိန္ဖူး ေတာ္၊ ငွက္ျမတ္ နားေတာ္ႏွင့္ ေ႐ႊထီးေတာ္တို႔အား ေ႐ႊတိဂုံေစတီေတာ္ပုံတူေတာ္ျမတ္ အထြတ္သို႔ပင့္ေဆာင္တင္လႉပူေဇာ္ၾကသည္။ ထို႔ေနာက္ အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္း ပူေဇာ္ကာ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ ေ႐ႊထီးေတာ္ တင္လႉပူေဇာ္မႈ ေအာင္ျမင္ျခင္း အထိမ္းအမွတ္အျဖစ္ ရတနာေ႐ႊမိုး၊ ေငြမိုးမ်ား ႐ြာသြန္းၿဖိဳးၾကသည္။

ယင္းေနာက္ ေ႐ႊတိဂုံေစတီေတာ္ပုံတူေတာ္ျမတ္အား ဗုဒၶါဘိေသကာ အေနက ဇာတင္မဂၤလာအား ဆက္လက္ျပဳလုပ္ၿပီး တပ္မေတာ္အႀကီးအကဲမ်ား၊ ႐ုရွားႏိုင္ငံ ေရာက္ ျမန္မာ့တပ္မေတာ္မွ သင္တန္းသားအရာရွိမ်ား၊ ေစတနာရွင္အလႉရွင္မ်ား၏ စုေပါင္းလႉဒါန္းမႈျဖင့္ တည္ေဆာက္ပူေဇာ္ၿပီးစီးခဲ့သည့္ သဒၶမၼေဇာတိက သိမ္ေတာ္ျမတ္ အား ေရစက္သြန္းခ်လႉဒါန္းျခင္းအခမ္းအနားကို ဆက္လက္ျပဳလုပ္ရာ အခမ္းအနား တက္ေရာက္လာၾကသူမ်ားက ေက်ာင္းထိုင္ဆရာေတာ္ထံမွငါးပါးသီလ ခံယူေဆာက္ တည္ၾကၿပီး သံဃာေတာ္အရွင္သူျမတ္တို႔ ႐ြတ္ပြားသရဇၩာယ္ခ်ီးျမႇင့္ေတာ္မူၾကသည့္ ပရိတ္တရားေတာ္မ်ားကို နာယူၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သဒၶမၼေဇာတိက သိမ္ေတာ္ျမတ္ တည္ေဆာက္ျခင္းႏွင့္ သာသနာျပဳ လုပ္ငန္းမ်ားအတြက္ အလႉေငြမ်ား၊ သာသနာျပဳေမာ္ေတာ္ယာဥ္ႏွင့္ လႉဖြယ္ပစၥည္း မ်ားအား ေက်ာင္းထိုင္ဆရာေတာ္ထံ ဆက္ကပ္လႉဒါန္းသည္။ ဆက္လက္ၿပီး ႏိုင္ငံ ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ ကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ားက သံဃာေတာ္အရွင္ သူျမတ္မ်ားထံသို႔ လႉဖြယ္ပစၥည္းမ်ား အသီးသီး ဆက္ကပ္လႉဒါန္းသည္။ယင္းေနာက္ ေက်ာင္းထိုင္ဆရာေတာ္ထံမွ အႏုေမာဒနာ တရားနာယူၾကၿပီး လႉဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေဝခဲ့ၾကသည္။

အဆိုပါ ျမန္မာေထရဝါဒဗုဒၶဝိဟာရ(ေမာ္စကို)သည္ ေမာ္စကိုၿမိဳ႕လယ္၏ အေရွ႕ ဘက္ ၁၄ ကီလိုမီတာအကြာတြင္ တည္ရွိၿပီး သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္မ်ား၏ အဓိပတိ အဘိဓဇ မဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼ ေဇာတိက၊ မဟာဓမၼ ကထိက ဗဟုဇနဟိတဓရ၊ ေ႐ႊက်င္နိကာယ ဥပဥကၠ႒ တြဲဖက္ ေ႐ႊက်င္သာသနာပိုင္ သီတဂူ ဆရာေတာ္ဘုရားႀကီး ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရ ၏ မတည္မႈ၊ ေမာ္စကိုေရာက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ျမန္မာ့တပ္မေတာ္မွ သင္တန္းသားအရာရွိမ်ား၊ ေစတနာရွင္အလႉရွင္မ်ား၏ စုေပါင္းလႉဒါန္းမႈျဖင့္ ၂၀၁၅ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္ေန႔ တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဖြင့္ပြဲအခမ္းအနားသို႔ သီတဂူဆရာေတာ္ဘုရားႀကီး ႏွင့္အတူ ဥေရာပ၊ အာရွႏွင့္ အေမရိကႏိုင္ငံမ်ားမွ ဆရာေတာ္မ်ားလည္း တက္ေရာက္ ခဲ့ၾကေၾကာင္း၊ ျမန္မာ ေထရဝါဒ ဗုဒၶဝိဟာရ(ေမာ္စကို) သို႔မဟုတ္ ျမန္မာဘုန္းေတာ္ႀကီး ေက်ာင္းသည္ ႐ုရွားႏိုင္ငံရွိ ဗုဒၶသာသနာျပဳအဖြဲ႕အတြက္ အေျချပဳရာ၊ ဘုရားဝတ္ျပဳ ရာေနရာ၊ ဘာသာသာသနာေရးဆိုင္ရာ အခမ္းအနားမ်ား က်င္းပျပဳလုပ္ရာ ေနရာ တစ္ခုျဖစ္ေၾကာင္းႏွင့္ ေက်ာင္းထိုင္ဆရာေတာ္အေနျဖင့္လည္း ဗုဒၶသာသနာေရာင္ဝါ ထြန္းလင္းေစေရးအတြက္ သာသနာေရးဆိုင္ရာလုပ္ငန္းမ်ားကို ႀကိဳးပမ္းေဆာင္႐ြက္ လ်က္ ရွိသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။